Sunday, July 21, 2013

LeT-IM ရှေ့တန်းမျက်နှာသစ်ဖွင့်ရန် အလုပ်များနေကြ

မြန်မာ-ဘင်္ဂလားဒက်ရှ် နယ်စပ်မှာ မွတ်ဆလင် အစွန်းရောက်အကြမ်းဖက်အဖွဲ့ LeT-IM ရှေ့တန်းမျက်နှာသစ်ဖွင့်ရန် အလုပ်များနေကြ

• LeT = ဟာ ပါကစ္စန်အခြေစိုက် Laskher-e-Taiba ဖွဲ့ဖြစ်ပြီး၊ IM ဟာ အိန္ဒိယအခြေစိုက် Indian Mujahideen ဖြစ်တယ်။
• R&AW ခေါ်တဲ့ အိန္ဒိယ နိုင်ငံခြားရေးထောက်လှမ်းရေးအဖွဲ့အဆိုအရ LeT ရဲ့မြေပေါ်အဖွဲ့အစည်းဟာ Jamaat ud Dawah (JuD) ဖြစ်ပြီး၊ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေကို ခွဲခြားဆက်ဆံခံရ၊ တိုက်ခိုက်ခံရတာတွေကို တန်ပြန်ဘို့ ဒီလို စခန်းသစ်ဖွင့်မှာ ဖြစ်တယ်။
• JuD အဖွဲ့ရဲ့ ခေါင်းဆောင် Hafiz Muhammad Saeed က ရိုဟင်ဂျာ အကျိုးစီးပွါးအတွက် မြန်မာဆန့်ကျင်ရေး ကင့်ပိန်းကို ပါကစ္စတန်ကနေပြီး၊ ဦးဆောင်နေတယ်။ သူ့လူတွေ အခုတလော ဘင်္ဂလား-မြန်မာ နယ်စပ်ကို အခေါက်ခေါက် သွားနေကြတယ်။
• ၂ဝ၁၂ နှစ်လယ်ပိုင်းတုံးက Difa-e-Musalman Arakan (Burma) Conference ကွန်ဖရင့်ကို ကျင်းပခဲ့တယ်။ ဒါဟာ Defence of Muslims in Myanmar မြန်မာနိုင်ငံက မွတ်ဆလင်တွေ ကာကွယ်ရေးလို့ အဓိပ္ပါယ်ရတယ်။ မြန်မာအစိုးရကို ပြစ်မှတ်ထားတာဖြစ်တယ်။
• LeT/JuD ပူးတွဲအဖွဲ့ကနေ JuD ပြောရေးဆိုခွင့်ရှိသူ Nadeem Awan နဲ့ JuD ပုံနှိပ်ထုတ်ဝေရေးလက်တံ အဖွဲ့သား Shahid Mahmood Rehmatullah တို့နှစ်ယောက်ဟာ ၂ဝ၁၂ သြဂုတ်လထဲတုံးက ဘင်္ဂလားဒက်ရှ် နဲ့ မြန်မာနိုင်ငံက စိတ်တူ သဘောတူအဖွဲ့တွေကို စည်းရုံးဆက်သွယ်ခဲ့ကြတယ်။
ဘင်္ဂလားဒက်ရှ်က ပြန်လာပြီးနောက် ပါကစ္စတန်နိုင်ငံ ကရာချိမှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ဘင်္ဂလားဒက်ရှ်ကို မြန်မာနိုင်ငံကနေ ရောက်လာကြတဲ့ ရိုဟင်ဂျာတွေကို ပြစ်ပယ်ထားတယ်ဆိုပြီး အပြစ်တင်ခဲ့တယ်။
• အဲဒီ JuD/LeT ကလူတွေရဲ့ ဘင်္ဂလားဒက်ရှ် လှို့ဝှက်ခရီးဟာ Cox's Bazaar မှာ ဗုဒ္ဓဘာသာဝင်တွေကို ပြစ်မှတ်ထားတဲ့ လူမျိုးရေး အကြမ်းဖက်မှုတွေ ဆက်ဖြစ်စေခဲ့တယ်လို့ ယုံကြည်ရတယ်။
• အလားတူ စိတ်ဝင်စားဘို့အချက်ကတော့ Harkat-ul-Jihadi Islami အဖွဲ့၊ Jaish-e-Mohammed အဖွဲ့နဲ့ Jamaat-ul- Mujahideen Bangladesh အဖွဲ့၊တွေဟာ ရိုဟင်ဂျာ NGOs တွေထဲက Rohingya Solidarity Organisation (RSO) နဲ့ ဆက်ပြီး၊ ရိုဟင်ဂျာအကျိုးကို လိုက်လုပ်ပေးနေကြတယ်။
• ဘင်္ဂလားထောက်လှန်းရေးတွေကနေ Jammat-ul-Arakan ဆိုတဲ့အဖွဲ့သစ်ထဲမှာ JMB နဲ့ Rohingyan activists ရိုဟင်ဂျာ တက်ကြွလှုပ်ရှားသူတွေ ပါဝင်နေတာကို မြန်မာ-ဘင်္ဂလားဒက်ရှ် နယ်စပ် Bandarban ခရိုင်မှာ စုံစမ်းနေတယ်။
• ဘင်္ဂလာဒက်ရှ် ရဲ့အဖွဲ့က ဘဏ်အကောင့်ကို စစ်ပြီးနောက်မှာ Maulana Mohammad Yunus ကို Cox's Bazaar မှာရှိတဲ့ Rau Upazilla မှာ ပြီးခဲ့တဲ့ သြဂုတ်လမှာ ဖမ်းခဲ့တယ်။
• ဒါ့အပြင် ကရာချိက Maulana Shabir Ali Ahmed ဆိုသူဟာ Jaish နဲ့ ဆက်နေတဲ့ ဘင်္ဂလားဒက်ရှ် ရိုဟင်ဂျာ တယောက်ဖြစ်တယ်။
• Madarasa ခေါ်တဲ့ အစ္စလာမ် ဘာသာရေးသင်တန်းကျောင်းကနေ လှုပ်ရှားနေသူ နောက်တယောက်ကတော့ Abdur Rehman ခေါ် Imran ခေါ် Mustafa ဖြစ်တယ်။ Cox's Bazaar က Teknaf ကဖြစ်တယ်။ သူကနေ ပါကစ္စတန်မှာ သင်တန်းဆင်းလာသူ Myanmarese mujahideen မြန်မာ-မူဂျာဟီဒင်တွေကို နေရာချဘို့ တာဝန်ယူရတယ်။
• Shafiul Alam ဆိုသူဟာ ပါကစတန် + နီပါလီ နိုင်ငံကူးလက်မှတ်ကိုင်ထားသူဖြစ်တယ်။ ပါကစတန်နဲ့ ဘင်္ဂလားဒက်ရှ်ကို ခဏခဏ ခရီးသွားတယ်။ သူ့ကို Abdul Karim ခေါ် Mohammed Nur Alam ဆိုသူ နီပေါနိုင်ငံအခြေစိုက် ရိုဟင်ဂျာ အဖွဲ့သား (ငွေအတု ဖြန့်ဖြူးရေးဂိုဏ်း) နဲ့အတူ မြန်မာ-ဘင်္ဂလားနယ်စပ်မှာ ရိုဟင်ဂျာ အစွန်းရောက်တွေအတွက် စခန်းသစ် ဖွင့်ဘို့လုပ်နေကြတယ်။ သူတို့ဟာ ပါကစ္စတန်က LeT ကွန်မင်ဒါ Ustad Abdul Hamid ကိုတိုင်ပင်ကြတယ်။

ကိုးကား
၂၁-၇-၂ဝ၁၃ နေ့ထုတ် The Times of India သတင်းစာ၊ Terror Activities in Bangladesh-Burma Border|Laskher-e-Taiba|Indian Mujahideen|Burma Ethnic Clashes|Solidarity

ဒေါက်တာတင့်ဆွေ
၂၁-၇-၂ဝ၁၃