Monday, April 22, 2013

တရုပ်-မြန်မာ ကဏ္ဍပေါင်းစုံ မဟာဗျူဟာမြောက် တွဲဘက်အဖြစ်ပူးပေါင်းဆောင်ရွက်ရေး၊ ဒေသတွင်းအန္တရာယ်ဖြစ်စေသလား

China–Myanmar Comprehensive Strategic Cooperative Partnership: A Regional Threat?
တရုပ်-မြန်မာ ကဏ္ဍပေါင်းစုံ မဟာဗျူဟာမြောက် တွဲဘက်အဖြစ်ပူးပေါင်းဆောင်ရွက်ရေး - ဒေသတွင်းအန္တရာယ်ဖြစ်စေသလား
LI Chenyang (လီ-ချန်းယန်)


• အကျဉ်းချုပ်။
တရုပ်၏ စစ်အေးကာလလွန် ဒီပလိုမေစီခေတ်မှာ ဒီ ဗျူဟာမြောက် တွဲဘက်ပူးပေါင်းဆောင်ရွက်ရေးဟာ ဒေသတွင်းရှိပြီးသား ဆက်ဆံရေးများအပေါ် သိသာသည့် အနုတ်သဘောသက်ရောက်မှုရှိမည်မဟုတ်ပါ။
• တရုပ်ရဲ့ မြန်မာနဲ့ တခြားတွဲဘက်နိုင်ငံတွေကို ဖိအားပေးမှုဟာ “တည်ငြိမ်ရေး” နဲ့ “သဟဇာတဖြစ်ရေး” တွေအတွက်ဖြစ်တယ်။
• ဒီလိုလုပ်ခြင်းကြောင့် တရုပ်ပြည်မှာ ငြိမ်းချမ်းတဲ့ဖွံ့ဖြိုးတိုးတက်မှုကို ရစေဘို့ရာအတွက် အလွန်အရေးပါတယ်။
• တရုပ်ရဲ့ မြန်မာ့ဆက်ဆံရေးအတွက် တခြား ဒေသတွင်းနိုင်ငံတွေကို ပေးဆပ်ရမှုဖြစ်စေမှာ မဟုတ်ပါလို့ စာတမ်းက ငြင်းဆိုချက် ထုတ်ထားတယ်။
• တရုပ်မှာ (အာစီယန်) ထဲက အဓိက ၃ နိုင်ငံ (ဗီယက်နမ် ၂ဝဝ၈၊ လာအို ၂ဝဝ၉ နဲ့ ကမ္ဘောဒီးယား ၂ဝ၁ဝ) နဲ့လဲ ကဏ္ဍပေါင်းစုံ မဟာဗျူဟာမြောက် တွဲဘက်အဖြစ်ပူးပေါင်းဆောင်ရွက်ရေးထူထောင်ထားပြီးဖြစ်တယ်။ မြန်မာနဲ့က ၂ဝ၁၁ မေလ မှာသာ ထူထောင်တယ်။ ဒီ ၃ နိုင်ငံဆက်ဆံရေးထက် မြန်မာကိုဆက်ဆံရေးက လွတ်ကဲစရာမရှိဘူး။
• ဒါ့အပြင် တရုပ်ဟာ မြန်မာကိုအသုံးချပြီး (အာစီယန်) အဖွဲ့နဲ့ ဒါမှမဟုတ် တောင်တရုပ်ပင်လယ် အရေးမှာ (အာစီယန်) တွင်း စုစည်းမှုကို အားနည်းသွားစေအောင် ကြိုးစားမှာမဟုတ်ဘူး။
• နောက်ပြီး မြန်မာတို့ရဲ့ အမျိုးသားရေးစိတ်ဓါတ်ပြင်းပြမှုကနေ တရုပ်ကို မြန်မာ့မြေပေါ်မှာ အခြေစိုက်ထားဘို့ရာ တားဆီးနေပါတယ်လို့ စာရေးသူက ဆိုထားပါတယ်။

ဒေါက်တာတင့်ဆွေ
၂၂-၄-၂ဝ၁၃