Tuesday, July 9, 2013

Mujahideen (မူဂျာဟစ်ဒင်)

(မူဂျာဟစ်ဒင်) ဆိုတာ Strugglers ကြိုးပမ်းဆောင်ရွက်သူများ ဒါမှမဟုတ် People doing jihad အလာရှင် အလိုတော်ကျ လုပ်တဲ့ မွတ်ဆလင်လို့ အဓိပ္ပါယ်ရပါတယ်။ Jihad (ဂျီးဟဒ်) ဆိုတာကလဲ Struggle ကြိုးပမ်းလုပ်ဆောင်ခြင်းလို့ ဆိုလိုပါတယ်။ ကနေ့ကာလမှာ အနောက်ကမ္ဘာမှာ အသုံးများတာကတော့ Mujahideen ဆိုတာကို Radical Islam အစွန်းရောက် အစ္စလမ်ဘာသာနဲ့ တွဲထားလေ့ရှိပါတယ်။

၁၉၆ဝ ကနေစတဲ့ Modern Jihadism ခေတ်ပေါ် (ဂျီးဟဒ်ဒဇင်မ်) ထဲမှာ သူပုန်ထခြင်း၊ ပျောက်ကျားစစ်၊ နိုင်ငံတကာ အကြမ်းဖက်အဖွဲ့၊ စတဲ့နည်းတွေကို အသုံးပြုနေတယ်။ အာဖကန်နစ္စတန်၊ မြန်မာ၊ ဘော့စနီးယား-ဟက်ဇာဂိုဘီးနား၊ အိန္ဒိယ-ပါကစ္စတန်၊ အီရန်၊ အီရတ်၊ ကော့ကေးဆပ်မြောက်ပိုင်း၊ ကိုဆိုဗို၊ နိုက်ဂျီးရီးယား၊ ဖိလစ်ပိုင်၊ ဆိုမာလီ နဲ့ ဆီးရီးယားနိုင်ငံတွေမှာ ရှိနေတယ်။

မြန်မာနိုင်ငံနဲ့ မူဂျာဟစ်ဒင်
၁၉၄၉ ခုနှစ်တုံးက မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ (မူဂျာဟစ်ဒင်) တွေ အရေအတွက်တစုံတရာအထိ ရှိခဲ့တယ်။ Mir Cassim (မားရ် ကက်ဆင်) က ဦးဆောင်ခဲ့တဲ့အဖွဲ့ကို Mujahids (မူဂျာဟစ်) လို့ခေါ်တယ်။ အဖွဲ့ဝင်တွေဟာ အဓိကအားဖြင့် အရှေ့ပါကစ္စတန် (ယခု ဘင်္ဂလားဒက်ရှ်) နိုင်ငံသားတွေဖြစ်တယ်။ ၁၉၅ဝ မှာ မြန်မာစစ်တပ်က နှိမ်နင်းပြစ်နိုင်ခဲ့တယ်။ (မားရ် ကက်ဆင်) ဟာ Cox's Bazar (ကော့်ဆက် ဘဇား) မှာ အသတ်ခံရပြီး နောက်လိုက် နောက်ပါတွေလဲ လက်နက်ချခဲ့ရတယ်။ သူတို့မျိုးဆက်တွေကို မေးတဲ့အခါ သူတို့ကိုယ်သူတို့ Rohingyas “ရိုဟင်ဂျာ” လို့ ပြောကြတယ်။

http://asiapacific.anu.edu.au/newmandala/wp-content/uploads/2009/02/khin-mg-saw-on-rohingya.pdf ၁၉၆၂ ဗိုလ်ချုပ်ကြီးနေဝင်း အာဏာမသိမ်းခင်အထိ သူတို့ဟာ အတော်တက်ကြွနိုင်ခဲ့သေးတယ်။ ဗခက နေဝင်းက အနှစ် ၂ဝ ကျော်ကြာအောင် နှိမ်နင်းခဲ့တယ်။ ၁၉၇၈ နဂါးမင်းစစ်ဆင်ရေးက နာမည်ထွက်ခဲ့တယ်။ ဒီစစ်ဆင်ရေးကြောင့် သူတို့ အများစုဟာ ဘင်္ဂလားဒက်ရှ်ကို ထွက်ပြေးပြီး ဒုက္ခသည်တွေဖြစ်လာကြတော့တယ်။ ဒါပေမဲ့ ရခိုင် မြောက်ပိုင်းမှာ ဆက်ပြီးရှိနေသေးပါတယ်။ သူတို့ဟာ ဘင်္ဂလားဒက်ရှ် (မူဂျာဟစ်ဒင်) တွေနဲ့ ပိုနီးစပ်တာသာမကဘဲ မလေးရှား၊ ပါကစ္စတန်က အလားတူအဖွဲ့တွေနဲ့ ကွန်ယက်ဖွဲ့ထားကြတယ်။ ရံပုံငွေတွေကောက်ပြီး မြန်မာပြည် ပြင်ပမှာ စစ်သင်တန်းတွေ တက်နေကြတယ်။
http://www.asiantribune.com/?q=node%2F16449

၁၉၄၇ ကနေစတဲ့ သမိုင်းအရ အစဆုံး လှုပ်ရှားမှုက (၁၉၄၇-၁၉၆၁) ဖြစ်တယ်။ ရိုဟင်ဂျာတွေနေခဲ့တဲ့ မေယုဒေသကို အရှေ့ပါကစ္စတန် (ဘင်္ဂလားဒက်ရှ်) ထဲရောက်သွားတယ်။ ၁၉၇ဝ-၇၁ အရှေ့ပါကစ္စတန်ကနေ (ဘင်္ဂလားဒက်ရှ်) လွတ်လပ်ရေး စစ်ပွဲအတွင်းမှာ တက်ကြွခဲ့ကြတယ်။ ၂ဝ၁ဝ ရခိုင်ပြည်နယ်မှာ အဓိကရုဏ်းတွေဖြစ်တော့ သတင်းတွေအရ သူတို့ဟာ ရခိုင်ထဲမှာ လွတ်လပ်ရေး ဒါမှမဟုတ် ကိုယ်ပိုင်လွတ်လပ်ခွင့်ကို တောင်းဆိုလာကြတယ်။
http://www.oxfordislamicstudies.com/Public/Login.html?url=%2Fapp%3Fservice%3Dexternalpagemethod%26method%3Dview%26page%3DMainSearch&failReason
၂၈-၅-၂ဝ၁၂ နေ့က ကျောက်ဖြူမှာ ရခိုင်အမျိုးသမီးတဦးကို မွတ်ဆလင်ယောက်ျားတွေက အုပ်စုလိုက် မုဒိန်းကျင့်ပြီး သတ်ပြစ်ရာကနေစတာ ဖြစ်တယ်။ ၁၆-၁၂-၂ဝ၁၂ နေ့က ဒေလီမှာဖြစ်သွားတဲ့ အုပ်စုလိုက် အဓမ္မကျင့်တာလောက် ဒီသတင်းက ကမ္ဘာကို ကိုင်မလှုတ်နိုင်ခဲ့ဘူး။ ဒီအဖြစ်အပျက်ကနေဆက်ပြီး နှစ်ဘက်လုံးမှာ အသေအပျောက်၊ ပျက်စီးမှုတွေနဲ့ ဖမ်းဆီးခံရတာတွေ ရှိလာစေတယ်။ နောက်ဆက်တွဲ တခြားနေရာဒေသတွေမှာ ဆက်ဖြစ်လာတယ်။ ၂ဝ၁၂ မေလထဲမှာ ၂ နေရာ၊ ဇွန်လထဲမှာ ၃ နေရာနဲ့ အောက်တိုဘာမှာ ၃ နေရာမှာ ဆက်ဖြစ်တယ်။ ဗုဒ္ခဘာသာဘက်ကလည်း (၉၆၉) လှုပ်ရှားမှုဆိုတာ ဖြစ်လာတယ်။ မလေးရှားမှာ အလုပ်သွားလုပ်နေကြသူ မြန်မာနိုင်ငံသားတွေ တိုက်ခိုက်ခံရတယ်။ မြန်မာတွေအကြား ခါးသီးတဲ့ အပြန်အလှန် ပြစ်တင်-ဝေဖန်-ဆဲဆိုမှုတွေအထိ ဖြစ်လာစေတယ်။ (တိုင်းမ် မဂ္ဂဇင်း) မျက်နှာဖုံးမှာပါလာယ်။ ဒီကိစ္စမှာလဲ မြန်မာအခွင့်အရေးသမားတွေနဲ့ မီဒီယာတွေက အသံတွေထွက်ကြတယ်။ ဗုဒ္ဓဂယာမှာ ဗုံးခွဲတာနဲ ဆက်စပ်မလားလို့လဲ စုံးစမ်းစစ်ဆေးသူတွေက စဉ်းစားရတော့တယ်။

(မူဂျာဟစ်ဒင်) ကနေစခဲ့တာ ဇာတ်လမ်းကတော့ ဘယ်တော့မှ မဆုံးနိုင်တဲ့ အမျိုးအစားနဲ့ အတန်းအစားဖြစ်တယ်။ လူ့အသက်တွေ၊ နေအိမ်နဲ့ ဘာသာရေး အဆောက်အဦတွေ သေကျေ၊ ပျက်စီး ဆုံးရှုံးပြီးပြီ။ နောက်မှာ မဖြစ်တော့ဘူးလို့ အာမခံချက် မရှိပါ။ အချင်းချင်းကြား သဘောထားကွဲတာတွေက မလိုအပ်ဘဲဖြစ်တာတွေလို့ ယူဆပါတယ်။ သံသရာမှာ မရပ်နိုင်တဲ့ ဥပမာပေးပြီး မိခင်ကိုသတ်တော့မဲ့ဆဲဆဲ (အင်္ဂုလိမာလ) ကိုချွတ်ဘို့ရာ မြတ်စွာဘုးရားသာလျှင် တတ်နိုင်ခဲ့ပါတယ်။ ခက်တာက ဒီဗုဒ္ခဝင်မျိုးက တခြားဘာသာမှာ မရှိလောက်ဘူးတင်တယ်။

(ကျွန်တော် သမိုင်းဆရာ မဟုတ်ပါ။ ကိုးကားတဲ့ အချက်အလက်တွေ ကွဲတာလွဲတာ ရှိနိုင်ပါတယ်။ သမိုင်းပါမောက္ခတွေ ရေးတာ-ပြောတာတောင်မှ အငြင်းပွါးစရာတွေ ရှိပါတယ်။ မူရင်းရေးသားသူတွေနဲ့သာ ငြင်းကြပါလို့ မေတ္တာရပ်ခံပါတယ်။)

ဒေါက်တာတင့်ဆွေ
၉-၇-၂ဝ၁၃