Friday, May 24, 2013

Self-esteem ငါသာလျှင်

• ပြည်ပနိုင်ငံရေးလှုတ်ရှားမှုထဲမှာ ပညာအရည်အချင်းရှိသူ၊ အပြောအဟောကောင်းသူ၊ အရေးအသားကောင်းသူ၊ ဟိတ်ဟန်ကောင်းသူတွေ ရှိပါတယ်။ သူတို့နောက်က ဘွဲ့ဒီဂရီကြည့်လို့၊ သူတို့ပြောဟောတာ နားထောင်ရလို့၊ သူတို့ရေးသားတာ ဖတ်ရလို့ သဘောကျနေသူတွေလဲ အများကြီး တွေ့ရပါတယ်။
• တချို့ကိုတော့ လူ့သတင်း လူချင်းဆောင်ပြီး နောက်ပိုင်းမှာ အကြောင်းသိလာတာနဲ့ လက်မခံကြတော့တာလဲ ရှိတယ်။
• ဒီလိုလူတွေဟာ Critic သူတပါးကို ဝေဖန်ရေးကိုသာ တစိုက်မတ်မတ် လုပ်ကြတယ်။ Critique လိုမျိုး စနစ်တကျဆန်းစစ်မှု နည်းကြတယ်။ စစ်အာဏာရှင်ကို ပြောတဲ့နေရာမှာ နှစ်ယောက်မရှိ၊ နှစ်ပြားမတန်အောင် သူတို့လောက် ကျန်တဲ့သူတွေက သူတို့ကိုမီအောင် ပြောနိုင်၊ ရေးနိုင်သူနည်းတယ်။ အဲလိုလူတွေ ရေးတာ ပြောတာကို လေ့လာကြည့်ရင် သူတို့ကနေ အကောင်းပြောတယ်ဆိုတာ (သူ့ကိုယ်သူကလွဲရင်) မရှိသလောက် ဖြစ်နေလိမ့်မယ်။
• သူတို့နဲ့ မတည့်သူမှန်သမျှ၊ အဖွဲ့အစည်း မှန်သမျှကိုလဲ အခွင့်သာ အခါသင့်တိုင်း အမှန်နည်းနည်းမှာ အမှားတွေ ဗုံးပေါလအောထည့်ပြီး ပြောတော့၊ ရေးတော့တာပါဘဲ။
• တချို့က စစ်အစိုးရဆန့်ကျင်ရေးကိုဘဲ ဆက်လုပ်နေသူတွေရှိသလို တချို့ကြ ဘက်ပြောင်းသွားပြီးသကာလ ဒီမိုကရေစီခေါင်းဆောင်မျိုးကို ငါးစိမ်းသည် ရန်တွေ့သလို တွေ့တာလဲ ရှိတယ်။
• ပညာအရာမှာ အခံရှိတာမို့ စကားလုံးဝေါဟာရတွေကတော့ စံချိန်မီပါရဲ့၊ ဟီရိသြတ္တပ္ပကင်းမဲ့တာ သိသာတယ်။ ဒါကတော့ Habit လူ့စရိုက် ညံ့တာကြောင့်လဲ ဖြစ်နိုင်ပါတယ်။
• ခြံမခုန်သူတွေရော ခုန်သူတွေရဲ့ အာဘော်တွေကို ခြုံကြည့်လိုက်ရင် “Apart from me others are too bad ငါကလွဲရင် ဘယ်သူမှ မကောင်းဘူး” လို့သာ တွေ့ရပါလိမ့်မယ်။
• ဆေးပညာအရပြောရရင် “Self-esteem ကိုယ့်ကိုယ်သာ အထင်ကြီးလွန်းခြင်း” စိတ်အခြေအနေရှိသူမျိုးသာ ဖြစ်ပါတယ်။ “Self-respect ကိုယ့်ကိုယ်တန်ဘိုးထားခြင်း” နဲ့ မတူပါ။
စိတ်ပညာမှာ Self-esteem ဆိုတာ “တဦးတယောက်ဟာ ကိုယ့်ဖါကိုယ် တန်ဘိုးထားလွန်းသူလို့ အဓိပ္ပါယ် ဖွင့်ပါတယ်။
• Components of Self-Esteem ကိုယ့်ကိုယ်သာ အထင်ကြီးလွန်းခြင်း၏ အစိတ်အပိုင်းများ
- Sense of self-worth or personal value ကိုယ့်ဖါကိုယ် တန်ဘိုးထားလွန်းခြင်း၊
- Personality trait ပုဂ္ဂိုလ်ရေးဝိသေသလက္ခဏာဖြစ်ခြင်း၊
- Stable and enduring ဖြစ်မြဲအတိုင်းသာ တာရှည်စွဲနေခြင်း၊
- Appraisal of one's own appearance, beliefs, emotions and behaviors ကိုယ့်မှာအဲလို ဖြစ်နေတာ၊ လုပ်နေရတာ၊ စိတ်လှုတ်ရှားမှု ဖြစ်နေတာ၊ အမူအယာပြနေတာတွေကိုလဲ နှစ်သက်စွဲလမ်းနေခြင်း၊
• နိုင်ငံရေးအကြောင်း ဘယ်သူက ရေးတာလဲဆိုတာမကြည့်ဘဲ မဖတ်ချင်ပါ။ အထင်ကရတွေ ရေးတာတွေလဲ ရွေးဖတ်ပါတယ်။ ကြာတော့ ဘယ်သူ့ဆီကနေ ဘာတွေ ထွက်လာမလဲဆိုတာ မှန်းရင်လွဲခဲတယ်။ အရောင်မတူလဲ ဖတ်ပါတယ်။ ဆေးပညာဘက်ကနေ ကြည့်တာမျိုးလဲ လုပ်ပါတယ်။ ဒါကြောင့် ရေးသူ-ပြောသူဟာ စိတ်ကျန်းမာရေးမှ ကောင်းပါရဲ့လားလို့ တွက်တတ်လာပါတယ်။
• သင်ဆရာ-မြင်ဆရာ-ကြားဆရာတွေ ကျေးဇူးကြီးမားပါပေတယ်။
• နိုင်ငံရေးကိုအသာထားပြီး ကျန်းမာရေးဒေါင့်ကနေကြည့်ရင် တဦးတယောက် ပြောသမျှ၊ ရေးသမျှကို ဆန်းစစ်ကြည့်ပါ။ သရော်စာရေးရာမှာ ပြောင်မြောက်လှတဲ့ စလေဦးပုညဟာ သရော်စာတမျိုးတည်းသာ မရေးပါ။ ဘုရားအလောင်းတော်ဇာတ်တွေလဲ ရေးပါတယ်။ သရော်စာလို့ သတ်မှတ်ခံရတဲ့ ရွှေဝါပြည်ကိုရေးသူ ရန်ကုန်ဘဆွေဟာလဲ ဆေးပညာပေးကျမ်း၊ စာရေးခြင်းအတတ် စတာမျိုးတွေလဲ ရေးခဲ့ပါတယ်။ ဒါကြောင့် အမြဲတန်း သူများကိုသာ သရော် ရှုတ်ချနေသူဆိုရင်တော့ ရေးသူပြောသူရဲ့ စိတ်နေသဘောကို စောကြောသင့်လာပါပြီ။

ဒေါက်တာတင့်ဆွေ
၂၅-၅-၂ဝ၁၃