Tuesday, July 16, 2013

စစ်အစိုးကသတ်ဖြတ်ခဲ့တဲ့ သတင်းသမားများ

သမတဦးသိန်းစိန် ပြင်သစ်နိုင်ငံမရောက်ခင်မှာ ပြင်သစ်အခြေစိုက် RSF နယ်စီးမခြား သတင်းထောက်များအဖွဲ့ကနေ စစ်အစိုးရကနေ သတ်ဖြတ်ခဲ့သည့် သတင်းထောက်အမှုတွေကို စစ်ဆေးပေးဘို့ အိပ်ဖွင့်ပေးစာဖြင့် တောင်းဆိုလိုက်

၁။ ဂျပန်သတင်းစာ အဆာဟိရှင်ဘွန်း သတင်းထောက် ဦးနေဝင်း၊ ၂၄-၁ဝ-၁၉၉ဝ မှာ ထောင်ချခံရပြီး၊ ၁၄-၅-၁၉၉၁ နေ့ (နဝတ) စစ်အစိုးရ သတင်းစာရှင်းလင်ပွဲမှာ အသဲခြောက်ရာဂါနဲ့ကွယ်လွန်တယ်လို့ပြောခဲ့။ သူ့ကို တရားစွဲဆိုခြင်းမလုပ်ခဲ့။

၂။ (ဦး) ဘသော် (ခေါ်) မောင်သော်က၊ စာရေးဆရာ၊ သတင်းစာကာတွန်းဆရာ၊ NLD ခေါင်းဆောင်သည် ၁၁-၆-၁၉၉၁ နေ့မှာ ထောင်ထဲကွယ်လွန်ခဲ့ရ။ စစ်အစိုးရက နှလုံးရောဂါလို့ပြောခဲ့။

၃။ ၁၉၉၈ သြဂုတ်လမှာ ဦးစောဝင်း၊ ဗိုလ်တထောင် သတင်းစာ၊ အယ်ဒီတာ၊ သာယာဝတီထောင်ထဲမှာ နှလုံးရောဂါနဲ့ ကွယ်လွန်တယ်လို့ စစ်အစိုးရကပြောခဲ့။ သူ့ကို ၁၉၉ဝ မှာ ထောင် ၁ဝ နှစ်ချခဲ့။

၎။ ၁၉၉၉ စက်တင်္ဘာလထဲမှာ၊ ကြေးမုံသတင်းစာ၊ ဓါတ်ပုံသတင်းထောက်၊ ဦးသာဝင်း၊ စစ်ထောက်လှမ်းရေး စစ်ကြောရေး စခန်းမှာ ကွယ်လွန်ခဲ့ရ၊ ကြေးမုံသတင်းစာမှာ ဗခက ခင်ညွန့်ပုံနဲ့ ကမ္ဘာ့လူလိမ်ကြီးခေါင်းစဉ်ကို ထပ်တူကျအောင်ပါခဲ့။ သူ့ကို စစ်အစိုးရက အသဲခြောက်ရောဂါလို့ ပြောခဲ့။

၅။ ၃ဝ-၅-၂ဝဝ၃ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဒီပဲယင်းခရီးစဉ်မှာ NLD ဓါတ်ပုံဆရာအဖြစ်ပါခဲ့သူ ကိုတင်မောင်ဦးကို ဒီပဲယင်းမှာ ဦးခေါင်းကို သေသည်အထိရိုက်နက်ပြီး သတ်ဖြတ်ခဲ့။

၆။ ၂၇-၉-၂ဝဝ၇ ရွှေဝါရောင်သံဃာ့ဆန္ဒ့ပြပွဲကြီးမှာ သေနတ်နဲ့ပြစ်သတ်ခံရသူ ဂျပန် AFP သတင်းထောက် (ကန်ဂျီ နာဂါအိ)

ဒေါက်တာတင့်ဆွေ

၁၆-၇-၂ဝ၁၃