Monday, July 15, 2013

“ABSDF ကျောင်းသားတပ်မတော်ရဲ့ နောက်ဆုံးအခြေအနေ”

(ဦး/ကို) ဌေးအောင် - ဘာပဲဖြစ်ဖြစ်ပေါ့လေ့ သန္နိဋ္ဌာန်ချပြီး အတွေးမှဖောက်ပြန်တဲ့လူတွေလို့ စိတ်ထဲက သတ်မှတ်ပြီး တိုင်းပြည် အေးချမ်းသာယာတိုးတက်ရေးအတွက် လုပ်သင့်ပါတယ်လို့ အပြုံးမပျက်နှုတ်ဆက် ကျော့ခိုင်းထွက်ခဲ့တယ်။ ရင်ထဲမှာတော့ တခုခု ဆုံးရှုံးလိုက်ရသလိုပဲ။ လည်ချောင်းမှာလည်း တစ်ဆို့နေတယ်။

ကျွန်တော်တော့ ABSDF ကို အပြစ်တင်မစောချင်ဘူး။
အရင်တုံးလဲ မှတ်ချက်ပေးဘူးတယ်။ ABSDF မှာ ဘယ်သူ ဥက္ကဋ္ဌဖြစ်ဖြစ် ကျောင်းသားဂုဏ်ကို သမဏိရှည်ကြာအောင် လုပ်ခဲ့တာမှာ ဒီအဖွဲ့က အကြီးမားဆုံးလို့ရေးခဲ့ဘူးပါတယ်။ သူတို့လဲ ကျောင်းသားစိတ်နဲ့ အသက်ပေးလုပ်ခဲ့တဲ့သမိုင်း တင်ထားပြီးပြီလို့ မှတ်ယူတယ်။ ဘယ်အဖွဲ့မှာမဆို (NLD အပါအဝင်) တယောက်ချင်းစီမှာ သူ့သဘောသူဆောင်သွားသူတွေ ရှိတာချည်းပါဘဲ။ ကင်းပတဲ့ အဖွဲ့ရယ်လို့ ရှိတယ်မထင်ပါ။ သမိုင်းကောင်း တင်နိုင်ခဲ့၏၊ မတင်နိုင်ခဲ့၏သာ ပိုအရေးကြီးမယ်လို့ ယူဆပါတယ်။ အနှစ် ၂ဝ ကျော်ရင် မပြောင်းမဖြစ်လို့ မပြောင်းချင်လဲ ပြောင်းရတာမျိုး ရှိတတ်ပါတယ်။ အပြောင်းအလဲဆိုတိုင်းဟာ သေသွားတယ်လို့ မဟုတ်ပါ။

ဒေါက်တာတင့်ဆွေ
၁၅-၇-၂ဝ၁၃