Friday, July 5, 2013

မဟာဗန္ဓုလ မျိုးဆက်ပြတ်သွားတဲ့တပ်မတော် နဲ့ လက်ထပ်ပေါင်းသင်းတာ ဘာမှလာမပြောနဲ့ဆိုသူများသို့

ဒေသခံ မြန်မာအမျိုးသမီးအချို့ဟာ အိန္ဒိယနိုင်ငံက မဏိပူခေါ် "ကသည်း" သူပုန် ယောက်ျားတွေကို လက်ထပ် ပေါင်းသင်းနေကြတယ်။ တလောက DVB မှာ အသံလွှင့်ဇာတ်လမ်းတခု ကြားလိုက်သေးတယ်။ အခွင့်အရေးသမားတွေက ပြောသံတော့ မကြားမိသေးပါ။ ဒါပေမဲ့ ရခိုင်ပြည်နယ်နဲ့ ဆက်နေတဲ့ သတင်းတွေထဲမှာ ကြားနေရတာကတော့ “လက်ထပ်ပေါင်းတာ ဘာမှ လာမပြောနဲ့” ဆိုဘဲ။

နိုင်ငံခြားသား၊ လူမျိုးမတူ၊ ဘာသာမတူတွေကို လက်ထပ်၊ ဒါမှမဟုတ် ပေါင်းသင်း နေထိုင်တာမှာ ပြောစရာ (၂) ချက် တွေ့လာပါတယ်။

(၁) “စစ်သူကြီး မဟာဗန္ခုလ” လို့သမိုင်းမှာတွင်လာမဲ့ မောင်ရစ်ဟာ ဒီပဲယင်းသားဖြစ်တယ်။ ဘိုးတော်ဘုရားလက်ထက်မှာ မြန်မာစစ်သည် ၂ဝဝဝ နဲ့ မဏိပူကို သိမ်းတဲ့အခါ နေမျိုးရာဇသူလက်အောက်မှာ စစ်သည် ၃ဝဝဝ ကို ဗန္ခုလက ဦးဆောင်ပြီး၊ ၁၅-၂-၁၈၁၄ နေ့မှာ မဏိပူမြို့တော်ကို ဝင်သိမ်းနိုင်ခဲ့တယ်။ ၁၈၁၇ မှာ အာသန် (ကနေ့အခေါ် အာဆမ်) မှာ အာဏာလုပွဲဖြစ်ရာကနေ မြန်မာဘုရင်ကို အကူအညီတောင်းတာနဲ့ ဝင်တိုက်ပေးခဲ့ပြန်တယ်။ ၁၈၁၈-၁၉ မှာ နောက်တခါ အကူအညီတောင်းလို့ ထပ်တိုက်ရာမှာလဲ မောင်ရစ်ပါတယ်။ ထိပ်ဆုံးခေါင်းဆောင် မဟုတ်ပေမဲ့ တိုက်ပွဲအပြီး မဟာဗန္ခုလဘွဲ့နဲ့ အလုံ (မုံရွာ) မြို့ဝန်ဖြစ်လာခဲ့တယ်။ မဏိပူ-အာသန် ရာဇဝင်မှာ သူ့နာမည် တွင်စေခဲ့တာကတော့ မဏိပူစစ်ပွဲ (၁၈၁၉) နဲ့ အာသန်စစ်ပွဲ (၁၉၂၁-၂၂) တွေကြောင့် ဖြစ်တယ်။ မဏိပူ (ကသည်း) စစ်သုံပမ်းတွေကို နားရွက်မှာ အပေါက်ဖေါက်ပြီး လျှော်ကြိုးနဲ့ဆွဲတယ်လို့ အရပ်ရာဇဝင် ရှိတယ်။

အခုတော့ ရွှေမြန်မာတွေဟာ မဟာဗန္ခုလကနေ ကြိုးနဲ့ဆွဲခေါ်ခဲ့တဲ့ ကသည်းတွေ ကြိုးဆွဲတာနောက်မှာ ကောက်ကောက်ပါ လိုက်နေကြပါပြီ။ မြန်မာ့တပ်မတော်မှာ တရုတ်ဖြူကိုတိုက်ထုတ်နိုင်ခဲ့တဲ့နောက်မှာ မဟာဗန္ခုလမျိုးဆက် ပြတ်သွားပြီလား။

(၂) မြန်မာနိုင်ငံက လူမျိုးရေး ပဋိပက္ခတွေက ဘာကိုညွှန်ပြနေသလဲဆိုတော့ “အစ္စလမ်အစွန်းရောက်တွေအဖို့ ဘင်္ဂလားဒက်ရှ် နဲ့ (အာစီယန်) ဒေသအတွင်း (ထိုင်း၊ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှား) မှာ နောက်ဆုံး ခြေကုပ်စခန်းတွေအတွက် တိုက်နေရတဲ့ အခြေအနေကနေ မြန်မာပြည်မှာ ခြေကုပ် ရကောင်း ရလာစေနိုင်တယ်။” လို့ (ဘီ ဟာရီဟာရန်)၊ အရင် အိန္ဒိယ စစ်ထောက်လှမ်းရေး အရာရှိ၊ လက်ရှိ တရုပ်လေ့လာရေးဌာနမှာ တာဝန်ယူနေသူက သုံးသပ်ပါတယ်။

လူ့အခွင့်အရေး၊ အိမ်ထောင်ရေးဆိုတာ ပြောတာတော့ ပြောကြပေါ့ဗျာ။ ဘာသာရေး ဘေးချိတ်ချင်လဲ ချိတ်ထားပါ။ နိုင်ငံလုံခြုံရေး၊ လူမျိုးသိက္ခာ၊ တပ်မတော်ဂုဏ်တော့ ထိန်းကြဘို့ကောင်းပါတယ်။

ဒေါက်တာတင့်ဆွေ
၆-၇-၂ဝ၁၃