Friday, June 14, 2013

စလောင်းရွဲ့ နဲ့ အိုးပဲ့

• ကိုးကွယ်တဲ့ဘာသာမတူတဲ့သူကို လင်မယားအဖြစ် ပေါင်းသင်းဘို့အတွက် ဘာသာပြောင်းရမယ်လို့ တဦးကနေ တောင်းဆိုတာမှာ -
- (၁) ချစ်မေတ္တာ (လင်မယားအဖြစ် ပေါင်းသင်းတဲ့အထိ လိုက်လျောနိုင်မှု) အတွက် မိရိုးဖလာ ကိုးကွယ်တဲ့ဘာသာကနေ တခြားဘာသာကို ပြောင်းကြတာမျိုး မြန်မာပြည်ထဲမှာနဲ့ တိုင်းတပါးမှာ နေကြတဲ့ မြန်မာနိုင်ငံဖွါးတွေကြားမှာ ရှိသလို၊
- (၂) စီးပွါးရေးကြောင့် ငွေကိုင်နိုင်သူကို ပေါင်းသင်းကြနိုင်တဲ့ မြန်မာအမျိုးသမီးတွေလဲ အိန္ဒိယ-မြန်မာ နယ်စပ်မှာ တိုးလာနေပါတယ်။
- (၃) တရုပ်ပြည်မကြီးကိုတော့ ပို့ကုန်အနေနဲ့ တရားမဝင်ပို့ရပါတယ်။
- (၄) စီမံချက် (ပရောဂျက်) အရ သူတို့ဘာသာကို ပွါးနိုင်သမျှပွါးအောင် မရရအောင်ယူတဲ့စနစ်တခုလဲ မြန်မာပြည်မှာရော ကမ္ဘာတလွှားမှာပါ ရှိနေပါတယ်။
• ပဌမအမျိုးအစားမှာ ပြောစရာမရှိလှပါ။ နားလည်မှုရှိကြတဲ့အတွဲတွေမှာ အိမ်ထောင်ရေး သာယာကြာရှည်ပြီး၊ အဲလိုမဟုတ်ရင်တော့ အိမ်ထောင်ပြောင်းတြတတ်ပါတယ်။
• ဒုတိယအမျိုးအစာကတော့ စာမေးပွဲကျလို့၊ မိဘကဆိုဆုံးမတာမခံချင်လို့ စစ်ထဲဝင်တာမျိုးနဲ့ ဆင်ပေမဲ့၊ နိုင်ငံခြားသားက မြန်မာနိုင်ငံသားအယောင်ဆောင်ပြီး (တနည်း) နိုင်ငံသားအဖြစ်ကို တရားမဝင်နည်းနဲ့ ရအောင် ယူထားသူနဲ့ လက်ထပ် ပေါင်းသင်းတာက တိုင်းပြည်နဲ့ လူမျိုးရဲ့ အချုပ်အခြာအတွက် အန္တရာယ်ရှိပါတယ်။
• တတိယအမျိုးအစားကိုတော့ တရားဥပဒေနဲ့ စီးပွါးရေးကို ပြုပြင်နိုင်ပါမှသာ သက်သာရာကနေ ပျောက်ကင်းနိုင်ပါလိမ့်မယ်။ ဒါတောင်မှ တရုပ်ပြည်မှာ လိင်အချိုးအစား မတရားဖြစ်နေသရွေ့ မပျောက်နိုင်ပါ။ • စတုတ္ထအစား ပြောစရာအများကြီးရှိပါတယ်။
- ဒီလိုဖြစ်နေတာတွေကို ကာယကံရှင်ဘက် (သိပ်မခံချင်စရာဖြစ်တယ်လို့ ဝေဖန်ပြောဆိုမှု တန်ပြန်မှု လုပ်တာတွေကို အပြစ်ပြောရ ခက်လှပါတယ်။
- ကြားလူ (ခြံစည်းရိုးပေါ်ကလူ) တွေ၊ (ယူနီဗာဆယ်စံချိန်ရှိ) နိုင်ငံတကာဆိုတာတွေ၊ ဘက်မလိုက်သံမဏိစည်းမျဉ်းခံ မီဒီယာတွေကနေ “မခံချင်မဖြစ်ကြနဲ့”၊ “ဒီလိုပြောတာ စံတွေနဲ့လွဲတယ်”၊ “ဒါလိုလုပ်တာဟာ ချိုးဖေါက်တာဘဲ” စသဖြင့် ပြောတာတွေရှိနေပါတယ်။
• ပိတ်ဆို့-ချုပ်ချယ်-တင်းကြပ်-သံခြေခြင်းခတ်-ပါးစပ်ပိတ်-ဘာမှမရေးရ-ဘာမှမပြောနဲ့ အခြေအနေကနေ ပြောင်းလာတဲ့ ကနေ့လိုကာလ မြန်မာပြည်မှာ လူအများစုဟာ ဘာကို ယုံရမလဲ၊ ဘယ်ဟာမှန်သလဲ၊ ဘာကကျိုးကြောင်း ဆီလျှော်သလဲ၊ အရှည်ကြည့်ပြောတာလား၊ အကျိုးစီးပွါးကိုက်ပြောတာလား၊ စသဖြင့် ဝေဖန်ပိုင်းခြားဘို့ ခက်ခဲတွေဝေစေပါတယ်။ ကမ္ဘာလုံးဆိုင်ရာ မဟာ့မဟာစီမံချက်ကြီးကိုလည်း ဆေးဖြူသုတ်ရာ ကျနေပါတယ်။ ဒီကြားထဲမှာ အနက်သားကို ရွှေနားကွပ်သူတချို့လည်းရှိပါသေးတယ်။
• “ဒီလို (တန်ပြန်မှု) လုပ်တာဟာ လူ့အခွင့်အရေးချိုးဖေါက်မှု ဖြစ်မနေဘူလား” လို့ မေးတာက မေးရမှာပါ။ ဖြေကြားသူကနေ “လူ့အခွင့်အရေးကို ကာကွယ်တာပါ” လို့ ဖြေတာကလည်း မမှားပါ။
• အဖြစ်ကတော့ “အိုးရွဲ့ကို စလောင်းရွဲ့နဲ့ ဖုံးတာ” နဲ့ တူပါတယ်။
• “စလောင်းရွဲ့နဲ့ဖုံးတာကို အပြစ်ဆိုချင်သူများက ရွဲ့နေတဲ့အိုးကို အပြစ်မဆိုကြပါလား။”
• အမှန်ပြောရရင် အိုးက ရွဲ့ယုံမက ပဲ့နေပါပြီ။ ကွဲအက်နေပါပြီ။
• “မြန်မာပြည်ကြီးမှာ ပဲ့ရွဲ့နေတာထက် ကွဲအက်နေတာကိုပြင်ဘို့ မေ့ကျော်သွားကြမှာ စိုးရိမ်ပါတယ်။ လမ်းလွဲကို ဆွဲခေါ်နေတာ သတိပြုကြပါခင်ဗျား။”

ဒေါက်တာတင့်ဆွေ
၁၄-၆-၂ဝ၁၃