Wednesday, July 24, 2013

“သူတို့ဆီက တရားဥပဒေ”

• (ဒူဘိုင်း) နိုင်ငံမှာ မတ်လထဲမှာ အဓမ္မကျင့်ခံရတဲ့ နော်ဝေနိုင်ငံသူ အမျိုးသမီးကို ထောင်ဒဏ် ချတ်လိုက်ပြီးနောက် သွားလိုရာသွားနိုင်တယ်လို့ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပါတယ်။
• သူမဟာ အခန်းတွင်းအလှပြင် ဒီဇိုင်နာ (မာတာ ဒီဗိုရာ ဒါးလက်ဖ်) ၂၄ နှစ် အရွယ်ရှိသူ ဖြစ်ပြီး အလုပ်နဲ့ (ဒူဘိုင်း) ကို လာခဲ့စဉ်မှာ အခုလို ကံဆိုးခဲ့ရတာပါ။
• အဓမ္မကျင့်ခံရလို့ ရဲကိုတိုင်တော့ အိမ်ထောင်ရှိလျှက်နဲ့ လိင်ဆက်ဆံမှုရှိတဲ့အပြစ်နဲ့ အရက်သောက်တဲ့အမှုအတွက် ထောင်ဒဏ် ၁၆ လ ချမှတ်လိုက်ပြီးမှ အခုလို လွတ်ငြိမ်းချမ်းသာခွင့်ပေးတာဖြစ်ပါတယ်။
• အဓမ္မကျင့်ကျ့တဲ့သူကို ထောင်ဒဏ် ၁၃ လ ချပြီးနောက် လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပါတယ်။
• အဲလိုတိုင်းပြည်တွေက သူတို့ဆီကိုလာရင် သူတို့ပြုသမျှနုရမယ်လို့ သဘောထားကြတယ်။
• ကျွန်တော်တို့ နိုင်ငံမှာတော့ တရားဝင်လာနေသူတွေ တချို့ကရော၊ တရားမဝင် လာနေသူ အားလုံးကပါ သူတို့ကို ထိပ်ပေါ်မှာသာ တင်ထားစေချင်ကြတယ်။
• “ကိုယ့်ရွာမှာ ကြက်ဖ၊ သူများရွာမှာ ကြက်မ” လို့ မြန်မာဆိုရိုးစကားရှိတယ်။
• အခုဖြစ်နေတာက “ကိုယ့်ရွာမှာ ကြက်ဖ၊ သူများရွာမှာ ကြက်ထီး” လုပ်ချင်သူတွေက ကျွန်တော်တို့နိုင်ငံမှာ လာပြီး လူတွင်ကျယ်လုပ်နေကြတယ်။

ဒေါက်တာတင့်ဆွေ
(၂၂-၇-၂ဝ၁၃)