Saturday, May 18, 2013

မြန်မာ (ဆန်ရှင်) စာရင်း၏ အားနည်းချက်များ

AP Impact: Myanmar sanctions list languishes
(အေပီ) ရဲ့ သက်ရောက်မှု (သို့) မြန်မာ (ဆန်ရှင်) စာရင်း၏ အားနည်းချက်များ

အေပီ ဓါတ်ပုံ = ၈-၃-၂ဝ၁၃ ရန်ကုန်မှာ သူ့ဘဏ်ခွဲတခုဖွင့်ပွဲမှာတွေရတဲ့ (ဦး) တေဇ

အမေရိကန်တွေ မြန်မာပြည်မှာ စီးပွါးရေးလုပ်ချင်ရင် ဥပဒေနဲ့ ညီ-မညီဆိုတာအတွက် အရင်ကြည့်ရမဲ့ စာရင်းတခု ရှိပါတယ်။ ဒါပေမဲ့ အမေရိကန်အရာရှိတွေက မြောက်ကိုရီးယားနဲ့ ဆက်စပ်တယ်လို့ သံသယရှိနေတဲ့ ဝန်ကြီးဟောင်း တယောက်ရဲ့ သား၊ နောက်ပြီး ဖိနှိပ်တဲ့စစ်အုပ်ရေးမှာ ၁၉ နှစ်ကြာခဲ့သူရဲ့ အမျိုးတော်သူ လူလည်ကြီးလဲ စာရင်းထဲမှာ ပါမထားပါ။

(အိုဘားမား) အစိုးရဟာ ပြီးခဲ့တဲ့ ၃ နှစ်ခွဲအတွင်းမှာ ရန်ကုန်အမေရိကန်သံရုံးကနေ ထောက်ခံတင်ပြခဲ့ပေမဲ့ ရာနဲ့ချီတဲ့ ထိပ်တန်းအရရှိကြီးတွေနဲ့ သူတို့ရဲ့ စီးပွါးရေး ခရိုနီတွေအပါအဝင် စစ်တပ်နဲ့ ပုဂ္ဂလိကကုမ္ပဏီတွေ လက်အောက်ခံတွေကို လူမဲစာရင်းထဲ မထည့်ဘဲထားခဲ့ပါတယ်လို့ (အေပီ) သတင်းဌာနကနေ အစိုးရရဲ့ စာမျက်နှာ ရာနဲ့ချီတဲ့ အထောက်အထား စာရွက်စာတမ်းတွေ၊ တဒါဇင်မက မြန်မာနဲ့ ဝါရှင်တန် စီးပွါးရေးခေါင်းဆောင်သူတွေရဲ့ အင်တာဗျူးတွေကိုကိုးကားပြီး ထုတ်ဖေါ်လိုက်ပါတယ်။

အကြောင်းကတော့ - ဝါရှင်တန်ဟာ မြန်မာခေါင်းဆောင်တွေရဲ့ယုံကြည်မှုရစေဘို့နဲ့ ဒီမိုကရေစီလမ်းကြောင်း အပြောင်း အလဲတွေကို အားပေးဘို့လို့ ဆိုပါတယ်။
ရလဒ်ကတော့ - ဒီစာရင်းဟာ အဟတွေ အများကြီးပါနေပါတယ်။

အစိုးရကပြောထားတာက “ယူအက်စ်ကုမ္ပဏီတွေဟာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုမှာ (ရွှေစံချိန်မီရမယ်)။ မျှတမှု ရှိရမယ်။ ပွင့်လင်းမြင်သာမှု ရှိရမယ်။” ဒါပေမဲ့ ဆိုးတဲ့သူတွေကို အရေးယူ၊ ကောင်းသူတွေကိုချီးမြှောက်ဆိုတာမှာ စာရင်းကို အမြဲတန်း နေ့စွဲနဲ့အညီဖြစ်စေရမယ်လို့သာ ဆိုထားပေမဲ့ ခေတ်နောက်ကျနေပါပြီ။ ဒါကြောင့် ကြွယ်ဝမှုဆိုတာ နိုင်ငံရေး အဆက်အသွယ်ကောင်းသူတွေလက်ထဲမှာသာ ရှိနေတဲ့ အကတိလိုက်စားစီးပွါးရေးစနစ်ကြီးကို အားပေးအားမြောက် ပြုရာရောက်နိုင်တဲ့ အန္တရာယ်နဲ့မကင်းပါ။

(ယူအက်စ်) ကနေ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်ရေးကန့်သတ်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ရုပ်သိမ်းလိုက်ပြီဖြစ်ပေမဲ့ ပတ္တမြားနဲ့ ကျောက်စိမ်းတင်သွင်းတာကို တားထားမြဲတားထားပါသေးတယ်။ စစ်တပ်ပိုင်ကုမ္ပဏီတွေနဲ့တွဲပြီး စီးပွါးရေး လုပ်တာကိုလဲ တားထားပါသေးတယ်။ ဒါပေမဲ့ ကန့်သတ်မှုတွေရဲ့ သက်ရောက်မှုအများဆုံးဟာ ဘဏ္ဍာရေးဝန်ကြီးဌာန အောက်က ဒဏ်ခတ်ထားတဲ့အစိုးရတွေ၊ အကြမ်းဖက်သမားတွေနဲ့ မူးယစ်ဆေး ကူးသန်းရောင်းဝယ်သူတွေကိုပြုစုထားတဲ့ အထူးသတ်မှတ်ထားသူများစာရင်းထဲမှာပါနေတဲ့ တဦးချင်းနဲ့ ကုမ္ပဏီတွေဖြစ်ပါတယ်။

ဥရောပယူနီယန်က ပြီးခဲ့တဲ့လမှာ ဒဏ်ခတ်ထားတာတွေကို ရုပ်သိမ်းလိုက်ပါတယ်။ ယူအက်စ်လိုဘဲ လက်နက် တင်ပို့တာ ကိုတော့ တားထားပါသေးတယ်။ ဒါကြောင့် အမေရိက် (ဆန်ရှင်)ဟာ မြန်မာနိုင်ငံ စီးပွါးရေးမှာ အရေးအကြီးဆုံး နိုင်ငံတကာ ကန့်သတ်မှု ဖြစ်ပါတယ်။ နေရာတိုင်းကို စည်းနှောင်မှုလုပ်မထားပေမဲ့ စင်္ကာပူနဲ့ လန်ဒန်ကိုတော့ သက်ရောက်မှုရှိပါတယ်။

ဆယ်စုနှစ်များစွာ တိတ်တဆိတ်လုပ်တဲ့စီးပွါးရေးကနေ အသေးစား စစ်တပ်နဲ့ရင်းနှီးသူ အခွင့်ထူးခံစီးပွါးရေးတွေ (တချို့က ရက်စက်စွာနဲ့ တချို့က မရိုးသားစွာ) လုပ်ရာကနေ အကျိုးအမြတ်များစေပြီး၊ တရုပ်ငွေတွေလည်း ဖေါဖေါသီသီ ဝင်လာစေခဲ့ပါတယ်။

မြန်မာပြည်မှာ ဘယ်ဟာကို ဘယ်သူကပိုင်တယ်ဆိုတဲ့ သတင်းအချက်အလက်က ရနိုင်တာနည်းတာမို့ ဘယ်လို စီးပွါးရေးသမားနဲ့ ပါတနာလုပ်ရမလဲဆိုတာကို ဆုံးဖြတ်ဘို့ရာဟာ ခက်ခဲလှပါတယ်။ (ဆန်ရှင်)ကိုချိုးဖေါက်တဲ့ အမေရိကန် မှန်သမျှ ငွေဒဏ်ထောင်ဒဏ်ကျခံရမှာဖြစ်ပါတယ်။

မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံတဲ့ အမေရိကန်ကုမ္ပဏီတွေကို အကြံပေးနေသူ (ရေချယ် ကဲလ်ဗတ်) ကပြောတာက “စာရင်းဟာ တားမြစ်ခံရသင့်သူ လူပုဂ္ဂိုလ်အားလုံးကို ပြုစုထားတာ မဟုတ်ပါ။ နိုင်ငံရေးကြောင့်ဖြစ်ဖြစ် ချုင်မာတဲ့ အကြောင်းပြချက်မရှိဘဲဖြစ်ဖြစ် ကျန်နေသေးတဲ့ လူတွေအများကြီးရှိပါတယ်။”

ဥပမာ အမေရိကန်ကုမ္ပဏီတွေဟာ စစ်တပ်ခေါင်းဆောင်ဟောင်း (ဦး) သန်းရွှေရဲ့ သားသမီး ၈ ယောက်နဲ့ မြေးတွေနဲ့တွဲပြီး စီးပွါးရေးလုပ်နိုင်ကြပါတယ်။ သူတို့ဟာ အမေရိကန်ရော ဥရောပရောကနေ အရင်က (ဆန်ရှင်)လုပ်ထားခံရသူတွေသာ ဖြစ်ပါတယ်။ အလားတူဘဲ စက်မှုဝန်ကြီးဟောင်း (ဦး)အောင်သောင်းရဲ့ သားတွေနဲ့လဲတွဲနိုင်ပါတယ်။ သူဟာ ခေါင်းမာသူ ဖြစ်တယ်၊ ၂ဝဝ၃ တုံးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကားတန်းကိုတိုက်ခိုက်မှုမှာ စွပ်စွဲတာခံရသူလဲဖြစ်ပါတယ်။ နောက်ပြီး အာဏာရပါတီရဲ့ ထိပ်တန်းခေါင်းဆောင်တယောက်လဲဖြစ်ပါသေးတယ်။

သားတွေဖြစ်ကြတဲ့ ပြည်အောင်၊ နေအောင်တို့ဟာ မြန်မာ့ ဒုတိယအကြီးဆုံးသစ်လုပ်ငန်းမှာ ဒေါ်လာများစွာနဲ့ လုပ်နေသူတွေ ဖြစ်ပါတယ်။ ဆန်တင်ပို့တယ်။ ၁၉-၉-၂ဝဝ၈ သံရုံး ကေဘယ်လ် အရ ရေနံနဲ့ သဘာဝဓါတ်ငွေ့ ကန်ထရိုက်တွေ ရခဲ့တယ်။ ဒါကြောင့် (ဆန်ရှင်)စာရင်းထဲထည့်ဘို့ သံရုံးကနေ ထောက်ခံချက်ပေးခဲ့ပါတယ်။ သူတို့ဟာ (လတ်ဆူရီ အက်စ်ယူဗီ ဟမ်းမား) တွေနဲ့ဖြစ်ပါတယ်။ နေအောင် ကို မြောက်ကိုရီးယားနဲ့ တရုပ်ကနေ လက်နက်တွေ ဝယ်ဘို့ ကြားပွဲစားလုပ်တယ်လို့ ၂-၇-၂ဝဝ၉ ကေဘယ်အရ သိရပါတယ်။ ပြည်အောင်ဟာ မောင်အေးသမီးနဲ့ ယူထားပါတယ်။ သူတို့အားလုံးဟာလဲ အမေရိကန်ရော ဥရောပရောကနေ အရင်က (ဆန်ရှင်)လုပ်ထားခံရသူတွေ ဖြစ်ပါတယ်။

၁၆-၇-၂ဝဝ၉ နေ့က အမေရိကန်သံရုံးကပြောတာက (ဆန်ရှင်)လုပ်ဘို့ရာ လူနာမည်ပေါင်း ၄ဝဝ ကျော် စာရင်းပို့ထားတယ်။ UMEHL မြန်မာ့စီပွါးရေး ဦးပိုင်လီမိတက်ရဲ့ ၃၈ ခုထဲက ၃၃ ခုဟာ စာရင်းထဲက ပျောက်နေပါတယ်။ ၆-၂-၂ဝဝ၉ ကေဘယ်မှာ သံရုံးကနေ အားလုံးရဲ့ ဒါရိုက်တာဘုတ်အဖွဲ့၊ မင်းနေဂျင်းဒါရိုက်တာတွေနဲ့ အထွေထွေ မန်နေဂျာတွေကို စာရင်းထဲမှာ ထည့်သင့်ပါတယ်လို့ ထောက်ခံချက်ပေးထားပါတယ်။ UMEHL ကို အမဲစာရင်းမှာ သွင်းထားပေမဲ့ လူအများ သိနိုင်တဲ့ ပိုင်ဆိုင်မှုသတင်းအချက်အလက်ဆိုတာ ရင်းနှီးမြှုပ်နှံလိုသူတွေအတွက် အလွန်နည်းလှပါတယ်။

ရှေ့နောက်မညီတဲ့ဥပမာတခုကတော့ ဦးပိုင်ရဲ့ တရုပ် Wanbao ဝမ်ဘောင် (တရုပ်လက်နက်ထုတ်လုပ်ရေး Norinco နိုရင်ကိုရဲ့ လက်အောက်ခံ) နဲ့ ဖက်စပ်လုပ်နေတဲ့ ဒေါ်လာ သန်း ၁ ဘီလျန်တန် လက်ပံတောင်း ကြေးနီမိုင်းဟာ အမဲစာရင်းထဲ ပါမနေပါ။ ဒီမိုင်းမှာ အရင်ကလုပ်ခဲ့တဲ့ ကနေဒါက Ivanhoe Mines အိုင်ဗင်ဟို မိုင်းကတော့ အမဲစာရင်းထဲမှာ ပါနေခဲ့ပါတယ်။

(အိုဘားမား) အစိုးရကနေ စစ်အစိုးရနဲ့ စပြီးစကားပြောတဲ့အချိန်မှာ တက်ကြွလှုတ်ရှားသူတွေကနေ ဒီစာရင်းကို သြစတြေးလျှနဲ့ အီးယူတို့လုပ်တာတာနဲ့အညီ ပိုရှည်အောင်တိုးချဲ့ဘို့တောင်းဆိုတဲ့ဖိအားကို ရင်ဆိုင်ခဲ့ရပါတယ်။ အမေရိကန်ရဲ့ စာရင်းထဲမှာ နာမည်တူထပ်တူဖြစ်နေတာတွေကို ထယ်ထုတ်လိုက်ရင် စုစုပေါင်း လူပုဂ္ဂိုလ် ၃ဝ ဦးနဲ့ ကုမ္ပဏီအရေအတွက် ၆၅ ခုသာပါဝင်နေတာပါ။ သြစတြေးလျှစာရင်းထဲမှာ ၂ဝ၁၂ ပယ်ဖျက်တာမလုပ်ခင်အထိ လူပုဂ္ဂိုလ် ၃၉၂ ယောက်ပါပါတယ်။ (အီးယူ) စာရင်းထဲမှာ လူပုဂ္ဂိုလ်နဲ့ ကုမ္ပဏီအရေအတွက် ၆၅၆ ယောက်နဲ့ စစ်တပ်အတွက် ငွေလုပ်ပေးနေတဲ့ သစ်၊ သတ္တု နဲ့ ကျောက်မြက် ကုမ္ပဏီပေါင်း ၁၂ဝ၇ ခုပါပါတယ်။ (အီးယူ) ကနေ ကန့်သတ်မှုတွေကို လွန်ခဲ့တဲ့တနှစ်ကစပြီး နားထားခဲ့ပြီး ပြီးခဲ့တဲ့လမှ အပြီးရှင်းလိုက်ပါတယ်။

အမေရိကန်အရာရှိတွေက သတ်သတ်မှတ်မှတ်ရှိတဲ့ အမှုမျိုးမှာ မှတ်ချက်မပေးကြပါဘူး။ သူတို့ပြောတာက စာရင်းက မပြည့်စုံတာကိုတော့ ဝန်ခံကြပြီး၊ နေ့စွဲနဲ့အညီ ထည့်သင့်တာထပ်ထည့်၊ ထုတ်သင့်တာထုတ်ဘို့ စဉ်းစားနေပါတယ်တဲ့။ တယောက်ကနေပြောတာက ဒါဟာ အပြစ်ပေးကိရိယာမှန်ပါတယ်၊ ရည်ရွယ်ချက်ကတော့ အမူအယာပြောင်းလာရေး ဖြစ်ပါတယ်လို့ ဆိုပါတယ်။ ကနေ့အထိ စာရင်းကနေပယ်ဖျက်သူထဲမှာ (ဦး) သိန်းစိန်၊ (ဦး) ရွှေမန်း နဲ့ အသနားခံစာ တင်ခဲ့သူ စင်္ကာပူအခြေစိုက် (ဦး) တေဇတို့ဘဲရှိပါသေးတယ်။

တချို့ကနေငြင်းချက်ထုတ်တာက မြန်မာ ခရိုနီစီးပွါးရေးသမားတွေ၊ တိတိပပပြောရရင် ပြုပြင်ပြောင်းလဲရေး အားပေးသူတွေကို အားပေးသင့်တယ်လို့ဆိုပါတယ်။ အရေအတွက်နည်းပေမဲ့ အဲလိုလုပ်ရင် သူတို့ရဲ့စိတ်စေတနာနဲ့ အရင်းအနှီးတွေကို စီးပွါးရေးကောင်းလာစေအောင် အသုံးချနိုင်မယ်လို့ဆိုပါတယ်။ (ဆန်ရှင်) ကနေ မြန်မာစီးပွါးရေးမှာ လက်ကြီးတွေနဲ့ ယှဉ်ပြိုင်လုပ်ကိုင်တာမှာ ယူအက်စ်ကုမ္ပဏီတွေကို တားမြစ်ထားပါတယ်။ စင်္ကာပူ စတော့-အိတ်ချိန်း မြန်မာ မက်စ်အုပ်စုရဲ့ ဥက္ကဌ (ဦး) ဇော်ဇော်ရဲ့ ကြိုးပမ်းလာမှုကို လက်မခံခဲ့ပါ။ သူ့ကုမ္ပဏီဟာ မြန်မာပြည်မှာ အကြီးဆုံးတွေထဲက တခုဖြစ်ပါတယ်။ ဆောက်လုပ်ရေး၊ ဟော်တယ်၊ ဓါတ်ဆီဆိုင်နဲ့ အင်္ဂတေလုပ်ငန်းတွေပါဝင်ပါတယ်။ အိတ်ချိန်းရဲ့ စိုးရိမ်ချက်ကတော့ အမေရိကန် (ဆန်ရှင်)စာရင်းထဲမှာပါနေပြီး သူဘာလို့အဲဒီအထဲမှာ ပါနေသလဲဆိုတာ ရှင်းလင်းမှုမရှိဘူး ဆိုတဲ့ အချက်တွေကြောင့် ဖြစ်ပါတယ်။ (ဦး) ဇောေ်ဇော်ဟာ အသန့်ရှင်းဆုံး ခရိုနီလို့ယူဆကြပါတယ်။ မြန်မာ့စီးပွါးရေးကို မပြတ်လေ့လာနေသူ သြစတြေးချစီးပွါးရေးပညာရှင် ရှောင်တားနား အဆိုအရ သူဟာ ပြုပြင်ပြောင်းလဲရေးဘက်က ရှေ့နေလိုက်သူ အကောင်းမြင်သမားလို့ ဆိုပါတယ်။

စာရင်းကို နေ့စွဲနဲ့အဘီ မလုပ်ဘဲနေခြင်းဟာ ဖေဖေါ်ဝါရီလထဲမှာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဂျိုးစ် ဖါနန်းဒက်စ်ဟာ (ဦး) ဝင်းအောင်နဲ့အတူ ရန်ကုန်မှာ အမေရိကန်ကုန်သည်ကြီးများအသင်းကနေ လုပ်တဲ့ပွဲ စဉ်မြင့်မှာ အတူထိုင်ပြီး လက်ဆွဲနုတ်ဆက်ကြာတာကိုတွေ့ရတာဖြစ်ပါတယ်။ သူဟာ အမဲစာရင်းထဲကပါ။ တားနားက (ဦး) ဝင်းအောင်ဟာလဲ မြန်မာစီးပွါးရေးအသင်းကြီးတခုရဲ့ခေါင်းဆောင်၊ ပြုပြင်ပြောင်းလဲရေးသမားလို့ဆိုပါတယ်။

နောက်ပြီး အရင်က ဝန်ကြီးဖြစ်ခဲ့ကြပြီး အနားရသူတွေလဲ စာရင်းထဲမှာ ဆက်ပါနေပါတယ်။ ဒါ့ပြင် ဘိန်းဘုရင် ခွန်ဆာ လဲ ဆက်ပါနေပါသေးတယ်။ သူသေသွားတားတာ ၂ဝဝ၇ ကတည်းကပါ။

ဒေါက်တာတင့်ဆွေ
၁၉-၅-၂ဝ၁၃

http://www.miamiherald.com/2013/05/18/v-fullstory/3404083/ap-impact-myanmar-sanctions-list.html