Friday, July 26, 2013

"Jihadi terrorism (JT) ဂျီးဟဒ် အကြမ်းဖက်ဝါဒ"

အစ္စလာမ်မစ် ဘာသာပြန်တာမသွားခင် Terror အကြမ်းဖက်မှုကို ဗျူဟာကျကျ စဉ်းစာဘို့ လိုတယ်။ အဲဒါကတော့ “Means-ends terms နည်းလမ်းနဲ့ အဆုံးသတ် စည်းမျဉ်း” ဆိုတာပါ။ အကြမ်းဖက်မှုရဲ့ အဓိပ္ပါယ်ကတော့ အရပ်သားတွေကို ပျက်စီး ထိခိုက်ပြီး၊ အသေသတ်ပြစ်မယ်၊ ဒီလိုလုပ်လိုက်တာဟာ ကျိုးကြောင်းဆီလျှော်တဲ့ ရည်ရွယ်ချက်ကို အထောက်အကူပြုဘို့ ဖြစ်တယ်။

ခေါင်းဆောင်လုပ်နေသူကို သတ်ပြစ်ပြီး၊ အုပ်ချုပ်မှုကိုပြောင်းချင်တယ်၊ ကိုလိုနီ ကျွန်ပြုခံထားရာကနေ လွတ်လပ်ချင်တယ် ဆိုတာမျိုးဖြစ်ပါတယ်။ ဒါပေမဲ့ လုပ်ဆောင်ချက်နည်းလမ်းဟာ ဘယ်လောက်ဆိုးရွားပါစေ ရလဒ်ဟာ သီအိုရီအရ မဖြစ်နိုင်တာ မဟုတ်ပါ။ အဲလိုသတ်လိုက်ပြီးနောက် ဖွဲ့စည်းပုံအသစ်တခုဆွဲမယ်၊ ဒါမှမဟုတ် နိုင်ငံရပ်ခြားများ ပိုင်ဆိုင်ထားတာကို လက်လွတ်စေမယ်။ ဒီနည်းဟာ ကိုလိုနီ လွတ်မြောက်ရေး စစ်ဗျူဟာဖြစ်ပါတယ်။ လွတ်လပ်ရေး ရပြီဆိုရင် ဥပမာ ကင်ညာနိုင်ငံက Mau Mau (မော်မော်) နောက်ပြီး အယ်လ်ဂျီးရီးယားက FLN (အက်ဖ်အယ်လ်အင်) တို့ဟာ အရင်လုပ်ခဲ့တဲ့ သတ်ဖြတ်မှုတွေကို ရပ်စဲလိုက်ကြတယ်။ သူတို့ရဲ့ ပြစ်မှတ်ဆိုတာလဲ မရှိတော့လို့ ဖြစ်တယ်။

Jihadi terrorism (JT) ဂျီးဟဒ် အကြမ်းဖက်ဝါဒကတော့ အဲလို Strategic model မဟာဗျူဟာပုံစံနဲ့မကိုက်ညီပါ။ အချက် (၃) ချက်ရှိပါတယ်။
၁။ ရည်ရွယ်ချက်ဆိုတာက ပြောင်းပြောင်းနေတယ်။
၂။ အဆုံးသတ်ဆိုတာ အဆုံးမရှိဖြစ်နေတယ်။ ရချင်တယ်ဆိုတာကိုလဲ တပြားမှ လျှော့လို့မရတာမျိုးဖြစ်တယ်။
၃။ အဆုံးသတ်လို့ သတ်မှတ်ထားတာမျိုးကလဲ တကယ့်အရှိတရားတွေ မဟုတ်ဘူး။

ယေဘုယျချုပ်ပြောရရင် JT ဂျီးဟဒ် အကြမ်းဖက်ဝါဒဆိုတာ “ရှိနေတာမျိုးတော့ဖြစ်ပြီး၊ အောင်မြင်မှုရနိုင်တာမျိုး မဟုတ်ပါ”။ သူတို့ လိုချင်တယ်ဆိုတာကို ရရင်လဲ အနည်းအကျဉ်းသာဖြစ်ပါမယ်။ အဓိက မျှော်မှန်းချက်ဆိုတာကို ကိုယ့်လူ ဆိုသူတွေကိုယ်၌က တကယ်တန်း ယုံကြတာ မဟုတ်ပါ။

ကျွန်တော်တို့ဘက်ကနေ သူတို့က ဘာကို တကယ် လိုချင်တာလဲ ဆိုတာကို ဆန်းစစ်မှုစနစ်တကျ လုပ်တဲ့အခါမှာ ပုံမှန် နိုင်ငံရေးလုပ်ရိုးလုပ်စဉ်အတိုင်း Give and take အပေး-အယူ ဆိုတာနဲ့ ချကြည့်လိုက်ရင် အံကိုက်မကျပါ။ ဒါကြောင့် အနောက်ကမ္ဘာ နဲ့ JT ဆိုတာ မဟာဗျူဟာ အရာမဟုတ်ပါ။

ကိုးကားချက်။ Hoover Institution Stanford University စတင်းဖို့ဒ် တက္ကသိုလ်၊ ဟူးဘား အင်စတီကျူးရှင်းမှာ Josef Joffe (ဂျိုးဇက် ဂျော်ဖီ) ရေးသားတဲ့ Jihadi Terrorism’s Moving Targets ဂျီဟဒ်ဒီ အကြမ်းဖက်မှုရဲ့ ရွှေ့ပြောင်းနေတဲ့ ပစ်မှတ်များ
ဒေါက်တာတင့်ဆွေ
၂၆-၇-၂ဝ၁၃

Jihadi Terrorism’s Moving Targets http://www.hoover.org/related-materials/152031