Friday, July 5, 2013

တက်စုံနဲ့ ရွက်ကုန်ဖွင့်ကြစို့

(၁) ဖေ့စ်ဘွတ်မှာ တယောက်ကနေ ဒီလိုမှတ်ချက်ပေးပါတယ်။ “့ ခက်တာက ကိုယ်နိုင်င်ငံမှာက အဓိကပြဿနာဖြစ်တဲ့ အခြေခံလူန်းစားတွေရဲ့ စား၊ ဝတ်၊ နေရေး မပြေလည်တဲ့အတွက် ကျုပ်တို့ မြန်မာအမျိုးသမီးတွေဟာ ကသည်းတွေ၊ ကူကီးတွေ၊ ဘင်္ဂါလီတွေရဲ့ မယားငယ်အပျော်သာသာဖြစ်ရင်း၊ တစ်ချို့သော အမျိုးသမီးငယ်တွေမှာ မာဆတ်၊ လိမ်ခန်းတွေမှာတင် ဘဝကိုစတေးရင်း မိသားစုအတွက် ထောက်ပံ့နေရသူပေါင်းက ဒုနဲ့ဒေး။့”

(၂) လက်ထပ်ခွင့် ကန့်သတ်ရေးလုပ်သင့်တယ်ဆိုတာကို လူ့အခွင့်အရေးတွေနဲ့ အမျိုးသမီးအခွင့်အရေးတွေ ဘက်ကနေ (တချို့က) ကန့်ကွက်နေကြတယ်။

ကျွန်တော့်အမြင် -
• တဖက်တည်းကကြည့်ရင် မှန်တာတွေ အများကြီးရှိပါတယ်။ ကနေ့မြန်မာပြည်မှာ ဖြစ်ပျက်ယိုယွင်းနေတာတွေကို တဖက်တည်း မပြောနဲ့ နှစ်ဘက်ကနေကြည့်တာတောင် မပြည့်စုံ မမှန်ကန်ပါ။
• အမျိုးသမီးတွေ အိမ်ထောင်ဘက်ရွေးတာမှာ ပညာနဲ့ စီးပွါးရေးနည်းတယ်ဆိုတာတွေက တစိတ်တပိုင်း မှန်ပေမဲ့၊ နီးစပ်မှုဆိုတဲ့ “ဆန့်ကျင်ဘက်လိင်သဘော” လဲပါတယ်။ အတူထားရင် “အိုးချင်းတား အိုးချင်းထိ၊ ကြိုးချင်းထား ကြိုးချင်းညိ” ဆိုသလိုပေါ့။
• “တရားမဝင်တွေနဲ့ နေရခြင်းဟာ တိုင်းပြည်ရဲ့လုံခြုံရေးကိုပါ ထိခိုက်တယ်။”
• “ဘာသာမတူတွေ အတူနေရခြင်းဟာ ကိုယ်းကွယ်ရာဘာသာကို တမျိုးတမည် ဖြစ်စေတယ်။”
• အမျိုးသမီးတွေကို အသိနဲ့ပညာတိုးလာအောင်လဲ လုပ်ပေးရမယ်၊ စီးပွါးဥစ္စာလဲ တိုးလာစေအောင် လုပ်ပေးရမယ်၊ (ဘာသာတိုင်းကနေ) ဘာသာရေး အထိန်းအကွပ်လိုမယ်၊ (နိုင်ငံတိုင်းကနေ) ဥပဒေအကာအကွယ် လုပ်ဘို့လဲ လိုပါတယ်။
• ဒါကြောင့် လူမှု-စီးပွါးရေး၊ အခွင့်အရေး၊ ဘာသာရေး၊ ဥပဒေပြုရေး-အုပ်ချုပ်ရေး ဆိုတဲ့ ဘက်ပေါင်းစုံကနေ ဝိုင်းလုပ်ရမှာကို ကိုယ့်နယ်ကလေးတခုကနေ တခြား နယ်ပယ်တွေကို ဝေဖန်-ပြစ်တင် ဆဲရေးနေတာတွေဟာ တပြည်လုံးအကျိုး၊ လူမျိုးအကျိုး၊ ဘာသာတရားအကျိုးကို ဖျက်ဆီးရာကျပါတယ်။
• Globalization ကမ္ဘာရွာဖြစ်စဉ်ကြီးဆိုတာ တဖြေးဖြေးချင်း ပြောင်းလာတာသာဖြစ်တယ်။ ပတ်ပျိုး-ယိုးဒယား ခေတ်ကနေ Hip hop (ဟစ်ဟော့) ခေတ်ကို တဆင့်ခြင်းရောက်လာတာပါ။ ရောက်လာပေမဲ့ လူတိုင်းက ဟော့နေကြတာမဟုတ်ပါ။ ခေတ်ဆန်တာချည်းကိုသာ ဒီမိုကရေစီ ခေါ်တာ မဟုတ်ပါ။
• စုစုစည်းစည်း သိုက်သိုက်ဝန်ဝန်း မထိန်းတတ်ကြရင်တော့ နိုင်ငံတော်သီချင်းဟာ Oppa gangnam style (အိုပါ ဂန်နမ် စတိုင်) ဖြစ်လာပါလိမ့်မယ်။

ဒေါက်တာတင့်ဆွေ
၅-၇-၂ဝ၁၃