Friday, November 15, 2013

မြန်မာစစ်တပ်မှာ စစ်သူကြီး မဟာဗန္ဓုလ မရှိ

"ကသည်း (မဏိပူ) သူပုန်များက စစ်ကိုင်းတိုင်းဒေသကြီး၊ တမူး နန့်ဖါလုံဈေးမှာ ဈေးရောင်း-ဈေးဝယ် လုပ်နေကြသူများထံက ဆက်ကြေးငွေ မတန်တဆတောင်းနေသည်ကို တိုင်တန်းသော်လည်း မြန်မာအစိုးရ တာဝန်ရှိသူများမှ မရေးယူခြင်းမရှိသဖြင့် ဈေးမရောင်းပဲ ဆန္ဒ္ဒပြကြသည်" ဆိုတဲ့သတင်း ဖတ်ရတယ်။။

မဟာဗန္ဓုလကို ကသည်းခေါ် မဏိပူရလူမျိုးတွေက ဘယ်တော့မှ မမေ့ကြပါ။ သူတို့ကို စစ်သုံပန်းအဖြစ် မဟာဗန္ဓုလကခေါ်တုံးက နားရွက်တွေဖေါက်ပြီး လျှော်ကြိုးနဲ့ဆွဲခေါ်ခဲ့ကြတယ်လို့ တဆင့်စကားရာဇဝင်ဟာ သူတို့ဆီမှာရှိတယ်။

ကနေ့ခေတ်မှာတော့ ပြီးခဲ့တဲ့စစ်အစိုးရကနေ လက်ခံပေးထားတဲ့ တဖက်နိုင်ငံက လက်နက်ကိုင်အဖွဲ့ ဒါဇင်ဝက်မက မြန်မာ့မြေပေါ်မှာ ရှိနေတယ်။ ကသည်းသူပုန်တွေက တမူးဝန်းကျင်မှာ ခြေကုပ်ရထားတယ်။
လက်နက်နဲ့ မူးယစ်ဆေးလုပ်ငန်းမှာလဲ ပတ်သက်နေကြတယ်။
ဒေသခံမြန်မာအမျိုးသမီးအချို့က "ကသည်း" တွေကို လက်ထပ်ပေါင်းသင်းနေကြတယ်။
အမျိုးသမီး အခွင့်အရေးသမီးများက မည်သို့ပြောကြမယ်မသိ။ မြန်မာစစ်တပ်မှာ မဟာဗန္ဓုလသွေးမရှိတော့တာ သေချာတယ်။

ဒေါက်တာတင့်ဆွေ
၅-၇-၂ဝ၁၃