Friday, June 28, 2013

HIV ဘေး၊ကနေ မြန်မာပြည် ကင်းဝေးပါစေ

Khin Myint Oo - ဒီမိုကရေစီနိုင်ငံမှန်ရင် တိုင်းမ် မဂ္ဂဇင်းကို မပိတ်ရဘူး။ ဖတ်ရမယ်။ သုံးသပ်ရမယ်။ ခုတော့ ကိုယ်ခံအားက သုညဆိုတော့ လေကလေးသလပ်ရင်တောင် ဟတ်ချိုး နှာချေနေတာ။ ဘာလေးစားမိစားမိ ဝမ်းလျော ချင်နေတာ ကိုယ်ခံအားနည်းလို့။

DTS - အစိုးရမှန်သမျှ နိုင်ငံရေးကိုတွက်ပြီး ဖွင့်မယ်၊ ပိတ်မယ်လုပ်ကြတယ်။ (မီဒီယာ) ဆိုတာကလဲ ကိုယ့်ခံယူချက်အရ ထောက်ပြတယ်။ အခုဟာက မဖတ်ဘူးသူ၊ မသိသူတယောက်မှ မရှိတော့ပါ။

အိန္ဒိယဆိုတဲ့ ဒီမိုကရေစီ မယ်တော်ကြီး တိုင်းပြည်မှာ (အယ်လ်ဂျာဇီးရာ) ကို တချို့နေရာတွေမှာ လွှင့်ခွင့်မပေးပါ။ ပါကစ္စတန်တီဗွီကို ဖွင့်ပေးလိုက်၊ ပိတ်ပြစ်လိုက်လုပ်တယ်။

ဒီမိုကရေစီ သားကောင်းကြီး အမေရိကားမှာလဲ ဒါမျိုးတွေရှိတာဘဲ။ (ယူကျု) တို့ (ဂူဂယ်လ်) တို့ကို အပိတ်ခိုင်းတယ်။
• YouTube has blocked access to anti-Islamic film Innocence of Muslims in Saudi Arabia following a demand by Saudi ruler King Abdullah. http://www.bbc.co.uk/news/technology-19648808
• U.S. Asks Google to Block Anti-Muslim Video http://mije.org/richardprince/us-asks-google-block-anti-muslim-video

ကျွန်တော်ထင်တယ်၊ အစိုးရရော (မီဒီယာ) ပါ တခါတလေမှာ လူထုတရပ်လုံးကို ကိုယ်စားပြုပြီး မလုပ်ကြပါ။ ဒါကလဲ ရှောင်လွှဲလို့မရနိုင်ပါ။

ဒေါက်တာဒေါ်ခင်မြင့်ဦးရေ ကျေးဇူးတင်ပါတယ်။ ကိုယ်ခံအားနည်းနေသူတွေ ဆိုရင် ဆေးကို အတော်ရွေးပေးရတာ ခင်ဗျားရော၊ ကျွန်တော်ပါ သိကြတာဘဲ မဟုတ်လားဗျာ။

ဒေါက်တာတင့်ဆွေ
၃ဝ-၆-၂ဝ၁၃