Sunday, June 16, 2013

မရေးချင်ပေမဲ့ ရေးရတဲ့ ဘာသာရေး

ကနေ့ကမ္ဘာမှာ ဘာသာရေးတွေ များလာတယ်။ ကိုယ့်ဘာသာအတွက် လုံးပမ်းမှုတွေကလဲ အမျိုးမျိုးရှိလာတယ်။ အခုမှတော့ မဟုတ်ပါ။ ဘာသာရေးစစ်တွေ အများကြီး တိုက်ခဲ့ကြပြီးပြီ။ မှတ်တမ်းတင်ခံထားရပြီးဖြစ်တဲ့ Wars by religion ဘာသာရေးစစ်ပွဲတွေက ဘာသာတရား (၃) မျိုးနဲ့ဆိုင်တယ်။ Christianity ခရစ်ယန်၊ Islam အစ္စလမ် နဲ့ Judaism ဂျူးဘာသာတွေ ဖြစ်ပါတယ်။

Major religious wars အဓိကဘာသာရေးစစ်ပွဲကြီးပေါင်း (၆) ခုဖြစ်ခဲ့ပြီးပါပြီ။ မြန်မာနိုင်ငံ ဘယ်တုံးကမှ ပါခဲ့ပါ။
(၁) ခရူးဆိတ်စစ်ပွဲ၊ ဥရောပ၊ ၁ဝ၉၅-၁၂၉၁ ခုနှစ်၊ အစ္စလမ် နှင့် ခရစ်ယန်၊ သေဆုံးသူပေါင်း = ၁ဝဝဝ,ဝဝဝ-၃ဝဝဝ,ဝဝဝ။
(၂) ပြင်သစ်ဘာသာရေးစစ်ပွဲ၊ ပရိုတက်စတင့် နှင့် ရိုမင်ကက်သလစ်၊ ၁၅၆၂-၁၅၉၈ ခုနှစ်၊ သေဆုံးသူပေါင်း = ၂,ဝဝဝ,ဝဝဝ - ၄,ဝဝဝ,ဝဝဝ။
(၃) အနှစ် ၃ဝ စစ်ပွဲ၊ ဟိုလီရိုမင်အင်ပါယာ၊ ပရိုတက်စတင့် နှင့် ရိုမင်ကက်သလစ်၊ ၁၆၁၈-၁၆၄၈ ခုနှစ်အတွင်း၊ သေဆုံးသူပေါင်း = ၃,ဝဝဝ,ဝဝဝ - ၁၁,၅ဝဝ,ဝဝဝ။
(၄) နိုက်ဂျီးရီးယားပြည်တွင်းစစ်၊ အစ္စလမ် နှင့် ခရစ်ယန်၊ ၁၉၆၇-၁၉၇ဝ ခုနှစ်၊ သေဆုံးသူပေါင်း = ၁,ဝဝဝ,ဝဝဝ - ၃,ဝဝဝ,ဝဝဝ။
(၅) လက်ဘနွန်ပြည်တွင်းစစ်၊ ၁၉၇၅-၁၉၉ဝ အထိ၊ ဆူနီ-ရှီယိုက် နှင့် ခရစ်ယန်၊ သေဆုံးသူပေါင်း = ၁၃ဝ,ဝဝဝ-၂၅ဝ,ဝဝဝ။
(၆) ဒုတိယဆူဒန် ပြည်တွင်းစစ်၊ အစ္စလန် နှင့် ခရစ်ယန်၊ ၁၉၈၃-၂ဝဝ၅ အထိ၊ သေဆုံးသူပေါင်း = ၁,ဝဝဝ,ဝဝဝ-၂,ဝဝဝ,ဝဝဝ။

Religious conflict ဘာသာရေးပ ပဋိပက္ခပေါင်း (၇) ခုရှိသွားပြီ။ မြန်မာနိုင်ငံ ဘယ်တုံးကမှ မပါခဲ့ပါ။
(၁) Palestine and Israel ပါလစ္စတိုင်း-အစ္စရေးလ်၊
(၂) Pakistan and India ပါကစ္စတန်-အိန္ဒိယ၊
(၃) Ethiopia – Somalia အီသီယိုးပီးယား-ဆိုမာလီ၊
(၄) Nigerian conflict နိုက်ဂျီးရီးယား၊
(၅) Buddhist Uprising ဗုဒ္ဓဘာသာ၊ (ဗီယက်နမ် ၁၉၆၆)၊
(၆) Chinese conflict တရုပ် နဲ့
(၇) Lebanese Civil War လက်ဘနွန်ပြည်တွင်းစစ်တွေဖြစ်ကြတယ်။

ဘာသာရေးပုလိပ်
Islamic religious police အစ္စလမ်ဘာသာ ရဲတပ်ဖွဲ့ဆိုတာကို Sharia ရှရီးယား မွတ်ဆလင်ကြီးစိုးရာ နေရာတွေမှာ Mutaween နာမည်နဲ့ဖွဲ့ထားတယ်။ ဆော်ဒီအာရေးဗီးယားက အဓိကဖြစ်တယ်။ ကနေဒါမှာလဲ ရှိတယ်။ မြန်မာနိုင်ငံမှာ မရှိပါ။ မရှိသင့်ပါ။

မြန်မာပြည်မှာ ထူးခြားတာက ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ်လုပ်ဘို့ ကြိုးစားမှုကြောင့် နောက်ဆက်တွဲတွေ ဖြစ်ခဲ့ဘူးတယ်။ ဗုဒ္ဓဘာသာတပ် ဆိုတာတော့ ရှိတယ်။ ဒါပေမဲ့ သူ့အကန့်အသတ်နဲ့သူ ဖြစ်ပြီး၊ ဘာသာရေးအတွက် လက်နက်ကိုင်ခဲ့ကြတာလဲ မဟုတ်ပါ။ နာမည်ပြောင်းသင့်တယ်လို့ ယူဆပါတယ်။

Anti-discrimination acts ဘာသာရေးခွဲခြားမှုမလုပ်ရ အက်ဥပဒေထားတဲ့ နိုင်ငံပေါင်း (၁၇) ခုရှိတယ်။ သြစတြေးလျ၊ ဘယ်လ်ဂျီယမ်၊ ဘိုလီးဗီးယား၊ ကနေဒါ၊ အီးယူ၊ ပြင်သစ်၊ ဂျာမဏီ၊ ဟောင်ကောင်၊ အိန္ဒိယ၊ အစ္စရေးလ်၊ နယ်သာလင်၊ ပိုလန်၊ ရုရှား၊ တောင်အာဖရိက၊ ယူကေ နဲ့ အမေရိကန်ပြည်ထောင်စုအပြင် နိုင်ငံတကာဆိုတာလဲရှိတယ်။

Religious Prejudice ဘာသာရေးဘက်လိုက်အမြင် ဆိုတာလဲ ရှိပါသေးတယ်။ စိတ်ထဲမှာ လူတိုင်းနီးပါး ဘက်လိုက်မှု မကင်းကြပါ။ ဒါပေမဲ့ သူများကို စော်ကားတာအထိ မဖြစ်သင့်ပါ။ Anti-Hindu prejudice ဟင်ဒူ ဘက်လိုက်အမြင်ကို ပါကစ္စတန်နဲ့ ဘင်္ဂလားဒက်ရှ် နိုင်ငံတွေမှာ ရှိတယ်။ မလေးရှားမှာလဲ ရှိတယ်။ Religious Sentiment ဘာသာရေးစိတ်ဓါတ် ဆိုတာလဲ ဘာသာတိုင်းမှာရှိကြတယ်။ ကိုယ့်သာသာ မဟုတ်တာကို ဆန့်ကျင်စိတ်ထားတာ ဖြစ်ပါတယ်။ မှတ်တမ်းက ခေတ်မီတာလားတော့ မပြောတတ်ပါ။ အခုထိ ဗုဒ္ဒဘာသာ မပါသေးပါ။

ခုတလော တချို့က လိုချင်တာရှိလာရင် နိုင်ငံတာကို ကိုးကားတာတွေကြားရတယ်။ “နိုင်ငံတကာစံတွေနဲ့ ကိုက်ရဲ့လား” ဆိုတဲ့ အမေးမျိုး မေးကြတယ်။ နိုင်ငံအားလုံးထဲမှာ အများစုဆိုတာကို နိုင်ငံတကာလို့ ပြောတာပါ။ ကမ္ဘာ့ကုလသမဂ္ဂကနေ ပြဋ္ဌာန်း၊ ချမှတ်ထားတိုင်း ၁၉၆ နိုင်ငံ အားလုံးက လိုက်နာတယ်ဆိုတာ မရှိသလောက်ပါ။

မြန်မာပြည်မှာ ပြောင်းလဲမှုတွေနဲ့အတူ အမီလိုက်ချင်စိတ်၊ ကျော်တက်ချင်စိတ်တွေ ရှိတာထဲမှာ ကောင်းတဲ့ဟာတွေကို ထောက်ခံအားပေးပြီး၊ ကိုယ်တိုင်လဲလုပ်ပါတယ်။ ဒါပေမဲ့ တကယ့်ရှေ့သိပ်ရောက်နေတဲ့ နိုင်ငံတွေက အခွင့်အရေးမှန်သမျှ ရချင်တာမျိုး သဘောမတူပါ။ ကိုယ့်နိုင်ငံရဲ့ ပကတိ လူမှုရေး၊ စီးပွါးရေး၊ ဘာသာရေး၊ လုံခြုံရေးစတဲ့ အနေအထားတွေနဲ့ မညီသေးတဲ့ ဥပဒေတင်တာမျိုး၊ ဥပဒေပြင်တာမျိုးမှာ “ပြည်တွင်းအခြေအနေ” ကို ပိုပြီး စဉ်းစားသင့်ကြပါတယ်။ မခံချင်စိတ် တခုတည်းကြောင့် ပြောကြ၊ ရေးကြ၊ လုပ်ကြတာကို အားမေပေးပါ။ ဒါပေမဲ့ မခံချစိတ်ဖြစ်လာအောင် အရင်လုပ်တာကို ဆန့်ကျင်ပါတယ်။

မြန်မာနိုင်ငံသား ကလေးတွေ သူများတွေလို စာတတ်အောင်၊ မိခင်တွေ မီးတွင်းအသေအပျောက် သူများလောက် မများအောင်၊ ယောက်ျား၊ မိန်းမမှန်သမျှ သူများနိုင်ငံထွက် (မလုပ်ချင်ပေမဲ့) အလုပ်လုပ်ရတာ မဖြစ်ကြရအောင် စတာတွေကိုသာ အရင်ပဌမ လုပ်ကြမှာပါ။ ဒါတွေကို လမ်းလွဲစေတာမှန်သမျှ တားဆီးသင့်ကြပါတယ်။

ဒေါက်တာတင့်ဆွေ
၁၆-၆-၂ဝ၁၃

(၁) Palestine and Israel ပါလစ္စတိုင်း-အစ္စရေးလ် = လူမျိုးရေးအသွင်လို့ယူဆကြတာလဲရှိတယ်။ ၁၉၂၉ မှာ ဖြစ်ခဲ့တယ်။ ၁၉၄၇ မှာ အစ္စရေးနိုင်ငံလို့ UN က ဆုံးဖြတ်ခဲ့တယ်။ အဲဒီနေရာက ပါလစ္စတိုင်းလူမျိုးပေါင်း ၇၁၁ဝဝဝ ကနေ ၇၂၅ဝဝဝ ထွက်ခွါခဲ့ရတယ်။
(၂) Pakistan and India ပါကစ္စတန်-အိန္ဒိယ = ၁၉ဝ၆ မှာ ဒါးကားမှာ ဖွဲ့ခဲ့တဲ့ All India Muslim League (AIML) ကို ဟိန္ဒူအများစုကြီးစိုးတဲ့ Indian National Congress ကသံသယရှိလာတယ်။ ၁၉၄၇ မှ ဗြိတိသျှကိုလိုနီကနေ အိန္ဒိယနဲ့ ပါကစ္စတန်ဆိုပြီး၊ နိုင်ငံ ၂ ခုအဖြစ် လွတ်လပ်ရေးပေးတယ်။ အခုထိရန်သူဆက်ဆံရေးထားကြတယ်။
(၃) Ethiopia – Somalia အီသီယိုးပီးယား-ဆိုမာလီ = Abyssinian-Adal War စစ်ပွဲလို့လဲခေါ်တယ်။ Ethiopian Empire နဲ့ Adal Sultanate တွေဟာ ၁၈၂၉ ကနေ ၁၅၅၉ အတွင်း တိုက်ခိုက်ခဲ့ကြတယ်။
(၄) Nigerian conflict နိုက်ဂျီးရီးယား = ၁၉၅၃ ကနေ ၁၉၆ဝ ကျော်အထိဖြစ်တယ်။
(၅) Buddhist Uprising ဗုဒ္ဓဘာသာ၊ ဗီယက်နမ် ခေါင်းဆောင် Ngo Dinh Diem ငိုဒင်းဒမ် (၁၉၅၅-၁၉၆၃) ဟာ ကက်သလစ်ဘာသာဝင်ဖြစ်တယ်။ ဌာနေတိုင်းရင်းသားတွေနဲ့ အများစု ဗုဒ္ဓဘာသာဝင်တွေကို နှိပ်ကွက်ခဲ့တယ်။ လူထုနည်း၊ စစ်ရေးနည်းတွေနဲ့ ဆူပူမှုဖြစ်ခဲ့တယ်။ ဘုန်းကြီးတွေ ကိုယ့်ကိုယ်ကို မီးရှို့ပြီးဆန္ဒပြခဲ့ကြတယ်။ 1966 မှာ Buddhist crisis ဖြစ်တယ်။
(၆) Chinese conflict တရုပ်ပဋိပက္ခဆိုတာ တိဘက်နဲ့ဖြစ်တာ မဟုတ်သေးပါ။ ၁၉၃၆ (ရှန်ရှီကိုင်) ကနေ (ကာဇတ်) လူမျိုး ၂ဝဝဝဝ ကို (ဇင်ဂျန်း) ကနေ (ကွင်ဂိုင်း) ကို နှင်ထုတ်တယ်။ ဒိနောက် ဗိုလ်ချုပ်ကြီး (မ ဘူဖန်း) ဦးဆောင်ပြီး မွတ်ဆလင်တွေကို အများအပြား သတ်ပြစ်တယ်။ ၁၃၅ ယောက်ဘဲ ကျန်တော့တယ်လို့ ဆိုတယ်။ (အူဂဟာ) မွတ်ဆလင်တွေနဲ့ (ဟွေ) တပ်တွေလည်း အခုထိ ဖြစ်နေကြတုံးဘဲ။
(၇) Lebanese Civil War လက်ဘနွန်ပြည်တွင်းစစ် = ပါလစ္စတိုင်းကရောက်လာသူတွေကန လက်နက်ကိုင်ပြီး PLO ပြောက်ကြားဖြစ်လာတာကနေဖြစ်တယ်။

၁။ ခရူးဆိတ်စစ်ပွဲ၊ ဥရောပ၊ ၁ဝ၉၅-၁၂၉၁ ခုနှစ်၊ အစ္စလမ် နှင့် ခရစ်ယန်၊ သေဆုံးသူပေါင်း = ၁ဝဝဝ,ဝဝဝ-၃ဝဝဝ,ဝဝဝ။ ၁၁ ရာစုကနေ ၁၆ ရာစု နှစ်ပေါင်း ၂ဝဝ အတွင်းမှာ ပြတ်တောင်းပြတ်တောင်း စစ်ပွဲပေါင်း ၃ ခုဖြစ်တယ်။ ပဌမခရူးဆိတ်စစ်ဟာ Pope Urban II ကနေစတာပါ။
၂။ ပြင်သစ်ဘာသာရေးစစ်ပွဲ၊ ပရိုတက်စတင့် နှင့် ရိုမင်ကက်သလစ်၊ ၁၅၆၂-၁၅၉၈ ခုနှစ်၊ သေဆုံးသူပေါင်း = ၂,ဝဝဝ,ဝဝဝ - ၄,ဝဝဝ,ဝဝဝ။
၃။ အနှစ် ၃ဝ စစ်ပွဲ၊ ဟိုလီရိုမင်အင်ပါယာ၊ ပရိုတက်စတင့် နှင့် ရိုမင်ကက်သလစ်၊ ၁၆၁၈-၁၆၄၈ ခုနှစ်အတွင်း၊ သေဆုံးသူပေါင်း = ၃,ဝဝဝ,ဝဝဝ - ၁၁,၅ဝဝ,ဝဝဝ။
၁၆၁၈-၁၆၄၈ ဥရောပအလယ်ပိုင်းမှာဖြစ်ခဲ့တယ်။ ဖြစ်စေတဲ့အကြောင်းခံအမျိုးမျိုးနဲ့ ပါဝင်တဲ့တိုင်းပြည်လဲ များတယ်။
၎။ နိုက်ဂျီးရီးယားပြည်တွင်းစစ်၊ အစ္စလမ် နှင့် ခရစ်ယန်၊ ၁၉၆၇-၁၉၇ဝ ခုနှစ်၊ သေဆုံးသူပေါင်း = ၁,ဝဝဝ,ဝဝဝ - ၃,ဝဝဝ,ဝဝဝ။
၅။ လက်ဘနွန်ပြည်တွင်းစစ်၊ ၁၉၇၅-၁၉၉ဝ အထိ၊ ဆူနီ-ရှီယိုက် နှင့် ခရစ်ယန်၊ သေဆုံးသူပေါင်း = ၁၃ဝ,ဝဝဝ-၂၅ဝ,ဝဝဝ။ ၆။ ဒုတိယဆူဒန် ပြည်တွင်းစစ်၊ အစ္စလန် နှင့် ခရစ်ယန်၊ ၁၉၈၃-၂ဝဝ၅ အထိ၊ သေဆုံးသူပေါင်း = ၁,ဝဝဝ,ဝဝဝ-၂,ဝဝဝ,ဝဝဝ။