Saturday, March 16, 2013

အချင်းချင်း အရေးအခင်းလုပ်မနေကြပါနဲ့ဗျာ

၁၆-၃-၂ဝ၁၃ တရုတ်နိုင်ငံ၏ အထူးသံတမန် မြန်မာနိုင်ငံမှာ အလုပ်စစချင်း လက်ပံတောင်းအရေး စတင်ဆွေးနွေး
Facebook Htike Kyi: ဒီဆွေးနွေးပွဲမှာ တရုတ်တာဝန်ရှိသူမဟုတ်ပဲ တခြားနိုင်ငံကသူက ဒီလိုမျိုး အပြုသဘောဆောင်ပြီး ဝေဖန်ထောက်ပြရင် ပိုပြိးပွင့်လင်းမြင်သာမူ့ရှိမယ်ထင်တယ်နော်။ ဆရာသဘောထား အမြင်လေးလဲ မျှဝေပေးပါအုံး

Tint Swe • (ကုလ) ကနေ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ၂ မျိုးထားတာ ကြာလှပြီ။ စစ်အာဏာသိမ်းပြီးကတည်းက ဆိုပါတော့။ နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်။
• ဒိနောက် အမေရိကန်ပြည်ထောင်စု၊ နောက်မှာ (အီးယူ) ကလည်း မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဆိုပြီး ထားတယ်။ အခု ပူပူနွေးနွေး တရုတ်ကလည်း အထူးကိုယ်စားလှယ် ခန့်လိုက်တယ်။
• သဘောက တရုတ်ရဲ့ နိုင်ငံတကာအရေးမှာ ထူးလာတာထဲက တခုဖြစ်တယ်။ မြန်မာပြည်မှာသာထားပြီး အိန္ဒိမှာ မထားပါ။ ဒါက ပိုထူးလာတာလို့ သတိထားရမယ်။
• ကျွန်တော်တို့ဟာ မခံချင်စိတ်တမျိုးတည်းနဲ့တော့ မရဘူး။ တပ်မတော်တောင်မှ သူတစုတည်းမရတော့လို့ ကျန်တဲ့ အင်အားတွေကို စုယူနေတယ်။ စစ်ဗိုလ်ချုပ်ကြီးတွေက တစချင်း၊ နည်းနည်းလေးချင်းသာ တိုင်းပြည်ရဲ့ အင်အားအဖြစ် သုံးနေသေးတယ်။ သူ့အာဏာနဲ့ စည်းစိမ်ကို ပိုကြည့်နေရလို့ အပြောင်းအလဲဆိုတာ မပြီပြင်သေး၊ မပြည့်စုံသေးတာဖြစ်တယ်။
• ဒီတော့ မြန်မာနိုင်ငံသားတွေက အထူးဦးနှောက်တွေ ထုတ်သုံးရပါမယ်။ စစ်အစိုးရလက်ထက်တွေမှာ စစ်ထောက်လှန်းရေး၊ အမျိုးသားထောက်လှမ်းရေးကနေ လူထုအာရုံပြောင်း အရေးအခင်းတွေကို ဖန်တီးခဲ့တယ်။ အခု ဗိုလ်ခင်ညွန့်ခေတ် ကုန်ပြီ။ နောက်လူကတမျိုးတော့ လာမယ်။ မပေါ်လွင်လှသေးပါ။
• အခုဟာက “အချင်းချင်း အရေးအခင်းလုပ်နေတာမျိုး” ကို သတိဥာဏ်ကြီးကြီးနဲ့ ရှောင်ကြရမယ်ထင်ပါတယ်။