Saturday, July 13, 2013

“ဒေါသနဲ့စိုးရိမ်မှုတွေ ပြည့်နေတဲ့ လူမျိုးစုံနေထိုင်ရာ ပြည်မြန်မာ”

ရေးသားသူများ = ဒေါက်တာထွန်းကျော်ငြိမ်း (နိုင်ငံရေးအကျဉ်းသားဟောင်း) + ဒေါက်တာ ဆူဆန် ပရက်ဂါ ငြိမ်း

ကောက်နှုတ်ချက်များ
• Threat Perception in Buddhist Communities ဗုဒ္ခဘာသာဝင်တွေအကြားမှာ အန္တရာယ် အမှန်တကယ် ကျရောက်လာပြီလို့ ထင်မြင်ချက်ရှိတယ်။
• Braund Committee Report ဗြိတိသျှလက်ထက်မှာ အစ္စလမ်ဥပဒေက မြန်မာဗုဒ္ခဘာသာ လက်ထပ် ထိမ်းမြားခြင်း ထုံးတမ်းစဉ်လာ ဥပဒေကို လွှမ်းမိုးလိုက်တယ်။ ဒါကြောင့် ဗုဒ္ခဘာသာဝင် အမျိုးသမီးတွေဟာ အစ္စလမ်ဘာသာမှမဝင်ရင် ဇနီးအဖြစ် ခံစားခွင့် ဆုံးရှုံးရတော့တယ်။ ၁၉၃၈ ဗုဒ္ခဘာသာ-မွတ်ဆလင် အဓိကရုဏ်းမှာ (ဘရောင်း) ကော်မတီ အစီရင်ခံစာကလဲ ဒီအချက်ကို ပြဿနာအကြောင်းခံအဖြစ် ကိုးကားခဲ့ပါတယ်။
• ဒီတရားမျှတမှုမရှိတာကို ပြင်ဘို့ရာ Buddhist Women Special Marriage and Succession Bill “ဗုဒ္ခဘာသာ အမျိုးသမီးများ ဆက်ခံပိုင်ခွင့် အထူး ဘီလ်” ကို ၁၉၃၉ မှာ ပြဌာန်းလိုက်ပါတယ်။ အလားတူဥပဒေကို ဦးနုအစိုးရ လက်ထက်က ၁၉၅၄ ခုနှစ်မှာ ပြဌာန်းပါသေးတယ်။ အမျိုးသမီးအများအပြားဟာ ဒါကို သိချင်မှ သိကြမယ် ထင်ပါတယ်။
• International media, human rights organizations and single issue advocates နိုင်ငံတကာ မီဒီယာ၊ လူ့အခွင့်အရေးများအဖွဲ့တွေနဲ့ အကြောင်းအရာ တခုတည်းအတွက်သာ ရှေ့နေလိုက်ပေးနေသူတွေဟာ ရခိုင်နဲ့ ကျန်တနိုင်ငံလုံးမှာ ဖြစ်နေတဲ့ ဗုဒ္ခဘာသာ-မွတ်ဆလင် ပဋိပက္ခတွေရဲ့ ရှုတ်ထွေးမှုတွေကို အခုထိတော့ နည်းနည်းမှ နားလည်ကြပုံမရပါ။
• The ‘name and shame’ strategy နိုင်ငံတကာ မီဒီယာ၊ လှုပ်ရှားတက်ကြွသူတွေနဲ့ လူ့အခွင့်အရေး ဆောင်ရွက်ပေးနေသူတွေရဲ့ “နာမည်တပ်ပြီး အရှက်ရစေမယ်” ဆိုတဲ့ မဟာဗျူဟာကနေ တင်းမာမှုတွေကို လျှော့နည်းရမဲ့အစား ပါဝင်ပတ်သက်နေကြတဲ့ ဘက်တွေကို ပိုပြီး အစွန်းတွေဆီကို တွန်းပို့ရာကျနေပါတယ်။
• Rakhine map incident “ရခိုင်မြေပုံ တမင်တကာလုပ်ခြင်း” ကို ဘီဘီစီ ဝက်ဘ်ဆိုက်ကနေ ၆-၁၁-၂ဝ၁ဝ မှာ တင်လိုက်ပါတယ်။ တခြားကနေ ဝင်ရောက်နေထိုင်ကြတဲ့ သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ခေါ်သူ မွတ်ဆလင်တွေကသာ ရခိုင်ပြည်နယ်ကို ပိုင်ဆိုင်သယောင် အထင်ရောက်စေခဲ့ပါတယ်။
• Assertive leadership required မြန်မာပြည်က ပြဿနာတွေဖြေရှင်းဘို့ရာ ယုံကြည်မှုအပြည့်ရှိတဲ့ ခေါင်းဆောင်မှု လိုအပ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၁၃-၇-၂ဝ၁၃
Anger and anxiety in multi-ethnic Myanmar http://www.mizzima.com/opinion/contributor/9598-anger-and-anxiety-in-multi-ethnic-myanmar