Monday, July 22, 2013

NLD လူငယ်နဲ့ နိုင်ငံရေးစဉ်မြင့်

• NLD ပါတီလူငယ်များကို ၂ဝ၁၅ အတွက် လေ့ကျင့်မွေးထုတ်မည်ဆိုတဲ့သတင်းကို ဖတ်ရတယ်။ ကျွန်တော်တော့ အလွန်အားပေးမယ်။ လူငယ်တွေကို အဲလို သင်ပေး၊ တင်ပေးရမယ်။ လုပ်ရင်းကိုင်ရင်းနဲ့ အခက်အခဲတွေ ရှိမယ်။ လူကြီးတွေလုပ်လဲ ရှိကြတာဘဲ။
• ဒီမိုကရေစီဆိုတာ လူအများကို ကိုယ်စားပြုနိုင်မှ ကောင်းတယ်။ လူငယ်ထု အရေအတွက်ဟာ သိသိသာ များတယ်။ အရေအတွက်ကိုလဲ ကိုယ်စားပြုရမယ်။
• သူတို့မှာ အလုပ်လုပ်ဘို့အချိန်လဲ ပိုများလို့ ကြာလေရင့်ကျက်လေဖြစ်လာရင် အနာဂတ်မှာ ပိုကောင်းကောင်း လာမှာ ဖြစ်တယ်။ မာနကို နေရာမှန်မှာ အသုံးချဘို့ လိုမယ်။ ငါပြောတာသာ မှန်တယ်လို့ ထင်မထားသင့်ကြဘူး။ ပြင်ဘို့ ဝန်မလေးသင့်ကြရဘူး။ ဝေဖန်တာကို တည်းတည် ငြိမ်ငြိမ် ရင်ဆိုင်ပါ။
• NLD လူငယ်တွေကိုတော့ အာမခံတယ်။ အလံတော်အောက် ရောက်လာကတည်းက သာမန်လူငယ်-လူရွယ် ထက်ပိုပြီး လေးနက်လာကြတာ သတိထားမိတယ်။ လေးနက်တဲ့စာတွေ ဖတ်ကြပါ။
• လူငယ်တွေထဲမှာ တိုင်းရင်သားလူငယ်တွေလဲ ပါတယ်။ ဒါဟာ ပြည်ထောင်စုအရေးမှာ အားကောင်းချက် ဖြစ်တယ်။ တိုင်းရင်းသားအရေးဆိုတာ တွဲလုပ်ရင်းမှ နားလည်မှု၊ ချစ်ကြည်မှုနဲ့ ယုံကြည်မှုကို အမှန်ရမယ်။ စာတွေဖတ်တာ၊ မိန့်ခွန်းတွေဖတ်တာနဲ့ မလုံလောက်ပါ။
• နိုင်ငံတကာက လာတိုင်း အကောင်းချည်းလို့ မထင်ကြပါနဲ့။ (အစ်ရှူး) တခုချင်းအတွက် ဆောင်ရွက်နေသူတွေနဲ့ လုံးဝမတူတာ သတိပြုပါ။ အဲလိုလုပ်သူတွေက သူတို့ (အစ်ရှူး) မှာ ချန်ပီယံတွေ ဖြစ်ကြပါလိမ့်မယ်။ နိုင်ငံရေးဆိုတာ (အစ်ရှူး) တွေ အကုန်ပါရတယ်။ တချို့နေရာမှာ ဆရာတင်ပေါ့။ ကိုယ်က ဒေါင့်စုံက ကြည့်တတ်ရမယ်။
• လူကြီးတွေကို အသုံးချတတ်ကြပါ။

ဒေါက်တာတင်ဆွေ
၁၆-၇-၂ဝ၁၃