Saturday, March 30, 2013

ဘင်္ဂါလီ နဲ့ ဘင်္ဂလား

Tint Swe: “ဘင်္ဂါလီ” အသုံးအနှုန်း လုံးဝမှားပါတယ်။

Myo Myint: ဘင်္ဂါလီ အစား ဘင်္ဂလားဒက်လို့ ပြောင်းသုံးသင့်ကြောင်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသင့်နေပြီနော့့်

Tint Swe: "Bangladesh ဘင်္ဂလားဒက်" ဆိုရင် တိုင်းပြည်ဖြစ်တယ်။ "Bangladeshi ဘင်္ဂလားဒက်ရှီ" ဆိုမှ လူမျိုး။ Myanmar ဆိုတာကို အင်္ဂလိပ်လိုမှာ တိုင်းပြည်ရော၊ လူမျိုးရော၊ စာရော၊ စကားပါ အစိုးရက မသုံးမနေရလုပ်ထားတယ်။ အိန္ဒိယ-အင်္ဂလိပ်နဲ့ကြ လူမျိုးကို Myanmarese တဲ့။ အင်္ဂလိပ်ဘာသာစကား အစစ်သုံးသူတွေက Myanmar ကို မျက်စိလည်နေကြတုံးဘဲ။ နာမ်လား၊ နာမဝိသသနလား ရောနေတယ်။ အဲဒါ သွားအပြစ်ပြောတာ မှန်ပါသား။

Khwa Nyo: ဒီလိုဆို တဂိုး၊ အမာတီယာဆန်နဲ့ ရဲဘော်ဂိုရှယ်တို့ကို ဘင်္ဂလာဒက်ရှီလို့ ခေါ်ရမှာပေါ့ဆရာ။ ဘင်္ဂလီလို့ သုံးနှုန်းမှုက မှားတယ်ဆိုရင်လေ။

Tint Swe: မဟုတ်ပါ။ ဘင်္ဂါလီလူမျိုး၊ ဘင်္ဂါလီသွေးလို့သာပြောရမှာပါ။ အင်္ဂလိပ်ကိုလိုနီ လက်ထက်မှာ နေရာဒေသ တခုတည်းသာ ရှိခဲ့ရာကနေ အနောက်ဘင်္ဂလား (အိန္ဒိယ) နဲ့ အရှေ့ပါကစ္စတန် ဖြစ်သွားရော။ နောက်တခါ အရှေ့ပါကစ္စတန်ကနေ ဘင်္ဂလားဒက်နိုင်ငံ ဖြစ်ပြန်ရော။ ကနေ့ ဘင်္ဂလားဒက်မှာနေသူတွေ အားလုံးကိုတော့ ဘင်္ဂလာဒက်ရှီ လို့ ခေါ်တယ်။ ဒါကလည်း အင်္ဂလိပ်လိုအသံထွက်သာဖြစ်တယ်။ အဲဒီထဲမှာ ဘင်္ဂါလီမဟုတ်သူတွေလည်း ပါသေးတယ်။ (နောက်မှာ ဆက်ရေးထားပါတယ်။) တဂိုးနဲ့ အမာတီယာဆန်တို့က အိန္ဒိယနိုင်ငံသားတွေနဲ့ ဂိုရှယ်က မြန်မာနိုင်ငံသားဖြစ်ပါတယ်။

Khwa Nyo: ဟုတ်ကဲ့။ ရှင်းပြတာ ကျေးဇူးပါဆရာ။ ဆိုတော့ တဂိုးနဲ့ အမာတီယာဆန်ကို ပြောရမယ်ဆိုရင် ဘင်္ဂါလီနွယ်ဘွား၊ အိန္ဒိယနိုင်ငံသား၊ ဂိုရှယ်ကျတော့ ဘင်္ဂလီနွယ်ဘွား၊ မြန်မာနိုင်ငံသားလို့ ပြောရမှာပေါ့နော်။

Tint Swe: တဂိုး (၁၈၆၁-၁၉၄၁) ရှိတုံးက ဘင်္ဂလားဒက် (၁၉၇၁) ဆိုတာ မဖြစ်သေးပါ။

Khwa Nyo: တခု မရှင်းဘဲ ဖြစ်နေတာက အခု ဘင်္ဂလားဒက်ကနေ မြန်မာပြည်ထဲကို လတ်တလော ခိုးဝင်လာတဲ့သူ၊ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက တရားမဝင် ဝင်လာရင်းနဲ့ မျိုးဆက် ၃-၄ ဆက်လောက် အခြေကျနေတဲ့သူတွေကိုကျတော့ ဘင်္ဂလာဒီရှ် တွေလို့ သုံးသင့်သလား၊ ဘင်္ဂလားဒေ့ရှ်က လာသူတိုင်း ဘင်္ဂလီ မဟုတ်ဘူး ဆိုရင်လေ။ ဘင်္ဂလီလူမျိုးတွေက အိန္ဒိယ၊ အရှေ့ပါကစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေမှာ နေထိုင်ကြတယ်၊ ကိုးကွယ်တဲ့ ဘာသာတွေကတော့ ဟိန္ဒူ၊ အစ္စလာမ်ဖြစ်ချင်ဖြစ်မယ်-ပေါ့နော်။

Tint Swe: ဟုတ်ကဲ ကနေ့အခေါ်အဝေါ်နဲ့ အရင်အသုံးအနှုန်းမတူတာတွေ ရှိပါတယ်။ လူမျိုး၊ သွေး၊ ဘာသာဆိုပြီး သီးခြား ဂုဏ်အင်္ဂါတွေ အသီးသီးရှိကြပါတယ်။ လူမျိုး (နိုင်ငံသား) ဆိုတာမှာတော့ တရားဝင်။ တရားမဝင်က တပိုင်းရှိမယ်။ ရခိုင်ဒေသကိုဝင်လာကြသူတွေကို ဘင်္ဂလားဒက်ကလည်းပြန်လက်မခံလို့ လူ့အခွင့်အရေးသမားတွေက နိုင်ငံမရှိသူတွေလို့ သုံးနှုန်းတယ်။ တကယ်တော့ မြန်မာပြည်မှာ တကယ်နေထိုင်သူတိုင်းမှာ မှတ်ပုံတင်လို၊ အိမ်ထောင်စုဇယားလို လူတိုင်းမှာ မရှိကြပါ။ သူတို့နိုင်ငံမှာလည်း အဲလိုပဲ။ နိုင်ငံသားဆိုတာလည်း တိုင်းပြည်နာမည် ပြောင်းလို့ပြောင်းသလို တခြားနိုင်ငံသားခံယူသွားတာလည်း ရှိမယ်။ တချို့နိုင်ငံတွေက နိုင်ငံသားတမျိုးမက ခံယူခွင့်ရှိတယ်။ ဘာသာတရားလည်း ကိုယ့်သဘောနဲ့ကိုယ် ပြောင်းကြတာလည်း နည်းနည်းရှိမယ်။ သွေးဆိုတာတော့ မပြောင်းဘူးပေါ့။ သွေးနှောတာတော့ ရှိတယ်ပေါ့။

“Bangali ဘင်္ဂါလီ” ဆိုတာ အိန္ဒိယအရှေ့ပိုင်း နဲ့ “ဘင်္ဂလားဒက်နိုင်ငံ” တွေမှာနေကြတဲ့ “လူမျိုးစုအမည်” ဖြစ်တယ်။ အိန္ဒိယနိုင်ငံထဲက တခြားနေရာတွေ (ပန်ဂျပ်)၊ (ဟာရီယာနား) နဲ့ (ဥတ္တရာပရာဒက်) ပြန်နယ်တွေမှလဲ နေတယ်။ ဘင်္ဂလားဒက်နိုင်ငံမှာ ဘင်္ဂါလီလူမျိုးဟာ (၉၈%) ဖြစ်တယ်။ “ဘင်္ဂါလီစကား” ပြောသူဟာလည်း ၉၈% ရှိတယ်။ ကိုးကွယ်တဲ့ ဘာသာမှာ ၈၉့၅% က မွတ်ဆလင်တွေဖြစ်တယ်။ ဟင်ဒူ ၉့၅%၊ ဗုဒ္ဓဘာသာ ဝ့၇% နဲ့ ခရစ်ယန် ဝ့၃%၊ ရှိတယ်။

ဘင်္ဂလားဒက်နိုင်ငံ Chittagong Hill Tracts စစ်တကောင်း တောင်တန်းဒေသမှာ တခြားလူမျိုးတွေ နေထိုင်ကြသေးပါတယ်။ “Chakma (Changhma) ချက်ကမာ” က အများစုဖြစ်တယ်။ သူတို့က တိဘက်တို-ဘာမင်း လူမျိုးနွယ် ဖြစ်ကြတယ်။ “ချက်ကမာ” နဲ့တူတာကို မြန်မာပြည်မှာ “Daingnet ဒိုင်းနက်” လူမျိုးလို့ခေါ်တယ်။ ထေရဝါရဗုဒ္ဓဘာသာကို ကိုးကွယ်ကြတယ်။ မူရင်းက ရခိုင်လူမျိုးကနေဆင်းသက်ပြီး နောက်မှသာ ဘင်္ဂလားကို ရွေ့တယ်လို့လည်း ယုံကြည်ကြတယ်။ ရခိုင်တွေက သူတို့ကို “Saks or Theks သက်လူမျိုး” လို့ခေါ်တယ်။ အိန္ဒိထဲက (တရိပူရ)၊ (မီဇိုရမ်) နဲ့ (အရူနာချာပရာဒက်) ပြည်နယ်တွေမှာလဲ “ချက်ကမာ” တွေ နေထိုင်ကြတယ်။

မြန်မာနိုင်ငံက တီးတိန် နဲ့ တွန်းဇံမှာနဲ့ အိန္ဒိယနိုင်ငံ မဏိပူပြည်နယ်မှာ နေထိုင်ကြတဲ့ “Zomi ဇိုမီး” လူမျိုးတွေလဲ ဘင်္ဂလားဒက်နိုင်ငံ၊ စစ်တကောင်းတောင်တန်းဒေသမှာ ရှိကြသေးတယ်။

• Bengali ဘင်္ဂါလီ ဆိုတာ နာမ် အနေနဲ့ဆိုရင် လူမျိုးရော ဘာသာစကားရောဖြစ်တယ်။ နာမဝိသသနဆိုရင် Bengal ဘင်ဂေါ နှင့်ဆိုင်သော၊ Bengalis ဘင်္ဂါလီနှင့်ဆိုင်သောလို့ အဓိပ္ပါယ်ရတယ်။
• Bangla ဘင်္ဂလား ဆိုတာ Bengali ဘင်္ဂါလီကိုခေါ်တာပဲဖြစ်တယ်။
• Bangalore ဘန်ဂလို နဲ့ မမှားသင့်ပါ။ ဘန်ဂလို ဆိုတာ အိန္ဒိယတောင်ပိုင်း ကနာတာကာပြည်နယ်မြို့တော်ဖြစ်ပြီး Silicon Valley of India အိန္ဒိယရဲ့ စီလီကွန်ဗယ်လီလို့ တင်စားခေါ်တယ်။ အမေရိကားနဲ့အပြိုင် IT နည်းပညာ ထွန်းကားရာ ဖြစ်လို့ပါ။

“ဘင်္ဂလားမောင်နှမ” ဆိုတဲ့အသုံးအနှုန်းကို တချို့နေရာတွေမှာ သုံးတယ်။ တကယ်မစစ်တဲ့သဘောကို ပြောချင်တာပါ။

“ဘင်္ဂါလီ” အသုံးအနှုန်း လုံးဝမှားပါတယ် http://dts-political-page.blogspot.in/2013/03/blog-post_30.html

ဒေါက်တာတင့်ဆွေ
၃၁-၃-၂ဝ၁၃