Wednesday, May 22, 2013

မြန်မာပြည် တံခါးပွင့်လာရင် အိန္ဒိယအတွက် ပူပင်စရာဖြစ်

တရုပ်ဝန်ကြီးချုပ် (လီကေကွင်း) ရဲ့လတ်တလော အိန္ဒိယခရီးစဉ်အတွင်းမှာ ဘင်္ဂလားဒက်၊ တရုပ်၊ အိန္ဒိယနဲ့ မြန်မာ စီးပွါးရေး လေးနိုင်ငံ စင်္ကြလမ်းဖေါ်ဆောင်ရေးကို သဘောတူခဲ့ကြပါတယ်။ ဒီကနေ အာရှဈေးကွက်ကြီး နှစ်နိုင်ငံအကြား ပိုမိုနီးကပ်တဲ့ ဆက်ဆံရေးကို တိုးမြှင့်နိုင်ပါလိမ့်မယ်။ တရုပ်-အိန္ဒိယဆက်ဆံရေးဟာ ပိတ်ဆို့ခံရသလို မြင်ရပါတယ်။ ဒါကတော့ သဘောတူညီမှု မရနိုင်သေးတဲ့ နယ်စပ်အရေးကြောင့် အများဆုံးဖြစ်ရတာပါ။

တရုပ်ကနေ အရှေ့တောင်အာရှနဲ့ အိန္ဒိယကို မီးရထားနဲ့ ကားလမ်းတွေက မမျှော်လင့်တဲ့ အကျိုးတွေ ရစေပါလိမ့်မယ်။ အိန္ဒိယကို တရုပ်နဲ့ အရှေ့တောင်အာရှ ဥပမာ ထိုင်းနိုင်ငံစီးပွါးရေး ဖွံ့ဖြိုးမှုထဲကို ဆွဲသွင်းမှာဖြစ်ပါတယ်။ ပြိုင်ဆိုင်မှု လုပ်နေရတဲ့ အားကြီးတဲ့ပြိုင်ဘက်ကြောင့် အိန္ဒိယဟာ သူ့ဈေးကွက်ကို ပိုဖွင့်ပေးလာရပါလိမ့်မယ်။ ပြိုင်ဆိုင်မှုကြောင့်ဘဲ အိန္ဒိယဟာ အရှေ့မျှော်ပေါ်လစီအပေါ်မှာ အားကိုးယုံကြည်မှုတဲ့ တိုးတက်စေရေး လုပ်ဆောင်လာစရာ ရှိပါတယ်။

မကြာသေးခင်က ကျွန်တော် ထိုင်းနိုင်ငံမြောက်ပိုင်းက နာမည်ကြီး (ဆူခွန်ထိုင်း) ကို ကားမောင်းသွားခဲ့ပါတယ်။ အရှေ့ဖက်မှာ လာအိုနဲ့ ဗီယက်နမ်၊ အနောက်ဖက်မှာ မြန်မာ၊ ဘင်္ဂလားဒက်ရှ်နဲ့ အိန္ဒိယတို့နဲ့ ဆက်နေပါတယ်။ ဒါ့ပြင် တရုက်ပြည် ယူနန်ပြည်နယ်က ကူမင်း နဲ့ ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်နဲ့လဲ ဆက်ထားပါသေးတယ်။ ကီလိုမီတာ ၉ဝ အကွာမှာ နယ်စပ်မျဉ်းဖြတ်သန်းရာ မြန်မာနဲ့ နယ်ချင်းဆက်စပ်နေတဲ့ မဲဆောက်မြို့ဖြစ်ပါတယ်။ ခရီးစဉ်တလျှောက်လုံးမှာ ကုန်စည်တွေအပြည့်နဲ့ ထရပ်ကားတွေ သွားလာနေကြပါတယ်။

ဒီနေရာဟာ ထိုင်း၊ တရုပ်ကနေ မြန်မာပြည်ကို သွားရာ အရေးပါတဲ့ဂိတ်ပေါက်ဖြစ်ပါတယ်။ အရှေ့တောင်အာရှရဲ့ နယ်စပ် ကုန်သွယ်ရေးနေရာ မဲဆောက်ဟာ တရုပ်-မြန်မာ နယ်စပ်က မူဆယ်ပြီးရင် ဒုတိယအကြီးဆုံးပါဘဲ။

ဒါပေမဲ့
မဲဆောက်ကနေ မြန်မာပြည်က မော်လမြိုင်ဆိပ်ကမ်းအထိလမ်းဟာ ကီလို ၁ဝဝ ကျော်သာရှည်ပေမဲ့ ကြမ်းတမ်းလှပါတယ်။ တချို့နေရာတွေမှာ ကားနှစ်စီးသာ သွားနိုင်ပါတယ်။ မောက်လမြိုင်ကနေ ရန်ကုန်ကိုသွားရာလမ်းဟာလဲ ထူးမခြားနားပါဘဲ၊ မြန်မာပြည်မှာ ကားလမ်းနဲ့ရထားလမ်းတွေဟာ ထိုနည်းနှင်နှင်သာဖြစ်ကြပါတယ်။ လမ်းပမ်းဆက်သွယ်ရေး နှေးကွေးတာမို့ အိန္ဒိယအဖို့ တရုပ်နဲ့ အရှေ့တောင်အာရှရဲ့ စီးပွါးရေးဖွံဖြိုးမှုကို တိုက်ရိုက်အကျိုးမရရှိနိုင်ပါ။

အိန္ဒိယမြောက်ဘက်မှာ နီပေါနဲ့ တရုပ်ရဲ့ တိဘက်နယ်မြေတွေရှိပါတယ်။ ဒါတွေက တောတောင်ထူထပ်လှပါတယ်။ တိုင်းရင်သားအမျိုးမျိုးရဲ့ ရှုတ်ထွေးမှုတွေကြောင့် တရုက်နဲ့ အိန္ဒိယရဲ့ အရှေ့မြောက်ဒေသတွေဟာ ဆက်သွယ်ဘို့ ပိုခက်ခဲစေပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံကိုဖြတ်ပြီး အိန္ဒိယရဲ့အရှေ့ဖက်ကနေ ဆက်သွယ်ဘို့ပိုလွယ်ကူပြီး၊ (အာစီယန်) နဲ့ တရုပ်ကို တောင်အာရှနဲ့ တွဲချိတ်ဘို့လဲဖြစ်နိုင်ပါတယ်။

မြန်မာနိုင်ငံဟာ အကြီးမားဆုံး ဖွံဖြိုးနေကြတဲ့ တရုပ်နဲ့ အိန္ဒိယကြားမှာရှိလို့ ပထဝီသဘောအရ အချက်အခြာကျပါတယ်။ အရှေ့မြောက်ဘက်မှာ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်တဲ့ တရုပ်ပြည်၊ အရှေ့ဖက်မှာ လမ်းပန်းနဲ့ အခြေခံ အဆောက်အအုံ ကောင်းတဲ့ ထိုင်းနိုင်ငံရှိပါတယ်။ မကြာခင်ကဘဲ ထိုင်းနိုင်ငံဟာ အမြန်ရတားလမ်းကို လာအိုနဲ့ မလေးရှား။ တရုပ်အထိ ဆက်သွယ်ဘို့ ဒေါ်လာ ၇၆ ဘီလျန်မြှုပ်နှံမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

တကယ်လို့ မြန်မာဟာ တံခါးပွင့်လာမယ်ဆိုရင် အိန္ဒိယအနေနဲ့ အာစီယန်နဲ့တရုပ်ကို လမ်းပွင့်ပါလိမ်မယ်။ တရုပ်၊ ထိုင်းနဲ့ ဗီယက်နမ်တို့ဆီက ကုန်စည်တွေဟာ အိန္ဒိယကို တိုက်ရိုက် သယ်ဆောင်ပေးနိုင်ပါလိမ့်မယ်။ မှန်ပါတယ် အိန္ဒိယအဖို့ ဖိအား သက်ရောက်မှု ခံရနိုင်ပါတယ်။ ဒါပေမဲ့ အိန္ဒိယအနေနဲ့ ဒီအရှိန်ကို တိုးသင့်ပါတယ်။

အိန္ဒိယစီးပွါးရေးမှာ မကြာသေးခင်နှစ်တွေအတွင်းမှာ မုန်တိုင်းတိုက်ခံရသလိုရှိခဲ့ပါတယ်။ သူ့တိုင်းပြည်ထဲမှာလဲ ဈေးကွက်ကို ဖွင့်ပေးဘို့ အတားအဆီးတွေ ရှိနေတာပါ။ သူ့ရဲ့ အရှေ့မျှော် အာဂျင်ဒါဟာလဲ အကန့်အသတ်တွေ ရှိနေပါတယ်။ အပြင်ကလာတဲ့ စီးပွါးရေးတွန်းအားကနေ အိန္ဒိယရဲ့ အတွင်းပြုပြင်ပြောင်းလဲရေးကို တွန်းပေးနိုင်မယ်ထင်ပါတယ်။ တရုပ်နဲ့ အိန္ဒိယကြားက (နသူလ) နယ်စပ်ကုန်သွယ်ရေး နေရာမှာ အပြင်ဖိအား ကင်းမဲ့တာမို့ ဖွံ့ဖြိုးမှု မရှိလှပါ။

တကယ်လို့ မြန်မာပါ ပါလာပြီဆိုရင် အိန္ဒိယအဖို့ အပူဒဏ်ခံရနိုင်စရာရှိပါလိမ့်မယ်။ အိန္ဒိယမှာ လုပ်နိုင်စွမ်းအား မရှိတာတော့ မဟုတ်ပါ။ ဒီ လုပ်နိုင်စွမ်းအားကို အသုံးချဘို့ရာ အပြင်ဖိတွန်းအား လိုနေတာသာဖြစ်ပါတယ်။

Opening up Myanmar puts heat on India http://www.globaltimes.cn/content/783625.shtml#.UZ0Br5zJJ3w
(စာရေးသူ = ဘန်ကောက်အခြေစိုက် The Global Times တရုပ်သတင်းစာ၊ အကြီးတန်း အယ်ဒီတာ)

ဒေါက်တာတင့်ဆွေ
၂၂-၅-၂ဝ၁၃