Saturday, May 25, 2013

“ဂျော့-အိုဝဲလ်” ရဲ့ “တစ်ထောင့်ကိုးရာရှစ်ဆယ့်လေး” နဲ့ ရန်ကုန်ဘဆွေရဲ့ “ရွှေဝါပြည်”

ရန်ကုန်ဘဆွေက “ရွှေဝါပြည်” ထဲမှာ ဒီလိုရေးခဲ့၏။
• ဤမျှနိမ့်ကျသော ရွှေဝါပြည်သူပြည်သားတို့၏ စိတ်နေယိုယွင်းမှုသည် ဝမ်းရောဂါကူးစက်သကဲ့သို့ မိမိစစ်တပ်တွင်းသို့ ရောက်အောင် ကူးစက်ပြီးနေပြီကို ဗိုလ်ချုပ်ကြီးသန်မာသည် ယခုမှသိ၏။
• မုတ်သုံသစ်တောကြီးများ သံ၊ သွတ်၊ ခဲပုတ်၊ ငွေ၊ ကျောက်စိမ်း၊ ပယင်းနှင့် ကျောက်နီထွက်သော တောင်များရှိ၏။ ရေနံ ထွက်သော မြေများနှင့် သီးပင်စားပင်စိုက်ပျိုးရန် ကောင်းသော မြေသြဇာဖြင့် စိမ်းစိုနေသည့် မြေပြန့်လွင်ပြင်များရှိ၏။
• ဗိုလ်ချုပ်ကြီးသန်မာ၏ မျက်လုံးထဲ၌ ရွှေဝါပြည်ကြီးသည် နေပူကျဲကျဲတွင် ကြည့်ရင်းကြည့်ရင်း အရည်ပျော်ကျနေသော ရေခဲတုံးကြီးကဲ့သို့ မြင်လာ၏။ ဖြစ်နိုင်လျှင် ဤရွှေဝါပြည် ကြီးတစ်ခုလုံးကို အနုမြူဗုံးများဖြင့် တပြိုင်နက်တည်းကြဲချ ဖောက်ဖွဲပစ်ချင်လာ၏။
• ဤသည်ကား လွန်ခဲ့သည့်နှစ်ပေါင်း တထောင်ကျော်က ရွှေဝါပြည်ကို ရောက်ဘူးလာကြသည့် တရုပ်အမျိုးးသားတို့၏ မှတ်တမ်းဖြစ်၏။

မြန်မာပြည်မှာက အဖြစ်မှန်က ဤသို့ဖြစ်၏။
• စစ်တပ်၏ စိတ်နေယိုယွင်းမှုအကျင့်များသည် ပြည်သူပြည်သားတို့အား ကူးစက်နေကုန်၏။
• သို့နှင့် အိမ်နီးချင်းများသို့ လက်ညှိုးထိုး၊ လက်သိပ်ထိုး ရောင်းချတော့၏။
• ဒီလိုကြောင့် မြောက်ကိုရီးယားနှင့် ရုရှားအကူအညီကို ရယူတော့၏။
• ဤသည်ကား မြန်မာပြည်ကို လာရောက်လည်ပတ်ကြသော အိုဘားမားနှင့် အာဘေးတို့ တွေ့သွားကြသည့် မှတ်တမ်းဖြစ်၏။

ဒေါက်တာတင့်ဆွေ
(၂၆-၅-၂ဝ၁၃)