Monday, July 22, 2013

ဒေါက်တာတင့်ဆွေခင်ဗျား

ခင်ဗျားရဲ့ သုံးပွင့်ဆိုင် ဘာသာရေး အခြေပြုတဲ့ ပဋိပက္ခကြီးအပေါ်မှာ အသေးစိတ်ပြီး စိတ်ဝင်စားဘွယ်ရာ သုံးသပ်ချက်ကို ဖတ်ရလို့ ကျေးဇူးတင်ပါတယ်။ တိုင်းမဂ္ဂဇင်းကနေ အကြမ်ဖက်မှုလို့ခေါ်ဆိုလိုက်တာဟာ လိုတာထက် ပိုလွန်းတယ်လို့ ကျွန်တော်လည်း သဘောတူပါတယ်။ ဒါပေမဲ့ မဂ္ဂဇင်းကို တားမြစ်ခြင်းကတော့ ရေရှည်မှာ ပြောင်းပြန်အကျိုး သက်ရောက်စေနိုင်ပါတယ်။ သိရိလင်္ကာဆိုရင် အလားတူခံနေရတာပါ။

ကျွန်တော့်အနေနဲ့ အများစုဟာ ဗုဒ္ဓဘာသာဝင်တွေဖြစ်ကြပြီး သူတို့အပေါ် မီဒီယာကနေမြင်တာအတွက် မြန်မာနိုင်ငံသားတွေအပေါ်မှာ စာနာမှုထားရှိပါတယ်။ ဒီလိုအဖြစ်မျိုးကို အနောက်နိုင်ငံမဟုတ်တဲ့ တိုင်းပြည်တွေမှာ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။ အနောက်ကမ္ဘာဟာ အဲလိုအခြေခံစည်းမျဉ်းတွေ ချထားစေအောင် ခွင့်ပြုထားပြီးသား ဖြစ်နေကြတာပါ။ ဒါပေမဲ့လဲ ကျွန်တော်တို့လဲ အုပ်ချုပ်မှုယန္တယား၊ ခေါင်းဆောင်မှုနဲ့ ကိုယ့်တိုင်းပြည်ရဲ့ကိုယ်ပိုင်သရုပ်မှာ ပွန်းပဲ့မှုတွေ ရှိလာရင်တော့ သတိပြုကြရမှာသာဖြစ်ပါတယ်။

ခင်ဗျားရဲ့ တချို့အချက်အလက်တွေအပေါ် ကျွန်တော်အမြင်က ဒီလိုရှိပါတယ်။

(၁) ကျွန်တော်တို့ဟာ မြန်မာမွတ်ဆလင်တွေနဲ့ ရိုဟင်ဂျာတွေကိုခွဲမြင်ရမှာပါ။ မှန်ပါတယ်၊ နှစ်ခုကြားမှာတော့ အခြေခံကအစ မတူကြတာတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ ရိုဟင်ဂျာတွေကြားထဲမှာလဲ မြန်မာ့လူ့ဘောင် တည်ဆောက်ရေးအတွက် ပါဝင်မှုရှိနေသူတွေကိုတော့ ခွဲခြားမြင်ပြီး အသိအမှတ်ပြုသင့်တယ်၊ အလားတူ နိုင်ငံသား ဖြစ်သင့်တယ်လို့ ခံစားမိပါတယ်။ အစိုးရကနေ အဲလိုသာမလုပ်ခဲ့ရင်တော့ အကျိုးတရားထက် ရိုးရိုးသားသားဘဝကို တည်ဆောက်လိုမဲ့ ရိုဟင်ဂျာတွေထဲက လူငယ်မျိုးဆက်တွေကနေ (ဂျီးဟတ်) အစွန်းရောက်မှုကို ထောက်ခံလိုစိတ် နည်းစေပါမယ်။ ဒီအန္တရာယ်ဟာ တကယ်ရှိပြီး အိန္ဒိယအစိုးရက မလုပ်နိုင်ခဲ့ရာကနေ “အိန္ဒိယမူဂျာဟီဒင်” ဆိုတာ ဖြစ်ပေါ်လာပါတယ်။

(၂) ဟုတ်ပါတယ်၊ အနောက်မီဒီယာကနေ လွှမ်းမိုးထားတဲ့ ကမ္ဘာကြီးဟာ အမှန်ကိုသိခွင့်မရနိုင်ပါ။ ဒါကြောင့် လူမျိုးစုံ နေထိုင်တဲ့ မြန်မာနိုင်ငံကနေ ကိုယ်ပိုင်အမြင်တွေ တင်ပြပေးနိုင်ဘို့ လိုအပ်ပါတယ်။ မြန်မာစစ်အုပ်ချုပ်ရေးကြောင့် မီဒီယာမှာ နှစ်ပေါင်းများစွာ ဆိုဝါးတာတွေနဲ့ ဖေါ်ပြခံထားရပါတယ်။ ထိုးထွက်လာနေတဲ့ ဒီမိုကရေစီကလဲ ခိုင်မာ မှန်ကန်မှုရှိတာကို ပြဘို့လိုနေပါသေးတယ်။ ဒါဟာ လက်တံရှည်လှတာ နားလည်ပါတယ်။ ဒါပေမဲ့ မြန်မာပြည်နဲ့ ထိုက်တန်ပါတယ်။ အိန္ဒိယမှာလဲ အစိုးရတွေရဲ့ အောင်မြင်မှုတွေ ဆုံးရှုံးမှုတွေကြောင့် မီဒီယာမှာ မျက်နှာပမ်းမလှပါ။ (အာစီယံ) လဲ ကနေ့ ရင်ဆိုင်နေရပါတယ်။

(၃) ကျွန်တော့်အနေနဲ့ ဒေါ်စုနဲ့ NLD ခေါင်းဆောင်တွေအပေါ်မှာ စာနာမှုရှိပါတယ်။ သူတို့ဟာ အမျိုးမျိုးသော အစွန်းရောက်မှုတွေကို တိုက်ဖျက်ပြီး ပါတီကိုလဲတည်ဆောက်နေကြရတယ်။ ဒီမိုကရေစီကလဲ အခြေမခိုင်သေးပါ။ ဘာပဲဖြစ်ဖြစ် ဒီသမိုင်းတွင် တာဝန်က ဒေါ်စုအပေါ်မှာကျနေပါတယ်။ ဒီတာဝန်အတွက် သူမတဦးတည်းသာ ရှိမယ်လို့တောင် ယူဆကောင်း ယူဆနိုင်ပါတယ်။ သူမ ဘယ်လိုလုပ်မယ်ဆိုတာကတော့ $64 question ဆိုသလို အရေးကြီးပြီး၊ အခြေခံကျလှတဲ့မေးခွန်းသာ ဖြစ်ပါတယ်။

(၄) တကမ္ဘာလုံးမှာ အစ္စလာမ်ဘာသာထဲမှာ “ရှီယား” နဲ့ “စူနီး” ဆိုပြီး ကွဲနေကြပါတယ်။ သူ့အကျိုးဆက်အနေနဲ့ အနောက်ကမ္ဘာနဲ့ မွတ်ဆလင်မဟုတ်သူတွေ (ဥပမာ အိန္ဒိယ) ကို “ဂျီးဟဒ်” လုပ်နိုင်လို့ ဘယ်သူက ပိုပြီး မွတ်ဆလင် စစ်မှန်တယ်လို့ ပြိုင်ဆိုင်နေနိုင်ပါတယ်။ ဒါ့အပြင် အခြေခံယိုင်နဲ့နဲ့မှာ တည်ဆောက်ထားတာမို့ မြန်မာနိုင်ငံဟာလဲ ပျံ့နှံ့လာမှုရဲ့ သားကောင်းဖြစ်စရာ အလားအလာထဲမှာ ပါနိုင်တယ်။ ဒါအတွက် ဒီမိုကရေစီလိုလားတဲ့ ပါတီတွေမှာ ရေရှည်အတွက် အားလုံးသဘောတူ အစီအစဉ်တရပ်လိုအပ်ပါမယ်။ ဒါအတွက် မြန်မာ့နိုင်ငံရေး အလေးထားနိုင်ပါသလား။

လေးစားစွာ

အာရ် ဟာရီဟာရန်
$64 question = the critical or basic question or problem