Saturday, March 30, 2013

“ဘင်္ဂါလီ” အသုံးအနှုန်း လုံးဝမှားပါတယ်

မြန်မာပြည်မှာ တရားမဝင်နိုင်ငံခြားသားတွေဆိုတာ -
(၁) ဘင်္ဂလားဒက်ရှ် နိုင်ငံသားများ။ Bangladeshi (ဘင်္ဂလာဒက်ရှီ) လို့ခေါ်ရင် လူသန်းတစ်ထောင်ကျော်က နားလည်ကြပါတယ်။ ကဗျာဆရာကြီး ရာဘင်ဒြာနသ်တဂိုး နဲ့ နိုဗယ်ဆုရ ဒေါက်တာအမာတီယာဆန် တို့ဟာ ဘင်္ဂါလီတွေဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့က မြန်မာပြည်မှာ လောလောဆယ်ပြဿနာဖြစ်နေတဲ့ဘာသာကို ကိုးကွယ်သူတွေ မဟုတ်ကြပါ။ မြန်မာပြည်ကွန်မြူနစ်ပါတီခေါင်းဆောင် ရဲဘော်ဘတင် (ဂိုရှယ်) ဟာလည်း ဘင်္ဂါလီပါ၊ ဘယ်ဘာသာမှ မကိုးကွယ်ပါ။

(၂) အိန္ဒိယနိုင်ငံသားများ။ ကသည်း (မဏိပူရ) နဲ့ အာသံ (အာဆမ်) သူပုန်အဖွဲ့တွေက စစ်ကိုင်းတိုင်း၊ နာဂတောင်တန်း နဲ့ ချင်းတောင်တန်းမှာ နေရာယူထားကြတာကြာပါပြီ။ သူတို့ဆီကကနေ မူးယစ်ဆေးဝါးတွေနဲ့ လက်နက်တွေ ဖမ်းမိတာလည်း ၃-၄ ကြိမ် ရှိပါပြီ။ တချို့ဒေသခံ အမျိုးသမီးများက အဲဒီနိုင်ငံခြားသားတွေမှာ ငွေပါလို့ ယောက်ျားအဖြစ် ပေါင်းသင်းနေကြပေမဲ့ ဒေသခံတွေအများစုအတွက် အကြီးအကျယ် အနှောင့်အယှက်ဖြစ်နေပါတယ်။

(၃) တရုတ်နိုင်ငံသားများ။ တရားဝင်ဖြစ်အောင်လုပ်ပြီး (ငွေပေးပြီး = ဥပဒေနဲ့မညီတာတွေလုပ်ပြီး) စီးပွါးလာရှာနေထိုင်ကြသူတွေ ဘယ်လောက်များပြီလည်း လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနမှာတောင် စာရင်းမရှိလောက်ဘူး ထင်ပါတယ်။ သုတေသနလုပ်သင့်ပါပြီ။ နာမည်ပြောင်းတဲ့အကျင့်ဟာ အစိုးရတွေမှာသာရှိတာ မဟုတ်ပါ။ မြန်မာ့သမိုင်းနဲ့ ယဉ်ကျေးမှု အချက်အခြာ မန္တလေးဟာ လက်ဖက်မကြွေးပဲ အမည်ပြောင်းပေးတာခံနေရပြီ မဟုတ်ပါလား။

ဒီလို လာရောက်ကျူးကျော်နေထိုင်ကြသူ နိုင်ငံခြားသားတွေကို ဆန့်ကျင်ရာမှာ တရားဝင် စစ်စစ်တွေကိုတော့ ဘယ်သာသာတရားကို ကိုးကွယ်ကြပါစေ စိုသောလက် မခြောက်စေနဲ့ သဘောထားကြပါမယ်။ နိုင်ငံကြီးသားဖြစ်ချင်ရင် သဘောထား ကြီးကြရပါမယ်။ မမြင်ကျယ်ကြရပါမယ်။

ဘင်္ဂါလီ နဲ့ ဘင်္ဂလား http://dts-political-page.blogspot.in/2013/03/blog-post_3265.html

ဒေါက်တာတင့်ဆွေ
၃ဝ-၃-၂ဝ၁၃