Sunday, June 30, 2013

စစ်အာဏာရှင်ရဲ့ ဆွေပြမျိုးပြ

• မွေးစားသားက စွမ်းအားရှင်၊ ပြည်ခိုင်ဖြိုးက နောက်တယောက်၊
• မလောက်သေးလို့ အမျိုးသမီး၊ နောက်ပြီး မီးသတ် ထပ်ဖြည့်ပါသည်၊
• အဲဒီကာလက ကြက်ခြေနီ သူတို့ကိုသာ ကူညီခဲ့ရသည်။

• တရားဝင်သား ဖွါးဘို့ရာ နာဂစ်မှာကြိုးစား၊
• ၂ဝဝ၈ ဖွဲ့စည်းပုံကြီး မွေးဖွါး။

• သားအရင်းရှိလဲ မွေးစားသားကို မစွန့်သေး၊
• အရေးရှိရင်ခိုင်းစရာ တကျပ်တပြားပေးရင်ရတာပါ။

• စွမ်းအားရှင် ကင်ပေတိုင်၊ ထောက်လှမ်းရေးရဲ့ ဒေါက်တိုင်၊
• စွမ်းအားရှင် နာမည်ပျက်ချင်ပျက်၊ ထောက်လှမ်းရေး အာဏာသက်၊
• စွမ်းအားရှင် ကင်ပေတိုင်၊ ပြည်ခိုင်ဖြိုးရဲ့ ဒေါက်တိုင်၊
• စွမ်းအားရှင် နာမည်ပျက်ချင်ပျက်၊ ပြည်ခိုင်ဖြိုး အာဏာတက်။

• မြန်မာပြည် ငြမ်းမဖျက် ရှေ့သို့ခရီးဆက်၊
• အာဏာရှင် မျိုးဆက်မပျက် ရှေ့သို့ခရီးဆက်။

ရည်ညွှန်း။
(၁) ပြည်သူ့ စွမ်းအားရှင် တပ်ဖွဲ့ဆိုတာ အခုထိ ရှိနေသေး (ဧရာဝတီ ဘလော့ခ်)
(၂) ၁၅-၁-၂ဝ၁၂ နေ့စွဲပါ စွမ်းအားရှင်ဟု ပြည်သူလူထု အမြင်လွဲမှားအောင် ဆောင်ရွက်ထားမှုအား ဖြေရှင်းပေးရန် ပြည်ခိုင်ဖြိုးဝင်ဟောင်းများ၏စာ)
(၃) ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးအင်အားစု (NDD) မှ ထုတ်ဝေသော ပြည်ခိုင်ဖြိုး (သို့မဟုတ်) စစ်အာဏာရှင်စံနစ်၏ ဒေါက်တိုင်များစာအုပ်။

ဒေါက်တာတင့်ဆွေ (၁-၇-၂ဝ၁၃)