Wednesday, July 3, 2013

လူ့အခွင့်အရေးများ ယူနီဗာဆယ် ပါသလား

• မြန်မာပြည်မှာ စစ်အစိုးရစစ်စစ်အုပ်ချုပ်စဉ်က စစ်အစိုးရဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေအတွက် ကမ္ဘာ့ကုလသမဂ္ဂ၊ အထွေထွေညီလာခံမှာ ပြင်းထန်တဲ့ဆုံးဖြတ်တွေ နှစ်စဉ်ချမှက်နိုင်အောင် နှစ်ပေါင်း ၂ဝ ကြာအောင် လုံးပမ်းခဲ့ရပါတယ်။
• ၂ဝ၁၂ ရခိုင်ပြည်နယ်မြောက်ပိုင်းက အဖြစ်အပျက်တွေကြမှ “စိုးရိမ်လှချည်ရဲ့”၊ “ဆိုးဝါးလွန်းပါရဲ့”၊ “သည်အတိုင်းတော့ ကြည့်မနေနိုင်ဘူး” ဆိုပြီး လုပ်လာကြတဲ့ နိုင်ငံတွေဟာ အနှစ် ၂ဝ အတွင်းမှာ ကျွန်တော်တို့ကို ဆန့်ကျင်မဲဖြစ်ဖြစ်၊ မဲမပေးပဲနေတာဖြစ်ဖြစ် လုပ်ခဲ့ကြတဲ့ နိုင်ငံတွေဖြစ်ကြတယ်။
• အဲဒီကာလအတွင်းမှာ မြန်မာတပြည်လုံးက လူ့အခွင့်အရေးချိုးဖေါက်ခံရသူတွေအတွက် ငွေတကျပ်တပြား ပေးဘူးပါသလားလဲ မေးပါရစေ။
• အခုမှ “ပြည်တွင်းမှာ ရုံးလာဖွင့်ချင်တယ်”၊ “ဖွင့်မရသေးလဲ လာကြည့်ချင်တယ်” ဆိုတဲ့ (အို) နဲ့စတဲ့အဖွဲ့ဟာ သန်း ၆ဝ လုံးခံနေကြရတုံးက လှည့်တောင်မကြည့်ခဲ့ပါ။
• ရခိုင်အထိကို အရောက်လာကြတဲ့ နိုင်ငံခြားရေးဝန်ကြီးများ၊ သံအမတ်ကြီးများဟာလည်း ထိုနည်းတူ ဤနည်းလည်းကောင်းသာ နေခဲ့ကြတယ်။
• ဒီပဲယင်း အရေးအခင်းမှာ အမေရိကန်သံရုံးတခုသာ ဂရုစိုက်ခဲ့တယ်။ ၂ဝဝ၇ ကို မပြောတော့ပါဘူး။ “နာဂစ်” မှာ အခုထောက်ပြတဲ့နိုင်ငံတွေက သူများထက်ထူးခြားပြီး မကူညီခဲ့ကြပါ။
• ပြည်တွင်းကနေ လူ့အခွင့်အရေး အော်နေသူ (တချို့) ကတော့ လူ့အခွင့်အရေးဆိုရင် ယူနီဗာဆယ်ရမယ် ပြောနေကြတယ်။ ကျွန်တော်တော့ လိုက်မမီသေးပါခင်ဗျား။

ဒေါက်တာတင့်ဆွေ
၃-၇-၂ဝ၁၃