Friday, July 12, 2013

ရိုဟင်ဂျာ ၂ ယောက် အင်ဒိုနီးရှား ဈေးဝယ်ရောက်

2 Rohingya leaders go shopping for terror in Indonesia
(ဂျကာတာပို့စ်) သတင်းစာ

• တိုက်ခိုက်မဲ့သူတွေ၊ လက်နက်တွေ၊ ငွေကြေား နဲ့ ဗုံးလုပ်နည်းဆရာတွေ လာရှာတာဖြစ်။
• ဘာသာရေးဆရာ Abu Arif အဘူ အာရစ်ဖ် နဲ့ စစ်သွေးကြွ ကွန်မင်ဒါ (အဘူ ရှက်ဖီယာ) တို့ဖြစ်။ Rohingya Solidarity Organisation (RSO) ရိုဟင်ဂျာသွေးစီးညီညွတ်ရေးအဖွဲ့ကဖြစ်ကြ။
• သူတို့အဆိုအရ ရခိုင်ပြည်နယ်မှာ စစ်သင်တန်းတက်နေတဲ့ ရိုဟင်ဂျာ ၃ဝဝ ရှိနေ။ ဗုဒ္ဓဘာသာဝင်တွေကို တိုက်ခိုက်ဘို့ဖြစ်။
• ဒီခရီးစဉ်ကို အစွန်းရောက် Ar Rahmah Media Network ဝက်ဘ်ဆိုက်ကနေ ဖေါ်ပြထား။ ဒါဟာ မြန်မာ့ပြဿနာ နယ်နိမိတ် ကျော်ထွက်လာတာကို ပြသနေ။
• အင်ဒိုနီးရှားမှာ ရိုဟင်ဂျာတွေကို စနာထောက်ထားမှုကြီးမား။ အစိုးရကစီမံမှုတွေ လုပ်ပေမဲ့ စိုးရိမ်စရာဖြစ်နေဆဲ။
• မနေ့က Jemaah Islamiah (JI) (ဂျေအိုင်) ထောင်ထားတဲ့ Ar Rahmah (အာရ် ရာမာ) ဝက်ဘ်တိုက်မှာ ရခိုင်မှာ စစ်သင်တန်းတက်နေတဲ့ ရိုဟင်ဂျာတွေရဲ့ ဓါတ်ပုံ ၂၈ ပုံတင်ထားတယ်။ Ramadan gift (ရမ်ဒမ်) လက်ဆောင် လို့ ခေါင်းစဉ်ပေးထားပြီး ကမ္ဘာကြီးကနေ ရခိုင်မှာ jihad (ဂျီးဟဒ်) လုပ်ဘို့ တောင်းဆိုထား။
• International Crisis Group နိုင်ငံတကာပဋိပက္ခအုပ်စုက အကြီးတန်းအကြံပေး Sidney Jones (ဆစ်ဒနီ ဂျုံးစ်) ပြောတာက JI နဲ့ RSO ဆက်စပ်မှုက သမိုင်းရှိတယ်။ အာဖကန်နစ်စတန်ကနေစတယ်။
• အင်ဒိုနီးရှားလူမျိုး Muhammad Jibril (မူဟာမက် ဂျီဘရေးလ်) ဟာ JI အဖွဲ့ရဲ့ ကရာချိအခြေစိုက် Al-Ghuraba (အယ်လ် ဂွါရာဘာ) ရဲ့ (ဆဲလ်) ဖြစ်ပြီး၊ Al-Qaeda (အယ်လ်ကိုင်ဒါ) နဲ့ Taleban (တာလီဘန်) တို့နဲ့ အဆက်အစပ်ရှိသူ ဖြစ်တယ်။ အမေရိကန်ကနေ ၂ဝ၁၁ မှာ လိုချင်သူစာရင်းသွင်းထားတယ်။
• RSO ကို ၁၉၈၂ မှာဖွဲ့ခဲ့တယ်။ သူတို့ရဲ့ ပြီးခဲ့တဲ့လ ဂျကာတာခရီးစဉ်မှာ ရိုဟင်ဂျာခေါင်းဆောင်တွေက Indonesian Mujahidin Council, Islamic Community Forum နဲ့ Islamic Defenders Front တွေဖွဲ့ဘို့ ပြောခဲ့တယ်။
• မနေ့က အင်ဒိုနီးရှားအစိုးရကနေ အစိုးရက အလိုချင်ဆုံးတယောက်ဖြစ်တဲ့ စစ်သွေးကြွ Santoso (ဆန်တိုဆို) ရဲ့ YouTube ဗီဒီယိုကို ပိတ်လိုက်တယ်။ သူ့နောက်လိုက်နောက်ပါတွေကို အကြမ်းဖက်တိုက်ဖျက်ရေးအလုပ်တွေကို စစ်ခင်းဘို့ ဆော်သြထားလို့ ဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
၁၁-၇-၂ဝ၁၃ (နေ့ပိုင်း)