Wednesday, April 24, 2013

မြန်မာ့တပ်မတော်၏ အဓိကတာဝန်ကြီးနှစ်ရပ်

ကိုလိုနီနဲ့ ဖက်ဆစ်ကို တိုက်ထုတ်ပြီး လွတ်လပ်ရေးရဘို့အတွက် ဖွဲ့ခဲ့တဲ့ ဂုဏ်ရောင်ပြောင်ခဲ့တဲ့ မြန်မာ့တပ်မတော်ကြီးဟာ တိုင်းပြည်အာဏာသိမ်းရေး မဟာတာဝန်ကြီးကို နှစ်ကြိမ်တိုင်တိုင် အောင်အောင်မြင်မြင် ထမ်းဆောင်ပြီးတဲ့နောက်မှာ အဓိကတာဝန်ကို ပြောင်းလဲလိုက်ပါတယ်။
(၁) ဦးပိုင် ပရောဂျက်ကြီးတွေကို စီမံခန့်ခွဲဘို့ နဲ့ (၂) နိုင်ငံရေးမှာ ဦးဆောင်မှုနေရာယူရေးကို ပဌမဦးစားပေးအဖြစ် ခံယူလိုက်ပါတယ်။
ဒီအခါမှာ ရှေ့တန်း ပို့ဘို့စရာ စစ်ဗိုလ်-စစ်သား မလောက်တော့လို့ "လက်နက်နဲ့ ငြိမ်းချမ်းရေးလဲတာ" ကို လုပ်လာပါတယ်။
နောက်ပြီး လွှတ်တော်ထဲမှာ ယူနီဖေါင်းချွတ် ၆ဝ% နဲ့ ယူနီဖေါင်းဝတ် ၂၅% ဝင်နေရာယူကြတယ်။ ဒါ့အပြင် ကလေးစစ်သား စုဆောင်တာကိုလည်း ပြောလာကြလို့ စစ်တိုက်မဲ့အရေအတွက် ပိုနည်းလာတယ်။
ဒါနဲ့ နိုင်ငံတကာကလည်း သည်းခြေကြိုက်လဲဖြစ်တဲ့ "ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး" ကို လုပ်လာပါတယ်။
လက်ရှိ မြန်မာ့တပ်မတော်ရဲ့ မဟာတာဝန်ကြီး ၂ ရပ်ကတော့ "ဦးပိုင်" နဲ့ "ဦးဆောင်" သာ ဖြစ်ပါတော့တယ်။

ဒေါက်တာတင့်ဆွေ
၂၅-၄-၂ဝ၁၃