Wednesday, September 11, 2013

ဆီးရီးယား အားဆဒ် အာဏာရှင် Vs မြန်မာ စစ်တပ် အာဏာရှင်

• ဆီးရီးယားကို အမေရိကန်က စစ်ရေးအရတိုက်မယ်ဆိုတော့ လူတိုင်းက ဆန့်ကျင်ကြတယ်။
• ရုရှားကလဲ ဆီးရီးဟာအစိုးရဘက်ကနေ အမြဲတမ်း အကာကွယ်ပေးနေတယ်။
• ကုလသမဂ္ဂမှာတင်မဲ့ ပြင်သစ်ရဲ့ဆုံးဖြတ်ချက်မူကြမ်းကိုလဲ ရုရှားကလက်မခံပြန်ဘူး။
• အမေရိကန်လုပ်သမျှ ဆန့်ကျင်သူတွေက ရုရှားကို ထောက်ခံကြသလား မသိပါ။
• ဆီးရီးယားဘက်လိုက်နေတဲ့ ရုရှားမှာ သူ့ကိုယ်ကျိုးစီးပွါးအတွက် ခိုင်လုံတဲ့အကြောင်းတွေ ရှိပါတယ်။
• ရုရှားမှာ ဆီးရီးယားနဲ့ ဒေါ်လာ ၄ ဘီလျန် ကာကွယ်ရေး ကန်ထရိုက်ရှိထားတယ်။
• ရုရှားရေတပ်အတွက် မဟာဗျူဟာကျတဲ့ မြေထဲပင်လယ်က ဆီးရီးယား (တားတပ်စ်) ဆိပ်ကမ်းလဲရှိတယ်။
• ဒီမိုကရေစီကြိုးပမ်းမှု နှစ်ပေါင်း ၂ဝ အတွင်း ရုရှားဟာ မြန်မာစစ်အစိုးရဘက်ကချည်းသာ နေခဲ့တာလဲ သူ့ရဲ့ နူကလီယာနည်းပညာကိုရောင်းချင်လို့နဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကို တန်ဘိုးမထားလို့ဖြစ်တယ်။
• အမေရိကန်လုပ်သမျှ ကောင်းလှချည်ရဲ့လို့ ပြောချင်တာမဟုတ်ပါ။
• ဒီမိုကရေစီကြိုးပမ်းမှု နှစ်ပေါင်း ၂ဝ အတွင်းမှာ ဘယ်နိုင်ငံတွေက ဒီမိုကရေစီဘက်ကနေ ရပ်ခံခဲ့သလဲ၊ ဘယ်နိုင်ငံတွေက စစ်အုပ်စုကို အကာကွယ်ပေးသလဲဆိုတဲ့ စာရင်းချရင်တော့ -
• (အမေရိကန် + အနောက်နိုင်ငံတွေ) နဲ့ (တရုပ် + ရုရှား + အာစီယန် + အိန္ဒိယ + မြောက်ကိုရီးယား) ဆိုတဲ့ အုပ်စုတွေရဲ့ ခြားနားမှုကိုတော့ ဘယ်လိုမှ ငြင်းမရပါ။

ဒေါက်တာတင့်ဆွေ
၁၂-၉-၂ဝ၁၃