Monday, April 22, 2013

“စစ်တု ခေတ်”

• ဒေါက်တာဘွဲ့က အစစ်လား၊ အတုလားဆိုပြီး သတင်းတပုဒ် တကြော့ပြန် ခေတ်စားလာတယ်။
• ဒီဂရီက အစစ်ဖြစ်ပါတယ်။ ငွေနဲ့သာပေးဝယ်ထားတာ။ ဒီလို ဝယ်လို့ရထားတဲ့ ဘွဲ့ဒီဂရီမျိုးကို "စစ်တု" လို့ ခေါ်ချင်တယ်။
• တခြားနိုင်ငံက နိုင်ငံခြားသားတွေ ငွေပေးပြီး မှတ်ပုံတင်၊ အိမ်ထောင်စုဇယားတွေရကြတာလဲ ကပ်ပြားတွေ၊ ဇယားတွေက အစစ်ဖြစ်နေတယ်။ ဒါမျိုးကိုလည်း “စစ်တု” လို့ခေါ်မယ်။
• အစစ်တွေ အဝတ်ချွတ်ပြီး နိုင်ငံရေးပါတီထောင်၊ ရွေးကောက်ပွဲဝင်၊ အစိုးရလုပ် ဒီလိုပုဂ္ဂိုလ်ကြီးတွေပါနေတာကို “စစ်တုပါတီ”၊ “စစ်တုလွှတ်တော်” နဲ့ "စစ်တုအစိုးရ” လို့ ခေါ်လိုက်မယ်။
• မြန်မာပြည်မယ် “စစ်တု” တွေ လူတွင်ကျယ်လုပ်နေကြတယ်။
• “စစ်တု တိုက်ဖျက်ရေး ဒို့အရေး”

ဒေါက်တာတင့်ဆွေ
၂၃-၄-၂ဝ၁၃