Friday, June 28, 2013

ဘာသာမတူ လပ်ထပ်ယူ၊ တိုင်းပြည်ဆူပူဖြစ်၊ အပြစ်ဘယ်မှာရှိသလဲ

• ဘာသာမတူတဲ့ ယောက်ျားလေးနဲ့ မိန်းကလေးတွေ အိမ်ထောင်ပြုတော့မယ်ဆိုရင် ဘာသာရေးအတွက် ညှိကြရတော့တယ်။
• မြန်မာပြည်မှာ လူအများစုက ဗုဒ္ဓဘာသာဖြစ်တယ်။ များရာကိုလိုက်နာ၊ နည်းရာကို လေးစားဆိုတာ ဒီမိုကရေစီ နိုင်ငံရေးသဘောဖြစ်တယ်။ တန်းတူညီမျှ ခံစားကြရမယ်ဆိုတာ ဖက်ဒရယ်မူဖြစ်တယ်။
• စစ်အစိုးရလက်ထက်မှာတုံးကတော့ စစ်အစိုးရကနေချိုးဖေါက်တဲ့ လူ့အခွင့်အရေးကိုသာ စိုက်လိုက်မတ်တတ် ထောက်ပြခဲ့ကြတယ်။
• အခုမြန်မာနိုင်ငံမှာ တမျိုးတွေဖြစ်လာတာထဲမှာ ဘာသာရေးကိစ္စကြီးပါလာတာ ဖြစ်သင့်တယ်။ ဒါပေမဲ့ဗျာ ကိန်းဂဏန်းတွေ၊ စာရင်းဇယားတွေတော့ ထောက်ပြဘို့ ခက်သေးတယ်၊ တကယ်ဖြစ်နေတာ (၄) မျိုးရှိတယ်။
(၁) ဗုဒ္ဓဘာသာဝင်တယောက်ကနေ တခြားဘာသာဝင်တဦးကို လက်ထပ်ချင်ရင် ဗုဒ္ဓဘာသာထဲကိုသာ ဝင်ရမယ်ဆိုတဲ့ သာဓက၊
(၂) ခရစ်ယန်ဘာသာဝင် တယောက်ကနေ တခြားဘာသာဝင်တဦးကို လက်ထပ်ချင်ရင် ခရစ်ယန်ထဲကိုသာ ဝင်ရမယ်ဆိုတဲ့ သာဓက၊
(၃) မွတ်ဆလင်ဘာသာဝင် တယောက်ကနေ တခြားဘာသာဝင်တဦးကို လက်ထပ်ချင်ရင် မွတ်ဆလင်ထဲကိုသာ ဝင်ရမယ်ဆိုတဲ့ သာဓက၊
(၄) ဘာသာမတူကြပေမဲ့ ကိုယ့်ဘာသာကိုယ်သာ လွတ်လွတ်လပ်လပ် ဆက်ယူနိုင်ကြတဲ့ သာဓက၊
• ဒီမတူတဲ့ အခြေအနေတွေမှာ
(က) ဘယ်ဟာက များသလဲ၊
(ခ) ဘယ်ဟာက မှားသလဲ၊
(ဂ) လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေးဆိုသူတွေက ဘယ်ဘက်ကနေ ရှေ့နေလိုက်ကြသလဲ၊
(ဃ) မီဒီယာက ဘာကိုစိတ်ဝင်စားကြသလဲ။
• ဗုဒ္ဓဘာသာဝင် ဘုန်းကြီးတွေကနေ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတယောက်ဟာ တခြားဘာသာဝင်သူကို လပ်ထပ်မယ်ဆိုရင် ဗုဒ္ဓဘာသာဝင်အဖြစ်သာ ဆက်ဖြစ်သင့်တယ်ဆိုတဲ့ အယူအဆသစ်ကို လူ့အခွင့်အရေး၊ အမျိုးသမီး အခွင့်အရေးဘက်မှာနေသူတွေက အခွင့်အရေးတွေ ချိုးဖေါက်တာဖြစ်တယ်လို့ ထောက်ပြ ကန့်ကွက်ကြတယ်။
• ဒါပေမဲ ကျွန်တော် သိရသလောက် (ကျွန်တော် လေ့လာမှု အားနည်းသလားတော့ မပြောတတ်ပါ) -
(၁) ဗုဒ္ဓဘာသာဝင် (မိန်းမ + ယောက်ျား) တယောက်ကို တခြားဘာသာဝင်ကနေ သူ့ကိုလက်ထပ်လိုရင် တခြားဘာသာကိုသာ ဝင်ရမယ်ဆိုတာကို တခြားတိုင်းပြည်တွေမှာ ထောက်ပြကြပေမဲ့၊ မြန်မာ့လူ့အခွင့်အရေးများ၊ မြန်မာ့အမျိုးသမီး အခွင့်အရေးများကနေ ထောက်ပြတာ မကြားမိသေးပါ။
(၂) ဗုဒ္ဓဘာသာဝင် အမျိုးသားတွေ ခရစ်ယန်သာသာဝင် အမျိုးသမီးကို လက်ထပ်ဘို့အတွက် ခရစ်ယန်သာသာကို ပြောင်းကြရတဲ့ အရေအတွက် မနည်းပါ။ ဒီအရေးမှာ မြန်မာ့လူ့အခွင့်အရေးများ၊ မြန်မာ့အမျိုးသမီးအခွင့်အရေးများကနေ ထောက်ပြတာ မကြားမိသေးပါ။
• ဗုဒ္ဓဘာသာဆရာတော်တွေကနေ “ဒီအဆိုဟာ ကိုယ့်ဘာသာကိုသာမက၊ အဲဒီအမျိုးသမီးများရဲ့ ဘာသာရေး လွတ်လပ်ခွင့် (လူ့အခွင့်အရေး) ကို ကာကွယ်ဘို့သာဖြစ်တယ်” လို့ ၂၇-၆-၂ဝ၁၃ သံဃာ့အစည်းအဝေးတရပ်မှာ ရှင်းလင်းထောက်ပြလိုက်ပါတယ်။
• လပ်ထပ်ထိမ်းမြားမှုမှာ သူတို့ဘာသာကိုသာ ဝင်ရမယ်ဆိုတာ ဘယ်ဘာသာတွေမှာ ပြဋ္ဌာန်းထားသလဲ။ ပြဋ္ဌာန်းထားလို့ဖြစ်ဖြစ်၊ ကိုယ့်သဘောအရဖြစ်ဖြစ် “ဒီဘာသာယူမှ ငါ့ကိုယူရမယ်” ဆိုတာ ဘယ်ဘာသာရေးမှာ ရှိသလဲ။
(၁) ဘာသာရေးကပြဋ္ဌာန်းမှုနဲ့ ကိုယ့်သဘောအရ အတင်းအကြပ် ဘာသာပြောင်းရတဲ့ လုပ်ရပ်တွေကြောင့် အပြောင်းခံရတဲ့၊ အတင်းအကြပ်ပြုခံရတဲ့ ဘာသာဘက်ကနေ ရပ်ခံခြင်းဟာ ဗီလိန်ဖြစ်ပါသလား။
(၂) လူ့အခွင့်အရေးသမားများ အမျိုးသမီးအခွင့်အရေးသမီးများ “များရာလိုက်နာ၊ နည်းရာလေးစား၊ တန်းတူညီမျှခံစား” ဆိုတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်မူကိုလဲ ကြည့်ကြစေချင်ပါတယ်ခင်ဗျား။

ဒေါက်တာတင့်ဆွေ
၂၇-၆-၂ဝ၁၃