Sunday, June 30, 2013

ကွဲပြားသော ချီတက်ခြင်းများ

လုပ်ဖေါ်ကိုင်ဖက်၊ ပြေးဖေါ်ပြေးဘက်၊ နုတ်ဆက်ပြီးသွားလေသူက ရေးသားခဲ့တာတဲ့

“ကိုနန္ဒာရေ...
ကျုပ်တို့မှာ
ဒါးတချောင်း လိုတယ်ဗျ...ဒါး” တဲ့...။

ကိုသံချောင်း လိုချင်တဲ့ ဒါးတချောင်း
ဖောင်ကောင်းကောင်း ဖွဲ့ဖို့ပေါ့
ဖောင်ကောင်းကောင်း ဖွဲ့ချင်လို့...။

မီးပင်လယ်မျှ မကတဲ့
ဒုက္ခတွေ အနန္တကို
ကျော်လွှားပြမယ့်
ခင်ဗျားရဲ့ အားမာန်
စကြဝဠာတခုလုံး ညံသွားအောင်
သြဘာသံတွေ အပေးခံခဲ့ရတယ်...။

မလျှော့တဲ့ဇွဲ
သတ္တိခဲမို့
ကျုပ်တို့လည်း အားကျမိသဗျို့...။

ကိုသံချောင်းရေ...
ဗျိုး...ကိုသံချောင်း...
ကျုပ်တို့လည်း
ဒါးတချောင်း လိုတယ်သဗျာ...ဒါး...။

ဒါပေမယ့်
ကျုပ်တို့ လိုချင်တဲ့ ဒါးတလက်
ဖောင်ဖျက်ဖို့ ဒါးပေါ့ဗျာ
ဖောင်ဖျက်ဖို့...။ ။

၊သန်းစိန်၊

(ငွေဖောင်စီး၍ ပြည်တော်ဝင်သူများကို ဤကဗျာဖြင့် ဆရာကြီးမြသန်းတင့်အား တိုင်တန်းလိုက်ပါသည်။)
ကိုနန္ဒာ

ဒါးတောင်းသူ၊ ဒါးရှာတာဝန်ကျသူ၊ (ခွဲစိတ်) ဒါးကိုင်ခဲ့သူများ ချင်းတောင်ကြီး ဖေါင်စီးပြီးဖြတ်ခဲ့ကြတာ ပြီးခဲ့တဲ့ ဒီဇင်္ဘာမှာ ၂၂ နှစ်ကြာခဲ့ပြီ။
ခွဲစိတ် ဒါးကိုင်ခဲ့သူ