Friday, July 12, 2013

အမယ်ဘုတ်ချည်ခင် ဘယ်သူလာလို့ ဆေးဆိုးချင်နေသလဲ

• မြန်မာမွတ်ဆလင်တွေနဲ့ ဘင်္ဂလားဒက်ကနေ တရားမဝင် ဝင်လာတဲ့ မွတ်ဆလင်တွေ ခွဲခြားမြင်ရမယ်လို့ အကြံပြုထားတယ်။
• ဘင်္ဂလားဒက်ကနေ တရားမဝင် ဝင်လာသူတွေနဲ့ ဒေသခံမွတ်ဆလင်တွေက ပေါင်းပြီး (ရိုဟင်ဂျာ) လို့သာ အခေါ်ခံချင်နေသူတွေနဲ့ (မူဂျာဟစ်ဒင်) စစ်သွေးကြွလို့ အထင်ကရသတင်းစာကနေ ထုတ်ဖေါ်ရေးသားချက်အရ အခု ရခိုင်ပြည်နယ်ထဲမှာ စစ်သင်တန်းတက်နေကြတဲ့ လူ ၃ဝဝ ရယ်၊ အင်ဒိုနီးရှားသွားပြီး ငွေ၊ လက်နက်နဲ့ ဗုံးခွဲနည်းစနစ် တောင်းနေကြတဲ့ သူတို့ခေါင်းဆောင်နှစ်ယောက်ရယ် ဘယ်လိုဆက်စပ်သလဲ ခွဲခြားရမယ်။
• ဘင် ကီမွန်း နဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးတို့ကနေ ဒီအရေးကိစ္စအတွက် ဖိအားတွေပေးကြတဲ့နေ့မှာ ဂျကာတာပို့စ် သတင်းစာ သတင်းနဲ့က ၁၁-၇-၂ဝ၁၃ နေ့ဟာ တရက်တည်းဖြစ်တာ စိတ်ဝင်စားဘို့ ကောင်းတယ်။ အဲဒီပုဂ္ဂိုလ်တွေက ဖြေကြဘို့ တာဝန်ရှိတယ်။
• ကိုယ့်ဘက်ကတော့ တာဝန်သိမှုအရ လက်ညှိုး-လက်မ ခွဲပြောချင်ပေမဲ့ ပြဿနာကြီးထဲမှာ ခွဲခြားသင့်တယ်လို့ မြင်တဲ့ အမျိုးအစား (၃) ခုလုံးက ရောထွေးနေတာကိုလဲ သိထားရမယ်။
• ရခိုင်ဒေသမှာ ဒုက္ခရောက်နေသူ မွတ်ဆလင်တွေနဲ့ ဗုံးခွဲနေသူတွေကို မတူဘူးလို့မြင်ဘို့ မဖြစ်နိုင်အောင် အပြင်ကလူတွေကနေ ရောပေးနေကြတယ်။
• ဘင်ကီမွန်းက ချည်ခင်အရှုတ်ကို သယ်လာပေးပြီး၊ အင်ဒိုနီးရှားက ဆေးရောင်ဆိုးပေးနေတယ်။
• သွေးရောင်ကို ဆေးဆိုးယုံနဲ့ ဖျောက်မရပါခင်ဗျား။
• မြန်မာတွေက ယက်ကန်းပညာကျွမ်းကျင်ကြတယ် မဟုတ်ပါလား။

ဒေါက်တာတင့်ဆွေ
၁၂-၇-၂ဝ၁၃