Wednesday, April 3, 2013

စိန်စု၏ အရှိန်ပြုမှုကို တိမ်ထုထိ မြင့်တက်ဖို့ ကူညီပံ့ပိုးကြရန် လိုအပ် (အရှင်ဆန္ဒာဓိက)

အကြမ်းဖက်မှုမျာ မဖြစ်ပွါးရန်အတွက် အဓိကအရေးကြီးဆုံးက တရားဓမ္မစိုးမိုးရေးနှင့် တရားဥပဒေစိုးမိုးရေးဖြစ်ပြီး၊ နိုင်ငံသားတိုင်း လူတိုင်းလူတိုင်းလူတိုင်း၏ နှလုံးသားထဲ၌ တရားဓမ္မစိုးမိုးရန်လိုကြောင်း၊ အခန့်မသင့်၍ ပြဿနာတခု ဖြစ်လာလျှင် “သူက ဘာဘာသာဝင်ပဲ” ဆိုသည့်အတွေးမျိုးနှင့် မဖြေရှင်းဘဲ၊ တရားဥပဒေအတိုင်း ဖြေရှင်းရန်လိုကြောင်း၊ ၂၇-၃-၂ဝ၁၃ ရက်က DVB ၏ အင်တာဗျူးတွင် မိန့်ကြားသည်။

ဘာသာရေးအမှတ်တံဆိပ်နှင့်ပတ်သက်၍ အရှင် ဆန္ဒာဓိကက ရှေးအစဉ်အဆက်ကတည်းက “အရဟံ၊ ဗုဒ္ဓံ၊ သံဃံ” စကားလုံးများကို ဗုဒ္ဓဘာသာဝင် အိမ်များ၊ ဈေးဆိုင်များတွင် ရေးသားထားလေ့ရှိကြောင်း၊ ယင်းစကားလုံးများကို မြင်လိုက်သည်နှင့် ဘာသာဝင်များ၏ သင်္ကေတအမှတ်တံဆိပ်သည် သွေးလှစေသောသင်္ကေတ အမှတ်တံဆပ်ဖြစ်သင့်ပြီး၊ သွေးကြွစေသည့် သင်္ကေတအမှတ်တံဆိပ်မဖြစ်သင့်ကြောင်း မိန့်ကြားသည်။

ယင်းနောက် အကြမ်းဖက်မှုများကို နိုင်ငံရေးပယောဂမကင်းဟု သံသယဖြစ်မှုများနှင့်ပတ်သက်၍ မကြမ်းဖက်မှုတွေကို နိုင်ငံရေးထောင်ချောက်တခုလို့ ပြောကြတာတွေနဲ့ ပတ်သက်ပြီး ဦးဇင်း မေတ္တာရပ်ထံချင်တာက နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်နဲ့ တကာမကြီး ဒေါ်အောင်ဆန်းစုကြည်တို့ အဓိကခေါင်းဆောင်နှစ်ဦး ညီညီညွတ်ညွတ်လက်တွဲပြီး၊ ဒီမိုကရေစီနိုင်ငံတော်အဖြစ်နဲ့ ကောင်းမြတ်တဲ့အပြောင်းအလဲတွေဖြစ်လာအောင် ကြိုးစားနေတော့ အခုဆိုရင် အတော်လေး အရှိန်ရလာနေပါပြီ၊ မြန်မာနိုင်ငံကို အတုယူသင့်တယ်လို့တောင် တခြားနိုင်ငံတွေကို ကမ္ဘာက တိုက်တွန်းနေကြတယ်လေ။

ဒါကြောင့် ဦးဇင်းက “စိန်စု၏ အရှိန်ပြုမှုနေမှုကို အပိန်မထုချင်ကြပါနဲ့၊ စိန်စု၏ အရှိန်ပြုမှုနေမှု ခရီးစဉ်ကို တိမ်ထုထိ မြင့်တက် အောင်မြင်အောင် ဝိုင်းဝန်းကူညီပံ့ပိုးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု မိန့်ကြားတော်မူသည်။