Friday, July 26, 2013

“လုံအောင်ကာကြပါ”

• “ရိုဟင်ဂျာအရေးအတွက် မြန်မာနိုင်ငံကို တိုက်ခိုက်မဲ့ အကြမ်းဖက်စခန်း ဘင်္ဂလားဒက်ရှ် နယ်စပ်မှာဖွင့်ထားပြီ” သတင်းကိုတင်လိုက်တော့ အခုထိ မျှဝေသူပေါင်း ၁၉၄ ယောက်ရှိပြီ။ မှတ်ချက်ပေးသူပေါင်း ၉ ယောက်ရှိပါတယ်။ ဒီစာရေးပြီး မတင်ခင်ပြန်စစ်တော့ ၂ဝ၇ ယောက်အထိရှိလာပါတယ်။
• အိန္ဒိယသတင်းစာကြီးက အိန္ဒိယအစိုးရ ပြည်ထဲရေးအတွင်းဝန်ကို အင်တာဗျူးလုပ်၊ ကိုးကားပြီး သတင်းကို ရေးတာပါ။
• ကျွန်တော်တို့ ပြည်တွင်းမီဒီယာတွေက ဒီအရေးကိစ္စကြီးကို ဘယ်အထိ ရေးနေကြသလဲတော့ သိပ်မသိပါ။ အဲလို အစိုးရ ထိပ်တန်းအရာရှိကြီးတွေကို ချဉ်းကပ်ခွင့် ရကြလားလဲမသိပါ။ ပြီးခဲ့တဲ့အပါတ်ကတော့ အင်ဒိုနီးရှား သတင်းစာ ဂျာကာတာပို့စ်ကနေ “ရိုဟင်ဂျာနှစ်ယောက် ဈေးဝယ်ရောက်” ဆိုတဲ့သတင်းတင်ပြီးနောက်မှာ ရေဒီယို တခုကနေ ရခိုင် လူဝင်မှုကြီးကြပ်ရေးအရာရှိ ဒုဗိုလ်မှူးကြီးတဦးကနေ ရိုဟင်ဂျာ ၃ဝဝ စစ်သင်တန်းတက်နေတာ မရှိဘူးလို့ ငြင်းလိုက်တဲ့သတင်းတော့ ကြားလိုက်ရတယ်။ အဲလိုပုဂ္ဂိုလ်တယောက်က ချက်ချင်းငြင်းတာနဲ့တော့ ပရိတ်ရွတ်သလို မြန်မာပြည်ကြီး အန္တရာယ်ကင်းမသွားပါ။
• အိန္ဒိယမှာတော့ RAW, IB, NIA ထောက်လှမ်းရေးနဲ့ စုံစမ်းရေးဌာနတွေကိုလဲ မီဒီယာတွေက လက်လှမ်းမီတယ်။ အမေရိကားမှာလဲ CIA နဲ့ FBI တွေကို မေးလို့ရတာဘဲ။ သတင်းခိုင်မာအောင် ရေးကြတယ်။
• ကျွန်တော်တို့ဆီက ထောက်လှမ်းရေးကတော့ ကိုယ့်နိုင်ငံသားတွေကိုဘဲ ဖမ်းဘို့-ဆီးဘို့လောက်သာ လုပ်နေသေးတာ အတော်မကောင်းပါ။
• ဖေ့စ်ဘွတ် ဆိုရှယ်ကွန်ယက်မှာ လူပေါင်း ၂ဝဝ လောက်က စိတ်ဝင်စားမှုပေးကြလို့ ကျေးဇူးတင်ပါတယ်။ ကျန် (၅ဝဝဝ - ၂ဝဝ = ၄၈ဝဝ) ကတော့ မြန်မာပြည်ကြီးမှာ တကိုယ်ရေ ပုဂ္ဂလိကအရေးလောက်သာ ရှိတယ်လို့ ထင်နေကြပုံ ရကြတယ်။
• ကျွန်တော် လက်လှမ်းမမီလို့ ကိုယ်ထက်ပိုပြီး စိုးရိမ်မှုတွေဖေါ်ပြပြီး စိုးရိမ်စရာအတွက် ဆောင်ရွက်နေသူတွေလဲ ရှိနိုင်ပါတယ်။ ရှိပါစေဗျာ။
• အခုထိ လွှတ်တော်ကနေ ဒီအရေးအတွက် ဘာမှ မကြားရတာ တာဝန်မဲ့ရာ ကျတယ်။ နိုင်ငံရေးပါတီတွေကလဲ အမေးမခံရလို့လား၊ မီဒီယာကလဲ မေးစရာမလိုဘူး ထင်လားတော့ မသိပါ၊ ဘာမှပြောတာ မကြားမိသေးပါ။
• တိုင်းပြည်တခုမှာ အချုပ်အခြာ အာဏာဆိုတာ ထိပ်ဆုံးက နေရတာပါ။ လွှတ်တော်ထိပ်မှာ ဘာမှမရှိရလို့ ပြောကြတယ် မဟုတ်လား။
• “ကာလုံ” ဆိုတာက ဒီအရေးမှာ တာဝန်အရှိဆုံး ဖြစ်မယ်ထင်တယ်။ တလောက အစည်းအဝေး မကြာမကြာ ခေါ်မယ်လိုလို ပြောတာ ဖတ်လိုက်ရပါတယ်။ နောက်ထပ် ဘာသံမှ မကြားရတော့ပါ။ တိုင်းပြည်ကို မကာကွယ်၊ မလုံခြုံစေဘဲ၊ စစ်အာဏာကိုသာ ကာကွယ်လုံခြုံအောင်သာ တာဝန်ယူနေပုံရတယ်။

ဒေါက်တာတင့်ဆွေ
၂၆-၇-၂ဝ၁၃