Wednesday, May 15, 2013

ဗခ ဟောင်း ခင်ညွန့်ပုံတင်ပြီး အဟုတ်ထင်နေသူများသို့

ဗခ ဟောင်း ခင်ညွန့်ပုံတင်ပြီး အဟုတ်ထင်နေသူများသို့ “ဘယ်သောအခါမှ မယုံရသူများ”

• လာမဲ့ ဇွန်၁၄ အီရန်ရွေးကောက်ပွဲအတွက် ထောက်လှမ်းရေးအကြီးအကဲဟောင်း (အလီ ဖာလာဟိန်း) ကလဲ နာမည်စာရင်း တင်လိုက်ပြန်တယ်။ သူဟာ ပြီးခဲ့တဲ့ ၂ဝဝ၉ ရွေးကောက်ပွဲမှာလဲ ဝင်ခဲ့တာ မဲ ၁% သာ ရခဲ့တယ်။ အရင်လို ပေါ်ပြူလာမဖြစ်တော့ပါ။
• ဒါပေမဲ့ တောက်လှမ်းရေးအကြီးအကဲတွေထဲမှာ (စီအိုင်အေ) ဒါရိုက်တာ (ဂျော့-ဒဘလယူ-ဘွတ်ရှ်) က သမတ ဖြစ်လာခဲ့တာဘဲ မဟုတ်ပါလား။
• နိုင်ငံရေးဆိုတာ နားလည်ရခက်တယ်။ ဂရိ ကံကြမ္မာနတ်သမီး (တိုင်ချီ) ကနေ ပြုံးပြမလား၊ မျက်မှောင်ကုပ်မလား ပြောမရသလိုပါဘဲ။
• (အလီ ဖာလာဟိန်း) ဟာ ကနေ့ အီရန်မှာ အာဏာကြီးမားတဲ့ ၈၆ ဦးပါ ကျွမ်းကျင်သူများအစုအဖွဲ့မှာ ပါနေသူ ဖြစ်ပါတယ်။ ဒီအဖွဲ့ကနေ အီရန်ရဲ့ မဟာခေါင်းဆောင်ကြီးကို ရွေးပေးရတာပါ။
• (အလီ) ဟာ ရပ်ဆန်ဂျာနီအစိုးရ ဝန်ကြီးဘဝမှာတုံးက အိန္ဒိယကို လာဘူးပါတယ်။ သူလို အီရန်က ခေါင်းဆောင် တယောက်အဖို့ ဘယ်နေနေ ဘယ်သွားသွား အန္တရာယ်များပါတယ်။ သူ့ကို ဒေလီမှာ ဘယ်ဟော်တယ်မှာမှ စိတ်မချရပါ။ အစ္စရေး မိုးဆက်ကနေ သူ့ကို အသေရရ အရှင်ရရလိုချင်နေတာပါ။ အမေရိကန် စီအိုင်အေ ကလဲ သူ့နောက် အမြဲလိုက်နေပါသေးတယ်။ ဒါနဲ့ သူ့ကို အိန္ဒိယသမတအိမ်တော်မှာ ထည်းစေခဲ့ပါတယ်။
• အီရန် ထောက်လှမ်းရေး အကြီးအကဲဟောင်းဟာ အာဝဇွန်းရွှင်သူဖြစ်တယ်ဆိုပြီး သတင်းထောက်တွေက ချီးမြှောက်လေ့ရှိပါတယ်။
• ဘာနဲ့တူနေလဲဆိုတော့ မြန်မာထောက်လှမ်းရေးချုပ်ဟောင်းကို တချို့က အထင်ကြီးပုံရပါရဲ့ ဖေ့စ်ဘွတ်မှာ ပုံတွေ မကြာမကြာတင်တင်ပြီး ကိုးကွယ်နေချင်သူတွေလိုဘဲ။
• သူလှို (လုံခြုံရေးတပ်ဖွဲ့မဟုတ်)၊ ပုလိပ် (ရဲတပ်ဖွဲ့မဟုတ်) နဲ့ ကြားပွဲစား (စီးပွါးရေးသမားမဟုတ်) သူ မှန်သမျှ ဘယ်တော့မှ မယုံကြပါနဲ့။

ရုရှား ထောက်လှမ်းရေးချုပ်ဟောင်း (ဗလာဒီမာ ပူတင်) ကတော့ (၂ဝဝဝ-၂ဝဝ၄) မှာ ပဌမအကြိမ် သမတ၊ (၂ဝဝ၄-၂ဝဝ၈) ဒုတိယအကြိမ်သမတ၊ (၂ဝဝ၈-၂ဝဝ၁၂) ဝန်ကြီးချုပ် နဲ့ ၂ဝ၁၂ ကနေ ကနေ့အထိ တတိယအကြိမ်သမတ။ လစ်ဗျား ကဒါဖီရဲ့ ထောက်လှမ်းရေးချုပ်ဟောင်း (အဘဒူလာ အယ်လ်-ဆင်နူဆီ) ကို ICC အပြည်ပြည်ဆိုင်ရာ တရားရုံးက တောင်းဆိုထားပေမဲ့ နောက်တက်အစိုးရက တရားမစွဲဟုဆို (၁၂-၂-၂ဝ၁၃) အီတလီထောက်လှမ်းရေးချုပ်ဟောင်း (အဘူ ပိုမာ) ထောင် ၁ဝ နှစ်ချခံရပါတယ်။

တမူး-ကလေးလမ်း နောက်ကွယ်က ဇာတ်လမ်းလေး သိစေချင်ပါတယ်။ အဲဒီအဖွဲ့ထဲမှာ အိန္ဒိယက ထောက်လှမ်းရေးထည့်ထားတယ်။ အဲဒီ ဗိုလ်မှူး မျိုးမြင့် ခေါ် VJS Grewal ဂရိဝေါလ် ကို ခင်ညွန့်ကသုံးတယ်။ စစ်သား ၁၁ ယောက် + ကျောင်းသား ၁ ယောက် (ကိုမောင်နိုင်၊ ပဲခူး) ကို ဒီဘက်ကနေ မြန်မာပြည်ဘက်ကို အကွက်ဆင်ပြီး ပြန်ပို့ပေးတယ်။ ဒိနောက် ရခိုင် + ကရင် အဖွဲ့တခုလုံးကို ဖျားယောင်းပြီး ခေါင်းဆောင် ၆ ဦးကို သွေးအေးအေးနဲ့ ပြစ်သတ်ပြီး၊ ကျန်အားလုံးကို ထောင်ချလို့ ထောင်ထဲမှ ၁၃ နှစ်နေခဲ့ကြရတယ်။ အဲဒီလူအားလုံး နယ်သာလင်နိုင်ငံမှာ အခုရောက်နေကြပါတယ်။ သိချင်ရင်မေးပါ။ အဲဒီ မျိုးမြင့်ကို အိန္ဒိယစစ်တပ်က အလုပ်ဖြုတ်လိုက်တော့ ခင်ညွန့်ကောင်းစားတဲ့အထိ မြန်မာပြည် ရန်ကုန်နဲ့ မော်လမြိုင်မှာ စီးပွါးရေး လုပ်ခွင့်ပေးထားခဲ့တယ်။

Ko Lin: တစ်ကယ်လား

DTS: စာအုပ်နဲ့ အင်္ဂလိပ်လိုရှိတယ်။ မြန်မာပြန်ထားတာလဲရှိတယ်။ Rogue Agent ခေါ်တယ်။ Penguin ကထုတ်တာပါ။ ဒီအမှုကြီးကို စေတနာအပြည့်နဲ့ လိုက်ပေးခဲ့တဲ့ နာမည်ကြီးရှေ့နေ Nandita Haksar နန်ဒီတာဟက်ဆာ ကနေ ရေးသားတာဖြစ်ပါတယ်။

Mrshar Zaw: အသက်တွေလဲကြီးပါပြီ မစ္ဆယစိတ် အာဃာတတွေ လျော့စေချင်ပါတယ်။ မြေနိမ့်ရာလှံစိုက်တာ မကောင်းပါဘူး။ လူတိုင်းအမှားနဲ့မကင်းပါဘူး။ မှားမိခဲ့ရင်လဲ စေတနာအမှားသာ ဖြစ်ပါလိမ့်မယ်။ ကိစ္စတစ်ခုဟုတ်တယ် မဟုတ်ဘူးဆိုတာ ကာယကံရှင်သာ အသိဆုံးဖြစ်ပါလိမ့်မယ်

ဒေါက်တာတင့်ဆွေ
အဲလိုလောက်လေးသာ တွေးတတ်သူတွေဟာ “လူတွေသတ်လဲ ခွင့်လွှတ်မှာဘဲ”၊ “လူတွေကို မတရားထောင်ချလဲ ကိစ္စမရှိဘူး”၊ “တိုင်းပြည်ကို မမွဲသင့်ဘဲ မွဲအောင်လုပ်လဲ ရပါတယ်ဗျာ” လို့ ဆိုချင်ပုံရတယ်။ လူ့အသက်အသာထားပြီး တိုင်ပြည်အသက်တွက်ပါ။ တိုင်းပြည်အသက် လွတ်လပ်ရေးရကတည်းကတွက်ရင် ၆၅ နှစ်ရှိပြီ။ အဲလိုလူတွေက အုပ်ချုပ်နေခဲ့တာ ၅၁ နှစ် ရှိပြီ။ အဲလိုတွေးတဲ့သူခင်ဗျား မေးပါရစေ။ “ကိုလိုနီလဲ ခွင့်လွှတ်မှာလား”၊ “ဂျပန်ဖက်ဆစ်လဲ ရပါတယ်လား”၊ “ဂဠုံဦးစောလဲ ပြန်ရှင်စေချင်သလား”။

၁၉-၅-၂ဝ၁၁ အိန္ဒိယထောင်များထဲတွင် ၁၃ နှစ်ကျော် နေခဲ့ရာမှ ပြန်လည်လွတ်မြောက် လာကြသော ရခိုင် နှင့် ကရင် တော်လှန်ရေးသမားများ

မဇ္ဈိမ
ဖေဖော်ဝါရီလ ၃ ရက်၊ ၂ဝ၁၁ ခုနှစ်

`လူလိမ်လူကောက် စစ်စုံထောက်´ Rogue Agent အမည်ရှိ စာအုပ်ကို မဇ္ဈိမသတင်းဌာနက ပင်းဂွင်းအိန္ဒိယ စာအုပ်တိုက်နှင့် ပူးတွဲ၍ ထုတ်ဝေလိုက်ပြီဖြစ်သည်။

နန်ဒီတာဟက်ဆာ Nandita Haksar က ဤစာအုပ်သည် ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလကတည်းက အိန္ဒိယနိုင်ငံရှိ အကျဉ်းထောင်များတွင် အကျဉ်းချခံနေကြရသော တိုက်ပွဲဝင် ရခိုင်နှင့် ကရင်လူမျိုး ၃၄ ဦးအကြောင်း စုံစမ်းလေ့လာရေးသားထားသည်။ ၎င်းတို့ကို အိန္ဒိယထောက်လှမ်းရေး အရာရှိတဦးက မြန်မာစစ်အစိုးရ၏ ခိုင်းစေချက်ဖြင့် လှည့်ဖြားဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

`ဒီစာအုပ်က မြန်မာ-အိန္ဒိယဆက်ဆံရေး အထူးသဖြင့် ၁၉၉ဝ နောက်ပိုင်း မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုအပေါ် အိန္ဒိယအစိုးရက သူ့မူဝါဒတွေကို ပြောင်းလဲလိုက်ပြီးနောက်ပိုင်း အရေးပါတဲ့ အစိတ်အပိုင်း အကြောင်းအရာ တရပ်ကို ရေးသားထားတာပါ။ မြန်မာ့ခုခံရေး လှုပ်ရှားမှုအပေါ် အကျင့်ပျက် အိန္ဒိယစစ်ထောက်လှမ်းရေး အရာရှိတဦးက ဘယ်လိုဘယ်ပုံ သစ္စာဖောက်လှည့်ဖြားခဲ့တယ် ဆိုတဲ့အကြောင်း အသေးစိတ် လေ့လာရေးသားထားတဲ့ ဖြစ်ရပ်မှန် အကြောင်းအရာ တခုပါ´ ဟု မဇ္ဈိမအယ်ဒီတာ ဦးစိုးမြင့်က ပြောသည်။

ဤစာအုပ်ကိုပင် ၂ဝဝ၉ ခုနှစ်ထဲတွင် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေခဲ့သော ပင်းဂွင်းစာအုပ်တိုက်က ဟက်ဆာ၏ ဤစာအုပ်သည် အိန္ဒိယသမုဒ္ဒရာ ပထဝီနိုင်ငံရေး နောက်ခံဖြင့် ရေးသားထားသော လျှို့ဝှက်သဲဖို ဇာတ်လမ်းတပုဒ်ပင် ဖြစ်သည်၊ အိန္ဒိယနှင့် တရုတ်အကြား ရန်လိုပြိုင်ဆိုင်လာမှုများ၊ မြန်မာ့သဘာဝဓာတ်ငွေ့သိုက်များ၏ ကြီးမားလာသော အရေးပါမှုများ၊ အိန္ဒိယ အရှေ့မြောက်ဒေသရှိ တိုင်းရင်းသား သောင်းကျန်းသူ ကိစ္စများသည် ယခုဇာတ်လမ်းတွင် အရေးပါသော အကြောင်းအရာ အချက်အလက်များ ဖြစ်ကြသည်ဟု ပြောဆိုခဲ့သည်။

ကလိန်ကကျစ် စစ်စုံထောက်သည် တိုက်ပွဲဝင် ရခိုင်နှင့် ကရင်လူမျိုးအပေါ် တရားလက်လွတ် ပြုကျင့်ခဲ့မှုများသာမက အဆိုပါ စစ်စုံထောက် ထူးဆန်းစွာ ပျောက်ဆုံး နေခြင်းအပေါ် အိန္ဒိယအစိုးရက ထူးထူးခြားခြား နှုတ်ဆိတ်နေခြင်းကိုပါ ဖော်ထုတ်တင်ပြထားသည်။

အိန္ဒိယတွင် တအုပ်လျှင် ၂ဝဝ ရူပီး၊ ထိုင်းနိုင်ငံတွင် ၁၅ဝ ဘတ်၊ အခြားသော နိုင်ငံများမှ ဝယ်ယူလျင် ၅ ဒေါ်လာနှင့် စာပို့ခကိုပါ တပါတည်း ပေးပို့၍ မှာယူနိုင်ပါသည်။ mizzima@mizzima.com သို့ အီးမေးလ်ပေးပို့ မှာယူနိုင်ကာ စာအုပ်ဖိုးငွေကို အွန်လိုင်းမှလည်း ပေးချေနိုင်သည်။


It's been 11 years since the 34 Burmese Freedom Fighters were arrested in Andaman Island on 11 Feb 1998. They are still languishing in Indian jail. The 34 Burmese freedom fighters were arrested by a corrupt Indian intelligence officer, Lt Col Grewal who betrayed them. Lt Col Grewal is responsible for the death of six of the leaders. Currently, 34 Burmese freedom fighters are lodged in Presidency Jail in Kolkata.

Date: 11 Feb 2009
Time: 2:00 to 4:00 pm
Venue: Jantar Mantar, New Delhi
Book Release "ROUGE AGENT" published by Penguin Books India Pvt. Ltd by Dr Tint Swe, Information and Public Relations Minister, National Coalition Government of the Union of Burma (NCGUB)
Followed by speech from Ms Nandita Haksar, International Human Rights Lawyer & Author of the book

Protest Demonstration demanding the Release of 34 Burmese Freedom Fighters
On 11th Feb 2009, to mark the 11 years of illegal detention in India, the India based Burmese Democratic Forces is organizing a book release and protest demonstration in Delhi demanding the Indian Government:

1. To release the 34 Burmese freedom fighters immediately from jail and allow them to take shelter in India.

2. To ask the United Nations High Commissioner for Refugees (UNHCR) to grant refugee status to the 34 Burmese freedom fighters immediately.

We request your strong support and solidarity to our struggle for restoration of peace, Human Rights and Democracy in Burma.

We are also would like to submit a memorandum to the Prime Minister, Government of India from the Civil Society Groups in India. Please find attached (and below) and kindly endorse the same.

Memorandum submitted to Shri Manmohan Singh, Prime Minister, Government of India
11 February 2009, New Delhi

Sir,

We, the undersigned civil society groups in India, would like to bring to your attention the situation of the 34 Burmese Freedom fighters languishing in Indian Jail for the past 11 years.

As you are aware that Burma has been under military dictatorship for the past 47 years and any form of dissent against the military government are responded in the most repressive and inhuman way by the military regime.

We are aware of India's support to the Burmese people's movement for the restoration of democracy in the past and appreciate the same. And we urge the government of India to maintain the democratic values it stands for and live upto the trust and expectation of the people of Burma in restoring Democracy, Peace and Justice in Burma. We recall that India was also the first neighboring country that extended the support to the Burmese democracy movement after the 1988 uprising. India also recognizing Daw Aung San Suu Kyi's peaceful and non-violent struggle and conferred the "Jawaharlal Nehru Award for International Understanding" to her in 1993.

The people of Burma was also in negotiation with the Government of India through Lt Col V.J.S Grewal for a base in India in 1995 and after two years of negotiations they were invited to come to Landfall Island in Andaman. However on their arrival to Landfall Island on 10 Feb 1998, 36 of the Burmese freedom fighters were arrested while six were killed the same day. Out of the 36 arrested two have gone missing in Andaman Jail. The others were kept for 9 years in Port Blair and later transferred to Presidency Jail, Kolkata and continue to be imprisoned there.

We demand the Government of India:

1. To immediately release the 34 Burmese freedom fighters from jail and allow them to take shelter in India.
2. To pressure the United Nations High Commissioner for Refugees (UNHCR) to grant the 34 Burmese freedom fighters with refugee status immediately.

Sincerely,
Contact:
Mr. M Kim : + 91 – 9810476273
Ms. Achan : + 91 - 9868240809