Wednesday, March 13, 2013

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း
စုံစမ်းစစ်ဆေးရေးကော်မရှင်၏
အပြီးသတ်အစီရင်ခံစာ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာ

နိဒါန်း
၁၊
၂ဝ၁၂ ခုနှစ်၊
နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေး၌ တင်သွင်းခဲ့သည့် အရေးကြီးအဆိုတွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် စပ်လျဉ်း၍ ကြေးနီမိုင်းလုပ်ငန်း ဆက်လက်လုပ်ဆောင်ခွင့်ပြုရန် သင့်-မသင့် စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံးမှ အမိန့် ကြော်ငြာစာအမှတ်(၉၅-၂ဝ၁၂)အရ ၂ဝ၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့တွင် ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင် ၁၆ ဦးဖြင့် ဖွဲ့စည်းပေးခဲ့ပါသည်။
၂၊
စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင်များသည် စီမံကိန်းနှင့်ပတ်သက်၍ ကျေးရွာလူထု ခံစားနေရသည့် ပြည်သူ့အသံများ အပါအဝင် စီမံကိန်းနှင့်ပတ်သက်သည့် အချက်အလက်များကို စုံစမ်းပြီး သုံးသပ်ချက်နှင့်တကွ တင်ပြနိုင်ရန် အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။
ရည်ရွယ်ချက်
၃၊
စုံစမ်းစစ်ဆေးရေးကော်မရှင်သည် ကြေးနီမိုင်းလုပ်ငန်း ဆက်လက်လုပ်ဆောင်ခွင့်ပြုရန် သင့်-မသင့်နှင့် ပတ်သက်၍ ဆက်စပ်လုပ်ငန်းများနှင့် ဖြစ်စဉ်ဖြစ်ရပ်အမှန် ပေါ်ပေါက်စေရေး စုံစမ်းစစ်ဆေးရန်အတွက်လည်းကောင်း၊ ဥပဒေ စိုးမိုးရေးနှင့် နိုင်ငံ၏ အနာဂတ်အတွက် အရေးပါသော လုပ်ထုံးလုပ်နည်း၊ အစဉ်အလာများ ပေါ်ထွန်းစေရေးအတွက် လည်းကောင်း သုံးသပ်ချက်များနှင့်တကွ အကြံပြုချက်များတင်ပြနိုင်ရန်၊
စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းခြင်း
၎၊
စုံစမ်းစစ်ဆေးရေးကော်မရှင်ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားပါသည်-
(က)
ဒေါ်အောင်ဆန်းစုကြည်
ဥက္ကဋ္ဌ
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ် မဲဆန္ဒနယ်
(ခ)
ဦးလွန်းသီ
အဖွဲ့ဝင်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ် မဲဆန္ဒနယ်
(ဂ)
ဦးသန်းမြင့်
အဖွဲ့ဝင်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ် မဲဆန္ဒနယ်
(ဃ)
ဒေါ်ခင်စန်းလှိုင်
အဖွဲ့ဝင်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ် မဲဆန္ဒနယ်
(င)
ဦးဇော်မြင့်ဖေ
အဖွဲ့ဝင်
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
မန္တလေးတိုင်းဒေသကြီး၊ အမှတ်(၅)မဲဆန္ဒနယ်
(စ)
ဦးမောင်မောင်အေး
အဖွဲ့ဝင်
Senior Consultant on Social Assessment, Myanmar Environmental Institute
(ဆ)
ဦးဝင်းထိန်
အဖွဲ့ဝင်
ညွှန်ကြားရေးမှူးချုပ်၊ သတ္တုတွင်းဦးစီးဌာန
သတ္တုတွင်းဝန်ကြီးဌာန
(ဇ)
ဦးမြင့်ဆွေ
အဖွဲ့ဝင်
ညွှန်ကြားရေးမှူးချုပ်၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန
လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
(စ်)
ဦးတင်မြင့်
အဖွဲ့ဝင်
ဒုတိယညွှန်ကြားရေးမှူးချုပ်
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ပြည်ထဲရေးဝန်ကြီးဌာန
(ည)
ဦးလှမောင်သိန်း
အဖွဲ့ဝင်
ဒုတိယညွှန်ကြားရေးမှူးချုပ်
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန
(ဋ)
ဒေါက်တာမြင့်သိန်း
အဖွဲ့ဝင်
ညွှန်ကြားရေးမှူး၊ လုပ်ငန်းခွင်ကျန်းမာရေးဌာန
ကျန်းမာရေးဝန်ကြီးဌာန
(ဌ)
ဒုတိယဗိုလ်မှူးကြီးအောင်သန်း
အဖွဲ့ဝင်
ကာကွယ်ရေးဝန်ကြီးဌာန
(ဍ)
ဦးဗိုလ်သန်း
အဖွဲ့ဝင်
ကံကုန်းရွာ၊ ကျောက်မျက်ကျေးရွာအုပ်စု
ဆားလင်းကြီးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး
(ဎ) ဦးအောင်ဇော်ဦး
အဖွဲ့ဝင်
ဝက်မှေးရွာ၊ ရွာရှည်ကျေးရွာအုပ်စု
ဆားလင်းကြီးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး
(ဏ)
ဦးဘိုဌေး
အဖွဲ့ဝင်
တုံရွာမ၊ တုံကျေးရွာအုပ်စု
ဆားလင်းကြီးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး
(တ)
ဦးကျော်တင့်ဆွေ
အတွင်းရေးမှူး
သံအမတ်ကြီး (ငြိမ်း)
မြန်မာနိုင်ငံအမျိုးသားလူ၌အခွင့်အရေးကော်မရှင်

စုံစမ်းစစ်ဆေးရေးကော်မရှင်၏ တာဝန်များ
၅၊
စုံစမ်းစစ်ဆေးရေးကော်မရှင်သည် အောက်ဖော်ပြပါကိစ္စရပ်များအပေါ်ဖြစ်စဉ် ဖြစ်ရပ်အမှန် ပေါ်ပေါက်စေရေး စုံစမ်းစစ်ဆေးရန်နှင့် ဥပဒေစိုးမိုးရေးအတွက် သုံးသပ်ချက်များနှင့်တကွ အကြံပြုချက်များ တင်ပြရန်-
(က)
ကြေးနီစီမံကိန်းအား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် နိုင်ငံတကာ ပြဋ္ဌာန်းချက်များ ဆောင်ရွက်သင့်သည့် နည်းပညာများ အသုံးပြု၍ စနစ်တကျဆောင်ရွက်ခြင်းရှိ-မရှိ၊
(ခ)
ကြေးနီစီမံကိန်းကြောင့် လူမှုပတ်ဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင်အပေါ် ကောင်းကျိုးနှင့်ဆိုးကျိုးသက်ရောက်မှုများ၊
(ဂ)
ကြေးနီစီမံကိန်းဆောင်ရွက်ခြင်းကြောင့် နိုင်ငံတော်၊ ပြည်သူလူထုနှင့် အနာဂတ်မျိုးဆက်များအတွက် အကျိုးရှိ-မရှိ၊
(ဃ)
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ဥပဒေစိုးမိုးရေးဆိုင်ရာ အကြံပြုချက်များ၊
(င)
၎င်းစီမံကိန်းနှင့် ဆက်နွယ်၍ စိစစ်ရန်လိုသည်ဟု ကော်မရှင်က ယူဆသော အကြောင်းအရာများ၊
(စ)
ကော်မရှင်၏ အထွေထွေသုံးသပ်ချက်နှင့် အကြံပြုချက်များ၊
စုံစမ်းစစ်ဆေးရေးကော်မရှင်ဆောင်ရွက်ရာတွင် အခြေခံသည့်မူများ
၆၊
စုံစမ်းစစ်ဆေးရေးကော်မရှင်သည် တာဝန်ပေးအပ်သည့်လုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ပါမူများအပေါ် အခြေခံ၍ဆောင်ရွက်ခဲ့ပါသည်-
(က)
နိုင်ငံတော်၏ ရေရှည်အကျိုးစီးပွား၊
(ခ)
ပြည်သူလူထုအတွက် ရေရှည်အကျိုးစီးပွား၊
(ဂ)
အပြုသဘောဆောင်သည့်အမြင်၊
၇၊
ထိုမူများအပေါ်ကို အခြေခံဆောင်ရွက်ခြင်းဖြစ်သဖြင့် ဖြစ်ပွားခဲ့သည့်ကိစ္စကို စိစစ်သုံးသပ်ရာတွင် အပြစ်ရှာသည့် သဘော၊ အပြစ်ပုံချသည့် သဘောမျိုးမဖြစ်စေရန် သတိထားဆောင်ရွက်ခဲ့ပါသည်။ ဖြစ်ပွားခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ အရင်းအမြစ်ကို စိစစ်သုံးသပ်ပြီး သင်ခန်းစာများရယူကာ နောင်၎င်းဖြစ်ရပ်မျိုး မဖြစ်စေရန် မည်သို့ ဆောင်ရွက်သင့်သည်ဆိုသည့် အချက်ကိုလည်း အလေးထား ဆောင်ရွက်ခဲ့ပါသည်။

စုံစမ်းစစ်ဆေးရေးကော်မရှင်၏ စုံစမ်းစစ်ဆေးချက်များနှင့် လုပ်ဆောင်ချက်များ
၈၊
စုံစမ်းစစ်ဆေးရေးကော်မရှင်၏ ပထမအကြိမ် အစည်းအဝေးကို ၂ဝ၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့တွင် လွှတ်တော်ဝင်း (အိုင်-၁၂) အဆောင်၌ ကျင်းပခဲ့ပါသည်။ ကော်မရှင်ဥက္ကဋ္ဌက လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကိစ္စကို သုံးသပ်ရာတွင် ယခုဖြစ်ပွားခဲ့သည့်ကိစ္စမှာ ယခင်ကာလများက ပွင့်လင်းမြင်သာမှု အားနည်းခဲ့၍ဖြစ်ကြောင်း၊ ၄င်းကိစ္စကို ကိုင်တွယ်ဖြေရှင်းရာတွင် ပြည်သူလူထု၏ ပူးပေါင်း ဆောင်ရွက်မှုနှင့် ဥပဒေစိုးမိုးမှုရှိမှသာလျှင် နိုင်ငံတော်၏ အကျိုးနှင့်လျော်ညီသည့် အဖြေရရှိနိုင်မည်ဖြစ်ကြောင်း၊ စုံစမ်းစစ်ဆေးရေးကိစ္စကို အမြန်ဆုံးစတင်သွားမည်ဖြစ်ကြောင်း၊ သပိတ်စခန်းတွင် ဖြစ်ပွားခဲ့သည့်ကိစ္စရပ်များ၊ သံဃာတော်များနှင့် ပတ်သက်သည့်ကိစ္စရပ်များကို ဥက္ကဋ္ဌ ကိုယ်တိုင် တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပြီး ကျန်အဖွဲ့ဝင်များအနေဖြင့် အောက်ပါ အဖွဲ့သုံးဖွဲ့ ဖွဲ့စည်းပြီး တစ်ပြိုင်တည်းဆောင်ရွက်သွားရန်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်-
(က)
ကြေးနီစီမံကိန်းအား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် နိုင်ငံတကာပြဋ္ဌာန်းချက်များ၊ ဆောင်ရွက်သင့်သည့် နည်းပညာများ အသုံးပြု၍ စနစ်တကျ ဆောင်ရွက်ခြင်း ရှိ-မရှိ၊
(ခ)
ကြေးနီစီမံကိန်းကြောင့် လူမှုပတ်ဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင်အပေါ် ကောင်းကျိုးနှင့်ဆိုးကျိုး သက်ရောက်မှုများ၊
(ဂ)
ကြေးနီစီမံကိန်းဆောင်ရွက်ခြင်းကြောင့် နိုင်ငံတော်၊ ပြည်သူလူထုနှင့် အနာဂတ်မျိုးဆက်များအတွက် အကျိုး ရှိ-မရှိ၊
၉၊
စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့သည် ၂ဝ၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ ကွင်းဆင်းလေ့လာမှုတို့ကို ပြုလုပ်ခဲ့ပါသည်၊
၁ဝ၊
ထိုသို့ ကွင်းဆင်းလေ့လာမှုပြုလုပ်ရာတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့်ပတ်သက်၍ ကွင်းဆင်း စုံစမ်းခဲ့သည့်အပြင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် မြန်မာ-ယန်စီ ကော့ပါး လီမိတက်တို့မှ လုပ်ဆောင်ဆဲရှိသော စံပယ်တောင်နှင့် ကြေးစင်တောင်တို့၏ သတ္တုတွင်း လုပ်ငန်းများကိုလည်း ကွင်းဆင်း စစ်ဆေးခဲ့ကြပါသည်။ ထို့အပြင် မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်၏ မိုးကြိုးဆာလ်ဖျူရစ်အက်စစ်စက်ရုံကိုလည်း ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
၁၁၊
စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင်များသည် ဒေသခံကျေးရွာလူထု၏ ခံစားချက်များ၊ ပြည်သူ့အသံများ ပါဝင်စေရန် လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဧရိယာအတွင်းရှိ ကျေးရွာများသို့ သွားရောက်၍ ကျေးရွာလူထုများနှင့် တွေ့ဆုံခဲ့ပါသည်။ ၄င်းလုပ်ငန်းများကို ဒေသခံကော်မရှင်အဖွဲ့ဝင် ၃ ဦးပါဝင်သော အဖွဲ့များ ဖွဲ့စည်း၍ ကော်မရှင် အဖွဲ့ဝင်များက စုံညီစွာ ပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။
၁၂၊
ကော်မရှင်အဖွဲ့ဝင်များသည် မန္တလေးမြို့တွင် ထေရဝါဒဗုဒ္ခသာသနာ့အနွယ်ဝင် သက်တော်ရှည် သံဃာ့ မဟာနာယက အဖွဲ့ဝင် ဆရာတော်ကြီးများအား လည်းကောင်း၊ မုံရွာမြို့တွင် လယ်တီကျောင်းတိုက်ကြီးများမှ ဆရာတော်ကြီးများအား လည်းကောင်း တွေ့ဆုံဖူးမြော်လျှာက်ထား သြဝါဒခံယူခဲ့ကြပါသည်။ ထိုဆရာတော်ကြီးများထံမှ လည်းကောင်း၊ သုတေသီပုဂ္ဂိုလ်များထံမှလည်းကောင်း၊ ပထမလယ်တီဆရာတော် ဘုရားကြီးနှင့် လက်ပံတောင်းတောင်တို့ ဆက်နွယ်မှု အချက်အလက်တို့ကို မေးမြန်းရယူခဲ့ကြပါသည်။
၁၃၊
လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း စီမံကိန်းနှင့် ဆက်နွယ်သော သပိတ်စခန်းတွင် ရရှိသည့် မီးလောင်ဒဏ်ရာဖြင့် မန္တလေးမြို့ အထွေထွေရောဂါကုဆေးရုံကြီးတွင်လည်းကောင်း၊ ကန်တော်နဒီဆေးရုံကြီးတွင် လည်းကောင်း ဆေးကုသမှု ခံယူနေရသည့် လူနာများ၏ ဆေးကုသမှုအခြေအနေတို့ကို သိရှိနိုင်ရန် ကော်မရှင် အဖွဲ့ဝင်များသည် မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး၊ ဆေးရုံအုပ်ကြီး ဥက္ကဋ္ဌအဖြစ် ဖွဲ့စည်း ဆောင်ရွက်လျက်ရှိသော ကျန်းမာရေး စောင့်ရှောက်မှု ကော်မတီဝင်များနှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။ ကော်မတီ အဖွဲ့ဝင်တို့သည် လူမှုရေးဝန်ကြီး၊ ဆေးရုံအုပ်ကြီး ဦးဆောင်သော ဆရာဝန်ကြီးများအဖွဲ့နှင့်အတူ ဆေးရုံကြီးတွင် တက်ရောက်နေကြသော ကုသမှုခံယူဆဲလူနာများအား တစ်ဦးချင်း တွေ့ဆုံမေးမြန်း အားပေးနှစ်သိမ့်ခဲ့ကြပါသည်။
၁၄၊
စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့သည် အဖွဲ့များခွဲကာ လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်းစီမံကိန်း ဧရိယာ အတွင်းရှိ ကျေးရွာများသို့ သွားရောက်ခဲ့ရာတွင် ဒေသခံကျေးရွာလူထုနှင့်တွေ့ဆုံပြီး လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်းနှင့် ပတ်သက်၍ ၄င်းတို့၏ ရပ်တည်ချက်ကိုလည်းကောင်း၊ လူမှုပတ်ဝန်းကျင်၊ သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်၍ ၄င်းတို့၏ စိုးရိမ်ပူပန်မှုကိုလည်းကောင်း၊ ရေရရှိရေး၊ ကျန်းမာရေး၊ အလုပ်အကိုင် အခွင့်အလမ်းတို့နှင့် ပတ်သက်၍ ၄င်းတို့၏ လိုလားချက်ကိုလည်းကောင်း မေးမြန်းစုံစမ်းပြီး အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။
၁၅၊
ထို့အပြင် ဝက်မှေး-ကံတောနှင့် ဇီးတော-ဆည်တည်းကျေးရွာသစ်တို့ကို ပြောင်းရွေ့ အခြေစိုက်နေထိုင်သူများကို ကော်မရှင်အဖွဲ့ဝင်များက သွားရောက်တွေ့ဆုံမေးမြန်းခဲ့ကာ ၄င်းတို့နေထိုင်ကြသော အဆောက်အအုံများအခြေအနေ၊ အလုပ်အကိုင်အခွင့်အလမ်းကိစ္စများနှင့်ပတ်သက်၍လည်း အပြန်အလှန်ဆွေးနွေးကာ ကျေးရွာလူထု၏ သဘောထား ဆန္ဒကို လေ့လာစုံစမ်းခဲ့ကြပါသည်။
၁၆၊
ကော်မရှင်ဥက္ကဋ္ဌ၏ အစီအစဉ်ဖြင့် ရောက်ရှိလာကြသော မြန်မာသမားတော် ဆရာဝန်ကြီးနှင့် သြစတြေးလျနိုင်ငံသား ဆရာဝန်ကြီးတို့သည် အက်စစ်အခိုးအငွေ့ များကြောင့် ကျန်းမာရေးထိခိုက်သည်ဟု ရပ်ရွာမှ သံသယရှိသည့် ကလေးငယ် ၄ ဦး၏ ရောဂါဝေဒနာအား ပဏာမစမ်းသပ်စစ်ဆေးကြည့်ရ၍ခဲ့ရာ အက်စစ်ကြောင့်ဖြစ်သည့် ရောဂါလက္ခဏာ မဟုတ်ဟု မှတ်ချက်ပြုကြသော်လည်း ကလေးများ ကျန်းမာရေး ဆက်လက်ဆေးကုသမှု ခံယူနိုင်ရန်အတွက် ကလေးများအား ကော်မရှင်က ရန်ကုန်သို့ ခေါ်ယူ၍ ဆေးကုသပေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
၁၇၊
ကော်မရှင်အဖွဲ့ဝင်များသည် ကံကုန်းကျေးရွာအနီးရှိ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၏ မိုးကြိုး ဆာလ်ဖျူရစ် အက်စစ် စက်ရုံသို့ သွားရောက်စစ်ဆေးကာ စွန့်ထုတ်သော အငွေ့တွင် ဆာလဖာဒိုင်အောက်ဆိုက် (SO2) ပါဝင်မှုနှင့် ပတ်သက်ပြီး ထိန်းချုပ်စွန့်ထုတ်မှု အခြေအနေ၊ စွန့်ပစ်အရည်နှင့် အစိုင်အခဲပစ္စည်းများ၊ စွန့်ပစ်စုပုံသည့် ကန်များ၊ စွန့်ပစ် နေရာများအား စစ်ဆေးခဲ့ပါသည်။
၁၈၊
ကော်မရှင်အဖွဲ့ဝင်များသည် မုံရွာကြေးနီတောင်စီမံကိန်း၏ ပထမအဆင့်ဖြစ်သော စံပယ်တောင်နှင့် ကြေးစင်တောင် စီမံကိန်းများကို မြန်မာ-ယန်စီ ကော့ပါးလီမိတက်က လုပ်ကိုင်ဆောင်ရွက်နေသော လုပ်ငန်းရုံးသို့ လည်းကောင်း၊ စံပယ်တောင်နှင့် စံပယ်တောင်(တောင်) ကြေးနီသတ္တုတွင်းရှိရာ ကျင်းကြီး (Pit) နှစ်ကျင်းသို့ လည်းကောင်း
သွားရောက်ခဲ့ပြီး ကြေးနီစီမံကိန်းဆိုင်ရာကိစ္စများ၊ စံပယ်တောင်၊ ကြေးစင်တောင် စီမံကိန်းတွင် ပေါင်းစပ်စီမံခန့်ခွဲမှု စနစ်အရ ဆောင်ရွက်နေမှုနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုစီမံခန့်ခွဲခြင်းဆိုင်ရာ (ISO-14001) လက်မှတ်၊ ထုတ်လုပ်မှု စီမံခန့်ခွဲမှုဆိုင်ရာ (ISO-9001) လက်မှတ်နှင့် လုပ်ငန်းခွင်ဘေးကင်းလုံခြုံမှုနှင့် ကျန်းမာရေး စီမံခန့်ခွဲမှု ဆိုင်ရာ (OHSAS-18001) လက်မှတ်တို့ကိုလည်း စစ်ဆေးခဲ့ပါသည်။
၁၉၊
ယခင် ၁၉၈၄ ခုနှစ်မှ ၁၉၉၇ ခုနှစ်အတွင်း စွန့်ပစ်ခဲ့သည့် စွန့်ပစ်မြေများကို ဒေသခံရွာတစ်ရွာတွင် ရွာသားတို့က ဒေသန္တရနည်းဖြင့် ဒုတ¬ာ-ကြေးနီ ချက်လုပ်မှု၊ မြေအောက်သို့ စိမ့်ဝင်မှုအခြေအနေတို့ကိုလည်း ကော်မရှင် အဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ပါသည်။
၂ဝ၊
စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင်များသည် မြန်မာ-ဝမ်ပေါင် ကော့ပါးလီမိတက်ရုံးသို့လည်း သွားရောက်ကာ လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်းစီမံကိန်းနှင့် စပ်လျဉ်း၍ အကောင်အထည်ဖော်ဆောင်ရွက်မည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးအကဲဖြတ်မှု (EIA)၊ လူမှုဘဝအကဲဖြတ်မှု (SIA) တို့ကို ပြန်လည်သုံးသပ်မှု (Re-assessment of EIA and SIA) ကိစ္စရပ်တို့ကို လည်းကောင်း၊ ဒေသခံကျေးရွာလူထုအတွက် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် မြန်မာ-ဝမ်ပေါင် ကော့ပါးလီမိတက်က ဆောင်ရွက်ပေးနေသည့် လူမှုရေး၊ ကျန်းမာရေး စသည့် အချက်အလက် တို့ကိုလည်းကောင်း မေးမြန်းစစ်ဆေးမှုပြုလုပ်ခဲ့ပါသည်။
၂၁၊
ကော်မရှင်သည် ပတ်ဝန်းကျင် ထိခိုက်မှုအခြေအနေကို သိရှိနိုင်ရန် ဆာလ်ဖျူရစ် အက်စစ်စက်ရုံရှိ စွန့်ပစ်ရေကန် အတွင်းမှ ရေကိုလည်းကောင်း၊ စံပယ်တောင်ခြေမှ စိမ့်ထွက်ရေနှင့် စံပယ်တောင်ခြေရှိ ရေမြောင်းအတွင်းမှ ရေတို့ကိုလည်းကောင်း၊ ဒုံးတောရွာအတွင်း ရေညစ်ညမ်းမှုရှိသည်ဟုဆိုသော စက်ရေတွင်းမှ ရေကိုလည်းကောင်း ဓာတ်ခွဲစစ်ဆေးရန် နမူနာများ ရယူခဲ့ပါသည်။
၂၂၊
စုံစမ်းစစ်ဆေးရေးကော်မရှင်သည် ဒီဇင်ဘာလ ၁၉ ရက်နေ့၌ လွှတ်တော်ဝင်း (အိုင်-၁၂)အဆောင်တွင် စုံညီ အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။ အစည်းအဝေးတွင် ကွင်းဆင်းလေ့လာတွေ့ရှိချက်များကို တင်ပြခဲ့ပြီး ကော်မရှင်အဖွဲ့၏ ရှေ့လုပ်ငန်းစဉ်တို့ကို ဆွေးနွေးခဲ့ကြပါသည်။
၂၃၊
၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့ မွန်းလွဲ ၁၆း၃ဝ နာရီမှ ၁၈း၁၅ နာရီအထိ လွှတ်တော်ဝင်း (အိုင်-၁၂)အဆောင်ရှိ အစည်းအဝေးခန်းမတွင် စုံစမ်းစစ်ဆေးရေး ကော်မရှင်နှင့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (Myanmar Economic Holdings Limited-MEHL) မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံသည့် အစည်းအဝေးကို ကျင်းပခဲ့ပါသည်။ စုံစမ်း စစ်ဆေးရေးကော်မရှင်ဘက်မှ ကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ကော်မရှင်အတွင်းရေးမှူး ဦးကျော်တင့်ဆွေ၊ အဖွဲ့ဝင်များဖြစ်ကြသော ဦးဇော်မြင့်ဖေ၊ ဦးဝင်းထိန်၊ ဦးမောင်မောင်အေး၊ အတိုင်ပင်ခံ ပညာရှင်နှစ်ဦး ဖြစ်သည့် ဦးစိုးမြ၊ ဒေါက်တာဒေါ်သန်းနွဲ့တို့ တက်ရောက်ကြပြီး မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်ဘက်မှ ဥက္ကဋ္ဌ-ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး၊ ဦးဝင်းကြည်၊ ဦးမောင်မောင်တင့်နှင့် ဦးမြင့်အောင်တို့ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေး အပြီးတွင် ကော်မရှင်ဥက္ကဋ္ဌက ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ညွှန်ကြားသွားခဲ့သည်။
၂၄၊
စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်သည် ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့မှ ဇန်နဝါရီလ ၁ဝ ရက်နေ့အထိ လက်ပံတောင်းတောင်ကြေးနီသတ္တုတွင်း စီမံကိန်းအနီးရှိ ကျေးရွာများအား ထပ်မံကွင်းဆင်း လေ့လာခဲ့ပါသည်။
၂၅၊
နိုင်ငံတော်အနေဖြင့် လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း စီမံကိန်းသပိတ်စခန်းမှ မီးလောင်ဒဏ်ရာရသည့် လူနာများအား ဆေးကုသမှုကို တာဝန်ယူလျက်ရှိရာ ကော်မရှင်အနေဖြင့် လိုအပ်သည်များကို ဆက်လက်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိပါသည်။ မန္တလေးပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသနေကြသော လူနာအားလုံးသည် ဆေးကုသမှုခံယူပြီးကြသဖြင့် ဆေးရုံမှဆင်းသွားကြပြီး ဖြစ်ပါသည်။ မန္တလေးပြည်သူ့ဆေးရုံကြီးမှ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ လွှဲပြောင်းပေးပို့ခဲ့သော သံဃာတော် ၄ ပါးကိုလည်း ကော်မရှင်အနေဖြင့် သွားရောက် ကြည့်ရ၍ပြီး အားပေးနှစ်သိမ့်စကားများကို လျှာက်ထားပြောဆိုခဲ့ကြပါသည်။ ထိုင်းနိုင်ငံတွင် ဆေးကုသမှု ခံယူနေကြသည့် သံဃာနှစ်ပါးအနက် ရှင်သဇ္ဈန၏ ကျန်းမာရေး အခြေအနေမှာ တိုးတက် ကောင်းမွန်လာသဖြင့် ၂၅-၂-၂ဝ၁၃ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီးဖြစ်ပါသည်။ သံဃာတော် ဦးတိက္ခဥာဏ၏ အခြေအနေသည်လည်း တိုးတက်မှုရရှိနေပြီဖြစ်ပြီး ဆက်လက်၍ ဆေးကုသမှုခံယူရန် လိုအပ်သေးသည်ဟု ကော်မရှင်အနေဖြင့် သိရှိရပါသည်။
၂၆၊
၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁ဝ ရက်နေ့ နံနက် ၁ဝး၃ဝ နာရီမှ မွန်းလွဲ ၁၂း၃ဝ နာရီအထိ လွှတ်တော်ဝင်း(အိုင် -၁၂) အဆောင်ရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်နှင့် မြန်မာ့ပတ်ဝန်းကျင်သိပ္ပံ Myanmar Environment Institute-MEI) နည်းပညာကျွမ်းကျင်သူအဖွဲ့ (Technical Experts Team) အဖွဲ့ဝင် သုတေသီပညာရှင်များနှင့် တွေ့ဆုံသည့် အစည်းအဝေး ပြုလုပ်ခဲ့ပါသည်။ မြန်မာ့ပတ်ဝန်းကျင်သိပ္ပံဘက်မှ အဖွဲ့ခေါင်းဆောင် ဒေါက်တာဝင်းမောင်နှင့်အတူ အခြားပညာရှင် ၁၁ ဦးတို့ တက်ရောက်ခဲ့ကြသည်။ မြန်မာ့ ပတ်ဝန်းကျင်သိပ္ပံအဖွဲ့က လက်ပံတောင်းတောင် ကြေးနီသတ္တုတူးဖော်ရေး စီမံကိန်းအတွက် အချိန်တိုအတွင်း အရေးပေါ်လေ့လာအကဲဖြတ်စိစစ်ချက် (Immediate Assessment of Letpadaungtaung Copper Mining Project) နှင့် စပ်လျဉ်း၍ ဂေဟစနစ် (Ecosystem-Flora & Fauna and Pollution of Air, Water, Sediment) (Existing Baseline Air Quality Status)၊ လက်ပံတောင်းတောင် စီမံကိန်းအပေါ် လူမှုဝန်းကျင်ရှုထောင့်မှ ဆန်းစစ်ခြင်း၊ (Immediate Cultural Impact Assessment)၊ (Project Development and Environmental Management) (Environmental Science and Engineering) ရှုထောင့်မှ ကွင်းဆင်းလေ့လာ တွေ့ရှိချက်များကို ပြည့်စုံစွာ တင်ပြသွားကြသည်။ ကော်မရှင်ဥက္ကဋ္ဌက ထပ်မံသိလိုသောအချက်အလက်၊ အကြောင်းအရာများကို မေးမြန်းဆွေးနွေးရာတွင် MEI ကျွမ်းကျင်သူ သုတေသီအဖွဲ့က စေ့ငုစွာ ပြန်လည်ရှင်းလင်း ဖြေကြားသွားခဲ့ကြသည်။
၂၇၊
စုံစမ်းစစ်ဆေးရေးကော်မရှင်၏ တတိယအကြိမ်မြောက် စုံညီအစည်းအဝေးကို ၂ဝ၁၃ခုနှစ်၊ ဇန်နဝါရီလ ၁ဝ ရက်နေ့ ၁၃းဝဝ ချိန်တွင် လွှတ်တော်ဝင်း(အိုင်-၁၂) အဆောင်တွင် ကျင်းပခဲ့ပါသည်။ ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်မှုများကို သုံးသပ်ပြီး ရှေ့လုပ်ဆောင်မည့်လုပ်ငန်းအစီအစဉ်တို့ကို ညှိနှိုင်းခဲ့ပါသည်။
၂၈၊
စုံစမ်းစစ်ဆေးရေးကော်မရှင်သည် ၂ဝ၁၃ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ ရဲမှူးကြီးတို့နှင့်တွေ့ဆုံကာ လက်ပံတောင်းတောင် သပိတ်စခန်းအား ဖြိုခွဲရာတွင် ဆောင်ရွက်ခဲ့သည့်နည်းစဉ်၊ အသုံးပြုခဲ့သော မီးခိုးဗုံးစသည့် ကိစ္စရပ်များကို ဆွေးနွေးမေးမြန်းခဲ့ပါသည်။ ရဲချုပ်နှင့် ရဲမှူးကြီးတို့က နံနက်လင်းအားကြီးအချိန်တွင် ဖြိုခွဲရန် စီမံဆောင်ရွက်ခဲ့ရခြင်းမှာ ထိုအချိန်တွင် သပိတ်စခန်း၌ လူစုလူဝေး အနည်းဆုံးအချိန်ဖြစ်သဖြင့် ထိခိုက်မှု အနည်းဆုံး ဖြစ်စေရန်အတွက် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ မီးခိုးဗုံး အသုံးပြုခြင်းကို ၂ဝဝ၇ ခုနှစ်ကလည်း အသုံးပြုခဲ့ဖူးကြောင်း၊ ထိုစဉ်က ယခုကဲ့သို့ မီးလောင်ဒဏ်ရာရရှိခြင်းမျိုး မရှိခဲ့ကြောင်း၊ ထိုစဉ်က အသုံးပြုခဲ့သည့် မီးခိုးဗုံးနှင့် ယခုအသုံးပြုခဲ့သော မီးခိုးဗုံးတို့မှာ သက်ရောက်သည့် အာနိသင်ကွဲပြားခြားနားမှုရှိသည်ဟု ထင်မြင်ယူဆကြောင်းဖြင့် ကော်မရှင်အား ပြောကြားခဲ့ပါသည်။ ရဲချုပ်အနေနှင့် ၄င်းဖြစ်စဉ်နှင့်ပတ်သက်၍ အားနည်းချက်၊ အားသာချက်များကို သုံးသပ်ပြီး ယင်းသုံးသပ်ချက်များအား စုံစမ်းစစ်ဆေးရေး ကော်မရှင်သို့ ဆက်လက်ပေးပို့တင်ပြသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
၂၉၊
လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်းစီမံကိန်းအား ဆန္ဒပြသော သပိတ်စခန်းများမှ သိမ်းဆည်းထားသော ပစ္စည်းများနှင့် မီးလောင်၍ ဆုံးရှုံးသွားသော ပစ္စည်းများအား ကာယကံရှင်များထံသို့ ပြန်လည် ပေးအပ်ရေးကိစ္စကိုလည်း ကော်မရှင်မှ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။ မီးလောင်သွားသောပစ္စည်းများ သိမ်းဆည်းသွားသည်ဟု ဆိုသော အချို့ပစ္စည်းများအတွက်ကိုလည်း ကော်မရှင်က သတ်မှတ်ပေးသောနှုန်းဖြင့် လျော်ကြေးများကိုလည်း ပေးအပ်ခဲ့ပြီး ဖြစ်ပါသည်။
၃ဝ၊
စုံစမ်းစစ်ဆေးရေးကော်မရှင်သည် ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့ တွင် ဆားလင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်တရားသူကြီးနှင့် မြို့နယ်ဥပဒေအရာရှိတို့အား လွှတ်တော်ဝင်း(အိုင်-၁၂) အဆောင်တွင် ခေါ်ယူတွေ့ဆုံပြီး ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်းစီမံကိန်းအား ဆန္ဒပြသည့် သပိတ်စခန်းများကို ၂ဝ၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက်ပိုင်း၌ အင်အားသုံး ဖြိုခွင်းခဲ့ရာတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့သည့်ကိစ္စ၊ ပုဒ်မ ၁၂၇၊ ၁၂၈၊ ၁၂၉ အရ ဆောင်ရွက်ခဲ့သည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ မေးမြန်းခဲ့ပါသည်။ အဆိုပါ မြို့နယ် အရာရှိ ၃ ဦးတို့က ဥပဒေနှင့်အညီ အဆင့်ဆင့်ဆောင်ရွက်ခဲ့မှုများကို ကော်မရှင်သို့ တင်ပြခဲ့ကြပါသည်။
၃၁၊
ကော်မရှင်ဥက္ကဋ္ဌ၏ ကွင်းဆင်းရန် တာဝန်ပေးချက်အရ ကွင်းဆင်းခဲ့ကြသော ကော်မရှင်အဖွဲ့ဝင်တို့သည် ဇန်နဝါရီလ ၂၄ ရက်နေ့နှင့် ၂၅ ရက်နေ့တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်ရှိ သီတဂူအာယုဒါန ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြသော သံဃာ ၆ ပါး၏ ကျန်းမာရေးအခြေအနေနှင့် မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ကံကုန်းကျေးရွာမှ နာမကျန်းဖြစ်သဖြင့် ရန်ကုန်ကလေးဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူခဲ့ပြီး ကျေးရွာသို့ ပြန်လည် ရောက်ရှိခဲ့သော ကလေးသူငယ် ၄ ဦးတို့၏ ကျန်းမာရေးအခြေအနေတို့နှင့်ပတ်သက်ပြီး လေ့လာတွေ့ရှိချက်များကို ကော်မရှင်သို့ တင်ပြခဲ့ပါသည်။
၃၂၊
ကော်မရှင်အဖွဲ့ဝင်တို့သည် ဖေဖော်ဝါရီလ ၆ ရက်နေ့မှ ၇ ရက်နေ့အထိ ထပ်မံကွင်းဆင်းလေ့လာပြီး သီတဂူအာယုဒါန ဆေးရုံတွင် ဆေးဝါးကုသနေကြသော သံဃာတော်များ၏ ကျန်းမာရေး အခြေအနေကိုလည်းကောင်း၊ မုံရွာခရိုင်၊ မုံရွာဆေးရုံတွင် အုတ်ကန်ပြိုကျပြီး ထိခိုက်ဒဏ်ရာရရှိသဖြင့် ဆေးကုသခံနေသူ အမျိုးသမီးကြီး၏ ကျန်းမာရေး အခြေအနေကိုလည်းကောင်း ကော်မရှင်သို့ တင်ပြခဲ့ပါသည်။
၃၃၊
ကော်မရှင်က စီးပွားရေးပညာရှင်အဖြစ်ခန့်ထားခဲ့သူ စီးပွားရေးပညာရှင်သည် ကြေးနီစီမံကိန်းနှင့်ပတ်သက်သည့် ဘာ့ရေးဆိုင်ရာ စိစစ်သုံးသပ်မှုများ ပြုလုပ်ပြီး ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် အစီရင်ခံစာကို ကော်မရှင်ဥက္ကဋ္ဌထံ တင်သွင်းခဲ့ပါသည်။
၃၄၊
စုံစမ်းစစ်ဆေးရေးကော်မရှင်၏ ပဉ္စမအကြိမ်မြောက် စုံညီအစည်းအဝေးကို ၂ဝ၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့ ၁၃း၃ဝ ချိန်တွင် လွှတ်တော်ဝင်း(အိုင်-၁၂) အဆောင်တွင် ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် အပြီးသတ် အစီရင်ခံစာပြုစုရေးနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။ ထိုသို့ ဆွေးနွေးရာတွင် ကော်မရှင်ဥက္ကဋ္ဌက အပြီးသတ် အစီရင်ခံစာရေးဆွဲရာတွင် ကျင့်သုံးရမည့်အခြေခံမူများနှင့်ပတ်သက်ပြီး ဆွေးနွေးပြောကြားခဲ့ရာ ထိုအခြေခံမူများပေါ်တွင် အစည်းအဝေးတက်ရောက်ကြသော ကော်မရှင်အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေးကြပါသည်။

စုံစမ်းစစ်ဆေးရေးကော်မရှင်၏ လေ့လာတွေ့ရှိချက်များ
၃၅၊
ထေရဝါဒဗုဒ္ခဘာသာအနွယ်ဝင် သက်တော်ရှည်ဆရာတော်ကြီးများ၊ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဝင် ဆရာတော်ကြီးများအား ဖူးမြော်လျှာက်ထားမေးမြန်းချက်များအရ ဆရာတော်ကြီးများသည် ၂ဝ၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သော လက်ပံတောင်းတောင်ဖြစ်ရပ်နှင့် စပ်လျဉ်း၍ များစွာနှလုံး စိတ်ဝမ်းမငြိမ်းချမ်းကြောင်း၊ ထိခိုက်ဒဏ်ရာရရှိခဲ့သော ရဟန်းရှင်လူများအား အမြန်ဆုံး သက်သာပျောက်ကင်းအောင် အထူးကြပ်မတ်၍ ကုသစေလိုကြောင်း၊ ဘုရား၊ စေတီ၊ တန်ဆောင်း၊ ကျောင်း၊ ကန်၊ သိမ် အစရှိသော ထေရဝါဒ ဗုဒ္ခဘာသာနှင့် စပ်လျဉ်းသည့် သာသနိက အဆောက်အအုံများကို မထိခိုက်စေလိုကြောင်း၊ ရဟန်းပျိုများအား ဆန္ဒပြပွဲ-ဖော်ထုတ်ပွဲများတွင် မပါဝင်ကြစေရန် သြဝါဒပေးခဲ့ပြီး အများစုမှာ လိုက်နာကြသော်လည်း အချို့အနည်းစုမှာ ထိန်းသိမ်းရ ခက်ခဲနိုင်ကြောင်း၊ လျှာက်လှမ်းကာစ ဒီမိုကရေစီလမ်းခရီးကို ဖြောင့်ဖြူးသာယာ အေးချမ်းစေလိုကြောင်း၊ နိုင်ငံနှင့် လူမျိုး ဘာသာသာသနာအကျိုးစီးပွားအတွက် ဦးစားပေး ဆောင်ရွက်ကြစေလိုကြောင်းဖြင့် မွန်မြတ်သောသြဝါဒများ မြွက်ကြားခဲ့သည်ကို နာယူမှတ်သားခဲ့ရပါသည်။
၃၆၊
လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း စီမံကိန်းနှင့် ဆက်နွယ်သော သပိတ်စခန်းတွင်ရရှိသည့် မီးလောင်ဒဏ်ရာဖြင့် မန္တလေးမြို့ အထွေထွေရောဂါကု ဆေးရုံကြီးသို့ ရောက်ရှိလာသော လူနာများအား ထိရောက်သော ဆေးဝါးကုသမှုနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ ပေးဆောင်နိုင်ရန် ကျန်းမာရေးစောင့်ရှောက်မှုကော်မတီ တစ်ရပ်ကို ဖွဲ့စည်းဆောင်ရွက်ခဲ့ကြကြောင်း တွေ့ရှိရပါသည်။ ကျန်းမာရေးစောင့်ရှောက်မှု ကော်မတီတွင် -
(က)
ဒေါက်တာမောင်ဝင်း (ဆေးရုံအုပ်ကြီး)
ဥက္ကဋ္ဌ
(ခ)
ဒေါက်တာရှိန်မြင့် (ပါမောက္ခ-ဌာနမှူး-ခွဲစိတ်)
အဖွဲ့ဝင်
(ဂ)
ဒေါက်တာဌေးဦး (ပါမောက္ခ-ခွဲစိတ်)
အဖွဲ့ဝင်
(ဃ)
ဒေါက်တာခွန်အောင် (ပါမောက္ခ-ခွဲစိတ်)
အဖွဲ့ဝင်
(င)
ဒေါက်တာနုနုရီ (အထူးကုဆရာဝန်ကြီး)
အဖွဲ့ဝင်
(စ)
ဒေါက်တာစန်းမြင့် (ဆေးရုံအုပ်ကြီး)
အဖွဲ့ဝင်
(ဆ)
ဒေါက်တာဝင်းမောင်မောင်
အတွင်းရေးမှူး
(လက်ထောက်ဆေးရုံအုပ်)
တို့ပါဝင်ပြီး စနစ်တကျ စီမံကွပ်ကဲဆောင်ရွက်ခဲ့ကြကြောင်း တွေ့ရှိရပါသည်။ ၂၉-၁၁-၂ဝ၁၂ ရက်နေ့မှ ၇-၁၂-၂ဝ၁၂ ရက်နေ့အထိ ဆေးရုံတက်လူနာပေါင်း ၁ဝ၈ ဦး (သံဃာ ၉၉ ပါး + လူ ၉ ဦး)ရှိပြီး ဆေးရုံဆင်း - လွှဲပြောင်း လူနာပေါင်း ၇၉ ဦး (သံဃာ ၇၄ ပါး + လူ ၅ ဦး)ရှိကာ လက်ကျန်လူနာပေါင်း ၃ဝ ဦး (သံဃာ ၂၅ ပါး + လူ ၅ ဦး) ရှိကြောင်း သိရှိခဲ့ရပါသည်။ နောက်ဆုံးအခြေအနေအရ ၂ဝ၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် မန္တလေးရှိ ဆေးရုံများ၌ တက်ရောက်ကုသနေသည့် ရဟန်း-လူ အားလုံး ဆေးရုံမှဆင်းသွားကြပြီဖြစ်ကြောင်း သိရှိရပါသည်။ ရန်ကုန် ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသနေသော သံဃာတော်များသည်လည်း ဆေးရုံမှ ဆင်းသွားကြပြီးဖြစ်ပါသည်။
၃၇၊
လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်းစီမံကိန်းနယ်မြေတွင် ယင်းစီမံကိန်း လုပ်ငန်း၏ရလဒ်ကြောင့် တောင်ခြေ၌ ဘေးပတ်ပတ်လည်မှ မြေသားများ ဖယ်ရှား သယ်ရွေ့ထားသဖြင့် ကုန်းကလပ်တစ်ခုသဏ္ဍာန် ဖြစ်ပေါ်နေသည့် နေရာတွင် ထီးတည်း ကျန်ရှိနေသော စေတီနှင့် သိမ်ကျောင်းတွဲလျက်ကို လည်းကောင်း၊ ထိုနေရာ အထက် အောက်ခြေမြေသားများ ဖြတ်တောက်ခံထားရသော တောင်စောင်းနှင့် တောင်ပေါ်တို့တွင် လောလောဆယ် ကျန်ရှိနေသေးသော စေတီငယ်များကိုလည်းကောင်း၊ တောင်ခြေရှိ တူးဆွစုပုံထားသော မြေသားများနှင့် ရောနှောနေသော ဆေးရေးပန်းချီကား အပိုင်းအစများနှင့် ဆွမ်းခံသပိတ်ဟောင်း အချို့ကိုလည်းကောင်း၊ အခြားသော ဗုဒ္ခသာသနိက အဆောက်အအုံများ၊ ပစ္စည်းများကိုလည်းကောင်း တွေ့ရှိခဲ့ရသည်။
၃၈၊
ဒုန်းတောကျေးရွာနေအိမ်ဝင်းတစ်ခုအတွင်းရှိ အဝီစိတွင်း (ဝါ) ပြွန်စိုက်တွင်း တစ်ခု၌အတောင် ၆ဝ အနက်မှ ရေစုပ်စက်ဖြင့် စုပ်တင်ယူထားသော မြေအောက်ရေကို လေ့လာကြည့်သောအခါ ထိုရေကို တိုက်ရိုက် သောက်သုံး၍မရဘဲ ကွန်ကရစ်စည်ပိုင်းများဖြင့် နှစ်ဆင့်ခံပြီးမှသာ သုံးစွဲနိုင်ကြောင်း၊ ရေ၏အရည်အသွေး အနေဖြင့်လည်း အရောင်၊ အနံ၌၊ အရသာတို့မှာ ပုံမှန်မဟုတ်ဘဲ အနည်းငယ်ထူးခြားနေကြောင်းကို တွေ့ရှိခဲ့သည်။
၃၉၊
ဒုန်းတော၊ ဂုဏ်တောနှင့် ရွာသာကျေးရွာများမှ ကျေးရွာလူထုနှင့်တွေ့ဆုံပြီး အပြန်အလှန် တင်ပြဆွေးနွေးခြင်းတို့ကို ပြုလုပ်ဆွေးနွေးကြရာတွင် လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း စီမံကိန်းကို ဆက်လက် လုပ်ဆောင်ခဲ့ပါက-
(က) ကျန်းမာရေးစောင့်ရှောက်မှုအပြည့်အဝရရှိရေးအတွက် စနစ်တကျ ဆောင်ရွက်ပေးရန်၊
(ခ) မြေယာသိမ်းဆည်း(ပျက်စီး)မှုကြောင့် ဖြစ်ပေါ်လာသော အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှုပြဿနာအား ဖြေရှင်းပေးရန်၊
(ဂ) ဆုံးရှုံးသွားသောသောက်သုံးရေနှင့် ရေအရင်းအမြစ်ရှားပါးမှု ပြဿနာအား အမြန်ဆုံး ပြန်လည်ဖြေရှင်းပေးရန်၊
(ဃ) အက်စစ်ပန်းခြင်း(နည်းပညာ)ကြောင့် ဖြစ်ပေါ်လာသော လူမှုပတ်ဝန်းကျင်၊ သဘာဝပတ်ဝန်းကျင်ဆိုးကျိုးများအား စနစ်တကျ ကိုင်တွယ် ဖြေရှင်းပေးရန်၊
(င) ရေဆိုးရေညစ်ထုတ်စနစ်အား စနစ်တကျ ဆောင်ရွက်ပေးရန်၊
(စ) ဓာတုဗေဒပစ္စည်းများ ယိုစိမ့်မှုနှင့် ရေဒီယိုဓာတ်ကြွပစ္စည်းများအား ပတ်ဝန်းကျင်မထိခိုက်အောင် စနစ်တကျ စီမံဆောင်ရွက်ပေးရန်၊
(ဆ) ကျေးရွာ (လူနေအိမ်ခြေ)နှင့် နီးလွန်းသော စွန့်ပစ်ကျောက်ပုံ၊ လယ်ယာ မြေနှင့် နီးလွန်းသော စွန့်ပစ်ကျောက်ပုံ အလွန်အမင်း မမြင့်မားစေရေးအတွက် အာမခံပေးရန်၊
(ဇ) အထက်ဖော်ပြပါ တင်ပြချက်များကို အကောင်အထည်ဖော်ပေးရန်နှင့် မည်ကဲ့သို့ အကောင်အထည်ဖော်မည်ကို ရှင်းလင်းဖြေကြားပေးရန်၊
၎ဝ၊
အခြားတစ်ဖက်တွင် အကယ်၍ လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း စီမံကိန်းကို ရပ်ဆိုင်းမည်ဆိုပါက-
(က) ဆုံးရှုံးသွားသော လယ်ယာမြေများအား ကုမ္မဏီ(သို့မဟုတ်)နိုင်ငံတော် အစိုးရက နဂိုမူလ စိုက်ပျိုးမြေများကဲ့သို့ စိုက်ပျိုးနိုင်သော မြေဖြစ်အောင် ဆောင်ရွက်ပေးရန်၊
(ခ) လက်ရှိဖြစ်ပေါ်နေသော သောက်သုံးရေအခက်အခဲကို ဖြေရှင်းပေးရန်၊
(ဂ) ကျန်းမာရေးနှင့်ပတ်သက်၍ ကျန်ရှိသော ဓာတုဗေဒပစ္စည်းများနှင့် ကျန်းမာရေးထိခိုက်နိုင်သော ကုမ္မဏီသုံး ပစ္စည်းများအား စနစ်တကျ ရှင်းလင်းဖယ်ရှားပေးရန်၊
(ဃ) သတ္တုတူးဖော်ထားသော စံပယ်တောင်ကျင်းနေရာအား နဂိုမူလပုံစံကဲ့သို့ ပြုလုပ်ပေးရန်၊
(င) အထက်ဖော်ပြပါ တင်ပြချက်များကို အကောင်အထည်ဖော်ပေးရန်နှင့် မည်ကဲ့သို့ အကောင်အထည်ဖော်မည်ကို ရှင်းလင်းဖြေကြားပေးရန်၊
၄၁၊
ကျေးရွာလူထုအနေဖြင့် ပွင့်လင်းမြင်သာမှုကို အထူးအလေးထား တောင်းဆိုကြကြောင်း တွေ့ရှိခဲ့ရပါသည်။
၄၂၊
၂ဝ၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁ဝ ရက်နေ့တွင် စုံစမ်းစစ်ဆေးရေးကော်မရှင်သည် ကျော်ရွာ၊ တောင်ပလူရွာနှင့် အောင်ချမ်းစည်ရွာ၊ ဝါးတန်းကျေးရွာနှင့် တည်ပင်ကန် ကျေးရွာများမှ ဒေသခံကျေးရွာလူထုနှင့် တွေ့ဆုံခဲ့ရာတွင် ကျော်ရွာသည် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့်အနီးကပ်ဆုံးတွင်ရှိသော ရွာဖြစ်သောကြောင့် ယင်းစီမံကိန်းကို ရပ်ဆိုင်းစေလိုကြောင်း၊ မိုင်းခွဲဒ္စ်ကြောင့် သီးနှံထွက်နှုန်းလျော့နည်းကျဆင်းသွားကြောင်း၊ မွေးမြူရေးလုပ်ငန်းအတွက် စားကျက်မြေရှားပါးလာကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းရလျှင်လည်း ၄င်းကုမ္မဏီကို မကြိုက်ကြောင်း၊ အဓိကအနေဖြင့် မိမိတို့၏ဘိုးဘွားပိုင်မြေကိုသာ လုပ်ကိုင်စားသောက်လိုကြောင်း၊ နိုင်ငံတော် စီမံကိန်းဖြစ်၍ မဖြစ်မနေလုပ်ရမည်ဆိုလျှင် မိသားစု၏စားဝတ်နေရေးအတွက် အလုပ်အကိုင် အခွင့်အလမ်းများကို ရှာဖွေပေးစေလိုကြောင်း၊ မိသားစုတစ်စုမှ အလုပ်အကိုင် တစ်ဦး သာမက နှစ်ဦးအထိ ခန့်ထားပေးလျှင် ပိုမို၍ အဆင်ပြေမည်ဖြစ်ကြောင်း တင်ပြတောင်းဆိုကြပါသည်။
၄၃၊
အောင်ချမ်းစည်ရွာမှ ဒေသခံကျေးရွာလူထုနှင့် တွေ့ဆုံရာတွင် တောတောင်ကို အမှီပြု၍ နေထိုင်ရခြင်းကြောင့် တောင်ကို မပျက်စေလိုကြောင်း၊ လယ်ယာမြေများကို မသိမ်းစေလိုကြောင်း၊ ဝမ်ပေါင်ကုမ္မဏီနှင့် နိုင်ငံတော်၏ သဘောတူညီချက်များကို သိရှိလိုကြောင်း၊ သာသနိကအဆောက်အအုံနှင့် အထိမ်းအမှတ်နေရာများကို မပျက်စီး စေလိုကြောင်း၊ စီမံကိန်းမဖျက်သိမ်းဘဲ ဆက်လက်လုပ်ဆောင်ပါက သဘာဝပတ်ဝန်းကျင် မထိခိုက်အောင် လုပ်ဆောင်ပေးစေလိုကြောင်းနှင့် သာသနိကအဆောက်အအုံ မပျက်စီးစေရန် ဆောင်ရွက်ပေးစေလိုကြောင်း၊ စီမံကိန်းကို ဖျက်သိမ်းမည်ဆိုပါက မြေယာပေါ် စွန့်ပစ်မြေများကို မည်သို့ရှင်းလင်းပေးမည်ကို သိလိုကြောင်း၊ စေတီ၊ ပုထိုးတို့ကို မူလအတိုင်းပြုပြင်ပေးရန်နှင့် သပိတ်စခန်းအား အကြမ်းဖက်ဖြိုခွင်းမှုကို စုံစမ်းဖော်ထုတ် ပေးစေလိုကြောင်း တင်ပြတောင်းဆိုကြသည်ကို တွေ့ရှိခဲ့သည်။
၄၄၊
ဝါးတန်းကျေးရွာနှင့် တည်ပင်ကျေးရွာများမှ ဒေသခံကျေးရွာလူထုနှင့် တွေ့ဆုံခဲ့ရာ၌ မိမိတို့ရွာသည် စံပယ်တောင်၊ ကြေးစင်တောင်စီမံကိန်းများ၏ အက်စစ်ဖျန်းသည့် မြေပုံများနှင့် တစ်မိုင်ခန့်သာ ကွာဝေးတော့ကြောင်း၊ ဆက်လက်ပြီး တိုးခ္ကျဲလာလျှင် ရွာပျောက်မှာစိုးရိမ်ကြောင်း၊ အက်စစ်ငွေ့ကြောင့် က္မဲ၊ နွား၊ ဆိတ်တို့၏ အစာရေစာ ရှားပါးလာပြီး မျိုးပေါက်ပွားမှုလျော့နည်းလာကြောင်း၊ ဒေသခံကျေးရွာလူထုမှာလည်း ကျန်းမာရေး ထိခိုက်နေရကြောင်း၊ ကျန်းမာရေးအခြေအနေမှာ ဆက်လက်ပြီးဆိုးရွားလာနိုင်ကြောင်း၊ စီမံကိန်းကို ရပ်စေလိုကြောင်း၊ လက်ရှိ အနေအထားတွင် အက်စစ်ဖျန်း ချိန်၌ တစ်ရွာလုံး မျက်စိစပ်ကြကြောင်း၊ သွပ်မိုးပေါက်ခြင်းနှင့် ရေမကောင်းခြင်းတို့ကို ကြည့်ရ၍ပေးစေလိုကြောင်း၊ ဒေသခံများကိုသာ ဦးစားပေး၍ အလုပ်ခန့်ထားစေလိုကြောင်း၊ မိသားစုတစ်စုတွင် တစ်ယောက်အလုပ်ရရုံနှင့် မလုံလောက်ကြောင်း၊ အလုပ်ခန့်လျှင်လည်း လိုအပ်သည့်အချိန်တွင်သာ ခေါ်သည့် နေ့စားဝန်ထမ်းမျိုး မလုပ်လိုကြောင်း တင်ပြတောင်းဆိုကြသည်ကို တွေ့ရှိခဲ့သည်။
၄၅၊
ဝက်မှေးကျေးရွာမှ ရွာသစ်ကျေးရွာသို့ ပြောင်းရွေ့ရောက်ရှိအခြေစိုက် နေထိုင်ကြသူများကို သွားရောက်တွေ့ဆုံပြီး ၄င်းတို့အတွက် တည်ဆောက်ပေးထားသော နေအိမ်၊ အဆောက်အအုံများကိုလည်း ကြည့်ရ၍လေ့လာခဲ့ကြရာတွင် Type A, Type B, Type C နှင့် Type D ဟူ၍ အမျိုးအစား ၄ မျိုးခွဲခြားထားသည်ကို တွေ့ရှိရသည်။ ယင်းနေအိမ်၊ အဆောက်အအုံများတွင် နေထိုင်လျက်ရှိနေသူများနှင့်လည်း တွေ့ဆုံမေးမြန်း ခဲ့ကြရာ အချို့က ဝက်မှေးရွာဟောင်းမှ ၄င်းရွာသစ်သို့ ပြောင်းရွေ့လာရခြင်းကို ကျေနပ်နှစ်သက်ကြသူများဖြစ်ကြပြီး အချို့မှာမူ နှစ်သက်ကျေနပ်မှုမရှိကြောင်း တွေ့ရှိရသည်။ ရွာဟောင်းတွင် နေစဉ်က ရွာသစ်မှာထက် အခြေအနေပိုမိုကောင်းမွန်သော အဆောက် အအုံနှင့် နေထိုင်ခဲ့ဖူးသူများ (ငွေကြေးချောင်လည်သူများ)က ကျေနပ်မှုမရှိကြဘဲ ရွာဟောင်းတွင်နေစဉ်က တဲအိမ်ငယ်နှင့် နေထိုင်ခဲ့ရသူများ (စီးပွားရေး မပြေလည် သူများ) ကမူ ရွာသစ်တွင် သစ်သားအိမ်နှင့် နေထိုင်ရသည်ဖြစ်၍ နှစ်ခြိုက်သဘောကျကြောင်း တွေ့ရှိရသည်။ တူညီသောအချက်မှာ မြို့သစ်တည်ဆောက်ခွင့်ရသည့် ကန်ထရိုက်တာများ၊ ဆပ်ကန်ထရိုက်တာများသည် နေအိမ်၊ အဆောက်အအုံကို ဆောက်လုပ်စဉ်က အရည်အသွေး ညံ့ဖျင်းသော (သို့မဟုတ်) စံချိန်မမီသောသစ်နှင့် အခြားအိမ်ဆောက်ပစ္စည်းများကို သုံးစွဲခဲ့သည်ဟု အများစုက မျက်မြင်သက်သေ အထောက်အထားများဖြင့် တင်ပြသည်ကို တွေ့ရှိရသည်။ ရွာသစ်သို့ ပြောင်းရွေ့ မည်ဆိုပါက ကြေးနီစီမံကိန်းတွင် အနည်းဆုံး တစ်အိမ်ထောင် တစ်ယောက်နှုန်းဖြင့် အလုပ်ရမည်ဟု ကတိကဝတ် ပြုထားခဲ့သော်လည်း လက်တွေ့တွင်မူ ထိုသို့မဟုတ်ကြောင်း တင်ပြသူများလည်းရှိသည်ကို တွေ့ခဲ့ရသည်။
၄၆၊
စုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ အကူအညီ တောင်းခံချက်အရ ဒေါက်တာတင်မျိုးဝင်းနှင့် Dr.Mark Hampson (Australian Embassy Medical Clinic) တို့နှစ်ဦးသည် ကော်မရှင်အဖွဲ့ဝင် ဒေါက်တာမြင့်သိန်းနှင့်အတူ ကံကုန်းကျေးရွာရှိ သုခဝေဆေးခန်းတွင် အက်စစ်ထိ၍ ကျန်းမာရေးထိခိုက်ကြောင်း သံသယရှိသည့် ကလေးငယ်လေးဦး၏ ရောဂါဝေဒနာ အခြေအနေကို ပဏာမ စမ်းသပ်စစ်ဆေးကြည့်ရ၍ကြရာ အက်စစ်ကြောင့်ဖြစ်သည့် ရောဂါလက္ခဏာများမဟုတ်ဟု မှတ်ချက်ပြုကြကြောင်း တွေ့ရှိခဲ့ရသည်။
၄၇၊
ဆားလင်းကြီးမြို့နယ်၊ ကံကုန်းကျေးရွာအနီးရှိ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၊ မိုးကြိုးဆာလ်ဖျူရစ်အက်စစ် စက်ရုံသည် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၏ စက်ရုံဖြစ်ကြောင်း၊ စက်မှုဝန်ကြီးဌာန၏ ခွင့်ပြုချက်ရယူထားခြင်း မရှိကြောင်း၊ ဦးပိုင်၏ စီးပွားရေးလုပ်ငန်းတစ်ခုအနေဖြင့် လုပ်ကိုင်နေခြင်းဖြစ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာ စံသတ်မှတ်ချက် လက်မှတ် (International Organization for Standardization: ISO Certificate) လည်း ရယူထားခြင်းမရှိကြောင်း၊ ကြေးနီမိုင်း၏ လိုအပ်ချက်ဖြစ်သော ၉၈ ရာခိုင်နှုန်း ဆာလ်ဖျူရစ်အက်စစ်နေ့စဉ် တန် ၅ဝ ထွက်ရှိကြောင်း၊ စက်ရုံစီမံကိန်းကို ၂ဝဝ၆ ခုနှစ်တွင် စတင်ခဲ့ပြီး ၁၉-၄-၂ဝဝ၇ ရက်နေ့တွင် စတင်လည်ပတ် ထုတ်လုပ်ခဲ့ကြောင်း၊ ခေါင်းတိုင်သည် မြေပြင်မှ ၁၃၁ ပေမြင့်ပြီး စွန့်ထုတ်သောအငွေ့တွင် ဆာလ်ဖာဒိုင်အောက်ဆိုဒ် (SO2) ပါဝင်မှုကို 150 ppm (parts per million) ထက် မများစေရန် သတ်မှတ်ထိန်းချုပ်စွန့်ထုတ်ကြောင်း၊ ၂၄ နာရီ စဉ်ဆက်မပြတ် လည်ပတ်ရသည့် အန္တရာယ်ရှိသော ဓာတုဗေဒပစ္စည်းစက်ရုံ (Hazardous Plant) အတန်းအစားအဖြစ် နိုင်ငံတကာက သတ်မှတ်ထားကြောင်း စက်ရုံမှူး၏ ရှင်းလင်းတင်ပြချက်အရ သိရှိခဲ့ရသည်။
၄၈၊
ဆိုရှယ်လစ်အစိုးရလက်ထက်တွင် သတ္တုတွင်းဝန်ကြီးဌာနသည် ယူဂိုဆလပ် နိုင်ငံမှ နည်းပညာနှင့် စက်ပစ္စည်း ကိရိယာများ ဝယ်ယူပြီး စံပယ်တောင်နှင့် ကြေးစင်တောင် သတ္တုတွင်းစီမံကိန်းလုပ်ငန်းများကို တစ်နေ့တန် ၈ဝဝဝ ကျ စက်ရုံတစ်ရုံ တည်ဆောက်ကာ ၁၉၈၄ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ကြောင်း၊ သတ္တုပါဝင်သည့် မြေသားတူးဖော်ခြင်း၊ ကြိတ်ခွဲခြင်းများ ပြုလုပ်ပြီးနောက် အမြုပ်ကပ်သန့်စင်သည့် နည်းစဉ် (Floatation Method) ဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ နည်းပညာမှားယွင်းခြင်း၊ ခေတ်မီမှုမရှိခြင်းတို့ကြောင့် သတ္တုရိုင်းအတွင်းရှိ ကြေးနီများအား ကုန်စင်အောင် ထုတ်ယူနိုင်မှု မရှိခဲ့ကြောင်း၊ ရင်းနှီးကုန်ကျစရိတ်နှင့် ထုတ်လုပ်မှုစရိတ်ကြီးမြင့်ခြင်း၊ ကြေးနီသတ္တုစင်အဖြစ် မထွက်ရှိခြင်း တို့ကြောင့် အချိန်ကုန်၊ ငွေကုန်အကျိုးအမြတ်မရရှိသည့်အတွက် စီမံကိန်းအား ၁၉၉၈ ခုနှစ်တွင် ရပ်ဆိုင်းခဲ့ကြောင်း တွေ့ရှိရသည်။
၄၉၊
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (တပ်မတော်အစိုးရ) လက်ထက် ၁၉၉၈ ခုနှစ် နိုဝင်ဘာလတွင် သတ္တုတွင်းဝန်ကြီးဌာန၊ အမှတ်(၁)သတ္တုတွင်းလုပ်ငန်းနှင့် ကနေဒါနိုင်ငံ အိုင်ဗင်ဟိုးကုမ္မဏီတို့ ပူးပေါင်းပြီး မြန်မာ-အိုင်ဗင်ဟိုး ကြေးနီကုမ္မဏီလီမိတက် (Myanmar Ivanhoe Company Copper Limited- MICCL) အမည်ဖြင့် ၅ဝး၅ဝ အကျိုးတူဖက်စပ်စနစ် (Joint Venture Agreement) ဖြင့် စာချုပ်ချုပ်ဆို၍ စံပယ်တောင် နှင့် ကြေးစင်တောင်သတ္တုတွင်း စီမံကိန်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း၊ ယင်းကဲ့သို့ ဆောင်ရွက်ရာတွင် ဟင်းလင်းပွင့်စနစ် (Open Pit) ဖြင့် သတ္တုတူးဖော်ပြီး ထွက်ရှိလာသော သတ္တုရိုင်းများကို စုပုံ၍ ဆာလ်ဖျူရစ်အက်စစ်ပျော့ဖြင့် ပက်ဖျန်းကာ ထွက်ရှိလာသည့် ကော့ပါးဆာလဖိတ် အရည်များကို Electrolite နည်းစဉ်ဖြင့် ကြေးနီသတ္တုစင်များ (၉၉ ဒသမ ၉၉ ရာခိုင်နှုန်း ထိပါဝင်) ထုတ်လုပ်သည့် စနစ်ဖြင့် ၂ဝ၁ဝခုနှစ်၊ ဒီဇင်ဘာလအထိ ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိခဲ့သည်။
၅ဝ၊
အမှတ် (၁)သတ္တုတွင်းလုပ်ငန်းနှင့် အိုင်ဗင်ဟိုကုမ္မဏီထံမှ အစုရှယ်ယာများ လွှဲပြောင်း ဝယ်ယူပြီး မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် (Myanmar Economic Holdings Limited - MEHL) နှင့် မြန်မာ-ယန်စီ ကော့ပါးလီမိတက် (Myanmar Yang Tse Copper Limited-MYTCL) တို့သည် ထုတ်လုပ်မှုအပေါ် အကျိုးအမြတ် ခွဲဝေခံစားသည့်စနစ် (Production Sharing Contract-PSC) ဖြင့် စာချုပ်ကို ၂ဝ၁ဝ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့တွင် စာချုပ်ချုပ်ဆိုပြီး စံပယ်တောင်နှင့် ကြေးစင်တောင် သတ္တုတွင်း စီမံကိန်းလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိခဲ့သည်။
၅၁၊
စံပယ်တောင်နှင့် ကြေးစင်တောင် သတ္တုတွင်း စီမံကိန်းဧရိယာသည် ၆၂၅၃ ဒသမ ဝ၄ ဧကရှိပြီး သတ္တုတွင်း ဝန်ကြီးဌာန၏ ခွင့်ပြုမိန့်ဖြင့် ဓာတ်သတ္တုအကြီးစား တူးဖော်ထုတ်လုပ်ခွင့် ရရှိထားကြောင်း၊ ၁၉၉၇ ခုနှစ်၊ နိုဝင်ဘာလမှစ၍ နှစ် ၃ဝ နှစ်ရှည် မြေငှားဂရန် ရရှိပြီးဖြစ်ကြောင်း တွေ့ရှိရသည်။ ထို့အပြင် မြန်မာနိုင်ငံ ရင်းနှီးမြ/ုပ်နှံမှု ကော်မရှင်၏ ၁၈-၃-၂ဝ၁၁ ရက်စွဲပါ နိုင်ငံခြားရင်းနှီးမြ/ုပ်နှံမှုဆိုင်ရာ ခွင့်ပြုမိန့်အမှတ် (၄၆၁-၂ဝ၁၁)ကို ရရှိထားပြီး Yang Tse Copper Limited မှ နိုင်ငံခြားရင်းနှီးမြ/ုပ်နှံမှု အမေရိကန်ဒေါ်လာ ၃၉၆ ဒသမ ၃၇၇ သန်းကို ရာနှုန်းပြည့် ရင်းနှီးမြ/ုပ်နှံမည်ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။
၅၂၊
လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်းစီမံကိန်းဧရိယာသည် ၇၈၆၇ ဒသမ ၇၈ ဧကရှိပြီး သတ္တုတွင်းဝန်ကြီးဌာန၏ ၅-၃-၂ဝ၁ဝ ရက်စွဲပါ ခွင့်ပြုမိန့်အမှတ် (ဝဝဝ၃-၂ဝ၁ဝ)ဖြင့် ဓာတ်သတ္တုအကြီးစား တူးဖော်ထုတ်လုပ်ခွင့်ရရှိထားကြောင်း၊ ၂ဝ၁၂ ခုနှစ်၊ စက်တင်ဘာလမှစ၍ နှစ် ၆ဝ မြေငှားဂရမ်ရရှိပြီးဖြစ်ကြောင်း တွေ့ရှိခဲ့သည်၊ ထို့အပြင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ၅-၅-၂ဝ၁ဝ ရက်စွဲပါ နိုင်ငံခြားရင်းနှီးမြ/ုပ်နှံမှုဆိုင်ရာ ခွင့်ပြုမိန့်အမှတ် (၄၃၈-၂ဝ၁ဝ) ကို ရရှိထားပြီး Wanbao Mining Limited က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၉၉၇ သန်းကို ရာနှုန်းပြည့် ရင်းနှီးမြ/ုပ်နှံမည်ဖြစ်ကြောင်း၊ ထုတ်လုပ်မှုအပေါ် အကျိုးအမြတ် ခွဲဝေခံစားသည့်စနစ် (Production Sharing Contract-PSC) ဖြင့် စာချုပ်ချုပ်ဆိုပြီး လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်းစီမံကိန်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။
၅၃၊
လက်ပံတောင်းတောင်ကြေးနီသတ္တုတွင်းစီမံကိန်း ဧရိယာအတွင်းရှိ ကျေးရွာ ၄ ရွာ ဖြစ်သော ဝက်မှေး၊ ကံတော၊ ဆည်တည်းနှင့် ဇီးတောကျေးရွာများမှ ကျေးရွာသစ်သို့ ရွေ့ပြောင်းပြီးစီးမှုအခြေအနေမှာ စုစုပေါင်း ရှိရင်း ၄၄၁ အိမ်အနက် ၂၁၈ အိမ်ရွေ့ ပြောင်းပြီး ၂၂၃ အိမ် ကျန်ရှိနေသေးကြောင်း၊ ရှိရင်းဘုန်းတော်ကြီး ကျောင်း ၅ ကျောင်း အနက် ၃ ကျောင်းရွေ့ပြောင်းပြီး ၂ ကျောင်း ကျန်နေသေးကြောင်း တွေ့ရှိခဲ့ရသည်။
၅၄၊
၂ဝဝ၁ ခုနှစ်၊ လန-၃၉ အရ လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း စီမံကိန်းနယ်မြေတွင် သိမ်းဆည်းမြေ ဧရိယာစုစုပေါင်း ၇၈၆၇ ဒသမ ၇၈ ဧကအနက် လယ်ယာ စိုက်ပျိုးမြေ ၅ဝ၅၇ ဒသမ ဝဝ ဧကရှိကြောင်း တွေ့ရှိရပါသည်။ ၅-၄-၂ဝ၁၁ ရက်နေ့မှ ၂၅-၇-၂ဝ၁၂ ရက်နေ့အထိ မြေလျော်ကြေးပေးပြီးသော ဧရိယာမှာ ဦးပိုင် မပေါက်သော်လည်း စိုက်ပျိုးထားမြေ ၁၇၂၇ ဧက အပါအဝင် ၆၇၈၄ ဧကရှိကြောင်း တွေ့ရှိခဲ့ရသည်။
၅၅၊
ကျေးရွာသစ်သို့ပြောင်းရွေ့သူများအား Wanbao Mining Limited က ကျေးရွာ ဟောင်းတွင် နေထိုင်ခဲ့သော နေအိမ်အမျိုးအစားအလိုက် အဆောက်အအုံ၏ တစ်စတုရန်းပေနှုန်းထားဖြင့် တွက်ချက်ထားသော အဆောက်အအုံ ပျက်စီးမှု နစ်နာကြေးများကို (အနည်းဆုံး ၃၅ဝဝဝ ကျပ်မှ အများဆုံးကျပ် ၁ဝ သိန်းအထိ) ထောက်ပံ့ပေးခြင်း၊ ကျေးရွာသစ်ရှိနေအိမ်များတွင် လိုအပ်ချက်များရှိပါက စိတ်တိုင်းကျ ပြင်ဆင်ထိန်းသိမ်းနိုင်ရန် အိမ်အမျိုးအစားအလိုက် A-Type ၁ဝ သိန်း၊ B-Type ၈ သိန်း၊ C-Type ၆ သိန်းနှင့် D-Type ၄ သိန်း နှုန်းများဖြင့် ထောက်ပံ့ငွေများ ပေးအပ်ခြင်း၊ အခြားလိုအပ်ချက်များ ပံ့ပိုးပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိခဲ့ရသည်။
၅၆၊
စံပယ်တောင်နှင့်ကြေးစင်တောင် ကြေးနီသတ္တုတွင်း၏ လုပ်သားအင်အားမှာ နိုင်ငံခြားသားပညာရှင် ၆ ဦး၊ မြန်မာဝန်ထမ်း ၁၄၃၉ ဦးဖြစ်ပြီး လက်ပံတောင်းတောင် သတ္တုတွင်းလုပ်သားအင်အားမှာ နိုင်ငံခြားသားပညာရှင် ၁၆၉ ဦးနှင့် မြန်မာဝန်ထမ်း ၆၆ဝ ဦးဖြစ်ကြောင်း၊ အသစ်ခန့်ထားမည့် အင်ဂျင်နီယာဘွဲ့ရများနှင့် အခြားဘွဲ့ရ မြန်မာဝန်ထမ်းများ ၁၂၈ ဦးအား ၂၄-၉-၂ဝ၁၂ မှ စတင်၍ လုပ်ငန်းခွင်အခြေခံ ၉ လ သင်တန်း သင်ကြားပို့ချလျက်ရှိပြီး သင်တန်းကာလအတွင်း အဆောင်၌နေထိုင်စေပြီး စားသောက်စရိတ်နှင့် အထွေထွေစရိတ်အတွက် တစ်ဦးလျှင် ငွေကျပ် ၁ သိန်းနှုန်း ထောက်ပံ့ပေးကြောင်း၊ ရွေ့ပြောင်းခံရသော ကျေးရွာ ၄ ရွာနှင့် စီမံကိန်းအနီးပတ်ဝန်းကျင် ကျေးရွာများမှ ရွာသူရွာသားများအား စီမံကိန်းဝန်ထမ်းအဖြစ် ခန့်ထားပေးပြီး လုပ်ငန်းခွင် လက်တွေ့ သင်ကြားပေးခြင်းဆောင်ရွက်လျက်ရှိကြောင်း၊ လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်းသည် သတ္တုတွင်း ထူထောင်မှုကာလဖြစ်ပြီး တည်ဆောက်မှုလုပ်ငန်းများ ဆောင်ရွက်နေရ၍ နိုင်ငံခြားသားပညာရှင်ဦးရေ များပြားနေခြင်းဖြစ်ကြောင်း၊ ထုတ်လုပ်မှုလုပ်ငန်းစတင်သည်နှင့် မြန်မာဝန်ထမ်းများအစားထိုး၍ နိုင်ငံခြားသား အင်အားအနည်းဆုံးဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
၅၇၊
မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် Myanmar Economic Holdings Limited-MEHL နှင့် Myanmar Wanbao Mining Copper Limited-MWMCL တို့က အသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ ကျင်းပခြင်း၊ တောင်ကြားကျောင်းတိုက် ပဌာန်း သိမ်းအောင်ပွဲအခမ်းအနားကျင်းပခြင်း၊ ရေဘေးသင့်ဒေသခံများအတွက် အလှူငွေပေးအပ်ခြင်း၊ ဝက်မှေး-ကံတော ကျေးရွာသစ်တွင် ကျောင်းသုံးစာအုပ်များ၊ ကျောင်းဝတ်စုံများနှင့် ကျောင်းသုံးဗီရိုများ လှူဒါန်းခြင်း၊ ရွာသာရွာ၊ ယမားချောင်း တာပေါင် ပြုပြင်ဆောင်ရွက်ပေးခြင်း၊ ရွာသာ-ရေဤပန်းခိုင်လမ်း ဆောက်လုပ်ပေးခြင်း၊ သာယာကုန်းရွာတံတား၊ မိုးကြိုးပြင်ရွာဆည် ပြုပြင်ဆောင်ရွက်ပေးခြင်း၊ ဖောင်းကားရွာဆည် ပြုပြင်ပေးခြင်း၊ လက်ပံတောင်းကျေးရွာရှိ ဆေးပေးခန်းနှင့် စာကြည့်တိုက်ရှေ့မြေနေရာအား စက်ယန္တရားများဖြင့် ပြုပြင်ကူညီပေးခြင်းနှင့် ၂ဝ၁၁ ခုနှစ်အတွင်း မိုးရွာသွန်းမှုကြောင့် ကျိုးပေါက်သွားသော ဆားလင်းကြီးမြို့လယ်ရှိ အများသုံးရေကန်ကြီး ပြန်လည်ပြုပြင်မှုအား စက်ယန္တရားများဖြင့် ကူညီဆောင်ရွက်ပေးခြင်း၊ ကံကုန်းကျေးရွာတွင် သောက်သုံးရေအတွက် အဝီစိတွင်းနှင့်အုတ်ရေကန် တူးဖော်လှူဒါန်းခြင်း၊ သောက်ရေအတွက် ရေသန့်စက်လှူဒါန်းခြင်း စသည်တို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိခဲ့ရသည်။
၅၈၊
ကြေးနီထုတ်လုပ်မှု စွမ်းရည်အနေဖြင့် စံပယ်တောင်၊ စံပယ်တောင်(တောင်) နှင့် ကြေးစင်တောင် ကြေးနီသတ္တုတွင်းတို့မှ ၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၅ ခုနှစ်အထိ တစ်နှစ်လျှင် တန်ချိန် ၂၅ဝဝဝ နှင့် ၂ဝ၁၅ ခုနှစ်မှ စတင်၍ တစ်နှစ်လျှင် တန်ချိန် ၃၉ဝဝဝ ထုတ်လုပ်ရန်ကိုလည်းကောင်း၊ လက်ပံတောင်းတောင်ကြေးနီသတ္တုတွင်း စီမံကိန်းမှ တစ်နှစ်လျှင် တန်ချိန် ၁ဝဝဝဝဝ ထုတ်လုပ်ရန်ကိုလည်းကောင်း ရည်မှန်းထားကြောင်းသိရှိခဲ့ရသည်။
၅၉၊
စံပယ်တောင်၊ စံပယ်တောင်(တောင်)မှ ကြေးနီသတ္တုစင် ထုတ်လုပ်မှုမှာ မြန်မာ-အိုင်ဗင်ဟို ကြေးနီကုမ္မဏီလီမိတက် (Myanmar Ivanhoe Copper Company Limited - MICCL) ၏ ထုတ်လုပ်မှုလုပ်ငန်းများကို (Cut-off Date) အဖြစ် သတ်မှတ်ထားသည့် ၃၁-၁၂-၂ဝ၁ဝ ရက်နေ့ နောက်ပိုင်းတွင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် Myanmar Economic Holdings Limited- MEHL နှင့် (Wanbao Mining Limited) ၏ ကုမ္မဏီခွဲဖြစ်သော (Myanmar Yang Tse Copper Co., Ltd.) တို့က တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း၊ ထုတ်လုပ်မှုအတွက် အဓိက လိုအပ်လျက်ရှိသည့် (Myanmar Yang Tse Copper Co., Ltd.) နှင့် (Diluent, HSD, Sulphuric Acid) နှင့် (Explosive) များကို အမြန်ဖြည့်ဆည်း ဆောင်ရွက်ပြီး ထုတ်လုပ်မှုလုပ်ငန်းများ စတင်ခဲ့ရာ ၅-၂-၂ဝ၁၁ ရက်နေ့မှစတင်ပြီး ကြေးနီသတ္ထုစင် (Cathode Copper) များ စတင်ထွက်ရှိခဲ့ကြောင်း၊ ၂ဝ၁၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂ဝ၁၂ ခုနှစ်၊ နိုဝင်ဘာလကုန်အထိ စုစုပေါင်း (Cathode Copper) ၂၂၁၇၄ ဒသမ ၁၁ တန် ထုတ်လုပ်ပြီးဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။
၆ဝ၊
ကြေးနီသတ္တုစင် ထုတ်လုပ်မှုဖြစ်စဉ် (Production Process) ကို လက်တွေ့ ကွင်းဆင်းလေ့လာကြည့်ရ၍ရာတွင် (Mining)၊ (Crushing)၊ (Screening)၊ (Heap Leaching)၊ ( Solvent Extraction)၊ (Electro-wining) စသည့် လုပ်ငန်းအဆင့်ဆင့် ပါဝင်ကြောင်း တွေ့ရှိခဲ့ရသည်။ ထို့ပြင် ကြေးနီသတ¬ုစင် ထုတ်လုပ်မှုဖြစ်စဉ်တွင် အသုံးပြုရသော ကုန်ကြမ်းပစ္စည်းအမျိုးမျိုး (ရေနှင့် မြေကျောက်၊ အစိုင်အခဲ စသည်)တို့မှာ ထုတ်လုပ်မှုဖြစ်စဉ်စနစ် (Production Processing System) အတွင်းမှ အပြင်သို့ စွန့်ထုတ်ပစ်ရန် မလိုဘဲ ၄င်းစနစ်အတွင်းမှာပင် အဖန်တလဲလဲ ပြန်လည်အသုံးပြုနိုင်သော (Zero Discharge Process) ဖြစ်ကြောင်း တွေ့ရှိရသည်။
၆၁၊
မိုင်းမြို့ (Mine Town) (လုပ်သားမြို့)ရှိ ပြည်သူ့ဆေးရုံသည် ခုတင် ၂၅ လုံးဆံ့ ဆေးရုံတစ်ရုံဖြစ်ပြီး အထွေထွေ ရောဂါကု ဆရာဝန် ၄ ဦး၊ သွားဆရာဝန် ၁ ဦး၊ သူနာပြုဆရာမ ၆ ဦး၊ သူနာပြုအကူ ၅ ဦးနှင့် အထွေထွေအကူ ၃ ဦးဖြင့် ကြေးနီသတ္တုတွင်းစီမံကိန်းဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများအား ၂၄ နာရီ ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးလျက်ရှိကြောင်း၊ ယခုအခါ ၂၁-၅-၂ဝ၁၂ ရက်နေ့မှစ၍ နေ့စဉ် (Mobile Medical Team) တစ်ခုဖြင့် လှည့်လည်၍ အနီးပတ်ဝန်းကျင် ကျေးရွာများ ၂၈ ရွာမှ လူနာများကိုပါ အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးလျက်ရှိကြောင်း တွေ့ရှိရသည်။ ဒေသခံ ရွာသူရွာသားများက ထို့ထက်ပိုမို၍ ထိရောက်သော အကူအညီများ ပေးစေလိုကြောင်းကိုလည်း တွေ့ရှိရသည်။
၆၂၊
ပုသိမ်-မုံရွာ ကားလမ်းဘေးရှိ ဒုန်းတောရွာနှင့် လေးည/င်းတောင်ဘုန်းတော်ကြီးကျောင်းအကြား၊ (မိုင်တိုင်အမှတ် (၄၄၆-၂) မှ (၄၄၆-၇) အထိ)တွင်ရှိသော ယခင် ၁၉၈၄ ခုနှစ်မှ ၁၉၉၇ ခုနှစ်ခန့်အတွင်း စွန့်ပစ်ခဲ့သည့် စွန့်ပစ်မြေများကို ဒေသခံများက ဒေသန္တရနည်းဖြင့် ဒုတ္ကာ-ကြေးနီချက်လုပ်ပြီး ကျန်ရှိနေသည့် ညစ်နွမ်းမြေသားများကို အရုပ်ဆိုး အကျည်းတန်စွာ တွေ့ရှိခဲ့ရသည်။ ထို့အပြင် ပုသိမ်-မုံရွာကားလမ်းဘေးရှိ ကံကုန်းကျေးရွာအတွင်းနှင့် အနီးပတ်ဝန်းကျင်တွင်လည်း ယခင် ၁၉၈၄ ခုနှစ်မှ ၁၉၉၇ ခုနှစ်ခန့်အတွင်း စွန့်ပစ်ခဲ့သည့် စွန့်ပစ်မြေများကို ဒေသန္တရနည်းဖြင့် ဒုတ¬ာ-ကြေးနီချက်လုပ်မှုကြောင့် မြေသားများ ညစ်နွမ်းပြီး မြေအောက်သို့ စိမ့်ဝင်မှုကြောင့် သောက်သုံးရေ မသန့်ရှင်းမှုများ ဖြစ်ပေါ်နေကြောင်း တွေ့ရှိခဲ့သည်။
၆၃၊
မုံရွာကြေးနီစီမံကိန်း၏ ပထမအဆင့်ဖြစ်သည့် စံပယ်တောင်၊ ကြေးစင်တောင် စီမံကိန်းတွင် ပေါင်းစပ်စီမံခန့်ခွဲမှုစနစ် (Integrated Management System) ကို အရည်အသွေးမြင့်မားရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းခွင်ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆောင်ရွက်မှုများတွင် အခြေခံမူဝါဒအဖြစ် ကျင့်သုံးကြောင်း၊ ၂ဝဝ၃ ခုနှစ်မှစ၍ စံပယ်တောင်၊ ကြေးစင်တောင် စီမံကိန်းသည် အပြည်ပြည်ဆိုင်ရာလက်မှတ် ၃စောင်ဖြစ်သော ISO 14001:2004 (သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု စီမံခန့်ခွဲခြင်းဆိုင်ရာလက်မှတ်) ISO 9001:2008 (ထုတ်လုပ်မှု စီမံခန့်ခွဲခြင်းဆိုင်ရာလက်မှတ်) OHSAS 18001:2007 (လုပ်ငန်းခွင်ဘေးကင်းလုံခြုံမှုနှင့် ကျန်းမာရေး စီမံခန့်ခွဲမှု ဆိုင်ရာလက်မှတ်)တို့ကို ရရှိထိန်းသိမ်းထားနိုင်ခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။
၆၄၊
မုံရွာကြေးနီစီမံကိန်း၏ ဒုတိယအဆင့်ဖြစ်သည့် လက်ပံတောင်းတောင်စီမံကိန်းတွင်လည်း စံပယ်တောင်၊ ကြေးစင်တောင်စီမံကိန်းမှာကဲ့သို့ပင် ဟင်းလင်းပွင့် (Open Pit) သတ္တုတူးဖော်ရေးလုပ်ငန်း၊ အက်စစ်ပါဝင်သော အရည်ဖျန်း၍ ဒုတ¬ာရည် ထုတ်လုပ်ငန်း၊ အော်ဂဲနစ်အရည်ဖြင့် ဒုတ္တာအရည်အသွေး မြှင့်တင်ခြင်းလုပ်ငန်းနှင့် လျှပ်စစ်သုံးသန့်စင်နည်းစဉ်ဖြင့် ကက်သုတ်ကြေးနီ ထုတ်လုပ်ခြင်းလုပ်ငန်းများ ပါဝင်မည်ဖြစ်ကြောင်း၊ ထို့အပြင် လက်ပံတောင်းတောင်စီမံကိန်းတွင် အပြည်ပြည်ဆိုင်ရာ စံနှုန်းများကို အခြေခံသည့်စနစ်ကိုလည်း အလားတူ ဆက်လက်ကျင့်သုံးသွားမည်ဖြစ်ကြောင်းတွေ့ရှိခဲ့ရသည်။
၆၅၊
၁၉၉၆ ခုနှစ်တွင် သြစတြေးလျနိုင်ငံ (Coffey Partners International Pty. Limited) က လက်ပံတောင်းတောင် ရေစီမံခန့်ခွဲမှုနှင့် ပတ်ဝန်းကျင်စောင့်ကြည့်လေ့လာမှုများကို ဆောင်ရွက်ခဲ့ကြောင်း၊ ထို့အပြင် လက်ပံတောင်းတောင် စီမံကိန်းအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူမှုဘဝအကဲဖြတ်မှု၊ Environmental and Social Impact Assessment-ESIA) စာတမ်းကို ၁၉၉၇ ခုနှစ်ကပင် သြစတြေးလျနိုင်ငံ (MINPROC Engineers Limited) က အကြိုဖြစ်နိုင်စွမ်းလေ့လာမှု အစီရင်ခံစာ (Pre-feasibility Study Report) နှင့် ဖြစ်နိုင်စွမ်းလေ့လာမှုအစီရင်ခံစာ (Feasibility Study Report) ၌ ရေးသားထည့်သွင်းခဲ့ကြောင်း၊ ၂ဝဝ၃-၂ဝဝ၄ ခုနှစ်များတွင်လည်း လက်ပံတောင်းတောင် ကြေးနီစံမံကိန်းအတွက် (Base Line Study on the Flora) နှင့် (Base Line Study on Fish, Birds & Mammals Report) တို့ကို ရန်ကုန်တက္ကသိုလ်၊ သတ္တဗေဒဌာနမှ စစ်တမ်းကောက်ယူပြုစုတင်ပြပြီးဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။
၆၆၊
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် ၂ဝ၁၂ ခုနှစ်၊ စက်တင်ဘာလတွင် Environmental Myanmar Cooperative Company Limited (EMC) က Base Line and Monitoring Survey on Flora and Fauna of Letpadaung Copper Project Mine Area ကိုလည်း စစ်တမ်း ကောက်ယူခဲ့ပြီးဖြစ်ကြောင်း၊ Re-assessment of EIA & SIA တို့ကို ကုမ္မဏီ ၃ ခုဖြင့်ဆောင်ရွက်ပြီး Integrated Management System (IMS)၊ Integrated Management Procedures (IMPs)၊ Environmental Control Procedures (ECPs)၊ Safety Procedures၊ Environment Aspect Register နှင့် Standard Operating Procedures (SOPs) စသော လုပ်ငန်းများကို ပြဋ္ဌာန်းပြီး အသေးစိတ်စီမံဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိခဲ့ရသည်။
၆၇၊
မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (Myanmar Economic Holdings Limited-MEHL) သည် စုံစမ်းစစ်ဆေးရေး ကော်မရှင်အား ဦးပိုင်လီမိတက်နှင့်ဝမ်ပေါင်ကုမ္မဏီတို့ ချုပ်ဆိုထားသော စာချုပ်ကို တင်ပြခဲ့ပါသည်။ ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့တွင် စုံစမ်းစစ်ဆေးရေးကော်မရှင်နှင့် ဦးပိုင်ဥက္ကဋ္ဌခေါင်းဆောင်သည့်အဖွဲ့နှင့် တွေ့ဆုံရာတွင် ဦးပိုင်လီမိတက်ဘက်မှ လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း စီမံကိန်းအား ဦးပိုင်လီမိတက်သို့ သတ္တုတွင်းဝန်ကြီးဌာနက ထုတ်လုပ်ခွင့်ပါမစ် ထုတ်ပေးခဲ့ကြောင်း၊ ဦးပိုင်လီမိတက်သည် ဝမ်ပေါင်ကုမ္မဏီနှင့် ထုတ်လုပ်မှု ခွဲဝေသည့် (Production Sharing Contract) စာချုပ်ချုပ်ဆိုခဲ့ကြောင်း၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်၊ ကုန်သွယ်မှုဝါဒကောင်စီ၏ ခွင့်ပြုမိန့်၊ အစိုးရအဖွဲ့တို့၏ ခွင့်ပြုမိန့်တို့ကို ရယူခဲ့ကြောင်း ရှင်းပြခဲ့ပါသည်။ ထိုကဲ့သို့ သဘောတူညီချက်များရယူထားသော်လည်း နိုင်ငံခြားကုမ္မဏီနှင့် သတ္တုတွင်းလုပ်ငန်း လုပ်ကိုင်ခြင်းဖြစ်ရာ ထိုသို့လုပ်ကိုင်ရန်အတွက် ခွင့်ပြုသည့် အမိန့်ကြော်ငြာစာ (Notification) ကိုမူ ထုတ်ပြန်ထားခြင်း မရှိကြောင်းကို တွေ့ရှိရပါသည်။ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အတိုင်ပင်ခံပညာရှင် ၂ ဦးတို့က နိုင်ငံတော်၏ အကျိုးစီးပွား၊ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၏ ရေရှည်အကျိုးအတွက် ဦးပိုင်လီမိတက်နှင့် ဝမ်ပေါင်တို့ ချုပ်ဆိုထားသော စာချုပ်တွင် ပြင်ဆင်သင့်သည့် အချက်အလက်တို့ကို အကြံပြုခဲ့ကြပါသည်။ ဦးပိုင်လီမိတက်သည် ကန်ထရိုက်စာချုပ်ကို ပြင်ဆင်ခွင့်ရှိကြောင်းနှင့် ထိုသို့ပြင်ဆင်သည့်အခါ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အကြံပြုချက်များကို ထည့်သွင်းပြင် ဆင်မည်ဖြစ်ကြောင်းဖြင့် ကော်မရှင်အား ပြောကြားခဲ့ပါသည်။
၆၈၊
ကော်မရှင်၏ ဒေသခံအဖွဲ့ဝင်တို့က ယင်းမာပင်မြို့နယ်၊ ရေကြည်ပြင်ရွာမှ အမျိုးသမီးကြီးတစ်ဦး ၂-၂-၂ဝ၁၃ ရက်နေ့တွင် ကျောက်မိုင်းခွဲမှုကြောင့် အုတ်ရေကန် ပြိုကျ၍ ဒဏ်ရာရရှိသည်ဟု ကော်မရှင်အား သတင်းပို့ခဲ့ရာ ကော်မရှင်အဖွဲ့ဝင်နှစ်ဦးသည် ၆-၂-၂ဝ၁၃ ရက်နေ့တွင် သွားရောက်စစ်ဆေးခဲ့ပါသည်။
က) အမျိုးသမီးကြီးသည် အုတ်ကန်ပြိုကျသဖြင့် ပွန်းပဲ့ဒဏ်ရာများရရှိပြီး မုံရွာပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံနေသည်ကို တွေ့ရှိရပါသည်။ ပြည်သူ့ ဆေးရုံက လိုအပ်သော ကျန်းမာရေးစစ်ဆေးမှုများကို ပြုလုပ်ပေးခဲ့ပါသည်။
(ခ) ပြိုကျသည့်အုတ်ရေကန်ကို စစ်ဆေးကြည့်ရာ အုတ်ရေကန်မှာ ၂ဝ၁၂ ခုနှစ်၊ ဒီဇင်ဘာလတွင် ဆောက်လုပ်ခဲ့ပြီး လက်ရာမှာ သတ်မှတ်အရည် အသွေးမမီကြောင်း၊ အုတ်ရေကန်မှာ မြေတုန်ခါမှု (Vibration) လားရာဘက်သို့ ဆန့်ကျင်၍ ပြိုကျခဲ့သည်ကို တွေ့ရှိရပါသည်။ ရွာအတွင်းရှိ အခြားရေကန်များမှာမူ ထိခိုက်ပျက်စီးမှုမရှိကြောင်း တွေ့ရှိရပါသည်။ ကော်မရှင်အဖွဲ့ဝင်များသည် မြန်မာ-ယန်စီကော့ပါးကုမ္မဏီက ကြေးစင်တောင်နှင့် စံပယ်တောင်တို့တွင် စမ်းသပ်ကျောက်မိုင်းခွဲမှုများကို မျက်မြင် ကြည့်ရ၍ခဲ့ရာ များစွာကျယ်လောင်သော အသံများမကြားရဘဲ တုန်ခါမှု မရှိခဲ့ကြောင်း တွေ့ရှိရပါသည်။ ပတ်ဝန်းကျင်သို့ ဆက်လက်လေ့လာခဲ့ရာ ရေပုပ်ကျေးရွာရှိ ဘုရားများအား ပျက်စီးမှု ရှိ-မရှိ လှည့်လည်ကြည့်ရ၍ ဖူးမြော်ပြီး၊ ဆရာတော်ဦးသီလနန္ဒ၏ မိန့်ကြားချက်အရ ယခင်နှစ်က ငလျင်ဒဏ်ကြောင့် ဘုရားစေတီအချို့ ကွဲအက်ခဲ့ကြောင်း၊ ကျောက်မိုင်းခွဲမှုကြောင့် အသံကျယ်ပြီး မြေတုန်ခါမှု အနည်းငယ်သာရှိကြောင်း သိရှိရပါသည်။
(ဂ) အမျိုးသမီး၏ဒဏ်ရာရရှိမှုသည် ကျောက်မိုင်းခွဲမှုနှင့် ဆက်စပ်မှုမရှိသော်လည်း မြန်မာ-ယန်စီ ကော့ပါးကုမ္မဏီက စေတနာအလျောက် ဆေးကုသပေးခဲ့ကြောင်း တွေ့ရှိရပါသည်။

မြန်မာ့ပတ်ဝန်းကျင်သိပ္ပံအဖွဲ့အား တာဝန်ပေးအပ်ခြင်း
၆၉၊
စုံစမ်းစစ်ဆေးရေးကော်မရှင်၏ ကွင်းဆင်းလေ့လာချက်များမှာ ပဏာမစုံစမ်း စစ်ဆေးမှုများဖြစ်သဖြင့် လက်ပံတောင်းတောင်ကြေးနီသတ္တုတွင်း စီမံကိန်းနှင့်စပ်လျဉ်း၍ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနှင့် လူမှုဘဝ အကျိုးသက်ရောက်မှုတို့ကို အကဲဖြတ်နိုင်ရန်အတွက် မြန်မာ့ပတ်ဝန်းကျင်သိပ္ပံအား တာဝန်ပေးအပ်ခဲ့ရာ မြန်မာ့ပတ်ဝန်းကျင်သိပ္ပံသည် အောက်ပါဘာသာရပ် ကျွမ်းကျင်သူများ ပါဝင်သည့်အဖွဲ့ဖြင့် လုပ်ငန်းများကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်-
(က) Ecology Expert ၁ ဦး
( ခ) Natural Hazard and Environmental Management ၁ ဦး
( ဂ) Project Development Analyst Expert ၁ ဦး
(ဃ) Health, Safety and Environment Consultant ၁ ဦး
( င) Environmental Engineering Consultant ၁ ဦး
( စ ) Soil and Water Expert ၁ ဦး
(ဆ) Environmental Mapping Expert ၁ ဦး
( ဇ ) Social Impact Assessment Expert ၂ ဦး
(စ်) Air Quality Expert ၁ ဦး
(ည) EIA Consultant ၁ ဦး
(ဋ) Cultural Expert ၁ ဦး

မြန်မာ့ပတ်ဝန်းကျင်သိပ္ပံအဖွဲ့၏ လေ့လာတွေ့ရှိချက်များ
၇ဝ၊
မြန်မာ့ပတ်ဝန်းကျင်သိပ္ပံအဖွဲ့သည် ဒီဇင်ဘာလ ၂၄ ရက်နေ့မှ ၃ဝ ရက်နေ့အထိ လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်းစီမံကိန်းနှင့် စပ်လျဉ်း၍ လည်းကောင်း၊ စံပယ်တောင်နှင့် ကြေးစင်တောင်ကြေးနီသတ္တုတွင်း စီမံကိန်းလုပ်ဆောင်နေမှုကို လည်းကောင်း သွားရောက်၍ လက်တွေ့ကွင်းဆင်းလေ့လာခဲ့ပါသည်။ ကွင်းဆင်းလေ့လာချက်များအရ အောက်ပါတို့ကို တွေ့ရှိခဲ့ရပါသည်-
(က) ဂေဟစနစ်၊
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဒေသတွင်ရှိသည့် သစ်ပင်များအနက် သစ်ပင်အမျိုးအစား (Plant species) တွင် မျိုးတုံးမည့် အမျိုးအစားမတွေ့ရကြောင်း၊ စီမံကိန်းဧရိယာသည် ချင်းတွင်းမြစ်အနီးတည်ရှိကြောင်း၊ မြစ်ရေလျှံသည့်အခါ ကြေးနီမိုင်းအနီးအထိ ရောက်ရှိကြောင်း၊ ချင်းတွင်းမြစ်ရေ၏ နမူနာကို စစ်ဆေးခဲ့ရာတွင် နိုင်ငံတကာ စံချိန်စံနှုန်းအတွင်း ရှိကြောင်း၊ မြေအောက်ရေ (Ground Water) ကို စစ်ဆေးရာတွင် မြေအောက်ရေသည် သောက်သုံးရန် မသင့်လျော်သည်ကို တွေ့ရှိရကြောင်း၊ အထူးသဖြင့် ကံကုန်းကျေးရွာရှိ ရေတွင်းများမှ မြေအောက်ရေသည် နိုင်ငံတကာက သတ်မှတ်ထားသော သောက်သုံးရေ စံနှုန်းထက်နိမ့်ကျသည်ကို တွေ့ရှိရကြောင်း၊
( ခ ) လေထုညစ်ညမ်းမှု အခြေအနေ၊
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နယ်မြေဝန်းကျင်တွင် ဖုန်မှုန့်ပါဝင်မှုသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) စံချိန်စံညွှန်းများထက် ပိုမိုနေသည်ကို တွေ့ရှိရပါသည်။ လေထုနှင့်ပတ်သက်သည့် အခြား အင်္ဂါရပ်များဖြစ်သော CO2, VOC, NO2, and SO2 တို့ပါဝင်မှုမှာမူ သတ်မှတ်ထားသော စံချိန်စံညွှန်းအတွင်း ကောင်းမွန်သည့် အခြေအနေရှိသည်ကို တွေ့ရှိရပါသည်။
( ဂ ) လက်ပံတောင်းတောင်စီမံကိန်းအပေါ် လူမှုဝန်းကျင် ရှုထောင့်မှ ဆန်းစစ်ချက်၊
မြန်မာ့ပတ်ဝန်းကျင်သိပ္ပံအဖွဲ့သည် ၂၅-၁၂-၂ဝ၁၂ မှ ကွင်းဆင်းလေ့လာပြီး စံပယ်တောင်၊ ကြေးစင်တောင်နှင့် လက်ပံတောင်း တောင်တို့၏ သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေး၊ ကျန်းမာရေး ဆောင်ရွက်မှု အခြေအနေများကို လေ့လာခြင်း၊ ရွာသားများအား စီမံကိန်း နှင့်ပတ်သက်၍ တွေ့ဆုံမေးမြန်းခြင်း၊ လယ်ယာမြေ လျော်ကြေးကိစ္စနှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်းခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။ ထိုသို့လေ့လာရာတွင် ပြောင်းရွေ့မည့် ကျေးရွာသစ်ကို တည်ဆောက်ပေးခြင်း၊ မူလတန်းကျောင်း၊ စာကြည့်တိုက်၊ ဆက်သွယ်ရေးစခန်းနှင့် မီးသတ်စခန်းများ ထားရှိပေးခြင်း၊ ရေ၊ မီးရရှိရန် ဆောင်ရွက်ပေးခြင်း၊ ဘုန်းတော်ကြီး ကျောင်းများ တည်ဆောက်ပေးခြင်း စသည်တို့ကို ပြုလုပ်ပေးကြောင်း တွေ့ရှိရပါသည်။ အိမ်များကို တည်ဆောက်ပေးရာတွင် အရည်အသွေးညံ့သဖြင့် အိမ်အမျိုးအစားအလိုက် လျော်ကြေး ၄ သိန်းမှ ၁ဝ သိန်းအထိ ထပ်မံပေးအပ်သည်ကိုလည်း တွေ့ရှိရပါသည်။ မြေယာ-သီးနှံလျော်ကြေးအဖြစ် တစ်ဧကလျှင် ၅၂ဝဝဝဝ ကျပ်မှ ၅၅ဝဝဝဝ ကျပ်အထိ လည်းကောင်း၊ ထန်းတစ်ပင်နှင့် သနပ်ခါး တစ်ပင်လျှင် ၁ဝဝဝဝ ကျပ်၊ သရက်ပင်တစ်ပင်လျှင် ၁၆ဝဝဝ ကျပ်နှုန်းဖြင့်လည်းကောင်း လျော်ကြေးပေးခဲ့ကြောင်း တွေ့ရှိရပါသည်။
(ဃ) ကွင်းဆင်းအဖွဲ့အနေဖြင့် အောက်ပါအားနည်းချက်များကို တွေ့ရှိခဲ့ပါသည်-
(၁) ရွာသစ်များကို စံပြကျေးရွာအဆင့်မီ တည်ဆောက်ထားမှုမရှိခြင်း၊
(၂) လျော်ကြေးကိစ္စတွင် ပွင့်လင်းမြင်သာမှု မရှိခြင်း၊
(၃) သတင်းအချက်အလက်ရရှိရန် အခွင့်အလမ်းအားနည်းသော ရွာသူရွာသားများအား စီမံကိန်းနှင့်ပတ်သက်သည့် သိကောင်းစရာများကို ခေါ်ယူဆွေးနွေးရှင်းလင်းပြသမှု မရှိခြင်း၊
(၄) လျော်ကြေးပေးမည့် ဆင့်ခေါ်ကြော်ငြာစာများတွင် မြေယာ-သီးနှံ လျော်ကြေးများဟုရေးထားပြီး လျော်ကြေးရရှိကြောင်း လက်ဗွေ (သို့မဟုတ်) လက်မှတ်ထိုးရသော ဝန်ခံချက်စာရွက်တွင်မူ လျော်ကြေးငွေရရှိကြောင်းနှင့် မြေယာစွန့်လွှတ်ကြောင်း ဝန်ခံချက်ဟု တွေ့ရခြင်း၊
(၅) မြေယာ-သီးနှံလျော်ကြေးပေးရာတွင် ယာမြေဖြင့် အသက်မွေးဝမ်း ကျောင်းနေရသော ကျေးလက်နေ ရွာသူ- ရွာသားများအား ကာလ တန်ဖိုး (Market Value) ဖြင့် လျော်ကြေးပေးမှုမရှိခြင်း၊
(၆) လက်ပံတောင်းတောင်စီမံကိန်းတွင် လူမှုရေးအကျိုးသက်ရောက်မှု အဆင့်မီအကဲဖြတ်ခြင်း (Social Impact Assessment- SIA) ဆောင်ရွက်ထားမှုမရှိခြင်းတို့ကို တွေ့ရှိရပါသည်။
(င) လယ်တီဆရာတော်ဘုရားကြီး လက်ပံတောင်းတောင်တွင် သီတင်းသုံးခဲ့မှု ဆိုင်ရာ တွေ့ရှိချက်များနှင့် အခြားယဉ်ကျေးမှုဆိုင်ရာ အထောက်အထားများ၊
လက်ပံတောင်းတောင်စီမံကိန်းနှင့် ပတ်သက်၍ ကြေးနီစီမံကိန်းပြုလုပ် မည့်နေရာသည် ပထမလယ်တီဆရာတော်ဘုရားကြီး သီတင်းသုံးခဲ့သည့် နေရာဖြစ်ကြောင်း၊ လက်ပံတောင်းတောင်ကြား တောရကျောင်းရှိ စေတီ၊ သိမ်နှင့် ဂန ̈ကှျိုအဆောက်အအုံတို့သည် ပထမလယ်တီဆရာတော် ဘုရားကြီးတည်ထားသည့် အဆောက်အအုံတို့ဖြစ်ကြောင်း၊ ထိုအဆောက် အအုံတို့ကို နေရာမပျက်ထားရှိသင့်သည်ဟု တောင်းဆိုချက်များရှိနေပါသည်။ ထိုအချက်အလက်နှင့် ပတ်သက်၍ မြန်မာ့ပတ်ဝန်းကျင်သိပ္ပံမှ ကျွမ်းကျင်သူတို့ လေ့လာ စိစစ်ခဲ့ရာတွင် အောက်ပါအတိုင်းတွေ့ရှိခဲ့ရပါသည်-
(၁) အစောဆုံးတွေ့ရသော မှတ်တမ်းများအရ လယ်တီဆရာတော်ကြီးသည် မြန်မာသက္ကရာဇ် ၁၂၆၅ ခုနှစ် (ခရစ်သက္ကရာဇ် ၁၉ဝ၃ ခုနှစ်) တွင် လက်ပံတောင်းတောင်ကြား တောရစင်္ကြန်ကျောင်း ဆောက်လုပ်၍ သီတင်းသုံးကာ တစ်ဝါဆိုတော်မူခဲ့ကြောင်း၊
(၂) မှတ်တမ်းအရ လက်ပံတောင်းတောင်ကြား တောရစင်္ကြန်ကျောင်း ဟုသာ ဖော်ပြထားပြီး တည်နေရာအတိ အကျဖော်ပြထားခြင်းမရှိပါ၊ ဆရာတော်ကြီးသီတင်းသုံးနေစဉ်တောင်၏ အနောက်မြောက်ရှိ ကျော်ရွာ၊ တောင်ပလူရွာ စသည်တို့ကို ဆွမ်းခံရွာများအဖြစ် သတ်မှတ်ထားသည်ကို တွေ့ရှိရပါသည်။
(၃) လက်ပံတောင်းတောင်ကြား တောရကျောင်းရှိစေတီမှာ မြန်မာ မင်းများလက်ထက်ကတည်းက တည်ထားခဲ့ခြင်းဖြစ်ပြီး နှစ်ပေါင်း များစွာ ကြာမြင့်လာသောကြောင့် ပျက်စီးသွားကာ အောက်ခြေနှင့် ခြင်္သေ့လေးကောင်သာ ကျန်ရှိခဲ့ပြီး မြန်မာသက္ကရာဇ် ၁၃၂၆ ခုနှစ် (ခရစ်သက္ကရာဇ် ၁၉၆၄ ခုနှစ်)တွင် ပြန်လည်တည်ဆောက်ထားခြင်းဖြစ်ကြောင်း၊
(၄) စေတီပရိဝုဏ်အတွင်းရှိ သိမ်နေရာဟု သတ်မှတ်ထားသော မြေနေရာတွင် သိမ်တိုင်နှစ်မျိုးရှိနေသည်ကို တွေ့ရှိရသည်။ အသစ်ပြုလုပ်ထား သော သိမ်တိုင်သည် ယခုခေတ် ကျောက်ဆစ်လက်ရာဖြစ်ပြီး သိမ်တိုင်အဟောင်းမှာ ကျောက်ဆစ်လက်ရာမပါသော ထောင့်မှန်ပုံ ဖြတ်တောက်ထားသည့် သဲကျောက်တိုင်ဟု ယူဆရသော ပိုမိုရှေးကျသည့် သိမ်တိုင်ဖြစ်ပါသည်။ သိမ်တိုင်အဟောင်းမှာ သိမ်တိုင် အသစ်ထက် များစွာ ရှေးကျသည်ဟု ခန့်မှန်းရပါကြောင်း၊
(၅) လယ်တီဆရာတော်ဘုရားကြီး လက်ပံတောင်းတောင်တွင် သီတင်း သုံးခဲ့သည့် စင်္ကြန်ကျောင်း နေရာနှင့်စပ်လျဉ်း၍ ကွဲပြားချက်များ ရှိနေပါကြောင်း၊ အချို့မှတ်တမ်းများတွင် လက်ပံတောင်းတောင် ကြားတောရဟု ဖော်ပြထားသော်လည်း အချို့တွင် လက်ပံတောင်း ဟူ၍သာ သာမန်ဖော်ပြထားပြီး နေရာအတိအကျ ဖော်ပြထားခြင်း မရှိကြောင်း၊
(၆) ရွှေမြင်တင်စေတီနှင့် ရွှေဇာလီစေတီတို့နှင့် စပ်လျဉ်း၍ သမိုင်းအထောက်အထား လွန်စွာနည်းပါး၍ ရှေးဟောင်း စေတီများဟု ဆိုနိုင်ရန် ခက်ခဲပါကြောင်း စသည်ဖြင့် တင်ပြထားပါသည်။

ဘာသာရပ်နှင့် ဥပဒေကျွမ်းကျင်ပညာရှင်များနှင့် စီးပွားရေးပညာရှင်တို့အား ခန့်ထားခြင်း
၇၁၊
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် ဝမ်ပေါင်ကုမ္မဏီတို့ ချုပ်ဆိုထားသည့် စာချုပ်ကို ဘက်စုံထောင့်စုံမှ စိစစ်နိုင်ရန်အတွက် သတ္တုတွင်းလုပ်ငန်းနှင့်ပတ်သက်၍လည်းကောင်း၊ ဥပဒေပညာပိုင်းနှင့် ပတ်သက်၍လည်းကောင်း ကျွမ်းကျင်သူပညာရှင်များဖြစ်ကြသော ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဦးစိုးမြနှင့် ဥပဒေပါမောက္ခ(ငြိမ်း) ဒေါက်တာဒေါ်သန်းနွဲ့တို့အား နိုင်ငံတော်သမ္မတရုံး၏ စီစဉ်ပေးမှုဖြင့် ခန့်ထားခဲ့ပါသည်။
၇၂၊
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်နှင့် ပတ်သက်၍လည်းကောင်း၊ ကြေးနီစီမံကိန်း ဆောင်ရွက်ခြင်းကြောင့် ပြည်သူလူထုနှင့် အနာဂတ်မျိုးဆက်များအတွက် အကျိုးရှိ-မရှိ စုံစမ်းစစ်ဆေးရေးကော်မရှင်မှ စိစစ်ရာတွင် စီးပွားရေးပညာရှင်ပံ့ပိုးမှု လိုအပ်ပါသဖြင့် ကော်မရှင်သည် နိုင်ငံတော်သမ္မတရုံး၏ အစီအစဉ်ဖြင့် ညွှန်ကြားရေးမှူးချုပ်(ငြိမ်း)၊ မြန်မာနိုင်ငံရင်းနှီးမြ/ုပ်နှံမှုကော်မရှင်အဖွဲ့ဝင် ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်အား စီးပွားရေးပညာရှင်အဖြစ် ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ခန့်ထားခဲ့ပါသည်။

ဘာသာရပ်နှင့် ဥပဒေကျွမ်းကျင်ပညာရှင်များ၏ တွေ့ရှိအကြံပြုချက်များ
၇၃၊ ဘာသာရပ်က္မမ်းကျင်သူနှင့် ဥပဒေပညာရှင်တို့သည် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် မြန်မာ-ဝမ်ပေါင်ကြေးနီကုမ္မဏီတို့ ချုပ်ဆိုသော စာချုပ်ကို လေ့လာသုံးသပ်ပြီး အောက်ပါ တွေ့ရှိချက်နှင့် အကြံပြုချက်များကို တင်ပြခဲ့ပါသည်-
(က)
သတ္တုတွင်းလုပ်ငန်း ဖက်စပ်စာချုပ်များ ချုပ်ဆိုခြင်းနှင့် စပ်လျဉ်း၍ ၁၉၉၆ ခုနှစ် မြန်မာ့သတ္တုတွင်း နည်းဥပဒေများ အခန်း-၁၆၊ နည်းဥပဒေ ၈၄ ပါ ပြဋ္ဌာန်းချက်အရ သတ္တုတွင်းဝန်ကြီးဌာနသည် မည်သည့်ပုဂ္ဂိုလ် (သို့မဟုတ်) အဖွဲ့အစည်းကိုမဆို ဝန်ကြီးဌာနလက်အောက်ရှိ နိုင်ငံတော်ပိုင်လုပ်ငန်းတစ်ခုခုနှင့် ဓာတ်သတ္တုရှာဖွေခြင်း၊ စမ်းသပ်တိုင်းတာခြင်း(သို့မဟုတ်) ထုတ်လုပ်ခြင်းဆိုင်ရာ ဖက်စပ်စာချုပ်များကို ဥပဒေနှင့် အညီ ချုပ်ဆိုနိုင်သည်ဟု ပြဋ္ဌာန်းထားပြီး နည်းဥပဒေ ၈၅ တွင် ချုပ်ဆိုနိုင်သည့်စာချုပ်အမျိုးအစားများကို ဖော်ပြထားပါကြောင်း၊
(ခ)
မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်အနေနှင့် ၂၉-၁-၂ဝ၁ဝ နေ့တွင် လက်ပံ တောင်းတောင် သတ္တုသိုက်အား အကြီးစား သတ္တုတူးဖော်ထုတ်လုပ်ပြီး ကြေးနီသတ္တုစင်ထုတ်လုပ်၍ အချိုးကျခွဲဝေခံစားမှုဖြင့် ထုတ်လုပ်မှု လုပ်ငန်းကို ဥပဒေနှင့်အညီ လုပ်ပိုင်ခွင့်ရရှိရေးအတွက် အဆိုပြုချက်ကို သတ္တုတွင်း ဝန်ကြီးဌာနသို့ တင်ပြခဲ့ပါကြောင်း၊ သတ္တုတွင်းဝန်ကြီးဌာနသည် ၅-၃-၂ဝ၁ဝ ရက်စွဲဖြင့် ခွင့်ပြုမိန့်အမှတ် ၈ဝဝ၃-၂ဝ၁ဝ ကို ထုတ်ပေးခဲ့ပါကြောင်း၊ သတ္တုတွင်းဝန်ကြီးဌာနသည် သတ္တုတွင်း ဥပဒေ အခန်း ၃၊ ပုဒ်မ ၄ (ခ) နှင့် ၇(က)တို့အရ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်သို့ အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ခွင့်ပြုမိန့် ထုတ်ပေးနိုင်ပါသည်။ သို့ရာတွင် ယခု ချုပ်ဆိုသည့်စာချုပ်မှာ သတ္တုတွင်းဝန်ကြီးဌာန၏ လက်အောက်ခံ အဖွဲ့ အစည်းတစ်ခုနှင့် နိုင်ငံခြားသားပိုင်ကုမ္မဏီတို့ ချုပ်ဆိုသည့်စာချုပ် မဟုတ်ဘဲ နိုင်ငံသားပုဂ္ဂလိက စီးပွားရေး အဖွဲ့အစည်းဖြစ်သည့် မြန်မာ့ စီးပွားရေးဦးပိုင်လီမိတက်နှင့် နိုင်ငံခြားကုမ္မဏီတို့ ချုပ်ဆိုသည့် စာချုပ်ဖြစ်ပါ၍ ၁၉၈၉ ခုနှစ်၊ နိုင်ငံတော် စီးပွားရေးလုပ်ငန်းများ ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများ အခန်း(၂)၊ နည်းဥပဒေ ၃(ဂ) ပါ ပြဋ္ဌာန်းချက်များ နှင့်အညီ အစိုးရအဖွဲ့သည် ဥပဒေပုဒ်မ ၄ ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ခွင့်ပြုမိန့်ကို အမိန့်ကြော်ငြာစာ ထုတ်ပြန်ပေးရန် လိုအပ်ပါကြောင်း၊
(ဂ)
စာချုပ်ကို Production Sharing Contract (PSC) အရ ချုပ်ဆိုထားပြီး စာချုပ်၏ Annex III တွင် Production Sharing Ratio များကို ဖော်ပြထားပါကြောင်း၊ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်မှ သတ္တုတွင်းဝန်ကြီးဌာနသို့ တင်ပြသည့် Benefit Calculation List ကုန်ကျစရိတ်များကို ထုတ်နုတ်ပြီးမှ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှ ၅၁ ရာခိုင်နှုန်းနှင့် ဝမ်ပေါင်ကုမ္မဏီမှ ၄၉ ရာခိုင်နှုန်းဖြင့်ခွဲယူရန် ဖော်ပြပါရှိပါကြောင်း၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် ဝမ်ပေါင်ကုမ္မဏီတို့ရရှိမည့် အချိုးနှင့် နိုင်ငံတော်အစိုးရက ရရှိမည့်အခွန်အခများ၊ ဓာတ်သတ္တုခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်များကိုပေါင်းပြီး ရရှိနိုင်မည့် ရာခိုင်နှုန်းကိုဖော်ပြထားပါကြောင်း၊ ဝင်ငွေခွန်ကို ယခင်နှုန်းထား ၃ဝ ရာခိုင်နှုန်း၏ ထက်ဝက် ၁၅ ရာခိုင်နှုန်း၊ ကုန်သွယ်လုပ်ငန်းခွန်ကိုလည်း ၈ ရာခိုင်နှုန်းဖြင့် တွက်ချက်ထားပါကြောင်း၊ ယခုအခါ ဝင်ငွေခွန်ဥပဒေအရ ဝင်ငွေခွန်ကို ၃ဝ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းသို့လျှာ့ပေးထားပြီးဖြစ်ပါကြောင်း၊ အကယ်၍ စာချုပ်သက်တမ်း တစ်လျှာက်လုံး ၁၅ ရာခိုင်နှုန်းနှင့် ပေးထားပါက MIC နှင့်အစိုးရအဖွဲ့တို့က သဘောတူပြီး ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ ထုတ်ပြန်ပေးမည်ဟု ယူဆပါကြောင်း၊ ကုန်သွယ်လုပ်ငန်းခွန် ၈ ရာခိုင်နှုန်းကိုလည်း ယခုအခါ ပြည်တွင်းရောင်းချမှု အပေါ်သာကောက်ခံပြီး ပြည်ပတင်ပို့ရောင်းချမှုအပေါ် ကင်းလွတ်ခွင့်ပြုထား၍ အစိုးရက ရရှိငွေပမာဏ လျော့နည်းသွားမည်ဖြစ်ပါကြောင်း၊
(ဃ)
Production Sharing Contract (PSC) စာချုပ် Article-33 Annexure နှင့်စပ်လျဉ်း၍ ==
All Annexures are an integral part of this Contract and have the same legal effect on all Articles of the Contract ဟု ထည့်သွင်းချုပ်ဆိုထားပါသည်။ ထို Annex များကို သုံးသပ်ရာတွင် အောက်ပါတို့ကို ပြင်ဆင်ရန်လိုမည်ဟု သုံးသပ်ပါသည်-
- Annex III Production Sharing Ratio ကို ချုပ်ဆိုထားသည့် စာချုပ်မှာ Production Sharing Contract (PSC) စာချုပ် (after cost recovery) ဖြစ်၍ Equity ထည့်ဝင်မှုဖြင့် ဆောင်ရွက်သည့် စာချုပ်များကဲ့သို့ ကြေးနီ ဈေးတက်ချိန်တွင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်အနေဖြင့် ရှယ်ယာတန်ဖိုးအပေါ် (Capital Gain) အကျိုးခံစားခွင့် ရရှိမည်မဟုတ်ပါ၊
- Annex IV List of Tax။Fiscal Incentives, Exemptions and Reliefs
- Annex IV ပြင်ရန်လိုအပ်မည် ဖြစ်ပါသည်။
- Annex IV နှင့် ပတ်သက်၍ MIC နှင့် အစိုးရအဖွဲ့က သဘောတူမှသာ အတည်ဖြစ်သည်ဟု ထည့်သွင်းဖော်ပြသင့်ပါသည်။
(င)
စာချုပ်ပုံစံမှာ သတ္တုတွင်းဝန်ကြီးဌာန Production Sharing Contract (PSC) စနစ်ဖြင့်ဆောင်ရွက်သည့် သာမန်စာချုပ်ပုံစံကို အခြေခံရေးသား ထားခြင်းဖြစ်သော်လည်း မတူညီသည့်အချက်များပါဝင်ပါကြောင်း၊ သတ္တုတွင်း ဝန်ကြီးဌာနသည် ပြည်တွင်းလုပ်ငန်းရှင်များနှင့် ဝန်ကြီးဌာန လက်အောက်ခံအဖွဲ့အစည်းများနှင့် ချုပ်ဆိုသည့် စာချုပ်များတွင် Cost Recovery ခွင့်ပြုမှုမရှိပါ၊ Project Proposal ကိုလည်းစာချုပ်၏ အစိတ်အပိုင်းအဖြစ် အသိအမှတ်ပြုပြီး ဥပဒေအကျိုးသက်ရောက်မှုရှိစေမည်ဟု ထည့်သွင်းဖော်ပြလေ့မရှိပါကြောင်း၊
(စ)
ယခုကဲ့သို့ စာချုပ်ကြီးများကို ချုပ်ဆိုရာတွင် သာမန် Production Sharing Contract (PSC) စာချုပ်ပုံစံမျိုးဖြင့် မဟုတ်ဘဲ အသေးစိတ်အချက်အလက်များ (Environmental Impact Assessment-EIA, Social Impact Assessment-SIA, Feasibility Study) စသည်တို့ပါဝင်သည့် စာချုပ်မျိုးကို ချုပ်ဆိုသင့်ပါကြောင်းဖြင့် တင်ပြထားပါသည်။

စီးပွားရေးပညာရှင်၏ တွေ့ရှိအကြံပြုချက်များ
၇၄၊
စုံစမ်းစစ်ဆေးရေးကော်မရှင်၏ စီးပွားရေး ပညာရှင်သည် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ စီးပွားရေးစိစစ်ချက် (Economic Analysis) ကို ပြုလုပ်ခဲ့ပါသည်။ ထိုသို့ပြုလုပ်ရာတွင် ဝမ်ပေါင် ကုမ္မဏီက ၂ဝ၁ဝ ခုနှစ်၊ ဇန်နဝါရီလတွင် ပြုစုတင်သွင်းခဲ့သော စီမံချက် အဆိုပြုလွှာ Project Proposal၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်က ၂ဝ၁ဝ ခုနှစ်၊ ဇွန်လတွင် ပြုစုခဲ့သော လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အတွက် ချုပ်ဆိုသည့် စာချုပ်တို့ကို အမှီအငြမ်းပြုခဲ့ပါသည်။ ထို့အပြင် ၁၉၉၇ ခုနှစ်၊ မတ်လတွင် အိုင်ဗင်ဟိုး မြန်မာဦးပိုင်လီမိတက် Ivanhoe Myanmar Holding Ltd.) က ပြုစုထားသော ဖြစ်နိုင်စွမ်း လေ့လာဆန်းစစ်ချက် (Feasibility, Study) ကိုလည်း နှိုင်းယှဉ်လေ့လာခဲ့ပါသည်။
၇၅၊
ထိုသို့ နှိုင်းယှဉ် လေ့လာရာတွင် အိုင်ဗင်ဟိုးကုမ္မဏီက သုံးသပ်စိစစ်ထားမှုတို့သည် အသေးစိတ် စနစ်တကျ လေ့လာစိစစ်ထားသည်ကို တွေ့ရှိရပြီး မူလစိုက်ထုတ်ငွေ (Initial outlay) ဒေါ်လာ ၃၁၃ သန်းပေါ်တွင် စီမံကိန်းကာလအတွင်း ဝင်ငွေ ဒေါ်လာသန်း ၃၇၁၃ ဒသမ သုည သန်းရှိမည်ဟု မှန်းဆထားပါသည်။ ထုတ်လုပ်မှုစရိတ် စကမှာ ဒေါ်လာ ၁၄၂၆ သန်းဟု ခန့်မှန်းထားပြီး အစိုးရအခွန်အခ စသည်တို့မှာ ဒေါ်လာသန်း ၂၆၇ သန်းဟု ခန့်မှန်းခဲ့ပါသည်။ စီမံကိန်းအတွက် အခွန်အခမပေးသွင်းမီ ဝင်ငွေမှာ ဒေါ်လာ ၁၄၄၇ သန်းဟုလည်း ခန့်မှန်းခဲ့ပါသည်။ ၄င်းစီမံချက်၏ အကျိုးအမြတ်တို့သည် ကြေးနီဈေးနှုန်းပေါ်တွင် တည်မှီသည်ဟုလည်း သုံးသပ်ထားပါသည်။
၇၆၊
စီးပွားရေးပညာရှင်သည် ဝမ်ပေါင်ကုမ္မဏီနှင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်တို့ ပြုစုထားသည့် စီမံကိန်းအဆိုပြုချက်နှင့် ကန်ထရိုက်စာချုပ်တို့ကို လေ့လာရာတွင် ထိုစာရွက်စာတမ်း နှစ်ခုစလုံးသည် အိုင်ဗင်ဟိုးကုမ္မဏီမှ ပြုစုထားသော စာရွက်စာတမ်းများကဲ့သို့ အသေးစိတ် အချက်အလက်များ ဖော်ပြပါရှိသည်ကို မတွေ့ရှိရကြောင်း တင်ပြထားပါသည်။ ဝမ်ပေါင်ကုမ္မဏီသည် ရင်းနှီးမြ/ုပ်နှံမှု ဒေါ်လာ ၉၉၇ သန်းရှိပြီး မတည်ငွေကုန်ကျစရိတ် (Capital Cost) မှာ ဒေါ်လာ ၉၁၂ သန်းရှိသည်ကို တွေ့ရှိရကြောင်း၊ အကျိုး ဖြစ်ထွန်းမှုကို တွက်ချက်ရာတွင် ဝမ်ပေါင်ကုမ္မဏီထက် မြန်မာနိုင်ငံနှင့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်အတွက် ပိုမိုအကျိုးရှိမည်ဟု ပေါ်လွင်ကြောင်း၊ ထိုတွက်ချက်မှုတို့သည် ကြေးနီတစ်တန်လျှင် ဒေါ်လာ ၄၇၅ဝ ဈေးနှုန်းဖြင့် တစ်နှစ်လျှင် တန်ချိန်တစ်သိန်းထုတ်လုပ်မှု အပေါ်တွင် အခြေခံ၍ တွက်ချက်ထားခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အတွက် ပေးဆောင်သည့် (Royalty) မှာ ၄ ရာခိုင်နှုန်းဖြစ်ပြီး ကုန်သွယ်ခွန် (Commerical Tax) ၈ ရာခိုင်နှုန်းနှင့် ဝင်ငွေခွန် ၁၅ ရာခိုင်နှုန်း ရရှိမည်ဟုလည်း ခန့်မှန်း၍တွက်ချက်ဖော်ပြထားကြောင်းဖြင့် စီးပွားရေးပညာရှင်က တင်ပြခဲ့ပါသည်။
၇၇၊
စီးပွားရေးပညာရှင်က ဝမ်ပေါင်ကုမ္မဏီနှင့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်တို့ ပြုစုထားသည့် စာရွက်စာတမ်း နှစ်ခုစလုံးတွင် အသေးစိတ်ဖော်ပြချက်များ မပါရှိသဖြင့် စီးပွားရေး သုံးသပ်မှုကို ပြည့်ဝစွာ ဆောင်ရွက်နိုင်ခြင်း မရှိကြောင်း၊ သို့ရာတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသည် စီးပွားရေးရှုထောင့်မှ အကျိုးရှိစွာ လုပ်ဆောင်သင့်သည့် စီမံကိန်းဖြစ်သည်ကိုမူ သံသယလုံးဝရှိစရာမလိုကြောင်းဖြင့်လည်း တင်ပြထားပါသည်။
၇၈၊
စီးပွားရေးပညာရှင်က ၄င်းစီမံကိန်း၏ အကျိုးဖြစ်ထွန်းမှုကို တိကျစွာသိနိုင်ရန် လက်ရှိကြေးနီပေါက်ဈေးပေါ်တွင် ထည့်သွင်းတွက်ချက်ရန်လိုကြောင်း ထောက်ပြခဲ့ပါသည်၊ ထို့အပြင် စီးပွားရေးတွက်ခြေကိုက်မှုသာမက ဒေသခံလူထုအတွက် ပေးအပ်သည့် အလုပ်အကိုင်အခွင့်အလမ်းနှင့် လျော်ကြေးစသည်တို့ကိုလည်း ထည့်သွင်း လေ့လာရန်လိုကြောင်းကိုလည်း တင်ပြခဲ့ပါသည်။ ထို့အပြင် ဝမ်ပေါင်ကုမ္မဏီနှင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်တို့ ချုပ်ဆိုထားသောစာချုပ်မှာ ထုတ်လုပ်မှုမ္ခဝေသည့် ကန်ထရိုက် (Production Sharing Contract) စာချုပ်ဖြစ်ရာ ထွက်လာသည့်ကြေးနီအား မည်သို့ မည်ပုံခွဲဝေမည်ဟူသော အချက်အလက်တို့ကိုလည်း သိရှိရန်လိုမည်ဖြစ်ကြောင်း တင်ပြထားပါသည်။
၇၉၊
စီးပွားရေးပညာရှင်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကဲ့သို့သော စီမံကိန်းကို လေ့လာသုံးသပ်ရာတွင် စီးပွားရေးစိစစ်ချက် တစ်ခုတည်းပေါ်တွင်သာ အခြေခံ၍ မရယူဘဲ နိုင်ငံရေး၊ လူမှုရေးနှင့် ပတ်ဝန်းကျင်အပေါ် ထိခိုက်မှုတို့ကိုပါ ထည့်သွင်း စဉ်းစားသွားရန် လိုအပ်သည်ကိုလည်း တင်ပြခဲ့ပါသည်။
၈ဝ၊
ထိုအချက်များကို ထည့်သွင်းစဉ်းစားခြင်းဖြင့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ အောက်ပါ နည်းလမ်းသုံးသွယ်ကို ရွေးချယ်နိုင်ပါကြောင်းဖြင့်လည်းတင်ပြခဲ့ပါသည်-
(က) လက်ရှိအနေအထားအတိုင်းပင် ကြေးနီစီမံကိန်းအား ဆက်လက်လုပ်ကိုင် ခွင့်ပြုရန်၊
(ခ) ကြေးနီစီမံကိန်းကို ဆက်လက်လုပ်ဆောင်ခွင့်မပြုဘဲ ရပ်ဆိုင်းစေရန်၊
(ဂ) ကြေးနီစီမံကိန်းအား လက်ရှိခွင့်ပြုထားသည့် အားနည်းချက်များကို စိစစ်ကာ ဝမ်ပေါင်ကုမ္မဏီနှင့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်တို့ ချုပ်ဆိုသော စာချုပ်ကို ပြင်ဆင်စေခြင်း၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု၊ လူမှုပတ်ဝန်းကျင် ထိခိုက်မှုတို့ အနည်းဆုံးဖြစ်စေရန် ပတ်ဝန်းကျင်ထိန်းသိမ်းရေးစီမံချက်တို့ကို ချမှတ်စေခြင်း၊ ဒေသခံပြည်သူလူထု၏ လူမှုဘဝတိုးတက်စေမည့် အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်း၊ နိုင်ငံတော်အကျိုးစီးပွားအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်း စသည့် လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ပါက ကြေးနီစီမံကိန်းအား ဆက်လက်လုပ်ကိုင်ခွင့်ပြုရန်၊

သုံးသပ်ချက်အကြံပြုချက်များ
၈၁၊
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးအတွက် နိုင်ငံတကာပြဋ္ဌာန်းချက်များ၊ ဆောင်ရွက်သင့်သည့် နည်းပညာများအသုံးပြု၍ စနစ်တကျဆောင်ရွက်ခြင်း ရှိ-မရှိ၊
(က) လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်းစီမံကိန်းတွင် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ရေးဆွဲပြုစုထားသော ပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှုစနစ် (Environmental Management Plan -EMP) နှင့် လုပ်ငန်းခွင်ကျန်းမာရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် (Occupational Health and Safety Assessment System-OHSAS) မရှိသေးကြောင်း သုံးသပ်ရပါသည်။
(ခ) လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်းစီမံကိန်းအတွက် မြန်မာ-အိုင်ဗင်ဟို ကြေးနီကုမ္မဏီ လီမိတက် (Myanmar Ivanhoe Copper Company Limited -MICCL) က ရေးသားပြုစုထားသော ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှု အကဲဖြတ်ဆန်းစစ်ချက် အစီရင်ခံစာများ (Environmental Impact Asssessment Reports) ဖြစ်သော-
- Firsabiliity - Section 17, Environmental and Social Assessment (၁၉၉၇ ခုနှစ်၊ မတ်လ)
- 72E-58 Environmental Preliminary Impact Assessment of Letpadaung Project Area (၂ဝဝ၄ ခုနှစ်၊ ဇူလိုင်လ)
- Environmentaland Social Assessment and Management Program (ME 96-056-001)- Final Draft for Letpadaung Copper Project - (၁၉၉၇ ခုနှစ်၊ ဖေဖော်ဝါရီလ) တို့ကို လေ့လာသုံးသပ်ခဲ့ရာတွင် ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုများကို ယေဘုယျ အားဖြင့် ခန့်မှန်းထားပြီး ကျယ်ကျယ်ပြန့်ပြန့် အကဲဖြတ်ဆန်းစစ်ထားခြင်း မတွေ့ရကြောင်း၊ မည်သည့်နည်းစနစ်များကို အသုံးပြု၍ အကျိုးသက်ရောက်မှုများကို ခန့်မှန်းတွက်ချက်ထားသည်ကိုလည်း တိတိကျကျဖော်ပြထားခြင်း မရှိကြောင်း၊ အကျိုးသက်ရောက်မှု တစ်ခုချင်းစီ၏ ဝိသေသလက္ခဏာ တိတိကျကျ ဖော်ပြထားခြင်းမရှိကြောင်း၊ ကြေးနီစီမံကိန်း၏ အကြိုကာလ၊ တည်ဆောက်ရေးကာလ၊ လည်ပတ်ရေးကာလ၊ မိုင်းပိတ်သိမ်းရေး ကာလများအလိုက် အပိုင်း ခွဲခြားကာ သက်ရောက်မှုများကို ဆန်းစစ်ခြင်း ပြုလုပ်ထားမှုမရှိကြောင်း၊ လူမှုစီးပွားဆိုင်ရာ သက်ရောက်မှု အကဲဖြတ်ဆန်းစစ်မှုကိုလည်း စာမျက်နှာ ၂၆ မျက်နှာခန့်ဖြင့် ယေဘုယျသဘောရေးသား ပြုစုထားသည်ကို တွေ့ရပြီး စနစ်တကျအချက်အလက်များကို ကောက်ယူကာ အကဲဖြတ်ဆန်းစစ်ထားခြင်းမျိုး မရှိကြောင်း၊ အထက်ပါ အစီရင်ခံစာများကို ကြေးနီစီမံကိန်းကြောင့် ထိခိုက်နိုင်ဖွယ်ရှိသော ဒေသခံပြည်သူများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ စီမံကိန်းကို စိတ်ဝင်စားသူများထံသို့ ဖြန့်ဝေကာ တိုင်ပင်ဆွေးနွေးခြင်း၊ သဘောထားအမြင်များ တောင်းခံခြင်း၊ အကြံပြုချက်များ ရယူခြင်းတို့ကို ပြုလုပ်ခဲ့သည့် အထောက်အထားများ မတွေ့ရှိကြောင်း၊ အစီရင်ခံစာများတွင် ၄င်းအဓိကပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုအကဲဖြတ်ဆန်းစစ်ခြင်း အစီရင်ခံစာ(၁၉၉၇)သည် ကနဦးအစီရင်ခံစာဖြစ်သည်ဟု ရေးသားဖော်ပြထားကြောင်း သုံးသပ်ရပါသည်။
(ဂ) မြန်မာ-အိုင်ဗင်ဟို ကြေးနီကုမ္မဏီလီမိတက် (Myanmar Ivanhoe Copper Company Limited -MICCL) လက်ထက်က ပြုစုခဲ့သော အထက်ဖော်ပြပါ အစီရင်ခံစာများသည် ၁၉၉၆ ခုနှစ်တွင် အချက်အလက်များ ကောက်ယူကာ ၁၉၉၇ ခုနှစ်တွင် ပြုစုခဲ့ခြင်းကြောင့် မျက်မှောက်ကာလတွင် လက်ပံတောင်းတောင်နှင့် အနီးဝန်းကျင်ဒေသတစ်ဝိုက်၏ လူမှုစီးပွား နှင့် ပတ်ဝန်းကျင်ဆိုင်ရာအခြေအနေများကို ထင်ဟပ်နိုင်စွမ်းမရှိကြောင်း၊ ကနဦးအစီရင်ခံစာဖြစ်သည့်အားလျော်စွာ စီမံကိန်းတစ်ခုလုံး၏အစ၊ အလယ်နှင့် အဆုံး၌ ဖြစ်ပေါ်လာနိုင်သော ကောင်းကျိုးဆိုးကျိုးများကို အကဲဖြတ်ဆန်းစစ်မှုတွင် လိုအပ်ချက်များ ရှိနေကြောင်း၊ လွန်ခဲ့သည့် ၁၆ နှစ်က ပြုစုခဲ့ခြင်းကြောင့် ကမ္ဘာ့ဘဏ် (World Bank) ၏ စံချိန်စံညွှန်းများနှင့်လည်းကောင်း၊ လက်ရှိပတ်ဝန်းကျင်ဆိုင်ရာ နိုင်ငံတကာပြဋ္ဌာန်းချက်များ၊ စံချိန်စံညွှန်းများနှင့်လည်းကောင်း ကိုက်ညီမှုမရှိနိုင်တော့ကြောင်း သုံးသပ်ရပါသည်။
(ဃ) လူမှုစီးပွားဆိုင်ရာသက်ရောက်မှု အကဲဖြတ်ဆန်းစစ်ခြင်းနှင့် သက်ဆိုင်သော အခန်းကဏ္ဍမှာလည်း အားနည်းချက်များစွာရှိပြီး စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့် လေ့လာဆန်းစစ်အကဲဖြတ်ထားခြင်းမရှိကြောင်း၊ ဘာသာရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ အကဲဖြတ်မှုအပိုင်းကဏ္ဍကိုလည်း ပြည့်ပြည့်စုံစုံ လေ့လာတင်ပြထားခြင်းမရှိကြောင်း သုံးသပ်ရပါသည်။
(င) လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင် ထိန်းသိမ်းခြင်းအတွက် နိုင်ငံတကာ ပြဋ္ဌာန်းချက်များ၊ ဆောင်ရွက်သင့်သည့် နည်းပညာများကို အသုံးပြု၍ စနစ်တကျ ဆောင်ရွက်ခြင်းမရှိကြောင်း သို့မဟုတ် လွန်စွာအားနည်းလျက်ရှိကြောင်း သုံးသပ်တွေ့ရှိရပါသည်။ မြန်မာ-အိုင်ဗင်ဟို ကြေးနီကုမ္မဏီလီမိတက် လက်ထက်က စတင်ပြုစုခဲ့ပြီး မြန်မာ-ဝမ်ပေါင်ကုမ္မဏီက ဆက်လက်အသုံးပြုနေသော ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုအကဲဖြတ်ဆန်းစစ်ချက် အစီရင်ခံစာများသည် လက်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် အသုံးပြုရန် အားနည်းချက်များ ရှိနေပါသောကြောင့် ပိုမိုပြည့်စုံပြီး နိုင်ငံတကာ ပြဋ္ဌာန်းချက်များ စံချိန်စံညွှန်းများကို ထင်ဟပ်စေနိုင်သော သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုစီးပွားဆိုင်ရာ သက်ရောက်မှုအကဲဖြတ် ဆန်းစစ်ခြင်း အစီရင်ခံစာ (Environmental and Social Impact Assessment-ESIA) အသစ်ပြုစုဆောင်ရွက်ရန် လိုအပ်ကြောင်း အကြံပြုအပ်ပါသည်။
(စ) ထို့အပြင် စီမံခန့်ခွဲမှုစနစ်များနှင့် စပ်လျဉ်း၍ ပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှုစနစ် (Environmental Management Plan-EMP) နှင့် လုပ်ငန်းခွင်ကျန်းမာရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် (Occupational Health and Safety Assessment System-OHSAS) များကို နိုင်ငံတကာပြဋ္ဌာန်းချက်များ၊ စံချိန်စံညွှန်းများနှင့်အညီ စနစ်တကျရေးဆွဲကာ စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်သင့်ကြောင်း အကြံပြုအပ်ပါသည်။ ၄င်းကဲ့သို့ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နိုင်ငံတကာ အသိအမှတ်ပြုလက်မှတ်များ ရရှိထားသော အတွေ့အကြုံ ရင့်ကျက်သည့် ပြည်တွင်းပြည်ပ အကြံပေးပညာရှင်များ၊ ကျွမ်းကျင်သူများကို ငှားရမ်းကာ ဆောင်ရွက်သင့်ကြောင်း အကြံပြုအပ်ပါသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် လူမှုပတ်ဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင်အပေါ် ကောင်းကျိုးနှင့် ဆိုးကျိုးသက်ရောက်မှုများ၊
၈၂၊
လက်ပံတောင်းတောင်ကြေးနီသတ္တုတွင်းစီမံကိန်းနယ်မြေအတွင်းတွင် နောင် အနာဂတ်ကာလ၌ ဖြစ်ပေါ်လာနိုင်သော သဘာဝနှင့် လူမှုပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေများအား အတိတ်နှင့်ပစ္စုပန်ကာလတွင် ဆောင်ရွက်ခဲ့၊ ဆောင်ရွက်ဆဲဖြစ်သော စံပယ်တောင်၊ စံပယ်တောင်(တောင်)၊ ကြေးစင်တောင် ကြေးနီသတ္တုတွင်း စီမံကိန်းနယ်မြေရှိ လုပ်ငန်းဆောင်တာများ၊ လုပ်ငန်းခွင်အခြေအနေများ၊ သဘာဝနှင့် လူမှုပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေများအား အကိုးအကားပြုကာ စူးစမ်းလေ့လာမှုများကို ဆောင်ရွက်ခဲ့ကြပါသည်-
(က)

သဘာဝပတ်ဝန်းကျင်(ဇီဝထု၊ မြေထု၊ ရေထု၊ လေထု)အခြေအနေ
(၁) လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်းစီမံကိန်းနယ်မြေနှင့် အနီးဝန်းကျင်ဒေသသည် မြန်မာနိုင်ငံအလယ်ပိုင်း၊ မိုးနည်းခြောက်သွေ့ရပ်ဝန်း (Dry zone) တွင် တည်ရှိသဖြင့် သန်း-ဒဟတ်တော နှင့် ဆူးချုံတော စသည့် ခြောက်သွေ့တောများ ပေါက်ရောက်ပြီး အပင်မျိုးစုံ ၄၉ စု၊ မျိုးစိတ် ၁ဝ၇ မျိုးနှင့် မျိုးရင်း ၁၃၄ ခု တွေ့ရှိရသည်၊ တမာ၊ တပေါက်နှင့် ရှောက်ရိုင်းပင် အများဆုံး ပေါက်ရောက်သည်၊ ၄င်းဒေသသည် မျက်မှောက်ခေတ် နိုင်ငံတကာ စံချိန် စံညွှန်းများအရ အရေးကြီးသော (သို့) တားမြစ်ထားသော (သို့) မျိုးသုဉ်းလုဖြစ်နေသော အပင်အမျိုးအစားမရှိကြောင်း သုံးသပ်ရပါသည်။
(၂) ၄င်းဒေသတွင် သက်ရှိသတ္တဝါများအနက် ငှက်မျိုးစု ၁၁ စုမှ မျိုးစိတ် ၁၈ မျိုးကို တွေ့ရသော်လည်း အရေးကြီးသော မျိုးစိတ်များကိုမူ မတွေ့ရကြောင်း၊ နို့တိုက်သတ္တဝါ ၃ မျိုးဖြစ်သည့် မြန်မာမျိုးကွဲ ယုန်၊ ချေနှင့် ရေဤသမင်တို့ကိုလည်း တွေ့ရှိရပြီး ရေဤသမင်သည် ရှားပါးမျိုးစိတ်ဖြစ်ကြောင်း၊ တွားသွားသတ္တဝါ ၅ မျိုး၊ ကုန်းနေ၊ ရေနေသတ္တဝါများနှင့် လိပ်ပြာ ၁၂ မျိုးရှိကြောင်း သုံးသပ်ရပါသည်။
(၃) ကြေးနီသတ္တုတွင်း စီမံကိန်းနယ်မြေတွင် လွန်တွင်းတူးခြင်း၊ မိုင်းခွဲခြင်း၊ တူးဖော်ထုတ်လုပ်ခြင်း၊ ကျောက်ခြေမဤခြင်း၊ ဆန်ကာတိုက်ခြင်း၊ အက်စစ်ဖျော်ထုတ်ခြင်း၊ သတ္တုသန့်စင်ခြင်း၊ ကြေးရည်ဖျော်ထုတ်ခြင်း၊ လျှပ်စစ်ဖြင့် ကြေးရယူခြင်း စသည့်လုပ်ငန်းများ၊ စွန့်ပစ်ပစ္စည်းများနှင့် ဖုန်မှုန့်များသည် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝ ထိခိုက်မှုများ၊ ဇီဝဝန်းကျင်ဆိုင်ရာ ထိခိုက်မှုများကို ဖြစ်ပေါ်စေနိုင်သည်ဟု သုံးသပ်ရပါသည်။
(၄) ခြောက်သွေ့တော (Dry Forest) များ၏ ဂေဟစနစ်ထိခိုက်မှုကို လျော့နည်းစေရန် ကြေးနီသတ္တုတွင်းစီမံကိန်းနယ်မြေဝန်းကျင်၊ လမ်းဘေးဝဲယာ တစ်ဖက်တစ်ချက်နှင့် စွန့်ပစ်မြေစာပုံများတွင် သစ်ပင်များကို အစားထိုး စိုက်ပျိုးသင့်ကြောင်းနှင့် ယင်းသစ်ပင်များ ကြီးထွားမှုကို အစဉ်စောင့်ကြည့်ခြင်းဖြင့် ထိန်းသိမ်းစောင့်ရှောက်မှု ပေးသင့်ကြောင်း အကြံပြုအပ်ပါသည်။ ရှားပါးဇီဝမျိုးစိတ်များ ထိန်းသိမ်းခြင်းနှင့်စပ်လျဉ်း၍ အပင်ပိုင်းတွင် ရှားပါးအပင်(သို့) ကာကွယ်စောင့်ရှောက်သင့်သော အမျိုးအစားမတွေ့ရဟု သုံးသပ်ရပါသည်။ မြန်မာနိုင်ငံအတွင်းတွင်သာ တွေ့ရသည့်ငှက် ၂ မျိုးဖြစ်သော White- throated Babbler Turdoides gularis နှင့် Burmese Bushlark Mirafra microptera တို့ကို တွေ့ရှိရပြီး ယင်းတို့သည် ရွေ့ပြောင်းသွားလာနိုင်သော သတ္တဝါ အမျိုးအစားဖြစ်သောကြောင့် အနီးပတ်ဝန်းကျင်ရှိ အလားတူတောတောင်များရှိရာသို့ ရွေ့ပြောင်းနေထိုင်နိုင်သည်ဟု သုံးသပ်ရပါသည်။
(၅) ၄င်းဒေသတွင် ရံဖန်ရံခါ တွေ့ရှိရသော ရေဤသမင် (Eld’s deer Cervus eldii Thamin) သည် ကာကွယ်စောင့်ရှောက်သင့်သော အရေးကြီးနို့တိုက်သတ္တဝါဖြစ်ပြီး အနီးဝန်းကျင်ရှိ တောတောင်များအား ထိန်းသိမ်းခြင်းဖြင့် ရေဤသမင်များကျင်လည် စားသောက်ရန် နေရာသစ်များကို ဖန်တီးပေးသင့်သည်ဟု သုံးသပ်ရပါသည်။
(၆) စံပယ်တောင်နှင့်ကြေးစင်တောင် ကြေးနီသတ္တုတွင်းဒေသ၏ အနီးဝန်းကျင်ရှိ ခမောက်တောင်၊ ကြားတွင်းတောင်၊ နှင်းဆီတောင်နှင့် ဝန်းကျင်ရှိ တောများတွင် လည်းကောင်း၊ လက်ပံတောင်းတောင် ဝန်းကျင်ရှိ လိပ်ခွံတောင်၊ နတ်ချစ်တောင်၊ မြေပြင်သာတောင်တို့တွင် လည်းကောင်း ရွှေသမင်ကဲ့သို့ ရှားပါးတိရစ္ဆာန်များ ခိုအောင်းနားနေနိုင်စေရန်အတွက် သစ်ပင်များကို ထပ်မံစိုက်ပျိုး၍ ထိန်းသိမ်းပေးသင့်သည်ဟု အကြံပြုအပ်ပါသည်။ ကြေးနီစီမံကိန်းနယ်မြေနှင့် ဆက်စပ်လျက်ရှိသော ဒေသတွင်းရှိ ဖိုဝင်းတောင်ကဲ့သို့သော သစ်တောဒေသများကိုလည်း စနစ်တကျ ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ပေးသင့်သည်ဟု အကြံပြုအပ်ပါသည်။ ယင်းသို့ ထိန်းသိမ်းခြင်းနှင့်အတူ ကြားခံသစ်တောဒေသများကိုလည်း တစ်ပြိုင်နက်တည်း ဖန်တီး၍ ဒေသခံပြည်သူလူထုအတွက် သစ်တောထွက်ပစ္စည်းများ ထုတ်ယူအသုံးပြုနိုင်အောင် စီစဉ်ပေးသင့်သည်ဟု အကြံပြုအပ်ပါသည်။ အဆိုပါ သစ်တောများ အားလုံးသည် ကြေးနီသတ္တုတွင်းကြောင့် ပျက်စီးဖွယ်ရှိသော ရေဝေရေလဲဒေသများအတွက် အစားထိုးနေရာများကို ဖြစ်ပေါ်စေနိုင်မည်ဟုလည်း အကြံပြုအပ်ပါသည်။
(၇) ရေစီမံခန့်ခွဲမှု (Water Management) နှင့်ပတ်သက်၍ အများသုံး ရေချိုကို ကြေးနီစီမံကိန်းက ရယူသုံးစွဲထားသဖြင့် သတ္တုသန့်စင်မှုနှင့် စွန့်ပစ်ပစ္စည်းများကြောင့် ရေညစ်ညမ်းခြင်း (Water Pollution) ဖြစ်ပေါ်နိုင်သည်ဟု သုံးသပ်ရပါသည်။ ထို့အပြင် လုံလောက်သော ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်ခြင်းမရှိခဲ့လျှင် ရုတ်ချည်းရေလျှံခြင်း(ဝါ) လျှပ်တစ်ပြက် ရေကြီးခြင်း (Flash Flood) ဖြစ်ပေါ်လာပါက စွန့်ပစ်ရေ သို့မဟုတ် သတ္တု-အက်စစ် ပါဝင်သော ညစ်ညမ်းသည့်ရေများ လျှံထွက်ကာ ချင်းတွင်းမြစ်နှင့် ချောင်းလက်တက်များသာမက မြေအောက်ရေအောင်းလွှာများ (Aquifer) ကိုလည်း ထိခိုက်ညစ်ညမ်းစေခြင်းများဖြစ်ပေါ်စေနိုင်သည်ဟု သုံးသပ်ရပါသည်။ မြေအောက်ရေနှင့် စပ်လျဉ်း၍ လက်ပံတောင်းတောင်ဒေသ၏ အဓိကမြေအောက်ရေလွှာမှာ ကံကုန်းကျောက်လွှာနှင့် အပေါ်ယံနုန်းလွှာတို့ဖြစ်ကြသည်။ ကံကုန်းကျောက်လွှာသည် မြေစေးလွှာမပါသော သဲပွများ၊ ကျောက်စရစ်များဖြင့် ဖွဲ့စည်းထားကာ အနက်မီတာ ၃ဝ ခန့်တွင် ရေခိုအောင်းနေလေ့ရှိသည်၊ ယခင် ရေမှုတ်စမ်းသပ်ချက်များအရ ယင်းရေအောင်းလွှာသည် အနီးဝန်းကျင်ရှိ မြစ်ချောင်းများအပေါ် မှီခိုနေကြောင်း သိရှိရသည်။
(၈) လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း စီမံကိန်းနယ်မြေနှင့် အနီးဝန်းကျင်ဒေသမှ ကောက်ယူစုဆောင်းခဲ့သော မြေအောက်ရေ နမူနာ ၁ဝ ခုနှင့် မျက်နှာပြင်ရေနမူနာ (Surface Water) (ကန်ရေ-မြစ်ချောင်းရေ) ၅ ခုအား ဓာတ်ခွဲစမ်းသပ်ချက်ရလဒ်များအပေါ် အကဲဖြတ်ချက်များအရ မြေအောက်ရေတွင် စီမံကိန်း နယ်မြေပြင်ပရှိ တွင်းများထက် လည်းကောင်း၊ မြစ်ရေချောင်းရေများထက်လည်းကောင်း အက်စစ်ဓာတ်ပိုမိုများနေခြင်း၊ စုစုပေါင်း ပျော်ဝင်နေသည့် သတ္တုပမာဏသည် စံပယ်တောင်နှင့် ကြေးစင်တောင်စီမံကိန်းတောင်ဘက်ရှိ တွင်းများတွင် ပိုမိုများပြားနေခြင်း၊ ကော်လီဖောမ်းဗက် တီးရီးယားများသည် ယမားချောင်းအောက် ပိုင်းရှိ ချောင်းရေတွင် စီမံကိန်းနယ်မြေမတိုင်မီ မြစ်ည/ာပိုင်းထက် ပိုမိုများပြားနေခြင်း၊ ပြဒါးနှင့်သံဓာတ်ပါဝင်မှုသည် အချို့နေရာများတွင် အထူးသဖြင့် ကြေးစင်တောင်သတ္တုတွင်း၊ သတ္တုသန၌်စင်သည့်လုပ်ငန်း၏ ရေနုတ်မြောင်း၊ ယမားချောင်းနှင့် ချင်းတွင်းမြစ်များတွင် နိုင်ငံတကာစံနှုန်းပမာဏမှ သွေဖည်နေကြောင်း တွေ့ရှိရပါသည်။ သို့သော် အဆိုပါ ရေနှင့်မြေဆီလွှာ ပြောင်းလဲထိခိုက်မှုများသည် လက်ရှိကြေးနီစီမံကိန်းများကြောင့် ဖြစ်သည်ဟု တိုက်ရိုက်မပြောနိုင်သေးကြောင်း သုံးသပ်ရပါသည်။
(၉) မြေအောက်ရေများတွင် အက်စစ်ဓာတ် ပိုမိုများပြားနေခြင်းသည် ကြေးနီသတ္တုတွင်း စီမံကိန်းနယ်မြေအတွင်း အကြောင်းတစ်ခုခုကြောင့် အက်စစ်ဖြင့်ကြေးဖျော်ထုတ်လုပ်မှုလုပ်ငန်းစဉ် (Acid Leaching process) မှ ဖြစ်နိုင်သော်လည်း အဆိုပါလုပ်ငန်းနှင့် ဆက်စပ်ခြင်းမရှိဘဲ သီးခြားတည်ရှိနေသော လက်ပံတောင်း တောင်၏ တောင်ဘက်နှင့်အနောက်ဘက်ကျေးရွာများရှိ ရေတွင်းများတွင်ပါ အလားတူအရည်အသွေးမျိုးကို တွေ့ရခြင်းကြောင့် အထက်ပါအတိုင်း သုံးသပ်ရခြင်းဖြစ်ပါသည်။
(၁ဝ) ပြဒါးနှင့် သံဓာတ်ပါဝင်မှုနှင့် စပ်လျဉ်း၍ လက်ရှိကြေးနီစီမံကိန်း လုပ်ငန်းစဉ်များနှင့်လည်းကောင်း၊ ယင်းကအသုံးပြုသည့် ဓာတ်ပြု ပစ္စည်းများနှင့်လည်းကောင်း တိုက်ရိုက်ဆက်စပ်မှု ရှိကြောင်း မတွေ့ရပါ၊ မြစ်ချောင်းအနည်များတွင် သံဓာတ်များနေခြင်းကြောင့်လည်း ဖြစ်နိုင်ခြေရှိသည်ဟု သုံးသပ်ရပါသည်။ စံပယ်တောင်နှင့် ကြေးစင်တောင် ကြေးနီစီမံကိန်း၏ မြောက်ဘက်တွင် ရှိသော ယမားချောင်းနှင့် ချင်းတွင်းမြစ်တစ်လျှာက် ကြေးနီစီမံကိန်းနယ်မြေအနီးတစ်ဝိုက်တွင် ဗက်တီးရီးယားပါဝင်မှုများနေခြင်းသည် ရေထုညစ်ညမ်းမှုရှိနေပြီဖြစ်ကြောင်း သုံးသပ်ရပါသည်၊ ထို့ကြောင့် လက်ရှိဆောင်ရွက်နေသော စံပယ်တောင်နှင့် ကြေးစင်တောင် သတ္တုသန့်စင်မှုတွင်လည်းကောင်း၊ လက်ပံတောင်းတောင်တွင် သတ္တုသန့်စင်သည့်လုပ်ငန်းဖြစ်လာသည့် အခါတွင်လည်းကောင်း၊ ရေဆိုးထုတ်မှုနှင့် အက်စစ်ဖျော်နည်းစဉ်မှ မြေအောက်ရေအောင်းလွှာသို့ စိမ့်ဝင်နိုင်မှုကို ယခုရှိပြီးဖြစ်သည့် စီမံချက်များထက် ပိုမိုမြင့်မားသောနည်းလမ်းများဖြင့် ကာကွယ်သင့်ကြောင်း အကြံပြုအပ်ပါသည်။
(၁၁) ရေအရင်းအမြစ် စီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကြေးနီစီမံကိန်း နယ်မြေဒေသတွင် ဝန်းကျင်ရှိကျေးရွာများ မှီခိုအားထားနေရသည့် ဖောင်းကတာဆည်၊ ကျောက်ဖြူတိုင်တမံနှင့် မိုးကြိုးပြင်တမံတို့ကို တွေ့ရှိရပြီး ယင်းတို့ကို ရေရှည်အတွက် စနစ်တကျထိန်းသိမ်းခြင်း၊ ပိုမိုကောင်းမွန်သန့်စင်အောင် ဆောင်ရွက်ပေးခြင်းတို့သည် စီမံကိန်းတစ်ခု၏ တာဝန်ဖြစ်သည်ဟု သုံးသပ်ရပါသည်။ လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်းစီမံကိန်းကို ပိုမိုလုပ်ဆောင်လာသည်နှင့်အမျှ မြေအောက်ရေနှင့် မျက်နှာပြင်ဆင်းရေတို့သည် ဟင်းလင်းပွင့်တွင်းကြီး (Open Pit) ဘက်သို့ စီးဝင်သွားပါက အထက်ဖော်ပြပါ ရေလှောင်ကန်နှင့် ဆည်တမံများတွင် သိသာသောထိခိုက်မှုများ ဖြစ်လာလိမ့်မည်ဟု သုံးသပ်ရပါသည်။ (အလားတူ ဖြစ်စဉ်မျိုးကို စံပယ်တောင်နှင့် ကြေးစင်တောင် ဘက်တွင် ကြုံတွေ့နေရပြီး ဖြစ်ပါသည်။)
(၁၂) လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် နောင်တွင် ချင်းတွင်းမြစ်မှ ရေပမာဏများစွာကို ထုတ်ယူအသုံးပြုမည်ဖြစ်ပါ သည်၊ ဟင်းလင်းပွင့်တူးဖော်ခြင်း (Open Pit Mining) ကြောင့် မြေအောက်ရေပြင် (Water Table) ထက် ပိုမိုနိမ့်သောအနက်သို့ ရောက်ရှိသည့်အခါ မြေအောက်ရေများသည် သတ္တုတွင်းကျင်း ကြီးအတွင်းသို့ စီးဝင်လာမည်ဖြစ်ပါသည်။ အဆိုပါရေများကို ကောင်းစွာသန့်စင်၍ ပတ်ဝန်းကျင်ရှိ စိုက်ပျိုးမြေများအတွက် အသုံးပြုသင့်ပါသည်။ ၄င်းရေများကို ပုံမှန်စစ်ဆေးခြင်းဖြင့် ပတ်ဝန်းကျင်ထိခိုက်နိုင်ခြေကို လျော့နည်းသက်သာစေမည် ဖြစ်ကြောင်း သုံးသပ်ရပါသည်။
(၁၃) မြေဆီလွှာထိန်းသိမ်းခြင်းနှင့် စပ်လျဉ်း၍ လက်ပံတောင်းတောင်တွင် စတင်တူးဖော်နေပြီဖြစ်သော်လည်း အပေါ်ယံမြေဆီလွှာများကို စနစ်တကျထိန်းသိမ်းခြင်းမျိုးကိုမူ မတွေ့ရှိရပါ၊ မူလလယ်ယာမြေများပေါ်တွင် မြေစာများပုံထားပြီး ဖြစ်သော်လည်း ထိုသု၌ိမပုံမီ အောက်ရှိ မြေဆီလွှာကို ဖယ်ရှားထိန်းသိမ်းထားခြင်းမရှိကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုစနစ်မရှိကြောင်း၊ ကျင့်သုံးမှုအားနည်းကြောင်း သုံးသပ်ရပါသည်။
(၁၄)
မြေဆီလွှာတိုက်စားမှုကို ထိန်းသိမ်းရန်အတွက် တူးဖော်ပြီးသွားသော နေရာများနှင့် မြေစာပုံများကို မြေဆီလွှာဖုံးအုပ်ကာ သစ်ပင်များ စိုက်ပျိုးရမည်ဖြစ်ပါသည်။ တစ်နည်းအားဖြင့် သဘာဝအတိုင်း ရှိနေသောတောင်များ မြေပြင်များကို သတ္တုရိုင်းရယူရန်အတွက် တူးဖော်သည့်အချိန်နှင့် လယ်ယာမြေရိုင်းများတွင် မြေစာများ ပုံသည့်အချိန်တွင် အပေါ်ယံမြေဆီလွှာ (Top Soil) ကို စနစ်တကျ ထိန်းသိမ်းထားပြီး အနာဂတ်တွင်သစ်ပင်များ စိုက်ပျိုးနိုင်ရေးအတွက် အဆင်သင့်ဖြစ်စေသင့်ကြောင်း အကြံပြုအပ်ပါသည်။
(၁၅) အကယ်၍ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဆက်လက် ဆောင်ရွက်မည်ဆိုလျှင် အခြားရွေးချယ်နိုင်စရာ နည်းလမ်းများကို ဆန်းစစ်ကြည့်သောအခါ သဘာဝရ၍ခင်း၊ မြင်ကွင်းများ၏ (Aesthetic Value) ပျောက်ကွယ်မသွားစေရန်နှင့် အက်စစ်မှုန်များ၊ ဖုန်မှုန်များ၊ ဖုန်မှုန်များနှင့် အသံဆူညံမှုများကြောင့် ပတ်ဝန်းကျင် ထိခိုက်မှု လျော့နည်းသွားစေရန်အတွက် တစ်စိတ်တစ်ပိုင်း ဟင်းလင်းပွင့် (Semi-Open Pit) နည်းလမ်းကိုကျင့်သုံး၍ သတ္တု တူးဖော်သင့်ပါသည်။ တစ်နည်းအားဖြင့် လက်ပံတောင်းတောင်၏ ကြေးနီ မထွက်သော အနားစပ်ရှိ အချို့အစိတ်အပိုင်းများ (Periphery) ကို ချန်လှပ်၍ ကြေးနီတူးဖော်သည့်လုပ်ငန်းကို ဆောင်ရွက်သင့်သည်ဟု အကြံပြုအပ်ပါသည်။
(၁၆) လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကြောင့် ယနေ့အထိ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုကြီးမားစွာဖြစ်ပေါ်ခြင်း မရှိသေးပါ၊ သို့ရာတွင် ကြေးစင်တောင်နှင့် စံပယ်တောင် ကြေးနီစီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင်နှင့် လူနေမှုဘဝကို ထိခိုက်မှုအတန်အသင့် ရှိနေပြီဖြစ်ကြောင်း သိရှိရပါသည်။
(၁၇) လက်ပံတောင်းတောင်ကြေးနီစီမံကိန်းတွင် ရှိသင့်ပြီးသော မြေဆီလွှာထိန်းသိမ်းမှုစနစ်၊ ရေအရင်းအမြစ် စီမံခန့်ခွဲမှုစနစ်နှင့် ဇီဝဝန်းကျင် စီမံခန့်ခွဲမှုစနစ်များအား ရေရှည်ဖြစ်ပေါ်စေမှုနှင့် စနစ်တကျ ကျင့်သုံးနေမှုများကို မတွေ့ရှိကြောင်း သုံးသပ်ရပါသည်။
(၁၈) လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဆက်လက်အကောင်အထည်မဖော်မီ သတ္တုတူးဖော်ရေး လုပ်ငန်းကြီးတိုင်း၏ မရှိမဖြစ် လုပ်ဆောင်အကောင်အထည်ဖော်သင့်သော လုပ်ငန်းများဖြစ်သည့် ပတ်ဝန်းကျင်အပေါ် ထိခိုက်သက်ရောက်မှုများကို အသေးစိတ်လေ့လာဆန်းစစ်ခြင်း (Environmental Impact Assessment) ပတ်ဝန်းကျင် စီမံခန့်ခွဲမှုစနစ် (Environmental Management Plan-EMP) တည်ဆောက်ခြင်းနှင့် တိကျစွာ လိုက်နာကျင့်သုံးခြင်း တို့ကို ဆောင်ရွက်သင့်ကြောင်း အကြံပြုအပ်ပါသည်။
(၁၉) လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနယ်မြေ (Project Site) နှင့် အနီးဝန်းကျင်ဒေသ (likely affected area) တွင် လေထုအရည် အသွေးနှင့် စပ်လျဉ်းသည့် လက်တွေ့ ကွင်းဆင်းလေ့လာ တိုင်းတာမှုမှ ရရှိသည့် ရလဒ်များပေါ်တွင် အခြေပြု၍ သုံးသပ်ရာ ရွေးချယ်ထားသောနေရာ ၃ နေရာစလုံး၌ လေအမှုန်အမွှားများ (Total Suspended Particulate Matters: TSMP, PM10,PM-5) ပါဝင်မှုမှာ (WHO) နှင့် (USEPA) တို့ သတ်မှတ်ထားသော လေထုစံချိန်စံညွှန်းထက်နှစ်ဆခန့် ပိုမိုများပြားလျက်ရှိကြောင်း၊ လေအမှုန်အမွှားပါဝင်မှုမှာ ကံကုန်းကျေးရွာတွင် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနယ်မြေနှင့် ရွာသစ်ကျေးရွာတို့မှာထက် နှစ်ဆခန့် များပြားနေကြောင်း၊ ကံကုန်းကျေးရွာ၌ လူနေထိုင်မှုနှင့် လုပ်ငန်းလုပ်ကိုင်မှု ပိုမိုများပြားလာခြင်းနှင့် အနီးဝန်းကျင်ရှိ စံပယ်တောင် သတ္တုတွင်းလုပ်ငန်းခွင်မှ ပျံ့နှံ့လာသော လေထု၏ အကျိုးသက်ရောက်မှုများကြောင့် ဖြစ်နိုင်ကြောင်း သုံးသပ်ရပါသည်။ လေထုအတွင်း အန္တရာယ်ဖြစ်စေနိုင်သော ဓာတ်ငွေ့ (Sulphur Dioxide-SO2, Nitrogen Dioxide-NO2, Volatile Organci Compound-VOC, Carbon Dioxide-CO2) ပါဝင်မှုမှာ အန္တရာယ်ဖြစ်စေနိုင်သော ပမာဏမရှိကြောင်း သုံးသပ်ရပါသည်။
(၂ဝ) လေထုအရည်အသွေးတိုင်းတာမှု (Existing Baseline Air Quality Monitoring) ကို လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမစတင်မီပြုလုပ်သင့်ကြောင်း၊ ပုံမှန်လေထုအရည် အသွေးတိုင်းတာမှုကို စီမံကိန်းနေရာနှင့် အနီးဝန်းကျင် နေရာများ၌ လုပ်ငန်းလုပ်ကိုင်နေစဉ်ကာလ (Operation Phase) တွင်လည်း ပြုလုပ်သင့်ကြောင်း၊ ရရှိလာသော ရလဒ် များအပေါ်မူတည်၍ လေထုအရည်အသွေးကို ထိခိုက်စေနိုင်သော လုပ်ငန်းများအား သတ်မှတ်ထားသော လေထု အရည်အသွေး ထိခိုက်မှုကိုကာကွယ်သည့် နည်းလမ်းများ (Mitigation Measures) ဖြင့် လေထုအရည်အသွေး ကောင်းမွန်လာစေရန်ကာကွယ်ခြင်း (Air Quality Control) ပြုလုပ်သင့်ကြောင်း၊ ကြေးနီစီမံကိန်းလုပ်ငန်းခွင် အနီးဝန်းကျင်ရှိ ဒေသခံပြည်သူလူထု၏ ကျန်းမာရေး စစ်ဆေးချက်များ၊ မှတ်တမ်းများ (Medical Record) လည်း ထားရှိသင့်ကြောင်း၊ ကြေးနီစီမံကိန်းလုပ်ငန်းခွင်နှင့် နီးကပ်စွာတည်ရှိနေသည့် နေရာများ၊ အထူးသဖြင့် ကံကုန်းကျေးရွာရှိ အက်စစ်စက်ရုံနှင့်နီးသော စာသင်ကျောင်းဝန်းကျင် နေရာတွင် အက်စစ်အမှုန် (acid dust) များ ပါဝင်မှုကို တိုင်းတာသင့်ကြောင်း အကြံပြုအပ်ပါသည်။
(၂၁) ပတ်ဝန်းကျင်သိပံ၌နှင့် အင်ဂျင်နီယာ (Environmental Science and Engineering) ရှုထောင့်မှ လေ့လာသုံးသပ် အကြံပြုရသော် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ငန်းနှင့်စပ်လျဉ်း၍ ချင်းတွင်းမြစ်မှ စုပ်တင်သော နေ့စဉ် သုံးရေ ပမာဏစုစုပေါင်း၏ ၇၆ဏ အား ဖြုန်းကျောက်ကြိတ်ခွဲခြင်းလုပ်ငန်းနှင့် အက်စစ်ဖျန်းခြင်းလုပ်ငန်းများတွင် အသုံးပြုရန် ရည်ရွယ်ထားကြောင်း သိရှိရသည်။ ဟင်းလင်းပွင့်မိုင်းနံရံမှ စိမ့်ဝင်စီးဆင်းလာမည့် မြေအောက်ရေကို သင့်တော်သည့် ရေသန့်စင်မှုနည်းပညာကို အသုံးပြု၍ ပြန်လည်သုံးစွဲပါက လိုအပ်သော နေ့စဉ်သုံးရေပမာဏ၏ ၆ဝ% ခန့်အထိ အစားထိုးသုံးစွဲနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့သော ရေစီမံခန့်ခွဲမှုမှာ ကောင်းမွန်သော နိုင်ငံတကာအလေ့ အကျင့်ဖြစ်ပြီး ချင်းတွင်းမြစ်မှ ရေချိုဆုံးရှုံးမှုအား ကာကွယ်ခြင်းလည်းဖြစ်သကဲ့သို့ ရေရှည်တွင်လည်း အကျိုးခံစားရမည်ဖြစ်ကြောင်း အကြံပြုအပ်ပါသည်။
(၂၂) (Waste Water Pond) ၏ တည်ဆောက်မှု လျာထားချက်နှင့်စပ်လျဉ်း၍ နှစ်ပေါင်း ၁ဝဝ အတွင်း မြစ်ရေလွှမ်းနိုင်မှုအခြေအနေအားလည်းကောင်း၊ နှစ်ပေါင်း ၂ဝ အတွင်း အမြင့်ဆုံးမိုးရေချိန်လက်မအား (Mineral Exploration Design Book) စာအုပ်ကို ကိုးကား၍လည်းကောင်း တွက်ချက်ထားကြောင်း သိရှိရပါသည်။ စွန့်ပစ်ရေ မွမ်းမံသိမ်းဆည်းကန်အား နှစ် ၂ဝအတွင်းအမြင့် ဆုံးမိုးရေချိန်လက်မအပေါ် အခြေခံတည်ဆောက်မည် ဆိုပါက ရာနှုန်းပြည့် သတ္တုတွင်းလုပ်ငန်း လည်ပတ်ချိန်၌ မုန်တိုင်း ဝင်ရောက်လေ့ရှိသော မိုးရာသီအတွင်း စွန့်ပစ်ရေ မွမ်းမံသိမ်းဆည်းကန်ကို အမြင့်ဆုံး သိုလှောင်နိုင်စွမ်း၏ ၅ဝ% ထက် မကျော်လွန်သင့်ပါ၊ သို့သော် နှစ် ၁ဝဝ အတွင်း အမြင့်ဆုံးမိုးရွာသွန်းခဲ့ပါက ထိုအချိန်လက်ခံသိုလှောင်မှုမှာ အမြင့်ဆုံး သိုလှောင်နိုင်စွမ်း၏ ၅ဝဏ သာရှိခဲ့ပါလျှင် ဆက်လက်ထိန်းသိမ်းသိုလှောင်နိုင်စွမ်းရှိတော့မည်မဟုတ်ဟု သုံးသပ်ရပါသည်။
(၂၃) စွန့်ပစ်ရေမွမ်းမံသိမ်းဆည်းကန်၏ ကြမ်းခင်းတည်ဆောက် ဖွဲ့စည်းမှုမှာ ရေချိုမဟုတ်သော စွန့်ပစ်ရေကို သိုလှောင် သိမ်းဆည်းရန်အတွက် သင့်တော်မှုမရှိပါ၊ ထို့ကြောင့် စွန့်ပစ် ရေမွမ်းမံသိမ်းဆည်းကန်အတွင်း မသိုလှောင်မီ ထိရောက်သော ရေဆိုးသန့်စင်စနစ်ဖြင့် သန့်စင်ပေးသင့်သည့်အပြင် စောင့်ကြည့်စမ်းသပ်ရေတွင်းငယ်များ ထားရှိသင့်ကြောင်း အကြံပြုအပ်ပါသည်။
(၂၄) အချိန်နှင့်နေရာအပေါ်မူတည်၍ ပြောင်းလဲနေသော သဲနုန်း အနည်ဝန် (Sediment Load) ပို့ချမှုသည် ချင်းတွင်းမြစ်ရေ လွှမ်းနိုင်မှု အခြေအနေခန့်မှန်းတွက်ဆခြင်းနှင့် စွန့်ပစ် ရေမွမ်းမံသိမ်းဆည်းကန်၏ တည်ဆောက်မှုဒီဇိုင်းတွက်ချက် ခြင်းများ၌ လွန်စွာအရေးပါသောအချက်အလက်ဖြစ်ပါသည်။ ချင်းတွင်းမြစ် အထက်ပိုင်း (မြစ်ညာပိုင်း)တွင် မြေအသုံးချမှု လွန်ကဲစွာပြောင်းလဲနေမှုများ (ဥပမာ-သစ်တောပြုန်းတီးခြင်း၊ သတ္တုတူးဖော်ခြင်း) ဖြစ်ပေါ်လျက်ရှိရာ အကျိုးဆက်အားဖြင့် မြစ်အတွင်း၌ သဲနုန်းအနည်ဝန်ပို့ချမှု လွန်ကဲစွာအပြောင်း အလဲရှိခြင်း၊ ချင်းတွင်းမြစ်၏ မြစ်ကြောင်းပြောင်းလဲခြင်းများ ဖြစ်စေပါသည်။ သို့သော် ၄င်းကဲ့သို့သော အကြောင်းအရာများနှင့် ဖြစ်စဉ်များအား နှစ်၁ဝဝအတွင်း မြစ်ရေလွှမ်းနိုင်မှု အခြေအနေတွက်ချက်မှုတွင် ထည့်သွင်းစဉ်းစားခြင်းမရှိကြောင်း သုံးသပ်ရပါသည်။ ထို့ကြောင့် စွန့်ပစ်ရေ မွမ်းမံ သိမ်းဆည်းကန်သည် လက်ရှိလျာထားချက်ရေတား တာတမံ ပေါင် အမြင့်ထက် ပို၍မြင့်သော၊ ပို၍ခိုင်ခံ့သော ဒီဇိုင်းမျိုးဖြစ်သင့်သည်ဟု အကြံပြုအပ်ပါသည်။
(၂၅) စွန့်ပစ်ရေသိမ်းဆည်းကန် ကျိုးပေါက်ခြင်း၊ ဖိတ်လျှံ စီးဆင်း ခြင်းများမှ ကာကွယ်နိုင်ရန် မုန်တိုင်းဝင်ရောက်လေ့ရှိသော မိုးရာသီအတွင်း၌ အဖြစ်နိုင်ဆုံးနှင့် အများဆုံးထားရှိသင့်သော လက်ခံသိုလှောင်မှုအား သတ်မှတ်ထားခြင်းကို မတွေ့ရပါ၊ ထို့အပြင် စီမံကိန်းဧရိယာမှာမြေငလျင်ကြောများနှင့် ဆက်စပ် လျက်ရှိသည်ဖြစ်ရာ မြေငလျင်ဒ္စ်ကို ခံနိုင်သော မိုင်းဒီဇိုင်း မျိုးကို စဉ်းစားသင့်သည်ဟု အကြံပြုအပ်ပါသည်။ အကြောင်း တစ်မျိုးမျိုးကြောင့် စွန့်ပစ်ရေသိမ်းဆည်းကန် ကျိုးပေါက်ခဲ့ပါ က စွန့်ပစ်ရေများသည် စီမံကိန်းဧရိယာ၏ အရှေ့ဘက် မြေနိမ့်ပိုင်းတွင်ရှိသော ပလောင်းရွာ၊ ရေဤလှေရွာ၊ လက်ပံ တောင်းရွာ၊ တုံရွာနှင့် ရွာသစ်ရွာများသို့ ရုတ်တရက် ပြင်းထန်စွာစီးဆင်းပြီး ပတ်ဝန်းကျင် ညစ်ညမ်းပစ္စည်းများ၏ ဆိုးကျိုးအာနိသင်ကို ခံစားရမည်ဖြစ်ပါသည်။ တစ်ဖန် ချင်းတွင်းမြစ်မှတစ်ဆင့် မြစ်အောက်ပိုင်းဒေသများအား ဆက်လက်၍ ဆိုးကျိုးသက်ရောက်စေမည် ဖြစ်ပါသည်။ ထို့ကြောင့် ဘေးအန္တရာယ် နည်းပါးရေး စီမံလုပ်ဆောင်ချက်အားဖြင့် သော်လည်းကောင်း၊ စွန့်ပစ်ရေ သိမ်းဆည်းကန်အဆင့်မှ စွန့်ပစ်ရေ မွမ်းမံသိမ်းဆည်းကန်အထိ တိုးမြ/င့်ဆောင်ရွက်ရန်နှင့် ထိရောက်သော ရေဆိုးသန့်စင်စနစ်ကို ထည့်သွင်းတည် ဆောက်သင့်ကြောင်း အကြံပြုအပ်ပါသည်။
(၂၆) လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေနှင့် အနီး ဝန်းကျင်ဒေသသည် ပူပြင်းခြောက်သွေ့သော အရပ်ဒေသ တွင် တည်ရှိနေသောကြောင့် နွေရာသီ၌ ပျမ်းမ္ခအပူချိန် ၄ဝ ဒီဂရီစင်တီဂရိတ်ခန့်ရှိပါသည်။ ထိုအပူချိန်သည် ပတ်ဝန်းကျင် ညစ်ညမ်းပစ္စည်းများ ဖောက်ထွက်ယိုစီးမှုမှ ကာကွယ်ပေးသော ဖိအားမြင့်ဒ္စ်ခံနိုင်သည့် အနက်ရောင်ပလတ်စတစ်အခင်း (High Density Polyethtylene- HDPE Liner) ၏ ဝန်ဆောင်မှုသက်တမ်းကို တိုတောင်းစေသည့် အဓိကအချက် ဖြစ်ပါသည်။ အဆိုပါ ဖောက်ထွင်းယိုစီးမှုအား စောင့်ကြပ် သိရှိနိုင်ရန်အတွက် HDPE နှစ်ထပ် (သို့မဟုတ်) HDPE နှင့် PVC အသုံးပြုခြင်းနှင့်အတူ အဆိုပါ ဖောက်ထွင်း ယိုစီးမှုအား စောင့်ကြပ်ပိုက်ကို စွန့်ပစ်ကန်၊ အက်စစ်ဖျန်း ဧရိယာများတွင် တပ်ဆင်အသုံးပြုသင့်ကြောင်း အကြံပြုအပ်ပါသည်။
(၂၇) ဖုန်မှုန့်များ၏ ထုတ်လွှတ်ပင်ရင်းဖြစ်သော ကျောက်မိုင်းခွဲခြင်း၊ ကျင်းတူးခြင်း၊ စွန့်ပစ်ကန် ခြောက်သွေ့မျက်နှာပြင်၊ သယ်ယူပို့ဆောင်ရေးသုံးလမ်းနှင့် ဟင်းလင်းပွင့် ဧရိယာများကို ကောင်းမွန်သော နိုင်ငံတကာ အလေ့အကျင့်များနှင့် အညီ စီမံဆောင်ရွက်သင့်ကြောင်း၊ မြေအောက်ရေ အရည် အသွေးဆိုင်ရာ အင်္ဂါရပ်များဖြစ်သည့် Fe, Mn, Ca, Mg, Al, So4, Pb, Cu, Zn, Ni, Co, Cr, As, Hg, Cd စသည်တို့ကိုလည်း အချိန်မှန်မှန်၊ ပြည့်ပြည့်စုံစုံ တိုင်းတာ၍ မှတ်တမ်းတင်ထားသင့်ကြောင်း၊ ဆူညံသံနှင့် တုန်ခါမှုများ ကိုလည်း ကောင်းမွန်သော နိုင်ငံတကာ အလေ့အကျင့် များနှင့်အညီ စီမံဆောင်ရွက်သင့်ကြောင်း အကြံပြုအပ်ပါသည်။
(၂၈) လက်ပံတောင်းတောင် စီမံကိန်းလက်စွဲပါ လမ်းညွှန်ချက်နှင့် ကောင်းမွန်သော နိုင်ငံတကာအလေ့အကျင့် စီမံခန့်ခွဲမှုမှာ စီမံကိန်းစတင်စဉ်ကပင် မရှိခဲ့ကြောင်း သုံးသပ်ရပါသည်။ လက်ရှိကျင့်သုံးနေသော စံပယ်တောင်နှင့် ကြေးစင်တောင် စီမံကိန်း၏ ပေါင်းစပ်စီမံခန့်ခွဲမှုစနစ် (Integrated Management Systems) ထက် ကောင်းမွန်သောစနစ်နှင့် အတူ ပိုမိုထိရောက်သော သဘာဝပတ်ဝန်းကျင်စောင့်ရှောက် ထိန်းသိမ်းခြင်းဆိုင်ရာ အစီအမံများကို လက်ပံတောင်းတောင် စီမံကိန်းတွင် လိုက်နာကျင့်သုံးဆောင် ရွက်ရန်လိုအပ်ကြောင်း၊ လက်ပံတောင်းတောင် စီမံကိန်း ဒီဇိုင်းလက်စွဲစာအုပ်ကိုလည်း ပြန်လည်သုံးသပ်သင့်ကြောင်း အကြံပြုအပ်ပါသည်။
(၂၉) ဆားလင်းကြီးမြို့နယ်၊ ကံကုန်းကျေးရွာအနီးရှိ မြန်မာ့စီးပွား ရေးဦးပိုင် လီမိတက် (Myanmar Economic Holdings Limited-MEHL) သည် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၏ စက်ရုံဖြစ်ပြီး စက်ရုံနယ်မြေအတွင်းရှိ စက်နှင့်စက်ပစ္စည်းများ၊ စွန့်ပစ် အရည်နှင့် အစိုင်အခဲပစ္စည်းများ၊ စွန့်ပစ်စုပုံသည့် ကန်များ၊ နေရာများကို ကွင်းဆင်းလေ့လာကြည့်ရ၍စစ်ဆေးခဲ့ရာ စက်မှုဝန်ကြီးဌာန၏ ခွင့်ပြုချက်ရယူထားခြင်း မရှိသေးကြောင်း၊ ဦးပိုင်၏ စီးပွားရေးလုပ်ငန်းတစ်ခုအနေဖြင့် လုပ်ကိုင်နေခြင်း ဖြစ်ကြောင်း တွေ့ရှိရပါသည်။ ပတ်ဝန်းကျင်ထိန်းသိမ်းမှု ကာကွယ်နိုင်ရန် နိုင်ငံတကာ အသိအမှတ်ပြု ISO Certificate ရယူထားခြင်းမရှိသေးကြောင်း တွေ့ရှိရသဖြင့် ၄င်း အက်စစ်စက်ရုံသည် အန္တရာယ်ရှိသော ဓာတုပစ္စည်းစက်ရုံ (Hazardous Chemical Plant) အတန်းအစားဖြစ်သောကြောင့် သက်ဆိုင်ရာ စက်မှုဝန်ကြီးဌာန၏ ခွင့်ပြုချက်ရယူထားရန် လိုအပ်ကြောင်း၊ စက်ရုံမှစွန့်ထုတ်သောအငွေ့တွင် ဆာလ်ဖာဒိုင်အောက်ဆိုက် SO2 ပါဝင်မှုကို 150 ppm ထက်မများစေရန် သတ်မှတ်ထိန်းချုပ်၍ စွန့်ထုတ်သင့်ပါသည်။ ၄င်း အချက်ကို စိစစ်နိုင်ရန် စက်ရုံအနေဖြင့် နိုင်ငံတကာ ပြဋ္ဌာန်းချက်များ၊ စံချိန်စံညွှန်းများနှင့်အညီ ISO Certificate များလည်း ရယူသင့်ကြောင်း အကြံပြုအပ်ပါသည်။
(၃ဝ) ပုသိမ်-မုံရွာ ကားလမ်းဘေးရှိ ဒုန်းတောကျေးရွာနှင့် လေး ည/င်းတောင် ဘုန်းတော်ကြီးကျောင်းအကြား (မိုင်တိုင်အမှတ် ၄၄၆-၂ မှ ၄၄၆-၇အထိ) တွင်ရှိသော ယခင် ၁၉၈၄ ခုနှစ်မှ ၁၉၉၇ ခုနှစ်ခန့်အတွင်း စွန့်ပစ်ခဲ့သည့် စွန့်ပစ်မြေများမှာ ဒေသန္တရနည်းဖြင့် ဒုတ္တာ- ကြေးနီချက်လုပ်ပြီး ကျန်ရစ်နေသည့် ညစ်နွမ်းမြေသားများကို အရုပ်ဆိုးအကျည်းတန်စွာ လေ့လာတွေ့ရှိခဲ့သည်။ ထိုနည်းတူစွာ ပုသိမ်-မုံရွာ ကားလမ်းဘေးရှိ ကံကုန်းကျေးရွာအတွင်းနှင့် အနီးပတ်ဝန်းကျင်တွင် လည်း ယခင် ၁၉၈၄ ခုနှစ်မှ ၁၉၉၇ ခုနှစ်ခန့်အတွင်း စွန့်ပစ်ခဲ့သည့်မြေများမှ ဒေသန္တရနည်းဖြင့် ဒုတ္တာ-ကြေးနီချက် လုပ်မှုကြောင့် မြေသားများ ညစ်နွမ်းပြီး မြေအောက်သို့ သတ္တုဓာတ်နှင့် ညစ်ညမ်းရေများစိမ့်ဝင်ကာ သောက်သုံးရေ မသန့်ရှင်းမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်၊ ထို့ကြောင့် အဆိုပါ ဒုတ္တာ-ကြေးနီချက်လုပ်သည့် လုပ်ငန်းများ၏ ရလဒ်ဆိုးကျိုးများဖြစ်သော ကျန်ရစ်နေသည့် ညစ်နွမ်းမြေသားများဖြင့် ပတ်ဝန်းကျင်အရည်အသွေးလျော့ နည်းကျဆင်းမှု-ထိခိုက်ပျက်စီးနေမှုများ (Environmental Degradation / Deterioration) ကို ကြေးနီသတ္တုတွင်း စီမံကိန်းကုမ္မဏီ၊ ဒေသခံပြည်သူလူထုနှင့် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများက စုပေါင်းညီညွတ်စွာဖြင့် ပတ်ဝန်းကျင်ကို ကုစားခြင်း-ပြင်ဆင်ခြင်း (Environmental Remediation/Repair) ပတ်ဝန်းကျင်ကို ပြန်လည်ထူထောင်ခြင်း (Environmental Rehabilitation) နည်းလမ်းများကို လိုက်နာကျင့်သုံးပြီး အမြန်ဆုံးဆောင်ရွက်သင့်ကြောင်း အကြံပြုအပ်ပါသည်။
(ခ) လူမှုဝန်းကျင်အခြေအနေ
(၁) ဆားလင်းကြီးမြို့နယ်တွင် စုစုပေါင်းလူဦးရေ ၁၉ဝဝဝဝ ခန့်၊ အိမ်ထောင်စု ၂၇ဝဝဝ ခန့်ရှိပါသည်။ လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း စီမံကိန်းနယ်မြေ၌ နေထိုင်သည့် အိမ်ထောင်စုဦးရေ ၁၅ဝ ခန့်နှင့် စိုက်ပျိုးမြေ ၅၄၈၇့၂၇ ဧကရှိကာ အခြားမြေ ၂၃၈ဝ၏၅ ဧကရှိပါသည်။ လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း စီမံကိန်းသည် တောင်ပလူကျေးရွာအုပ်စုမှမြေ ၇့၆ ဧက၊ ရွာရှည်ကျေးရွာအုပ်စုမှ မြေ ၅ဝ့၆၅ ဧက၊ တုံကျေးရွာအုပ်စုမှ မြေ ၅၅ ဒသမ ဝ၄ ဧက၊ စုစုပေါင်း ၁၁၃၏၂၉ ဧက ရယူထားကြောင်း စိစစ်တွေ့ရှိရပါသည်။
(၂) လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်းစီမံကိန်းကြောင့် နေရာပြောင်းရွေ့ တည်ထောင်ပေးခြင်းခံရသော ကျေးရွာ သစ်များမှာ သင့်တော်သော စံပြကျေးရွာအဆင့်မမီကြောင်း၊ လယ်ယာမြေရယူခြင်းနှင့် ပေးလျော်ခြင်းတို့တွင် ပွင့်လင်းမြင်သာမှုမရှိကြောင်း၊ ဒေသခံတို့နှင့်ကြိုတင်ညှိနှိုင်းဆွေးနွေးမှုမရှိခဲ့ကြောင်း၊ သတင်းအချက်အလက်ရရှိရန် အခွင့်အလမ်းအားနည်းသည့် အများစုဖြစ်သော ဒေသခံတို့အား မြေယာသိမ်းယူမှု၊ ပေးလျော်မှုတို့နှင့် စပ်လျဉ်း၍ ရှင်းရှင်းလင်းလင်းအသိပေးပြောကြားမှု မရှိခဲ့ကြောင်း၊ မြေနှင့်သီးနှံ လျော်ကြေးငွေပေးရန်ဟု ကြေညာခဲ့သည့် မြေပိုင်ရှင် လက်မှတ်ထိုးရသည့် စာရွက်စာတမ်းတွင်မူ မြေယာအား စွန့်လွှတ်ကြောင်းနှင့် လျော်ကြေးငွေရရှိကြောင်းဟု ရေးထားကြောင်းစသည့် ရှေ့နောက်မညီညွတ်မှုများ (Inconsistencies) ရှိခဲ့ကြောင်း၊ လက်မှတ်ရေးထိုးရသည့် စာရွက် စာတမ်းများအား လက်မှတ်မရေးထိုးမီ သေချာစွာ ရှင်းပြခြင်း၊ ဖတ်ကြားပြခြင်းမရှိကြောင်း၊ မြေယာစွန့်လွှတ်ရသူအတွက် ခိုင်မာသော အထောက်အထား စာရွက်တစ်စုံတစ်ရာကို စနစ်တကျ ပြန်လည်ပေးအပ်ခြင်း မရှိကြောင်း၊ မြေယာ လျော်ကြေးသည်လည်း ကာလပေါက်ဈေး (Market Value) အတိုင်း မဟုတ်ခဲ့ကြောင်း သုံးသပ်ရပါသည်။
(၃) လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်းစီမံကိန်းလုပ်ငန်းကို မစတင်မီ လိုအပ်သောလူမှုစီးပွားရေးဆိုင်ရာ ထိခိုက်မှု ဆန်းစစ်ချက် (Social Impact Assessment) တစ်ရပ်ကို စနစ်တကျ ကြိုတင်ဆောင်ရွက်ထားခြင်း မရှိကြောင်း သုံးသပ်ရပါသည်။
(၄) လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်းစီမံကိန်းသည် ကြီးမားသော စီးပွားဖွံ့ဖြိုးရေး လုပ်ငန်းတစ်ရပ်ဖြစ်သဖြင့် ဒေသခံပြည်သူလူထုနှင့် ပွင့်လင်းမြင်သာစွာ ဆွေးနွေး ညှိနှိုင်းခြင်း၊ ရှေ့တွင်ဖြစ်ထွန်းလာနိုင်မည့် ကောင်းကျိုး၊ ဆိုးကျိုးများအား ရှင်းရှင်းလင်းလင်းတွက်ချက်ပြခြင်း၊ လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်းစီမံကိန်းကို အကောင်အထည်ဖော်မည့်သူများနှင့် သက်ဆိုင်ရာ ဒေသခံ ပြည်သူလူထုအကြား ပွင့်လင်းမြင်သာသော ဆွေးနွေး ညှိနှိုင်းမှုနှင့် ထိုက်တန်သော ပေးလျော်မှုများကို ပြန်လည် ဆောင်ရွက်ခြင်း၊ နေရာရွေ့ပြောင်းတည်ထောင်ပေးသော ကျေးရွာသစ်များကို စံပြကျေးရွာများဖြစ်စေခြင်း စသည်တို့ ဆောင်ရွက်ပေးသင့်ကြောင်း အကြံပြုအပ်ပါသည်။
(၅) ထို့အပြင် နေရာရွေ့ပြောင်းခံကြရသော ဒေသခံပြည်သူများနှင့် စီမံကိန်းနယ်မြေအနီးဝန်းကျင်ရှိ အခြားသော ပြည်သူများ အတွက် အလုပ်အကိုင် အခွင့်အလမ်းများနှင့် ဝင်ငွေရရှိနိုင်သည့် စီးပွားရေးလုပ်ငန်းများအား ဖန်တီးပေးခြင်း၊ စီမံကိန်း နယ်မြေအနီးတွင် သတ္တုတွင်းမြို့ တစ်မြို့ကို တည်ထောင်ပေး ခြင်း၊ နိုင်ငံခြားသားကျွမ်းကျင်သူများ၊ အလုပ်သမားများ၏ နေရာတွင် ဒေသခံပြည်သူများ၊ နိုင်ငံတွင်းအလုပ်သမားများနှင့် တစ်ဆင့်ပြီးတစ်ဆင့် အစားထိုးသည့်မူဝါဒဖြင့် အကောင် အထည်ဖော်ဆောင်ခြင်း၊ ဒေသ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက် မှုအတွက် ထိရောက်စွာ တာဝန်ယူပံ့ပိုးကူညီခြင်း၊ စီးပွားရေး လုပ်ငန်းကြီးများ၏ လူမှုရေးတာဝန်ယူမှု (Corporate Social Responsibility_CSR) အား တိကျစွာ လိုက်နာကျင့်သုံးခြင်းတို့ကို ဆောင်ရွက်ပေးသင့်ကြောင်း အကြံပြုအပ်ပါသည်။

ခြုံငုံသုံးသပ်အကြံပြုချက်
၈၃၊
လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်းစီမံကိန်းအား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် နိုင်ငံတကာ ပြဋ္ဌာန်းချက်များ၊ ဆောင်ရွက်သင့်သည့် နည်းပညာများ အသုံးပြု၍ စနစ်တကျဆောင်ရွက်ခြင်း ရှိ၊ မရှိနှင့် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကြောင့် လူမှုပတ်ဝန်းကျင်နှင့် သဘာဝပတ် ဝန်းကျင်အပေါ် ကောင်းကျိုးနှင့် ဆိုးကျိုး သက်ရောက်မှုများနှင့်စပ်လျဉ်း၍ အောက်ပါအတိုင်း ခြုံငုံသုံးသပ်အကြံပြုအပ်ပါသည်-
(က)
လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်းစီမံကိန်းနယ်မြေ၏ လက်ရှိဂေဟစနစ် (Ecosystem or Ecological System) သည် မျက်မှောက်ကာလတွင် အရည်အသွေးကျဆင်းမှု၊ ယိုယွင်း ပျက်စီးမှု ကြီးကြီးမားမား မရှိသေးသော်လည်း ကြေးနီသတ္တုတူးဖော်ထုတ်လုပ်ခြင်း၊ သတ္တုသန့်စင်ခြင်း စသည့် လုပ်ငန်းများကို ရှေ့တွင် ဆက်လက်လုပ်ဆောင်လာသည်နှင့်အမျှ ၄င်းနယ်မြေရှိ သစ်ပင်သစ်တော၊ သက်ရှိသတ္တဝါ၊ တိရစ္ဆာန်၊ ရေ၊ မြေတို့ကို ဧကန်မုချပြောင်းလဲကာ သိသာထင်ရှားသော ထိခိုက်မှုများ ဖြစ်ပေါ်လာစေမည်ဖြစ်သောကြောင့် ကြိုတင်ကာကွယ်မှုပြုလုပ်နိုင်ရန် သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှုစနစ် Environmental Management System တစ်ရပ်ကို လုပ်ငန်းမစမီကပင်ပြင်ဆင်၍ ကျင့်သုံးသင့်သည်ဟု သုံးသပ်အကြံပြုအပ်ပါသည်။
(ခ)
လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း စီမံကိန်းနယ်မြေတွင် ဖြစ်ပွားခဲ့သော လူမှုဝန်းကျင်ပြဿနာများသည် မြေယာသိမ်းဆည်းမှုနှင့် ပြောင်းရွေ့နေရာချထားမှုအပေါ်တွင် အဓိကအားဖြင့် အခြေပြုခဲ့သည်ဟု သုံးသပ်ရပါသည်။ ထို့အပြင် ကြေးနီ သတ္တုတွင်း စီမံကိန်းလုပ်ငန်းအဆင့်ဆင့်အား ပွင့်လင်းမြင်သာစေမှု (Transparency)၊ သတ္တုတူးဖော်ထုတ်လုပ်ရန်အတွက် မြေလိုအပ်ချက်အား စနစ်တကျ သိရှိနားလည်စေမှုနှင့် အဆိုပါ လုပ်ငန်းများကြောင့် နိုင်ငံတော်နှင့် သက်ဆိုင်ရာ အရပ်ဒေသအတွက် အကျိုးကျေးဇူးရှိနိုင်ပုံများအား သိသာသော အထောက်အထား အချက်အလက်များ ပြသမှု၊ ထိုက်တန်သော ပေးလျော်မှု၊ အစားထိုးတည်ဆောက်ပေးမှုနှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားနှင့် အသက်မွေးဝမ်းကျောင်း ဘဝအတွက် ထိရောက်သော စီမံဆောင်ရွက်ပေးမှုများ လိုအပ်သည်ဟုသုံးသပ် အကြံပြုအပ်ပါသည်။
(ဂ)
စေတီ၊ ပုထိုး၊ ဘုရား၊ သိမ်ကျောင်းစသည့် ဗုဒ္ခသာသနိက အဆောက်အအုံများ တည်ရှိရာ လက်ပံတောင်းတောင်နှင့် အနီးဝန်းကျင်အရပ်ဒေသများနှင့် ပတ်သက်၍ ဒေသခံပြည်သူလူထု၏ ခံစားချက်ကိုလည်း သတိပြုအပ်ပါသည်။ လက်ရှိလက်ပံတောင်း တောင်ကြား တောရစင်္ကြန်ကျောင်းဟုခေါ်သော မြေနေရာနှင့် ၄င်း၏အပေါ်ရှိ စေတီ၊ သိမ်ကျောင်းစသော ဗုဒ္ခသာသနိက အဆောက်အအုံများသည် လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်းစီမံကိန်းတွင် ဟင်းလင်းပွင့်ကျင်းကြီး (Open Pit) ဖြစ်ပေါ် လာမည့်နေရာ၏ အလယ်ဗဟိုအရပ်၌ တည်ရှိနေပြီး သတ္တုသိုက်တည်ရှိရာ အဓိကနေရာဖြစ်ကြောင်း၊ အဆိုပါ သာသနိက အဆောက်အအုံများကို ကွင်းရှောင်ပြီး ကြေးနီသတ္တုတူး ဖော်ထုတ်လုပ်မည်ဆိုလျှင်လည်း ယင်းအဆောက်အအုံများ၏ ကြံ့ခိုင်တည်မြဲမှုကို ဧကန်မုချ ထိခိုက်နိုင်မည်ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။ သို့ပါ၍ အဆိုပါ လက်ပံတောင်းတောင် ကြားတောရစင်္ကြန်ကျောင်း မြေနေရာနှင့် ၄င်းအပေါ်ရှိ ဗုဒ္ခသာသနိက အဆောက်အအုံများကို လုံး0xdcdုက်ပျက်စီးစေမှုမရှိဘဲ လက်ရှိအနေအထားများအတိုင်း အခြားသင့်လျော်မည့် နေရာတစ်ခုခုသို့ ပြောင်းရွေ့ပေးသင့်ကြောင်း၊ ၄င်းကိစ္စကို ကြေးနီတူးဖော်မည့် ကုမ္မဏီသည် ဒေသခံပြည်သူလူထုများ၊ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း အဆင့်ဆင့်တို့နှင့် ပွင့်လင်းမြင်သာစွာ ညှိနှိုင်းဆွေးနွေးဆောင်ရွက်သင့်ကြောင်း သုံးသပ်အကြံပြုအပ်ပါသည်။
(ဃ)
မျက်မှောက်ကာလတွင် အကောင်အထည်ဖော် ဆောင်ရွက်နေသော လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း စီမံကိန်း၏ အထောက်အထားများ၊ ရည်ညဤန်းအကိုးအကားများကို အသေးစိတ် လေ့လာ စိစစ်ချက်အရ ယနေ့တိုင်အောင် နိုင်ငံတကာပြဋ္ဌာန်းချက်များ၊ စံချိန်စံညွှန်းများနှင့် အဆင့်အတန်း ဘောင်ဝင်သော ပတ်ဝန်းကျင် စီမံခန့်ခွဲမှုစနစ်၊ လုပ်ငန်းခွင် စီမံခန့်ခွဲမှုစနစ်၊ လူမှုဝန်းကျင်လေ့လာခြင်းနှင့် စီမံခန့်ခွဲမှုစနစ်များ ရေးဆွဲကျင့်သုံး လိုက်နာဆောင်ရွက်မှု မရှိသေးကြောင်း သုံးသပ်ရပါသည်။
(င)
အဆိုပါ စီမံခန့်ခွဲမှုများ ခိုင်ခံ့စွာ တည်ဆောက်ကျင့်သုံးနိုင်ခြင်း မရှိသေးမီကာလအတွင်းတွင် လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း စီမံကိန်းလုပ်ငန်းများ လုပ်ဆောင်နေသည်ကို တွေ့ရှိရပါသည်။ သို့ပါ၍ မြန်မာ-ဝမ်ပေါင်ကုမ္မဏီမှ တာဝန်ပေးထားသဖြင့် သြစတြေးလျ (Australia) )နိုင်ငံ၊ Knight Piesold Pty. Limited က ပြုစုနေသော အပြည်ပြည်ဆိုင်ရာ လက်မှတ် ၃ စောင် ဖြစ်သည့် ISO 14001:2004 (သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု စီမံခန့်ခွဲခြင်းဆိုင်ရာလက်မှတ်) ISO9001-2008 (ထုတ်လုပ်မှု စီမံခန်္ကခွဲခြင်းဆိုင်ရာလက်မှတ်) OHSAS 18001:2007 (လုပ်ငန်းခွင်ဘေးကင်းလုံခြုံမှုနှင့်ကျန်းမာရေး စီမံခန်္ကခွဲမှု ဆိုင်ရာလက်မှတ်)တို့ကို အမြန်ဆုံးပြုစုပြီး အကောင်အထည်ဖော် ဆောင်ရွက်သင့်ကြောင်း သုံးသပ်အကြံပြုအပ်ပါသည်။

ကြေးနီစီမံကိန်းဆောင်ရွက်ခြင်းကြောင့် နိုင်ငံတော်၊ ပြည်သူလူထုနှင့် အနာဂတ် မျိုးဆက်များအတွက် အကျိုးရှိ-မရှိ
၈၄၊
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းသည် ကမ္ဘာပေါ်တွင် အကြီးဆုံးသော ကြေးနီစီမံကိန်းတစ်ခုဖြစ်ပါသည်။ ၄င်းကြေးနီစီမံကိန်းကို လုပ်ဆောင်ခြင်းဖြင့် နိုင်ငံတော်၊ ပြည်သူလူထုနှင့်အနာဂတ်မျိုးဆက်တို့ အကျိုးရှိ-မရှိ စိစစ်သုံးသပ်ရန်လိုပါသည်။ ကော်မရှင်အဖွဲ့ စီးပွားရေးပညာရှင်က ယခု လုပ်ငန်းသည် စီးပွားရေးရှုထောင့်မှ အကျိုးရှိစွာ လုပ်ဆောင်သင့်သည့် စီးပွားရေး လုပ်ငန်းတစ်ခုဖြစ်သည်ဟု သုံးသပ်တင်ပြခဲ့ပါသည်။ ကြေးနီစီမံကိန်းကို လက်ရှိ စာချုပ်အတိုင်း ဆောင်ရွက်မည်ဆိုပါက အောက်ပါအတိုင်း နိုင်ငံတော်၊ ပြည်သူလူထုနှင့် အနာဂတ်မျိုးဆက်တို့ အကျိုးကျေးဇူးခံစားကြရမည်ဖြစ်ပါသည်-
(က)

နိုင်ငံတော်အတွက် အကျိုးကျေးဇူး၊
၎င်းကြေးနီစီမံကိန်းမှာ နိုင်ငံတော်သည် ခိုင်ကြေး (Royalty) 4%၊ ကုန်သွယ်လုပ်ငန်းခွန် (Commercial Tax) ၈% နှင့်ဝင်ငွေခွန် (Income Tax) ၁၅% တို့ ရရှိမည် ဖြစ်ပါသည်။ ၄င်းအခွန်များနှင့် စီမံကိန်းတူးဖော်မှုနှင့် ထုတ်လုပ်မှု ကုန်ကျစရိတ်ကိုနုတ်ပယ်၍ နောက်ဆုံးဝင်ငွေအား ခွဲဝေရာ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်မှ ၅၁% ကိုလည်းကောင်း၊ ဝမ်ပေါင်ကုမ္မဏီမှ ၄၉% ကိုလည်းကောင်း အသီးသီး ရရှိကြမည်ဖြစ်ပါသည်။ နိုင်ငံတော်မှရရှိမည့်အကျိုးကို အောက်ပါအတိုင်း တွက်ချက်နိုင်ပါသည်-
- စုစုပေါင်းဝင်ငွေ (သို့) ကြေးနီရောင်းရငွေ (Total Revenue) = ၁ဝဝ%
- ထုတ်လုပ်မှုကုန်ကျစရိတ် (Total Cost) = ၅၆%
- ခိုင်ကြေး (Royalty) ၄% + ကုန်သွယ် လုပ်ငန်းခွန် (Commercial Tax) ၈% = ၁၂%
- အခွန်မဆောင်မီ အမြတ်ဝင်ငွေ (Income Before Tax) = ၃၂%
- စုစုပေါင်းဝင်ငွေ ၁ဝဝအပေါ် နိုင်ငံတော်အစိုးရက ရရှိမည့်ခိုင်ကြေး (Royalty) = ၄%
- စုစုပေါင်းဝင်ငွေ ၁ဝဝ အပေါ် နိုင်ငံတော်အစိုးရကရရှိမည့် ကုန်သွယ်ခွန် (Commercial Tax) = ဂ%
- အခွန်မဆောင်မီဝင်ငွေ ၃၂ အပေါ်နိုင်ငံတော်အစိုးရက ရရှိမည့် ဝင်ငွေခွန် (Income Tax) = ၄.၈%
၁၅%
- နိုင်ငံတော်အစိုးရကရရှိမည့်အခွန်ဝင်ငွေစုစုပေါင်း = ၁၆.၈%
- အခွန်မဆောင်မီဝင်ငွေ ၃၂- ဝင်ငွေခွန် ၄.၈ =၂၇.၂၏ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၏ ဝင်ငွေ ၅၁% = ၁၃.၈၇၂%
- အခွန်မဆောင်မီ ဝင်ငွေ ၃၂-ဝင်ငွေခွန် ၄.၈ =၂၇.၂ ၏ ဝမ်ပေါင် သတ္တုတွင်း ကုမ္ပဏီ၏ ဝင်ငွေ ၄၉% = ၁၃့၃၂၈%
- အခွန်မဆောင်မီ ဝင်ငွေ ၃၂ -ဝင်ငွေခွန် ၄့၈ = ၂၇့၂ ၏ ဝမ်ပေါင် သတ္တုတွင်း ကုမ္ပဏီ၏ ဝင်ငွေ ၄၉% = ၁၃့၃၂၈%

(၁)
အထက်ပါတွက်ချက်မှုတွင် နိုင်ငံတော်က ရရှိမည့်အကျိုးအမြတ်ကို ၁၆.၈% ဟု တွက်ချက် ဖော်ပြထားခဲ့ပါသည်။ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် ဝမ်ပေါင်ကုမ္ပဏီတို့ ၂ဝ၁ဝခုနှစ်၊ ဇွန်လတွင် ချုပ်ဆိုထားသော စာချုပ်အပေါ် မူတည်ပြီး ၁၆.၈%ဟု တွက်ချက် ဖော်ပြခြင်း ဖြစ်ပါသည်။

(၂)
သို့ရာတွင် လက်ရှိတည်ဆဲဥပဒေအရ ကုမ္ပဏီကကုန်သွယ် လုပ်ငန်းခွန်၈% ပေးသွင်းရန် မလိုအပ်တော့ပါ။ သို့ဖြစ်ရာ နိုင်ငံတော် ခံစားရမည့် အကျိုးကျေးဇူးထဲမှ ၈% လျော့နည်း သွားမည် ဖြစ်ပါသည်။ ခံစားရမည့် အကျိုးကျေးဇူးသည် ခိုင်ကြေး ၄% နှင့် ဝင်ငွေခွန်ပေါ်မှ ကောက်ခံသည့် အခွန်သာဖြစ်ပါသည်။ တစ်နည်းဆိုသော် ဤကြီးမားသော လုပ်ငန်းကြီးမှ နိုင်ငံတော် အတွက် အကျိုးကျေးဇူးရှိသည် မှန်သော်လည်း ရရှိသည့် အကျိုးကျေးဇူးမှာ နည်းပါးပါသည်။ စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက်မှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် တွေ့ရှိသည့် အချိန်တွင် ဤအချက်ကို တွေ့ရှိ သုံးသပ်ပြီးအလေးထား ပြောကြားခဲ့ပါသည်။ တစ်ဖက်တွင်လည်း နိုင်ငံတော်၏ အကျိုးကျေးဇူးကို တွက်ချက်ရာတွင် အစိုးရဘဏ0x081ဍာသို့ ရရှိသည့်ဝင်ငွေအပြင် နိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းတို့၏ ဝင်ငွေကိုလည်းကောင်း၊ လုပ်ငန်းတည်ထောင် ဆောင်ရွက် ခြင်းကြောင့် ရရှိလာမည့် နည်းပညာ ကူးပြောင်းမှု (transfer of technology) ကိုလည်းကောင်း၊ ပြည်သူလူထုအတွက် အလုပ်အကိုင် အခွင့်အလမ်းရရှိမှုကို လည်းကောင်း ထည့်သွင်း တွက်ချက်ရန် လိုအပ်ပါသည်။ ကော်မရှင် စီးပွားရေးပညာရှင်၏ အကျိုးရှိမှု တွက်ချက်ခြင်း (Benefit Calculation) အရ ယခုလုပ်ငန်းတွင် နိုင်ငံတော်နှင့် မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်တို့ ရရှိသည့် အကျိုးစီးပွားသည် ဝမ်ပေါင်ကုမ္ပဏီ ရရှိသည့်အကျိုးစီးပွားထက် ပိုမိုပါသည်။
(ခ)
ပြည်သူလူထုအတွက် အကျိုးကျေးဇူး
ကြီးမားသည့် စီးပွားရေးစီမံကိန်း တစ်ခုတည်ထောင်ခဲ့ပါလျှင် ဒေသခံလူထုအတွက် အလုပ်အကိုင် အခွင့် အလမ်းများရရှိနိုင်သည်။ ထိုစီးပွားရေးလုပ်ငန်း အပေါ်မူတည်ပြီး စီးပွားရေး လုပ်ငန်းငယ်များ ပေါ်ပေါက်လာနိုင်သည်ဟူ၍ သမားရိုးကျ ခံယူမှုရှိပါသည်။ ယခုလက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍မူ မြန်မာ ဝန်ထမ်း ၆၆ဝ ဦးကို ခန့်ထားပြီး ဖြစ်ကြောင်း၊ အသစ်ခန့်ထားမည့် အင်ဂျင်နီယာဘွဲ့ရနှင့် အခြားဘွဲ့ရ ၁၂၈ ဦးအား လုပ်ငန်းခွင် သင်တန်းပို့ချပေးလျက်ရှိကြောင်း ဝမ်ပေါင်ကုမ္ပဏီမှ သိရှိရပါသည်။ ဤလုပ်ငန်းထက် လုပ်ငန်းပမာဏများစွာ သေးငယ်သည့် စံပယ်တောင်နှင့် ကြေးစင်တောင်သတ္တုတွင်း၏ လုပ်ငန်းအင်အားကို ကြည့်ပါလျှင်နိုင်ငံခြား ပညာရှင် ၆ ဦး သာရှိပြီး မြန်မာဝန်ထမ်းဦးရေမှာ ၁၄၃၉ ဦး ဖြစ်ရာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် နိုင်ငံခြားသား ဦးရေများပြားပြီး ဒေသခံတို့အတွက် အလုပ်အကိုင် အခွင့်အလမ်း နည်းပါးသည်ကို တွေ့ရှိရပါသည်။ အထူးသဖြင့် ဒေသခံပြည်သူတို့သည် လယ်ယာ လုပ်ကိုင်သူများဖြစ်ပြီး လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် ယခင်လုပ်ကိုင်ခဲ့ကြသော လယ်ယာမြေများကို စွန့်လွှတ်ခဲ့ကြရာ မိရိုးဖလာ လုပ်ကိုင်ခဲ့သော လယ်ယာလုပ်ငန်းကို လုပ်ကိုင်နိုင်ခြင်း မရှိတော့သည်ကို တွေ့ရှိရပါသည်။ ထို့အပြင် ဤကြေးနီစီမံကိန်းအတွက် တစ်ဆင့် ငှားရမ်းသည့် သယ်ယူပို့ဆောင်မှု လုပ်ငန်း (Sub-Contract) ကိုလည်း ကုမ္ပဏီကြီး တစ်ခုကို ချထားပေးခဲ့ရာ ဆင့်ပွားစီးပွားရေး လုပ်ငန်းမှလည်း ဒေသခံတို့အတွက် အလုပ်အကိုင် အခွင့်အလမ်း မရရှိသည်ကိုလည်း တွေ့ရှိရပါသည်။ ဒေသခံလူထုအနေနှင့် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းအပေါ် နှစ်လိုမှုမရှိခြင်း၏ အကြောင်းရင်းများတွင် အသိမ်းခံရသော လယ်ယာမြေများအတွက် တန်ရာတန်ကြေးမရ ဟူသောခံယူချက်အပြင် အလုပ်အကိုင် အခွင့်အလမ်းများ မရရှိခြင်းသည်လည်း အကြောင်းအရင်း တစ်ရပ် ဖြစ်ပါသည်။ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် ဝမ်ပေါင် ကုမ္ပဏီတို့ အနေဖြင့် ရေဘေးသင့် ဒေသခံများအတွက် အလှူငွေ ပေးအပ်ခြင်း၊ ယမားချောင်း တာပေါင် ပြုပြင်ဆောင်ရွက်ပေးခြင်း၊ ရွာသာ-ရွေပန်းခိုင်လမ်း ဆောက်လုပ်ပေးခြင်း၊ သာယာကုန်းရွာတံတားနှင့် မိုးကြိုးပြင်ရွာ ဆည်ပြုပြင်ရန် ကူညီဆောင်ရွက်ပေးခြင်း၊ ဖောင်းကားရွာ ဆည် ပြုပြင်ပေးခြင်းအပြင် ပညာရေးနှင့် ကျန်းမာရေးတို့တွင် အကူအညီ ပေးခြင်းတို့ပြုလုပ် ပေးမှုရှိသည်ကို တွေ့ရှိရရာ ကျေးရွာ လူထုအနေနှင့် အကျိုးခံစားမှု အထိုက်အလျောက်ရှိသည်ဟု ဆိုနိုင် ပါသည်။သို့ရာတွင် ဒေသခံ လူထုမျှော်လင့်သည့် ရေရှည်လူမှု စီးပွားဆိုင်ရာ အကူအညီတို့ကိုမူ ထိရောက်စွာ ပေးအပ်ထားခြင်း မရှိဟု သုံးသပ်ရပါသည်။ ဝမ်ပေါင် ကုမ္ပဏီမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံရာတွင် ၄င်းတို့က ယခုကာလသည် သတ္တုလုပ်ငန်း စီမံကိန်းထူထောင်ဆဲကာလာသာ ဖြစ်ပြီး စီမံကိန်း အရှိန်အဟုန် ရရှိလာသည်နှင့်အမျှ ဒေသခံလူထုအတွက် အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိရန်ရှိကြောင်း ကော်မရှင်သို့ တင်ပြခဲ့ပါသည်။ ကော်မရှင် အနေဖြင့် ဒေသခံလူထုအတွက် အကျိုးကျေးဇူးပိုမို ရရှိရန် လိုအပ်သည်ဟု လည်းကောင်း၊ ကုမ္ပဏီတွင် ခန့်ထားပေးနိုင်သည့် အလုပ်အကိုင် အပြင် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (Small and Medium Enterprise) တည်ထောင်ပေးမှသာလျှင် ဒေသခံ ပြည်သူလူထု၏ အလုပ်အကိုင် အခွင့်အလမ်းကို ဖြည့်ဆည်းပေးနိုင်မည် ဟုလည်းကောင်း သုံးသပ် ပါသည်။
(ဂ)
အနာဂတ်မျိုးဆက်များအတွက် အကျိုးကျေးဇူး။ နိုင်ငံတစ်နိုင်ငံ အနေဖြင့် သယံဇာတများကို ထုတ်ယူသုံးစွဲရာတွင် ပစ္စုပ္ပန်လူသားအတွက် သာမက အနာဂတ်မျိုးဆက်များ၏ အကျိုးကျေးဇူးကိုပါ ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည်။ သို့ကြောင့်လည်း နိုင်ငံတကာအနေဖြင့် စီးပွားရေး တိုးတက် ဖွံ့ဖြိုးစေရန် ဆောင်ရွက်ရာတွင် စဉ်ဆက်မပြတ်တိုးတက် ဖွံ့ဖြိုးမှု (Sustainable Development) မူများနှင့်အညီ ဆောင်ရွက်ရန် လိုအပ်ပါသည်ဟု ခံယူထားပါသည်။ ထိုမူများအရ ဆောင်ရွက်ရာတွင် သယံဇာတ ပစ္စည်းများကို ပစ္စုပ္ပန်လူသားတို့ အကျိုးငှာ ထုတ်ယူ သုံးစွဲနိုင်ပါသည်။ ထိုသို့ထုတ်ယူ သုံးစွဲသည့်အခါ အနာဂတ်မျိုးဆက်များအတွက်ပါ ဆက်လက် အကျိုးကျေးဇူး ရှိစေရန် စီစဉ်ဆောင်ရွက်ရန် လိုပါသည်။ တစ်နည်းဆိုသော် သယံဇာတ ထုတ်ယူ သုံးစွဲရာတွင် သဘာဝ ပတ်ဝန်းကျင်အား ထိခိုက်မှု အနည်းဆုံး ဖြစ်စေမည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ စီမံခန့်ခွဲရေးအစီအစဉ်များကို ချမှတ်ရန် လိုအပ်ပါသည်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသည် စတင် တည်ထောင်သည့် အဆင့်သာ ရှိပါသေးသည်။ သို့ရာတွင် ထိုအဆင့်မတိုင်မီ ဆောင်ရွက်ရမည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် လူမှုဘဝ အကဲဖြတ်မှု (Environmental and social Impact Assessment-ESIA) ကို စနစ်တကျ လုပ်ဆောင်ထားမှု မရှိဘဲ၁၉၉၇ခုနှစ်၊ အိုင်ဗင်ဟိုကုမ္ပဏီ လက်ထက်တွင် ပြုလုပ်ထားသော အကြိုဖြစ်နိုင်စွမ်း လေ့လာမှု အစီရင်ခံစာ ပေါ်တွင်သာ အခြေခံ ဆောင်ရွက်နေခြင်း ဖြစ်ပါသည်။ သို့ဖြစ်ရာ လက်ရှိ ဆောင်ရွက်နေသော လက်ပံတောင်းတောင် စီမံကိန်းတွင် လုံလောက်သော ပတ်ဝန်းကျင် ထိန်းသိမ်းမှု အစီအစဉ်များ မရှိဟု သုံးသပ်ပါသည်။ ထို့အပြင် လက်ပံတောင်းတောင် ကြေးနီ သတ္တုတွင်းစီမံကိန်းကို အကောင်အထည် ဖော်ခြင်းအားဖြင့် အနာဂတ် မျိုးဆက်များအတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုများ သိသာထင်ရှားစွာ ပေါ်ပေါက် သင့်ပါသည်။ ထို့ကြောင့် လိုအပ်သော စီမံကိန်းများ အကောင်အထည်ဖော်ရန် အရေးကြီးသည်ဟု သုံးသပ်ပါသည်။

ခြုံငုံသုံးသပ်ချက်နှင့် အကြံပြုချက်များ
၈၅၊
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ အဓိကစဉ်းစား ရမည့်အချက်မှာ ၄င်းကြေးနီစီမံကိန်းသည် နိုင်ငံတော်၊ ပြည်သူလူထုနှင့် အနာဂတ်မျိုးဆက်များအတွက် အကျိုးရှိစွာဖြင့် လုပ်ကိုင်နိုင်ခြင်း ရှိ-မရှိ၊ ဆက်လက်လုပ်ဆောင်ရန် သင့်-မသင့်ဆိုသည့်အချက် ဖြစ်ပါသည်။ ကော်မရှင်၏ စီးပွားရေးပညာရှင် သုံးသပ်ချက်အရ ၄င်းကြေးနီစီမံကိန်းသည် စီးပွားရေး ရှုထောင့်မှ အကျိုးရှိစွာ လုပ်ကိုင်နိုင်သည်ကို ပြတ်သားစွာ သုံးသပ်တင်ပြထားပါသည်။ စီးပွားရေးအရ တွက်ခြေကိုက်မှုရှိသော်လည်း အနာဂတ် မျိုးဆက်များအတွက် အကျိုးကျေးဇူးရှိစေရန် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုမူများကို ကျင့်သုံးရန်လိုအပ်ပါသည်။ စီးပွားရေးပညာရှင်တင်ပြသကဲ့သို့ ကြေးနီစီမံကိန်းနှင့်ပတ်သက်၍ အောက်ပါနည်းလမ်းသုံးသွယ်ကို ရွေးချယ်နိုင်ပါသည်။ ထိုသို့ရွေးချယ်ရန်အတွက် စဉ်းစားဆုံးဖြတ်ရာတွင် စီးပွားရေးအတွက် အကျိုးရှိမှု၊ နိုင်ငံတကာဆက်ဆံရေး၊ လူမှုရေးနှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့ကို အားလုံးခြုံငုံပြီး (Holistically) စဉ်းစားရန် လိုအပ်ပါကြောင်း အကြံပြုအပ်ပါသည်-
(က)
လက်ရှိအတိုင်းပင်ကြေးနီစီမံကိန်းအား ဆက်လက်လုပ်ကိုင်စေမည့်နည်းလမ်း၊ ကြေးနီစီမံကိန်းဆောင်ရွက်ရာတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်သက်သော သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားရေးဆိုင်ရာ သက်ရောက်မှုအကဲဖြတ် ဆန်းစစ်ချက်များ စနစ်တကျပြုလုပ်ထားခြင်းမရှိပါ၊ ယခုအတိုင်း ဆက်လက်ဆောင်ရွက်စေပါက ကြေးနီစီမံကိန်း အရှိန်အဟုန်ဖြင့် ဆောင်ရွက်လာသည့်အချိန်တွင် ပတ်ဝန်းကျင်ထိခိုက်မှုများ ပေါ်ပေါက်လာမည်ဖြစ်ပါသည်။ ကုမ္မဏီအနေဖြင့် ဒေသဆိုင်ရာ ပြည်သူတို့အတွက် လုံလောက်သော လူမှုစီးပွားရေးဘဝတိုးမြင့်အောင် ဆောင်ရွက်ပေးနိုင်မှုတွင်လည်းကောင်း၊ လယ်ယာ မြေဆုံးရှုံးသဖြင့် အလုပ်အကိုင်မဲ့ဖြစ်သူများအား အလုပ်အကိုင် အခွင့်အလမ်း ထိရောက်စွာ ဖော်ဆောင်ပေးနိုင်ခြင်း မရှိသည်ကိုလည်း တွေ့ရှိရပါသည်။ ၄င်းကြေးနီစီမံကိန်းမှ နိုင်ငံတော်အတွက် အကျိုးကျေးဇူးအချို့ရရှိသော်လည်း ၄င်းမ္ခကြီးမားသော စီးပွားရေးလုပ်ငန်းမှ နိုင်ငံတော်အတွက် ယခုထက်ပိုမို၍ အကျိုးကျေးဇူးရရှိသင့်ပါသည်။ ထို့ကြောင့် ၄င်းနည်းလမ်းကို ရွေးချယ်ရန် မသင့်ပါဟု ယူဆပါသည်။
(ခ)
ကြေးနီစီမံကိန်းအား ဆက်လက်လုပ်ဆောင်ခွင့်မပြုဘဲ ရပ်ဆိုင်းစေမည့်နည်းလမ်း၊ ကြေးနီစီမံကိန်းသည် တရုတ်နိုင်ငံအစိုးရ၏ နိုင်ငံပိုင်ကုမ္မဏီနှင့် စာချုပ်ချုပ်ဆိုပြီး ဆောင်ရွက်သည့်စီမံကိန်း ဖြစ်ပါသည်။ မြန်မာနိုင်ငံဘက်မှ ကုမ္မဏီသည်လည်း ကာကွယ်ရေးဝန်ကြီးဌာနမှ ရှယ်ယာ ၄ဝ% ပါဝင်သည့် ကုမ္မဏီကြီးဖြစ်ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် အခိုင်အမာဆောင်ရွက်ထားသည့် စီးပွားရေးလုပ်ငန်း ဖြစ်ပါသည်။ ထိုစီးပွားရေးလုပ်ငန်းကို ဖျက်သိမ်းမည်ဆိုပါက မြန်မာနိုင်ငံသည် ခွင့်ပြုထားသော သဘောတူစာချုပ်ကို လေးစားလိုက်နာခြင်းမရှိဟု ယူဆချက်များ ပေါ်ပေါက်နိုင်ပါသည်။ ယခုအခါ မြန်မာနိုင်ငံသည် နိုင်ငံခြားအရင်းအနှီး ဖိတ်ခေါ်ပြီး နိုင်ငံ၏စီးပွားရေးတိုးတက်မှုအတွက် ဆောင်ရွက်ရန် စီစဉ်လျက်ရှိရာ မြန်မာနိုင်ငံတွင် ရင်းနှီးမြ/ုပ်နှံလိုသူ နိုင်ငံခြား ကုမ္မဏီများအနေဖြင့် ရင်းနှီးမြ/ုပ်နှံလိုစိတ် လျော့နည်းသွား နိုင်ပါသည်။ နိုင်ငံတကာဆက်ဆံရေး ရှုထောင့်မှကြည့်လျှင်လည်း နှစ်နိုင်ငံဆက်ဆံရေးတွင် ပြေလည်မှုမရှိသည့် အခြေအနေများ ပေါ်ပေါက်လာနိုင်ပါသည်။ ထိုအချက်အလက်များကို ခြုံငုံကြည့်မည်ဆိုပါက ကြေးနီလုပ်ငန်းအား တစ်ဖက်သတ် ရပ်စဲမှုပြုရန် မသင့်ဟု ယူဆပါသည်။ ထို့အပြင် လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း စီမံကိန်းအား ရပ်ဆိုင်းခြင်းအားဖြင့် ဒေသခံပြည်သူများအတွက် အကျိုးကျေးဇူးဖြစ်ထွန်းမည့် အလားအလာများရပ်တန့်သွားရုံမက ပတ်ဝန်းကျင်ပြန်လည်ပြုပြင်ရေးအတွက်လည်း အခက်အခဲများစွာရှိလာနိုင်မည်ဟု ယူဆပါသည်။
(ဂ)
ကြေးနီစီမံကိန်းနှင့်ပတ်သက်၍ လေ့လာတွေ့ရှိသော အားနည်းချက်များကို ပြုပြင်စေကာ နိုင်ငံတော်၏အကျိုးစီးပွား၊ ဒေသခံ လူထု၏အကျိုးစီးပွား၊ အနာဂတ်မျိုးဆက်အတွက် အကျိုးစီးပွားတို့ကို ပြည့်ဝစွာရရှိစေရန် အစီအမံများချမှတ်ပြီး စီမံကိန်းကို ဆက်လက်လုပ်ဆောင်စေမည့်နည်းလမ်း၊ ကော်မရှင်အနေဖြင့် ၄င်းနည်းလမ်းသည်သာ အသင့်လျော်ဆုံးဟု အကြံပြုပါသည်။ အဆိုပါ နည်းလမ်းကို အကောင်အထည်ဖော်မည်ဆိုပါက အောက်ပါတို့ကို လုပ်ဆောင်ရန်လိုအပ်ပါမည်-
(၁)
ကြေးနီစီမံကိန်း အကောင်အထည်ဖော်ခြင်းကြောင့် နိုင်ငံတော်တွင် စီးပွားရေးအရ ရရှိသည့်အကျိုးအမြတ်ကို ယခုထက်ပိုမို ပြည့်ဝစွာရရှိစေရန် မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်နှင့် ဝမ်ပေါင်ကုမ္မဏီတို့က တည်ဆဲဥပဒေများနှင့် အညီ သတ္တုတွင်းဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ရန်၊
(၂)
ကြေးနီစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုမူများနှင့်အညီ ဆောင်ရွက်စေခြင်း၊ ထိုသို့ဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားဆိုင်ရာ သက်ရောက်မှုအကဲဖြတ်ဆန်းစစ်ခြင်း အစီရင်ခံစာ (Environmental and social Impact Assessment-ESIA)၊ ပတ် ဝန်းကျင်ဆိုင်ရာစီမံခန့်ခွဲမှုစီမံချက် (Environmental Management Plan-EMP) လုပ်ငန်းခွင်ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် (Occupational Health and Safety Assessment System-OHSAS) တို့ကို စနစ် တကျရေးဆွဲပြီး အကောင်အထည်ဖော်ဆောင်ရွက်စေရန်၊
(၃)
ကြေးနီစီမံကိန်းတွင် မြေသိမ်းဆည်းခံထားရသော ဒေသခံ လူထုအတွက် ပေးအပ်သော မြေလျော်ကြေးတို့သည် ကာလတန်ဖိုးထက် များစွာလျော့နည်းနေရာ ကာလတန်ဖိုးအတိုင်း ပြင်ဆင်၍ ထပ်မံတိုးပေးရန်၊
(၄)
သိမ်းဆည်းထားသော မြေပမာဏသည် လိုအပ်သည်ထက် ပိုမိုသိမ်းဆည်းခြင်း ရှိ-မရှိ စိစစ်ပြီး လိုအပ်သည့် ပမာဏကိုသာ သိမ်းဆည်းပြီး ကျန်မြေတို့ကို ကျေးရွာလူထုသို့ ပြန်လည်ခွဲဝေပေးရန်အတွက် စဉ်းစားပေးရန်၊ အချို့နေရာများကို စိုက်ပျိုးမြေအဖြစ် ပြန်လည်သုံးစွဲနိုင်ရေးအတွက် စဉ်းစားလုပ်ဆောင်ပေးရန်၊
(၅) လယ်ယာဆုံးရံ၍းသူ ဒေသခံလူထုအတွက် လူမှုရေး၊ ကျန်းမာရေး လိုအပ်ချက်တို့ကို ဝမ်ပေါင်ကုမ္မဏီအနေဖြင့် ထိရောက်စွာ ပံ့ပိုးဆောင်ရွက်ပေးရန်၊ အလုပ်အကိုင် အခွင့်အလမ်းများပေါ်ပေါက်စေရန်ကုမ္မဏီတွင် အလုပ်ခန့် ထားပေးသည့်အပြင် အသေးစားနှင့် အလတ်စားလုပ်ငန်းများ (SME) ထူထောင်ပေးရန်၊
(၆)
လက်ပံတောင်းတောင်ကြား တောရစင်္ကြန်ကျောင်းခေါ်သော နေရာနှင့် ၄င်းအပေါ်ရှိ စေတီ၊ သိမ်၊ ကျောင်းစသည့် ဗုဒ္ခသာသနိက အဆောက်အအုံများသည် သတ္တုသိုက် တည်ရှိရာ အဓိကနေရာဖြစ်နေခြင်း၊ သာသနိက အဆောက်အအုံများကို ကွင်းရှောင်ပြီး ကြေးနီသတ္တုတူးဖော်ထုတ်လုပ်မည်ဆိုလျှင်လည်း ယင်းအဆောက်အအုံများ၏ ကြံ့ခိုင်တည်မြဲမှုကို ဧကန်မုချထိခိုက်နိုင်မည်ဖြစ်ခြင်းတို့ကြောင့် အဆိုပါ လက်ပံတောင်း တောင်ကြား တောရစင်္ကြန် ကျောင်းမြေနေရာနှင့် ၄င်းအပေါ်ရှိ ပျက်စီးစေမှု မရှိဘဲလက်ရှိ အနေအထားများအတိုင်း အခြား သင့်လျော်သည့် နေရာတစ်ခုသို့ ပြောင်းရွေ့ပေးသင့်ကြောင်း သုံးသပ် အကြံပြုအပ် အပ်ပါသည်။
၈၆၊
၎င်းအစီအမံများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် မြန်မာ့ စီးပွားရေးဦးပိုင်လီမိတက်နှင့် ဝမ်ပေါင်ကုမ္မဏီတို့ ချုပ်ဆိုထားသော စာချုပ်အား ပြန်လည်ပြင်ဆင်ချုပ်ဆိုစေပြီး ကြေးနီစီမံကိန်းကို ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်စေသင့်ပါကြောင်း တင်ပြအစီရင်ခံအပ်ပါသည်။ မြေယာသိမ်းဆည်းမှုများအပေါ် ဒေသခံပြည်သူများအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးမှုများနှင့် ဥပဒေစိုးမိုးရေးဆိုင်ရာ အကြံပြုချက်များ၊
၈၇၊
(က)
နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားအလို၌ငှာ လယ်ယာမြေများကို သိမ်းဆည်းရာတွင် လိုအပ်ချက်အတွက် အတတ်နိုင်ဆုံး၊ အနည်းဆုံး သိမ်းဆည်းရန် ဖြစ်ပါသည်။ ပြည်ထဲရေးဝန်ကြီး ဌာန၏ ၃-၈-၂ဝ၁၂ရက်စွဲပါ စာအမှတ်၊ ၃ဝဝ-၁-၆- ဦး ၁ (၅၇၁) အမိန့်ကြော်ငြာစာဖြင့် နှစ်ရှည်မြေငှားဂရန် ထုတ်ပေးရန် ခွင့်ပြုချက်အရ လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ၆-၇-၂ဝဝဝရက်နေ့တွင် လန (၃၉) ခွင့်ပြုမိန့်အရလည်းကောင်း၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ တောင်ပလူ၊ မိုးကြိုးပြင်၊ ရွာရှည်၊ လက်ပံတောင်း၊ တုံရွာနှင့် ဖောင်းကတာကျေးရွာအုပ်စုရှိ ကွင်း ၁၈ ကွင်းမှ အခြားမြေဧရိယာ ၂၈၁ဝ ဧကနှင့် ကွင်း ၁၉ ကွင်းမှ လန(၃၉) ကျပြီး လယ်မြေ ၃၉့၉ဧကနှင့် ယာမြေ ၅ဝ၁၇့၁ဧက စုစုပေါင်း ၅ဝ၅၇ဧက၊ အခြားမြေ၊ လယ်မြေနှင့် ယာမြေ စုစုပေါင်း ၇၈၆၇ ဧကအား တစ်နှစ်လျှင် မြေငှားရမ်းခ ၂၈၃၂၁၂ဝ ကျပ်နှုန်းဖြင့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၊ ကြေးနီသတ္တုတွင်းလုပ်ငန်း (မုံရွာ)အမည်ဖြင့် အထက်မြန်မာနိုင်ငံ မြေနှင့်အခွန်နည်းဥပဒေ- ၅၁-ခ(ဂ)အရ နှစ် ၆ဝမြေငှားဂရန် ထုတ်ပေးခွင့်ပြုခဲ့ကြောင်း သိရှိရပါသည်။ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၊ ကြေးနီသတ္တုတွင်းလုပ်ငန်း (မုံရွာ) က နိုင်ငံတော်သို့ မြေငှားရမ်းခများ ပေးသွင်းပြီး ဖြစ်သဖြင့် ၇-၉-၂ဝ၁၂ရက်နေ့မှ ၆-၉-၂ဝ၇၂ရက် နေ့အထိ နှစ် ၆ဝမြေငှားဂရန်ကို မုံရွာခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ထုတ်ပေးခဲ့ကြောင်းခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၏ ထွက်ဆိုချက်များအရ တွေ့ရှိရပါသည်။
(ခ)
ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ငန်းအတွက် ကျေးရွာ ၂၆ရွာမှ လယ်ယာမြေများ သိမ်းဆည်းနိုင်ရေးအတွက်လည်းကောင်း၊ စီမံကိန်းအတွင်းကျရောက်သည့် ကျေးရွာများ ပြောင်းရွေ့နိုင်ရေးအတွက်လည်းကောင်း၊ မြို့နယ် အဆင့်အဖွဲ့များဖွဲ့၍ ဆောင်ရွက်ခဲ့ကြောင်း၊ ထို့အပြင်ကျေးရွာ ၄ ရွာ ပြောင်းရွေ့ရေးအတွက်လည်း ရပ်မိ၊ ရပ်ဖများ၊ ကျောင်းထိုင်ဆရာတော်များ၊ မြို့နယ်သံဃနာယကအဖွဲ့ဝင် ဆရာတော်များကို မိုင်းမြို့ဦးကျောင်းတွင် ပင့်ဖိတ်၍ လျှာက်ထားဆောင်ရွက်ခဲ့ကြောင်း၊ ကျေးရွာ ၄ ရွာ မြေနေရာအား ရွာသူ၊ ရွာသားတို့၏ ဆန္ဒနှင့်အညီ ရှေးဦးစွာ ပုသိမ်- မုံရွာ ကားလမ်းမဘေး၊ မိုးကြိုးပြင်တောင်ရွာအနီး ရွေးချယ်ခဲ့ပါသည်။ အများစုက သဘောမတူသဖြင့် ထပ်မံရွေးချယ်ခဲ့ရာ ကံတောကျေးရွာအတွက် ရွာရှည်ကျေးရွာအုပ်စု၊ ကွင်းအမှတ် ၇၆၃-က၊ ဦးပိုင်ပေါင်း ၂၂ခု၊ မြေဧရိယာ ၅ဝ့၆၅ဧကအားလည်းကောင်း၊ ဆည်တည်း၊ ဇီးတောကျေးရွာများအတွက် တုံကျေးရွာအုပ်စု၊ ကွင်းအမှတ်-၇၅၈၊ ဦးပိုင်ပေါင်း ၄၆ ခု၊ မြေဧရိယာ ၅၅၏ဝ၄ ဧကကို ရွေးချယ်ပေးခဲ့ကြောင်း တွေ့ရှိရပါသည်။ ထို့နောက် ယာမြေပိုင်ရှင်တောင်သူများကို လျော်ကြေးပေးချေခြင်း၊ မြေသိမ်းဆည်းခြင်းလုပ်ငန်းများကို မြေယာလုပ်ထုံးလုပ်နည်းနှင့်အညီ တင်ပြ၍ လန(၃၉) ခွင့်ပြုမိန့်ရရှိရေး ဆောင်ရွက်ခဲ့ပြီး လက်ပံတောင်းတောင်ကြားရှိ တောင်ကြားဘုန်းတော်ကြီးကျောင်းအား တောင်ပလူရွာအနီး မြေဧက ၇့၆ဝ ဧကခန့်ရှိသည့် နေရာသို့ ဆရာတော်များ၏ ဆန္ဒအရပြောင်းရွေ့ ဆောက်လုပ်ပေးခဲ့ရာ စေတီ ၁ ဆူ၊ ဘုန်းကြီးကျောင်း ၁ ကျောင်း၊ ဇရပ် ၂ ခု၊ ဂန ̈ကှျီုတိုက် ၁ လုံး၊ ဆွမ်းစားဆောင် ၁ ဆောင်၊ ဆွမ်းချက်ဆောင် ၁ ဆောင်၊ ဓမ္မာရုံ ၁ ခု၊ ကမ္မဌာန်းတိုက် ၂ တိုက်၊ သိမ် ၁ ခု၊ အုတ်တံတိုင်းနှင့် မုခ်ဦးတို့ အပါအဝင် စုစုပေါင်း ကုန်ကျစရိတ် ၂၄၄ဝ၈၄၃၇ဝ ကျပ်ဖြစ်ကြောင်းနှင့် မြေအားသာသနာ့မြေအဖြစ် အသုံးပြုနိုင်ရန် လုပ်ထုံးလုပ်နည်းနှင့်အညီ တင်ပြဆောင်ရွက်ထားပြီးဖြစ်ကြောင်း တွေ့ရှိရပါသည်။ ကျေးရွာမြေနှင့် လယ်တီ ဘုန်းကြီးကျောင်း သာသနာ့ မြေများအဖြစ်သတ်မှတ်နိုင်ရေး တင်ပြဆောင်ရွက်ခဲ့ကြောင်း၊ လယ်ယာမြေများကိုလည်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပါဝင်သော စာရင်း ကောက်ယူရေးအဖွဲ့များ ဖွဲ့စည်းပြီး ကွင်းဆင်း ကောက်ယူခဲ့ကြောင်း သိရှိရပါသည်။
(ဂ)
မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် မြေဧရိယာ ၇၈၆၇ ဧက (လယ်ယာစိုက်ပျိုးမြေ ၅ဝ၅၇ ဧက၊ စိုက်ပျိုးခြင်းမပြုသည့် အခြားမြေ ၂၈၁ဝ ဧက)ကို သိမ်းဆည်းပေးရာတွင် မြေနှင့် အခွန်ဥပဒေအရလည်းကောင်း၊ ၁၈၉၄ ခုနှစ်၊ မြေသိမ်းအက်ဥပဒေအရလည်းကောင်း၊ လယ်ယာ စိုက်ပျိုးမြေများအတွက် မြေယာနှင့်သီးနှံလျော်ကြေးများကို မြို့နယ်လျော်ကြေးပေးချေရေးအဖွဲ့မှ တွက်ချက်တင်ပြစေပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ အတည်ပြုချက်ဖြင့် မြေခွန်တော် ၁၂ ဆမှ ၂ဝ ဆ၊ သီးနှံထွက်ရှိမှု၏ ၃ ဆဖြင့် မြေနှင့်သီးနှံလျော်ကြေးငွေစုစုပေါင်း ၃၇ဝ၆့၈၃ သန်း၊ ထန်း၊ မန်ကျည်း၊ သရက်နှင့် သနပ်ခါးစသည့် နှစ်ရှည်ပင်များအတွက် လျော်ကြေးငွေစုစုပေါင်း ၃၄၈၏ဝ၉ သန်းနှင့် ကျေးရွာသစ်များသို့ ပြောင်းရွေ့နေထိုင်သူများအတွက် ပြောင်းရွေ့စရိတ်နှင့် အိမ်ဆောက်လုပ်ပေးခြင်းအတွက် ၂ဝ၄့၉၉၇ သန်းတို့ကိုပေးခဲ့ရာ တောင်သူများမှ လျော်ကြေးငွေ လက်ခံခဲ့ပြီးဖြစ်ကြောင်း၊ သို့သော်လည်း မြန်မာ-ဝမ်ပေါင် ကုမ္မဏီလီမိတက်မှ တည်ဆောက်ပေးခဲ့သည့် နေအိမ်အဆောက်အအုံတို့သည် သတ်မှတ်အဆင့် အတန်းမမီဘဲ အရည်အသွေးနိမ့်ကျခြင်း၊ ပြောင်းရွေ့နေထိုင်သူများမှာ မြို့ပြ ပုံစံအရ မြေကွက်များနှင့် အိမ်များတွင် နေထိုင်ရခြင်း၊ ကျေးလက်ပုံစံအရ ကျွဲ၊ နွားများထားရန် တင်းကုပ်များအတွက် မြေနေရာလိုအပ်ခြင်း၊ က္မဲ၊ နွားများ လွှတ်ကျောင်းရန် နေရာလိုအပ်ခြင်းတို့အပေါ် မကျေနပ်မှုများ ဖြစ်ပေါ် လျက်ရှိကြောင်း၊ လျော်ကြေးငွေများပေးချေရာတွင် အများပြည်သူ အမြင်ရှင်းစေရန်၊ ပွင့်လင်းမြင်သာမှု (transparency) ရှိစေရန် ဆောင်ရွက်ခဲ့မှု အားနည်းကြောင်း၊ သတင်းအချက်အလက်ရရှိရန် အခွင့်အလမ်းအားနည်းသူ အများစုဖြစ်သော ဒေသခံတို့အား မြေယာသိမ်းယူမှု၊ လျော်ကြေးပေးလျော်မှုတို့နှင့် စပ်လျဉ်း၍ ရှင်းရှင်းလင်းလင်းအသိပေး ပြောကြားခဲ့ခြင်းမရှိကြောင်း၊ မြေနှင့်သီးနှံလျော်ကြေးငွေပေးရန်ဟု ကြေညာခဲ့ပြီး မြေပိုင်ရှင် လက်မှတ်ထိုးရသည့် စာရွက်စာတမ်းတွင်မူ မြေယာအား စွန့်လွှတ်ကြောင်းနှင့် လျော်ကြေးငွေရရှိကြောင်းဟု ရေးထားကြောင်း စသည့် ရှေ့နောက်မညီညွတ်မှုများ (Inconsistencies) ရှိခဲ့ကြောင်း ကွင်းဆင်းစစ်ဆေးချက်များအရ စိစစ်တွေ့ရှိရပါသည်။
(ဃ)
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေတွင် လယ်ယာမြေများကို သိမ်းဆည်းရာတွင် အောက်ပါနှုန်းထားများအတိုင်း လျော်ကြေးငွေပေးချေခဲ့ကြောင်း လေ့လာသိရှိရပါသည်-
(၁)
မြေလျော်ကြေး ပထမတန်းစား (R1) ၈ဝကျပ်
ဒုတိယတန်းစား (R2) ၄၅ကျပ်
တတိယတန်းစား (R3) ၃၅ကျပ်
ပထမတန်းစား၊ တောင်ယာမြေ (Y1) ၂၅ကျပ်
ဒုတိယတန်းစား၊ တောင်ယာမြေ (Y2) ၁၅ကျပ်
တတိယတန်းစား၊ တောင်ယာမြေ (Y3) ၅ကျပ်
(၂)
သီးနှံလျော်ကြေး သရက်ပင် (တစ်ပင်လျှင်) ၁၆ဝဝဝ ကျပ် ထန်းပင်(တစ်ပင်လျှင်) ၁ဝဝဝဝ ကျပ် နှမ်း(၁ဧကလျှင်)တန်ဖိုး၏ (၃)ဆ ၅၅၂ဝဝဝ ကျပ် ပဲစင်းငုံ (၁ဧကလျှင်) တန်ဖိုး၏ (၃) ဆ ၅၄ဝဝဝဝကျပ် နေကြာ (၁ဧကလျှင်) တန်ဖိုး၏ (၃)ဆ ၅၂၅ဝဝဝ ကျပ်
(င)
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းတွင် ၁၈၉၄ခုနှစ်၊ မြေသိမ်းဥပဒေအရ လယ်၊ ယာမြေတစ်ဧကလျှင် မြေခွန်ငွေ ၂ဝ ဆနှုန်းဖြင့်သာ မြေလျော်ကြေး ပေးထားခြင်းဖြစ်ကြောင်း သုံးသပ်တွေ့ရှိရပါသည်။ တစ်ဧကလျှင် ၂၅ ပြားမှ ၁ကျပ် ၂၅ ပြားအထိ မြေခွန်ကောက်ခံသည့် ယာမြေများအတွက် မြေလျော်ကြေးကို ၅ ကျပ်မှ ၂၅ ကျပ်ခန့်ဖြင့်လည်းကောင်း၊ တစ်ဧကလျှင် ၁ ကျပ်မှ ၂ ကျပ် ၂၅ ပြားအထိ ကောက်ခံသော လယ်မြေများအတွက် မြေလျော်ကြေးကို ၂ဝ ကျပ်မှ ၄၅ ကျပ်ခန့်ဖြင့် လည်းကောင်း ပေးအပ်ထားသည်ကို တွေ့ရပါသည်။ အထက်ဖော်ပြဇယားပါ မြေနှင့်သီးနှံလျော်ကြေး ပေးအပ်မှုအခြေအနေကို လေ့လာကြည့်ပါက လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် မြေနှင့်သီးနှံလျော်ကြေး ပေးအပ်မှု ကာလတန်ဖိုး (Market Value) ဖြင့် မြေလျော်ကြေးမပေးခဲ့သဖြင့် မြေလျော်ကြေးပေးအပ်မှုမှာ အလွန်နည်းပါးနေကြောင်း သုံးသပ်တွေ့ရှိရပါသည်။
(စ)
လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဧရိယာအတွင်းပါဝင်သော လယ်မြေ၊ ယာမြေများအတွက် လျော်ကြေးငွေပေးအပ်ရန်ကိစ္စနှင့်ပတ်သက်၍ စီမံကိန်း ဧရိယာနှင့် အနီးစပ်ဆုံးကျေးရွာများမှ လယ်သမားများကို ကွင်းဆင်းစုံစမ်းမေးမြန်းခဲ့ရာ ၄င်းတို့၏ ထွက်ဆိုချက်များအရ မြေ၏ကာလတန်ဖိုး (Market Value) မှာ အောက်ပါအတိုင်း တွေ့ရှိရပါသည်-
တစ်ဧကနှုန်း(ကျပ်သိန်း)
(၁) (၁)နှစ်(၂)သီးစိုက်ဆည်ရေသောက် ၁၅
(၂) (၁)နှစ်(၂)သီးစိုက်မြစ်ရေတင် ၁၅
(၃) မိုးကောင်းသောက်လယ် ၁၂
(၄) (၁)နှစ်(၂)သီးစိုက်ယာ ၁ဝ
(၅) (၁)နှစ်(၁)သီးစိုက်ယာ(ဦးပိုင်ပေါက်) ၇
(၆) (၁)နှစ်(၁)သီးစိုက်ယာ(ဦးပိုင်မပေါက်) ၅
(ဆ) အကြံပြုချက်များ
(၁) လယ်ယာမြေ သိမ်းဆည်းခံရသူများ၊
ကျေးရွာပြောင်းရွေ့ခံရသူများအတွက် တည်ဆဲဥပဒေ (၁၈၉၄ ခုနှစ်၊ မြေသိမ်းအက်ဥပဒေပုဒ်မ ၄(၁)၊ ပုဒ်မ ၁၅၊ ပုဒ်မ ၂၃ (၁) တို့အရ အမိန့်ကြော်ငြာစာထုတ်ပြန်သည့်နေ့တွင် ထိုမြေ၏ ကာလတန်ဖိုး (Market Value) ဖြင့် မြေလျော်ကြေးပေးအပ်ခဲ့ခြင်းမရှိကြောင်း စိစစ်တွေ့ရှိရသဖြင့် အမှန်တကယ်စိုက်ပျိုးထားသော လယ်မြေ ၃၉၏၉ ဧက၊ ယာမြေ ၅ဝ၁၇၏၁ ဧကနှင့် ဦးပိုင် မပေါက်သော်လည်း စိုက်ပျိုးထားမြေ ၁၇၂၇ ဧက စုစုပေါင်း ၆၇၈၄ ဧကကို သင့်တော်သော ကာလပေါက်ဈေးနှုန်းဖြင့် ပြန်လည်ပေးသင့်ပါကြောင်း အကြံပြုအပ်ပါသည်။
(၂) ယင်းရွာများပတ်ဝန်းကျင်တွင် မြေလွတ်၊ မြေလပ် ၁၉ဝဝဧကခန့် ရှိသဖြင့် စိုက်ပျိုးနိုင်သောမြေဖြစ်အောင် ဖော်ထုတ်ပြုပြင်၍ လယ်ယာမြေဆုံးရှုံးမှုများအတွက် အစားထိုးပြန်လည်ချထားပေးသင့်ပါကြောင်း အကြံပြု အပ်ပါသည်။
(၃) စီမံကိန်းလုပ်ငန်းအတွက် အမှန်တကယ် လိုအပ်မည့် မြေဧရိယာပမာဏကိုသာ အတတ်နိုင်ဆုံး အနည်းဆုံးသိမ်းဆည်းရန် ပြဋ္ဌာန်းထားသည့် မြေသိမ်းဥပဒေနှင့်အညီ လိုက်နာသင့်ပါကြောင်း အကြံပြုအပ်ပါသည်။
(၄) ရရှိခဲ့သည့်မြေနှင့် သီးနှံလျော်ကြေးငွေများ၊ ရွေ့ပြောင်းစရိတ်၊ ထောက်ပံ့ငွေများကို တောင်သူများမှ သုံးစွဲခဲ့ပြီးဖြစ်ခြင်း၊ မြန်မာ-ဝမ်ပေါင်ကုမ္မဏီတွင် အချို့သော ရွာသူ၊ ရွာသားများကို အလုပ်ခန့်ထားခဲ့သော်လည်း မိသားစု စားဝတ်နေရေး မလုံလောက်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးခြင်းတို့ကြောင့် အလုပ်အကိုင်ရရှိပြီး ဝင်ငွေများ ရရှိစေနိုင်သည့် တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းများ၊ အိမ်တွင်းစက်မှု၊ လက်မှုလုပ်ငန်းများအပါအဝင် ကိုယ်ပိုင်လုပ်ငန်းအခွင့်အလမ်းများ အမြန်ထူထောင် ပေးသင့်ကြောင်းနှင့် နည်းလမ်းမျိုးစုံဖြင့် ပံ့ပိုးပေးခြင်းများ ဆောင်ရွက်ပေး သင့်ပါကြောင်း အကြံပြုအပ်ပါသည်။

ဥပဒေစိုးမိုးရေးဆိုင်ရာ အကြံပြုချက်များ
၈၈၊
(က) ခေတ်စနစ်ပြောင်းလဲမှု တွေ့ကြုံရသည့်အခါ တည်ဆဲဥပဒေပါ ပြဋ္ဌာန်းချက်များကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျယ်ခြင်း၊ အစားထိုးခြင်းနှင့် အသစ်ပြဋ္ဌာန်းပေးရခြင်းများလည်း ပြုလုပ်ရပါမည်။
(ခ)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၅၃ တွင် ၄င်းဖွဲ့စည်းပုံ အခြေခံဥပဒေပါ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရာတွင် တည်ဆဲစကားရပ်များ အနက်အဓိပ္ပာယ် ဖွင့်ဆိုရေးဥပဒေကို ကိုးကားရမည်ဟု ပြဋ္ဌာန်းထားပါသည်။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၏ ဥပဒေအမှတ်(၈-၈၈)နှင့် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၏ ၁၉၈၉ ခုနှစ်၊ ဇွန်လ ၁၆ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂-၈၉) အရ စကားရပ်များ အစားထိုးသည့် ဥပဒေ၊ နည်းဥပဒေ၊ လက်စွဲ၊ အမိန့်ဆင့်ဆိုချက်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်ပါ လုပ်ပိုင်ခွင့်များကို စကားရပ်များ အစားထိုးသည့် ဥပဒေအရ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၁၂၇၊ ၁၂၈၊ ၁၂၉၊ ၁၃၃၊ ၁၄၃၊ ၁၄၄၊ ၁၄၅၊ ၁၄၆၊ ၁၄၇ စသည်တို့ကို ကျင့်သုံးရန်အတွက် ပြည်ထဲရေးဝန်ကြီးဌာန၊ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး-ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ကို အာဏာအပ်နှင်းထားပါသည်။ ယင်းသို့ အပ်နှင်းထားသည့် အာဏာကို ကျင့်သုံး၍ ဆားလင်းကြီးမြို့နယ်၊ အုပ်ချုပ်ရေးမှူးက ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါသည်။
(ဂ)
ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့သည့်ဖြစ်စဉ်
(၁) တွေ့ရှိချက်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာတွင် ကန့်သတ်ဧရိယာကို ပုဒ်မ ၁၄၄ ထုတ်ပြန်ခြင်းအား ၁၉၅၃ ခုနှစ်၊ လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး ဥပဒေအရ လ-န-၃၉ ခွင့်ပြုမိန့်ကျပြီးနောက် ၂ လတစ်ကြိမ်ဖြင့် နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီကာလမှစတင်၍ ယနေ့အချိန်အထိ ဆားလင်းကြီးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးက ထုတ်ပြန်ခဲ့ကြောင်း၊ နောက်ဆုံးအကြိမ် အနေဖြင့် ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်ထုတ်ပြန်ခဲ့ရာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိဖြစ်ကြောင်း တွေ့ရှိရပါသည်။ ယခင်က သတ္တုမိုင်းဧရိယာအတွင်း သတ္တုများ ခိုးယူတူးဖော်မှုကြောင့် မြေပိသေဆုံးခြင်း၊ ခိုက်ရန်ဖြစ်ပွား၍ ဒဏ်ရာရရှိခြင်း စသည်များကြောင့် သတ္တုမိုင်းနယ်မြေဧရိယာအား ပုဒ်မ-၁၄၄ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါကြောင်း သိရှိရပါသည်။ ထို့နောက်ပိုင်းတွင် မြန်မာ့စီးပွားရေး ဦးပိုင်နှင့် မြန်မာ-ဝမ်ပေါင်ကုမ္မဏီတို့ စာချုပ်ချုပ်ဆိုပြီး ဆောင်ရွက်ခဲ့ရာ ဒေသခံရွာသူ- ရွာသားများ၏ ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ စက်ယန္တရားများ၏ လုံခြုံရေး၊ နိုင်ငံခြားသားများ၏ လုံခြုံရေးစသည်တို့ကြောင့် ဆက်လက်၍ ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။
(၂) အကြံပြုချက်၊ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ သည် အများပြည်သူလုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် စည်းကမ်းသေဝပ်တည်ငြိမ်ရေးတို့ကို ပျက်ပြားစေမည့် လုပ်ရပ်များကို တားဆီးသည့် အမိန့်ထုတ်ပြန်ခြင်းဖြစ်၍ အခြေအနေအရ ဆက်လက်ထုတ်ပြန်သင့်ပါကြောင်း အကြံပြုအပ်ပါသည်။
(ဃ) ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ-၁၂၇၊ ၁၂၈ ထုတ်ပြန်ခဲ့သည့်ဖြစ်စဉ်၊ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၁၂၇၊ ၁၂၈ များသည်လည်း ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် ဧရိယာအတွင်း ဥပဒေနှင့်ဆန့်ကျင်သော အစုအဝေးကို လူစုခွဲရန် အမိန့်ပေးခြင်း၊ ယင်းသို့အမိန့်ပေးသော်လည်း လူစုခွဲမည့် အခြေအနေမရှိလျှင် လူစုခွဲရေးအတွက်ဖြစ်စေ၊ ပါဝင်သူများအား တရားဥပဒေအရ အရေးယူနိုင်ရန် ဖမ်းဆီးရေးအတွက်ဖြစ်စေ၊ ရဲတပ်ဖွဲ့အင်အားသုံး၍ ဆောင်ရွက်ခြင်းဖြစ်ရာ နိုင်ငံတကာ အဓိကရုဏ်းနှိမ်နင်းရေးစံချိန်နှင့်အညီ ဆက်လက်ထားရှိကျင့်သုံးသင့်ပါကြောင်း အကြံပြုအပ်ပါသည်။

စီမံကိန်းနှင့် ဆက်နွယ်၍ စိစစ်ရန်လိုသည်ဟု ကော်မရှင်ကယူဆသော အကြောင်းအရာများ
၈၉၊
စီမံကိန်းဧရိယာတွင် ဆန္ဒပြနေသူများအား ရဲတပ်ဖွဲ့မှ ဖြိုခွဲသည့်ကိစ္စသည် စီမံကိန်းနှင့် ဆက်နွှယ်၍ စိစစ်ရန်လိုအပ်သည်ဟု ကော်မရှင်မှယူဆပါသည်။ ထိုသို့စိစစ်ရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဆောင်ရွက်ချက်နှင့် ဖြစ်စဉ်များကို လေ့လာရန်လိုအပ်ပါသည်။

ပုဒ်မ-၁၄၄ ထုတ်ပြန်ထားသည့် စီမံကိန်းဧရိယာ၊ ကန့်သတ်နယ်မြေအတွင်း ဆူပူဆန္ဒပြမှုအပေါ် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဆောင်ရွက်ချက်
၉ဝ၊
(က)
သတ္တုတွင်းနယ်မြေအဖြစ်သတ်မှတ်ထားသော လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေ ကန့်သတ်ဧရိယာအတွင်းတွင် စီမံကိန်း လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နေစဉ် ၂ဝ၁၂ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်၍ ကျေးရွာအချို့မှ ရွာသူ၊ ရွာသားများသည် စီမံကိန်းလုပ်ငန်း ဆက်လက်မပြုလုပ်ရန် ဝင်ရောက်ဟန့်တားမှုများ စတင်ပြုလုပ်ခဲ့ကြပါသည်။ အစပိုင်းတွင် မိမိတို့ဘဝလုံခြုံရေးအတွက် မြေယာလျော်ကြေးရရှိရေး၊ ကျေးရွာများမပြောင်းရွေ့ရေးကိုသာ တောင်းဆိုခဲ့ကြပါသည်။ နောက်ပိုင်းတွင် လူမှုအဖွဲ့အစည်းများ ရောက်ရှိလာကာ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု (EIA)၊ လူမှုဘဝထိခိုက်မှု (SIA)၊ ပွင့်လင်းမြင်သာမှု (Transparency) စသည့် ကိစ္စရပ်များပါဝင်လာပြီး စီမံကိန်းတစ်ခုလုံးကို ရပ်ဆိုင်းရန် တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြပါသည်။ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ဒေသခံတောင်သူများ၏လိုအပ်ချက်များကို တွေ့ဆုံညှိနှိုင်းရန် ကြိုးစားခဲ့သော်လည်း တာဝန်ရှိသူများအပိုင်းမှ ချဉ်းကပ်ပုံ၊ ချဉ်းကပ်နည်းမှားယွင်းမှု၊ စကားအပြောအဆိုရင့်သီးမှု၊ ဒေသခံပြည်သူများ အပိုင်းမှလည်း စိတ်ဓာတ် အရှိန်ပြင်းထန်နေမှုစသည်တို့ကြောင့် အခြေအနေမှာ ပိုမိုဆိုးရွားလာခဲ့ပါသည်။
(ခ)
အထူးသဖြင့် လူစုလူဝေးဖြစ်နေသော ဒေသခံများသည် သတ္တုတွင်း ဧရိယာအတွင်းပိုင်းသို့ ကျူးကျော်ဝင်ရောက်ခြင်း၊ စီမံကိန်းတာဝန် ထမ်းဆောင်နေသည့် တရုတ်ပညာရှင် ၂ ဦးနှင့် စကားပြန် ၁ ဦး တို့အား အတင်းအဓမ္မ္ဒခိမ်းခြောက်၍ ဆည်တည်းရွာဘုန်းကြီးကျောင်းသို့ ခေါ်ဆောင်သည်အထိဖြစ်ခဲ့ပါသည်။ အဆိုပါ လူစုလူဝေးသည် ပညာရှင် ၂ ဦးအား နံနက် ၁ဝ နာရီမှ ညနေ ၆ နာရီအထိ ထိန်းသိမ်း ထားခဲ့ပါသည်။ ထို့အတူ ဝက်မှေးကျေးရွာမှ လူစုလူဝေးသည် ရောက်ရှိလာပြီး ခြံဝင်းတံခါးအား နှစ်ကြိမ်တိုင်တိုင် ချိုးဖျက်ကာ စီမံကိန်းနယ်မြေ အတွင်းသို့ ဝင်ရောက်ခဲ့ကြပါသည်။ တစ်ချိန်တည်းမှာပင် အခြားပြင်ပ အဖွဲ့အစည်းများ၏ ပါဝင်ပတ်သက်မှုများကြောင့် စီမံကိန်းကန့်သတ် နယ်မြေတွင် သပိတ်စခန်း ၆ ခုဖွင့်သည်အထိ ဖြစ်ပေါ်လာခဲ့ပါသည်။ ၃-၃-၂ဝ၁၂ ရက်နေ့မှစတင်၍ ဟန့်တားနှောင့်ယှက်မှု၊ ဆဲဆို ခြိမ်းခြောက်မှု၊ ဖျက်ဆီးမှုများနှင့် ဆူပူဆန္ဒပြမှုများ ၂၅-၁၁-၂ဝ၁၂ ရက်နေ့အထိ ၁ နှစ်တာကာလအတွင်း ၁၂၄ ကြိမ်ဖြစ်ပေါ်ခဲ့သဖြင့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်က တရားလိုပြုလုပ်တိုင်ကြားမှု ၂၂ မှု၊ ရဲတပ်ဖွဲ့က တရားလိုပြုလုပ် အမှုဖွင့်မှု ၅ မှု၊ ရွာသူ၊ ရွာသားများက ပြန်လည်အမှုဖွင့်မှု ၄ မှု အသီးသီးအပြန်အလှန်အမှုဖွင့် အရေးယူခဲ့ကြောင်း တွေ့ရှိရပါသည်။ ယင်းသို့သော အခြေအနေ့ မန္တလေး၊ ပခုက္ကူ၊ မုံရွာမြို့များရှိ သံဃာတော်အချို့သည်လည်း သပိတ်စခန်းအသီးသီးသို့ အလှည့်ကျဝင်ရောက်လာခဲ့ကြောင်း တွေ့ရှိရပါသည်။
(ဂ)
၂၁-၁၁-၂ဝ၁၂ရက်နေ့မှ ၂၃-၁၁-၂ဝ၁၂ ရက်နေ့အထိ မန္တလေး၊ ပခုက္ကူ၊ မုံရွာမြို့များမှ သံဃာတော်များ အလှည့်ကျဝင်လိုက်၊ ထွက်လိုက်ဖြင့် လာရောက်စုဝေးလျက်ရှိရာမှ ပေါက်ပင်ဂိတ်ရှေ့၌ မိုးကာ မိုးထားသည့်မ့ပ်ဖြင့် သပိတ်စခန်း ၁ ခု၊ စွန့်ပစ်မြေစာပုံ၂၊ မောင်းတံ၌ မိုးကာမိုးထားသည့်မ့ပ်ဖြင့် သပိတ်စခန်း ၁ ခု ဖွင့်လှစ်ကာ သံဃာများနှင့် ရွာသူရွာသားများနေ့၊ ညနေရာယူ ဆူပူဆန္ဒပြခဲ့ကြောင်း တွေ့ရှိရပါသည်။
(ဃ)
၂၇-၁၁-၂ဝ၁၂ ရက်နေ့ ၂ဝဝဝ ချိန်တွင် ပြည်ထဲရေးဝန်ကြီးဌာနက ==စီမံကိန်း နယ်မြေအတွင်း သပိတ်စခန်း ၆ ခုဖွင့်လှစ်၍ ဆန္ဒပြနေသည့် အဖွဲ့အစည်းများအားလုံး ၂၇-၁၁-၂ဝ၁၂ ရက်နေ့ ၂၄ဝဝ ချိန် နောက်ဆုံးထားဖယ်ရှား ရှင်းလင်းပေးရန်၊ ဖယ်ရှားရှင်းလင်းခြင်း မပြုပါက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တည်ဆဲဥပဒေများအတိုင်း အဆင့်ဆင့်ဖြေရှင်းသွားမည်ဖြစ်ကြောင်း မြန်မာ့အသံနှင့်ရုပ်မြင် သံကြားမှ ကြေညာခဲ့ပါသည်။ အဆိုပါ ကြေညာချက်အရ မုံရွာခရိုင် ရဲတပ်ဖွဲ့မှူးက ၂၇-၁၁-၂ဝ၁၂ရက်နေ့ ည ၈နာရီအချိန်တွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေးအကြောင်းပြ၍ ဆူပူဆန္ဒပြနေခြင်းအား ည ၁၂နာရီ နောက်ဆုံးထား၍ လူစုခွဲရန် မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားမှ ကြေညာခဲ့ပါသည်။ သို့ဖြစ်ပါ၍ အမြန်ဆုံး လူစုခွဲပေးပါရန်နှင့် ဆက်လက်၍ ဆူပူဆန္ဒပြ ပိတ်ဆို၌ဟန်္ကတားနေမည်ဆိုပါက မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တရားဥပဒေနှင့်အညီ လုပ်ထုံးလုပ်နည်းများအရ ဆောင်ရွက်သွားမည်ဖြစ်သဖြင့် ဥပဒေနှင့် ဆန့်ကျင်သောအစုအဝေးအား ဖျက်သိမ်းဖယ်ရှားပေးပါရန် ကြေညာခဲ့ပြီးနောက် ဖြစ်ပေါ်လာသည့် အခြေအနေအရ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ-၁၂၇၊ ၁၂၈ တို့အရ ၂၉-၁၁-၂ဝ၁၂ ရက်နေ့ နံနက် ဝ၃ဝဝအချိန်တွင် လူစုခွဲခဲ့ကြောင်း တွေ့ရှိရပါသည်။
(င)
ကျေးရွာလူထုနှင့် သံဃာများအား အဝေးမှခြောက်လှန့်သည့်အနေဖြင့် မျက်ရည်ယိုဗုံးများပစ်၍ ရှင်းလင်းဖယ်ရှားသော်လည်း လူစုခွဲထွက်ခွာမှု မရှိဘဲ အင်အားစုစည်းနေသဖြင့် အမှတ် ၁၆ ရဲတပ်ရင်းမှူးဦးစီးအဖွဲ့မှ အင်အားဖြည့်ကူညီပြီး မီးသတ်ပိုက်နှင့် မီးခိုးဗုံးများသုံးစွဲ၍ အနီးကပ်ရှင်းလင်းဖယ်ရှားခဲ့ကြောင်း သိရှိရပါသည်။ လက်ခံရရှိသည့် မီးခိုးဗုံးအလုံး ၁ဝဝ အနက် ၅၅ လုံးကို အသုံးပြုခဲ့ကြောင်း သိရှိရပါသည်။
(စ)
ထိုသို့ မီးခိုးဗုံးပစ်ခတ်၍ လူစုခွဲသည့်ဖြစ်စဉ်ကြောင့် လူစုကွဲသွားပြီး သပိတ်စခန်းများ၌ တစ်ဦးတစ်ယောက်မ္ခ မကျန်ရှိတော့ကြောင်း တွေ့ရှိရပါသည်။ ထိုဖြစ်စဉ်ကြောင့် သံဃာတော် ၉၉ ပါး၊ လူ ၉ ဦး စုစုပေါင်း ၁ဝ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါသည်။

(ဆ) တွေ့ရှိသုံးသပ်ချက်
(၁) မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးတို့၏ တင်ပြချက်အရ နံနက် ဝ၃ဝဝအချိန်တွင် ဆန္ဒပြမှုများကို ဖယ်ရှားရန် စီမံဆောင်ရွက်ခဲ့ရခြင်းမှာ ထိုအချိန်တွင် သပိတ်စခန်း၌ လူစုလူဝေး အနည်းဆုံး အချိန်ဖြစ်သဖြင့် ထိခိုက်မှုအနည်းဆုံး ဖြစ်စေရန်အတွက် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ မီးခိုးဗုံး အသုံးပြုခြင်းကို ၂ဝဝ၇ ခုနှစ်ကလည်း အသုံးပြုခဲ့ဖူးကြောင်း၊ ထိုစဉ်က ယခုကဲ့သို့ မီးလောင်ဒဏ်ရာရရှိခြင်းမျိုး မရှိခဲ့ကြောင်း၊ ထိုစဉ်က အသုံးပြုခဲ့သည့် မီးခိုးဗုံးနှင့် ယခုအသုံးပြုခဲ့သော မီးခိုးဗုံးတို့မှာ သက်ရောက်သည့် အာနိသင်ကွဲပြားခြားနားမှုရှိသည်ဟု ထင်မြင်ယူဆကြောင်း ထွက်ဆိုခဲ့သည်ကို တွေ့ရှိရပါသည်။
(၂) သို့သော် ကော်မရှင်မှ လက်တွေ့စမ်းသပ်စစ်ဆေးချက်များအရ ယင်းမီးခိုးဗုံးများမှာ အာနိသင်ကွဲပြားခြားနားမှုမရှိကြောင်း၊ သို့သော် ကွင်းပြင်တွင် မီးလောင်နိုင်မှု မရှိသော်လည်း ပိုလီယက်စတာ အဝတ်စများ၊ တာပေါ်လင်ခေါ် (Polypropylene) ပလတ်စတစ်မိုးကာစများနှင့်တွေ့ရှိက မီးလောင်နိုင်ကြောင်း စိစစ်တွေ့ရှိ သုံးသပ်ရပါသည်။ ကော်မရှင်၏ တွေ့ရှိချက်ကိုလည်း သီးခြားဖော်ပြထားပါသည်။
(၃) ရဲတပ်ဖွဲ့ဝင်များသည် မီးခိုးဗုံးနှင့်ပတ်သက်၍ အတွေ့အကြုံ အားနည်းခြင်း၊ ထိတွေ့အသုံးပြုခဲ့မှု မရှိခြင်းတို့ကြောင့် ပစ်ခတ်အသုံးပြုရာတွင် သဘောသဘာဝ၊ အကျိုးသက်ရောက်မှုနှင့် ဖြစ်ပေါ်လာနိုင်သည့် ဘေးထွက်ဆိုးကျိုး အန္တရာယ်များကို မသုံးသပ်နိုင်ခြင်း၊ ဖြစ်စဉ်တွင် ဆူပူဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့မှာ နီးကပ်ပြီး လူအုပ်စုနှင့်သံဃာထုမှာ တာပေါ်လင်မိုးကာ အမိုးအောက်မှ ရှောင်ထွက်ခြင်းမပြုဘဲ ထိုင်မြဲထိုင်နေခြင်း၊ အိပ်နေခြင်းတို့ကြောင့် လျင်မြန်စွာ ထွက်ခွာနိုင်မှုမရှိ၍လည်းကောင်း၊ မ့ပ်မှာ တာပေါ်လင်မိုးကာစများ မိုးထားသဖြင့် မီးခိုးဗုံးမှထွက်ရှိသော မီးစများကြောင့် မိုးကာစများအကွင်းလိုက် မီးလောင်ပြီး ပလတ်စတစ်အပူရည်များ ပျော်ကျကာမ့ပ်အောက်ရှိ သံဃာတော်များ၏ သင်္ကန်းများ၊ ဂွမ်းစောင်များ၊ မြေယာခင်းများ အပေါ်သို့ ကျရောက်မီးလောင်ခြင်းတို့ ဖြစ်စေခဲ့ကြောင်း တွေ့ရှိသုံးသပ်ရပါသည်။

မီးခိုးဗုံးနှင့်ပတ်သက်၍ ကော်မရှင်၏ စုံစမ်းစစ်ဆေးတွေ့ရှိချက်များ
၉၁၊
(က) မီးခိုးဗုံးအသုံးပြုပုံအမျိုးမျိုးနှင့် ၄င်းတို့၏သက်ရောက်မှုများကို ကော်မရှင်အဖွဲ့က သွားရောက် လေ့လာကြည့်ရ၍ခဲ့ရာ မီးခိုးဗုံးကို မြေမာ(သို့မဟုတ်)မြေပျော့အပေါ်သို့ လက်ဖြင့် ပစ်ပေါက်သည်ဖြစ်စေ၊ လှိမ့်သည်ဖြစ်စေ အကျိုးသက်ရောက်မှုမှာ အတူတူပင်ဖြစ်ကြောင်း၊ မြေပြင်(သို့မဟုတ်) ပစ်တင်လိုက်သည့်အရာနှင့် ထိထိ ခြင်းမပေါက်ကွဲဘဲ ၄-၆ စက္ကန့်ကြာမှ ပေါက်ကွဲကြောင်း၊ စက္ကန့်ပိုင်းအတွင်း မီးပန်းများ ဖြာထွက်သကဲ့သို့ ပေါက်ကွဲပြီး မီးခိုးဖြူလုံးများ ထွက်ကြောင်း၊ မီးခိုးထွက်သည့်အချိန်သည် ၉ဝ စက္ကန့်သာ ကြာမြင့်နိုင်ကြောင်း၊ လေတိုက်ပါက စက္ကန့်အနည်းငယ်အတွင်း မီးခိုးဖြူများ ပျောက်ကွယ်သွားကြောင်း၊ ပေါက်ကွဲရာတွင် ဗုံးတွင်းမီးစုံးစများ ၈ မီတာအထိ ပြန့်ကြဲနိုင်ကြောင်း၊ အချို့မီးစုံးစ အနည်းငယ်သည် ၃ဝ စက္ကန့်မှ ၉ဝ စက္ကန့်အထိ ဆက်လက် လောင်ကျွမ်းနိုင်ကြောင်းနှင့် မြေမာပေါ်သို့ ပစ်ပေါက်သည့်အခါ မကွဲသည့်ဗုံးလည်းရှိကြောင်း တွေ့ရှိရပါသည်။
( ခ ) မီးခိုးဗုံးပေါက်ကွဲရာ ၈ မီတာအတွင်းတွင် လောင်ကျွမ်းလွယ်သည့်အရာများ ဥပမာ-ပိုလီယက်စတာ အဝတ်စများ၊ ပလတ်စတစ် မိုးကာစ (Polypropylene) များနှင့်ြွေမရေခွံအိတ်များရှိပါက ရေစိုသည်ဖြစ်စေ၊ ရေမစိုသည်ဖြစ်စေ ပေါက်ကွဲသည့်အရှိန်ကြောင့် မီးစုံးစများထိမှန်ပါက မီးလောင်နိုင်ကြောင်း တွေ့ရှိရသည်။
( ဂ ) ပလတ်စတစ်မိုးကာ (Polypropylene)တဲပေါ်သို့ မီးခိုးဗုံး တိုက်ရိုက်ကျရောက်ပြီး ပေါက်ကွဲသည့်အခါ ပေါက်ကွဲမှုကြောင့် မီးဖြာထွက်ခြင်းနှင့်အတူ မီးလောင်လွယ်သည့် ပစ္စည်းဖြစ်သည့်အလျောက် ပလတ်စတစ်မိုးကာ (Polypropylene) တွင် အပေါက်ကြီးများဖြစ်သွားပြီး ဆက်လက်လောင်ကျွမ်းသည်ကို တွေ့ရှိရပါသည်။ အလွန်ပြင်းထန်သော အပူရှိန်ကြောင့် ပလတ်စတစ်မိုးကာ (Polypropylene) အရည်ပျော်ကာ အောက်သို့ကျ၍ ဆက်လက် လောင်ကျွမ်းနိုင်ပါသည်။ အောက်တွင် လောင်စာပိတ်များရှိပါက ရေစိုသည်ဖြစ်စေ၊ ရေမစိုသည်ဖြစ်စေ မီးကူးစက်၍ လောင်ကျွမ်းနိုင်ပါသည်။ ဓာတုဗေဒချည်မ္ခင်ပါ ပိတ်စများသည် ချည်စ Cotton) များထက် မီးလောင်နှုန်းပိုမိုမြန်ပြီး၊ လောင်ကျွမ်းချိန်လည်း ပိုမိုကြာမြင့်သည်ကို တွေ့ရှိရပါသည်။
(ဃ) မီးခိုးဗုံးအများအပြား အသုံးပြုခဲ့လျှင်သော်လည်းကောင်း၊ မီးလောင် လွယ်သည့် ပစ္စည်းများ၊ အဝတ်အစားများ ၈ မီတာအတွင်းရှိခဲ့လျှင် သော်လည်းကောင်း မီးကူးစက်လောင်ကျွမ်းမည်ဖြစ်ကြောင်း တွေ့ရှိရပါသည်။
( င ) မီးခိုးဗုံးအများအပြားကို တစ်ချိန်တည်းတွင် အသုံးပြုပါက မီးတောက် မီးလျှံများ ကြီးမားပြီး ပတ်ဝန်းကျင်ရှိ လောင်စာအမျိုးအစားပေါ် မူတည်၍ ပြင်းထန်ကြာမြင့်စွာ လောင်ကျွမ်းနိုင်ကြောင်း တွေ့ရှိရပါသည်။

အကြံပြုချက်များ
၉၂၊
( က ) လူစုလူဝေးခွဲရာတွင် သုံးစွဲရန် ရည်ရွယ်သည့် မည်သည့်ပစ္စည်းကိုမဆို ကြိုတင်စမ်းသပ်ပြီး ထိခိုက်မှု၊ အကျိုးသက်ရောက်မှုနှင့် ဘေးထွက်ဆိုးကျိုးအန္တရာယ် မည်သို့ရှိသည်ကို ရဲတပ်ဖွဲ့ဝင်များက ကြိုတင် စမ်းသပ်လေ့လာသင့်သည်၊ ထို့အပြင် လိုအပ်လျှင် လိုအပ်သလို ပြည်တွင်းတွင်လည်းကောင်း၊ နိုင်ငံတကာအကူအညီများ ရယူပြီး ပြည်ပသို့ စေလွှတ်၍လည်းကောင်း လေ့ကျင့်သင်ကြားစေသင့်ကြောင်း အကြံပြုတင်ပြအပ်ပါသည်။
( ခ ) မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ အဓိကရုဏ်းနှိမ်နင်းမှု လေ့ကျင့်ခြင်းကို မိမိ အစီအစဉ်ဖြင့် လည်းကောင်း၊ နိုင်ငံတကာအကူအညီ ရယူ၍လည်းကောင်း အမြန်စတင်လေ့ကျင့်သင့်ပါကြောင်းနှင့် အဆင့်မြင့် နိုင်ငံခြားသင်တန်းများသို့လည်း စေလွှတ်သင်ကြားစေသင့်ပါကြောင်း အကြံပြုတင်ပြအပ်ပါသည်။
( ဂ ) မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်များတွင် ခေတ်နှင့်အညီ ပြုပြင်ပြောင်းလဲရေး (Reform) လုပ်ဆောင်နေသည်ဟု သိရှိရပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် ထင်သာမြင်သာရှိစွာဖြင့် ဆောလျင်စွာ ဆောင်ရွက်သင့်ကြောင်း အကြံပြုတင်ပြအပ်ပါသည်။

ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေ (၂ဝ၁၁ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၅)
၉၃၊ ( က ) တွေ့ရှိသုံးသပ်ချက်
(၁) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄၊ ပုဒ်မခွဲ (ခ)တွင် နိုင်ငံသားတိုင်းသည် နိုင်ငံ တော် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေးသို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရား အကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် လက်နက်မပါဘဲ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်း လှည့်လည်ခွင့် အခွင့်အရေးများကို လွတ်လပ်စွာ သုံးစွဲဆောင်ရွက်ခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားသည့်အလျောက် နိုင်ငံသားများက ယင်း အခွင့်အရေးများကို ဥပဒေနှင့်အညီ သုံးစွဲဆောင်ရွက်နိုင်ရန်အလို့ငှာ ပြည်ထောင်စုလွှတ်တော်သည် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေကို ပြဋ္ဌာန်းခဲ့ပါသည်။ ၄င်းဥပဒေတွင် ဒီမိုကရေစီကျင့်စဉ်အား လေးစားလိုက်နာသော နိုင်ငံသားများ ဖြစ်စေရန်နှင့် ဥပဒေ နှင့်အညီ ဆောင်ရွက်နိုင်စေရန် ပုဒ်မ ၂၄ ခုဖြင့် လည်းကောင်း၊ နည်းဥပဒေတွင် ပုဒ်မ ၂၇ ခုဖြင့်လည်းကောင်း ပြဋ္ဌာန်းပေးထားပြီး နိုင်ငံသားများအနေဖြင့် မိမိတို့၏ လိုအင်ဆန္ဒနှင့် စပ်လျဉ်း၍ ဆောင်ရွက်ခွင့်ရှိသည့် နည်းလမ်းများ ဖော်ထုတ်ခွင့်၊ ဟောပြောခွင့်များကို စနစ်တကျေ ဆာင်ရွက်ခွင့်ပြုထားသော်လည်း နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီမှုမရှိကြောင်း တွေ့ရှိရပါသည်။
(၂)
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနယ်မြေအတွင်း ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော်လည်း ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ခွင့်ပြုမိန့်လျှာက်ထားခြင်း မပြုခဲ့ကြဘဲ ၃-၃-၂ဝ၁၂ ရက်နေ့မှ ၂၅-၁၁-၂ဝ၁၂ ရက်နေ့အထိ ကာလအတွင်း ၁၂၄ ကြိမ်ခန့် ဆူပူဆန္ဒပြခဲ့ကြကြောင်း၊ မြန်မာ-ဝမ်ပေါင် ကုမ္မဏီဝန်းကျင်တွင် ဥပဒေနှင့် ဆန့်ကျင်သော လူစုလူဝေး၊ သံဃာထုဖြင့် သပိတ်စခန်း ၆ နေရာ ဖွင့်လှစ်ဆန္ဒပြမှု ၁၇-၁၁-၂ဝ၁၂ ရက်နေ့မှ ၂၉-၁၁-၂ဝ၁၂ ရက်နေ့အထိ ၁၃ ကြိမ်ရှိခဲ့ကြောင်း တွေ့ရှိရပါသည်။ ထိုအခြေအနေအရ ပြည်ထဲရေးဝန်ကြီးဌာနက စီမံကိန်းနယ်မြေ တစ်ဝိုက် ဆန္ဒပြနေသော အဖွဲ့အစည်းအားလုံးအား ၂၇-၁၁-၂ဝ၁၂ ရက်နေ့ ၂၄ဝဝ ချိန်တွင် နောက်ဆုံးထားပြီး ဖယ်ရှားရှင်းလင်းပေးရန်နှင့် အကယ်၍ ဖယ်ရှားရှင်းလင်းခြင်းမပြုပါက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တည်ဆဲဥပဒေများအတိုင်း အဆင့်ဆင့် ဖြေရှင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၇-၁၁-၂ဝ၁၂ ရက်နေ့တွင် သတိပေးထုတ်ပြန်ကြေညာခဲ့ကြောင်း သိရှိရပါသည်။
(၃)
ထိုသို့ သတိပေးခဲ့သော်လည်း လူစုလူဝေးမှာ ထွက်ခွာသွားခြင်းမရှိသဖြင့် ၂၈-၁၁-၂ဝ၁၂ ရက်နေ့တွင် ဆားလင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၂၇၊ ၁၂၈ တို့အရ လူစုလူဝေးကို ဥပဒေနှင့်အညီ အင်အားသုံးရှင်းလင်းဖယ်ရှားရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါသည်၊ ထိုသို့ ဥပဒေနှင့်အညီ ထုတ်ပြန်ပြီးနောက် နောက်ဆုံး ထွက်ခွာပေးရန် သတ်မှတ်သည့် အချိန်မတိုင်မီ လုံခြုံရေးတပ်ဖွဲ့ဝင်များက အသံချဲ့စက်များဖြင့် လူစုခွဲရန် အကြိမ်ကြိမ် မေတ္တာရပ်ခံခဲ့သည့်အပြင် သတ်မှတ်ချိန်ကျော်လွန်သည့်တိုင် ထွက်ခွာပေးခြင်းမရှိသဖြင့် ထပ်မံ၍ အကြိမ်ကြိမ် မေတ္တာရပ်ခံခဲ့ကြောင်း၊ သို့သော် ဆန္ဒပြသူများက အဆိုပါနေရာမှ ထွက်ခွာသွားခြင်း၊ လူစုခွဲခြင်းမရှိသဖြင့် ၂၉-၁၁-၂ဝ၁၂ ရက်နေ့ နံနက် ဝ၃ဝဝ နာရီတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က အဓိကရုဏ်းနှိမ်နင်းရေး နည်းစနစ်များအတိုင်း အဆင့်ဆင့် ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း၊ မီးသတ်ပိုက်များနှင့် မီးခိုးဗုံးများ အသုံးပြု၍ ဖြိုခွဲခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။
(ခ)
အကြံပြုချက်များ
(၁)
ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကို အများပြည်သူသိရှိနိုင်ရေး၊ လိုက်နာနိုင်ရေးဆောင်ရွက်မှု အားနည်းကြောင်းတွေ့ရှိရသဖြင့် အုပ်ချုပ်ရေးအဖွဲ့များက လူထုအားပညာပေးခြင်း၊ ပို့ချခြင်းများ ဆောင်ရွက်သင့်ကြောင်း အကြံပြုအပ်ပါသည်။
(၂)
ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေအား လျှာက်ထားလာပါက နည်းဥပဒေပုဒ်မ ၁၆ နှင့်အညီ ဥပဒေများနှင့်မဆန့်ကျင်လျှင် ခွင့်ပြုမိန့် ထုတ်ပေးရန် ငြင်းပယ်ခြင်း မပြုသင့်ကြောင်း အကြံပြုအပ်ပါသည်။
(၃)
ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့်ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့် ဆိုင်ရာနည်းဥပဒေပုဒ်မ ၁၈ တွင် ==တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရဲတပ်ဖွဲ့မှူးက အတည်ပြုကြောင်း သို့မဟုတ် ပယ်ဖျက်ကြောင်း အဆုံးအဖြတ်ပေးရမည်ဟု ပါရှိပါသည်။ြ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ကို ခွင့်ပြုနိုင်သည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သည် အဓိကရုဏ်းဖြစ်လာပါက ဖြိုခွင်းရန်လည်း တာဝန်ယူရမည်ဖြစ်ရာ ခွင့်ပြုနိုင်သည့် အခွင့်အာဏာကိုပါ ရဲတပ်ဖွဲ့သို့ အပ်နှင်းထားခြင်းမှာ မသင့်ကြောင်းနှင့် လိုအပ်သကဲ့သို့ ဥပဒေကို ပြင်ဆင်သင့်ကြောင်း အကြံပြုအပ်ပါသည်။
ကော်မရှင်၏ အထွေထွေသုံးသပ်ချက်နှင့် အကြံပြုချက်များ
၉၄၊
ကော်မရှင်သည် ပေးအပ်သည့် တာဝန်များကို ဆောင်ရွက်ရာတွင် နိုင်ငံတော်၏ ရေရှည်အကျိုးစီးပွား၊ ပြည်သူလူထု အကျိုးစီးပွား အပြုသဘောဆောင်သည့် အမြင်တို့ဖြင့် ဆောင်ရွက်ခဲ့ပါသည်။ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနှင့်ပတ်သက်၍ ဒေသခံပြည်သူအချို့မကျေနပ်ခြင်း၏ အခြေခံအကြောင်းရင်းများကို သုံးသပ်ပြီး အောက်ပါအတိုင်း အကြံပြုအပ်ပါသည်-
( က )
မြေသိမ်းဆည်းသည့်ဖြစ်စဉ်တွင် အားနည်းမှုများရှိနေရာ ထိုအချက်တို့ကို ပြန်လည်ပြင်ဆင်ပြီး ဒေသခံတို့၏ နစ်နာချက်များ မရှိစေရန် ဖြည့်စွက်ပံ့ပိုးပေးသည့် အစီအမံများချမှတ်စေရန်-
(၁)
ဒေသခံတို့အားမြေလျော်ကြေးများပေးရာတွင် ဥပဒေနှင့်အညီ ဆောင်ရွက်သည်ဆိုသော်လည်း ပေးအပ်သည့် လျော်ကြေးသည် ကာလတန်ဖိုးမဟုတ်သဖြင့် ဒေသခံများအတွက် ဆုံးရံ၍းနစ်နာမှုများ ရှိခဲ့ပါသည်။ သို့ဖြစ်ရာ မြေယာလျော်ကြေးပေးမှုကို ပြန်လည်သုံးသပ်ပြီး ပေးအပ်သည့် လျော်ကြေးကို ကာလတန်ဖိုး (Market Value) နှင့် ကိုက်ညီစေရန်အတွက် တိုးမြ/င့်ပေးသင့်ပါသည်။
(၂)
လက်ပံတောင်းတောင်စီမံကိန်းအတွက် မြေများကို သိမ်းယူရာတွင်လည်း စုစုပေါင်း ၇၈၆၇့၇၈ ဧကကို သိမ်းဆည်းခဲ့ပါသည်။ ထိုသို့သိမ်းဆည်းသည့် ပမာဏသည် လိုအပ်သည်ထက် ပိုမိုသည်ဟု ကော်မရှင်က သုံးသပ်ပါသည်။ သတ္တုတွင်း စီမံကိန်းအတွက် သတ္တုသိုက်များသာမက အခြားစိုက်ပျိုး ဧရိယာများစွာရယူထားသည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် သတ္တုတွင်းစီမံကိန်းနယ်မြေအား စိစစ်ပြီး ပြန်လည်ပေးနိုင်သည့် လယ်ယာမြေများကို ပြန်လည်ခွဲဝေပေးသင့်ပါသည်။
(၃)
ဒေသခံများ ဆုံးရံ၍းသွားသော လယ်ယာမြေများအား အစားပေးသည့်အနေဖြင့် ၄င်းရွာများဝန်းကျင်ရှိ မြေလွတ်၊ မြေလပ် ၁၉ဝဝ ဧကခန့်အား စိုက်ပျိုးနိုင်သည့် မြေဖြစ်အောင် ပြုပြင်ပေးပြီး ခွဲဝေပေးသင့်ပါသည်။
( ခ )
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းဆောင်ရွက်ရာတွင် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအမံများကိုချမှတ်ပြီး စနစ်တကျ ဆောင်ရွက်စေရန်-
(၁)
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား ဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ပတ်ဝန်းကျင် စီမံခန်္ကခွဲမှုစနစ်၊ လုပ်ငန်းခွင်စီမံခန်္ကခွဲမှုစနစ်၊ လူမှုဝန်းကျင် စီမံခန့်ခွဲမှုစနစ်များကို ရေးဆွဲကျင့်သုံးလိုက်နာဆောင်ရွက်ခြင်းမရှိပါ၊ ၁၉၉၇ ခုနှစ်တွင် အိုင်ဗင်ဟိုကုမ္မဏီမှ ပြုစုထားသော အကြိုဖြစ်နိုင်စွမ်း လေ့လာချက်များအပေါ်တွင် အခြေခံ၍ လုပ်ဆောင်နေခြင်းဖြစ်ပါသည်။ ယခုကျင့်သုံးသည့် နိုင်ငံတကာစံချိန်စံညဤန်းသည် ထိုစဉ်က အမှီပြုခဲ့သော နိုင်ငံတကာစံချိန်စံညဤန်းထက် ပိုမိုမြင့်မားပါသည်။ ထို့ကြောင့် ဝမ်ပေါင်ကုမ္မဏီအနေဖြင့် သြစတြေးလျနိုင်ငံမှ ကုမ္မဏီတစ်ခုအား ပြုစုနေစေသော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု၊ ထုတ်လုပ်မှုစီမံခန့်ခွဲခြင်း၊ လုပ်ငန်းခွင် ဘေးကင်းလုံခြုံမှုနှင့် ကျန်းမာရေးဆိုင်ရာ၊ စီမံခန့်ခွဲမှုဆိုင်ရာ (ISO 14001, ISO 9001 နှင့် OHSAS 18001) လက်မှတ် ၃ ခုကို အမြန်ဆုံးရယူပြီး လိုအပ်သော လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သင့်ပါသည်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသည် ယခုအခါ လုပ်ငန်းစသည့်အဆင့်သာရှိသေးရာ ပတ်ဝန်းကျင်ထိန်းသိမ်းမှု ယိုယွင်းမှုများကို ယခုအဆင့်တွင် ကာကွယ်ထိန်းသိမ်းခြင်းမပြုပါက ပတ်ဝန်းကျင် ယိုယွင်းမှုများစွာ ဖြစ်လာနိုင်ပါသည်။
(၂)
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် တိုက်ရိုက် သက်ဆိုင်မှု မရှိသော်လည်း ကံကုန်းကျေးရွာအနီးရှိ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၏ ဆာလ်ဖျူရစ်အက်စစ်စက်ရုံသည် စက်မှုဝန်ကြီးဌာန၏ ခွင့်ပြုချက်ရယူထားခြင်း မရှိသည့်အပြင် ပတ်ဝန်းကျင်ထိန်းသိမ်းမှုကာကွယ်ရန် ISO လက်မှတ်လည်း ရယူထားခြင်းမရှိပါ၊ ၄င်းစက်ရုံကြောင့် ပတ်ဝန်းကျင်ရွာများတွင် ကျန်းမာရေးထိခိုက်စေသည်ဟု ဒေသခံတို့က ခံယူကြပါသည်။ သို့ဖြစ်ရာ အဆိုပါစက်ရုံအား လိုအပ်သည့် စက်မှုဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်မှုကို နိုင်ငံတကာအဆင့်နှင့် ကိုက်ညီစွာ ထိန်းသိမ်းကာကွယ်နေသည်ဟု ထင်ရှားစေရန် ISO Certificate ကို ရယူပြီး အကောင်အထည်ဖော်ဆောင်ရွက်သင့်ပါသည်။
(၃)
လက်ပံတောင်းတောင်ဒေသတွင် ပတ်ဝန်းကျင် ညစ်ညမ်းမှု ဖြစ်စေသည့် ဖြစ်ရပ်တစ်ခုမှာ ၁၉၈၄ ခုနှစ်နှင့် ၁၉၉၇ ခုနှစ် အတွင်း စွန့်ပစ်ခဲ့သည့် စွန့်ပစ်မြေများမှ အနီးအနားကျေးရွာလူထုက ဒေသန္တရနည်းဖြင့် ဒုတ္ထာ-ကြေးနီချက်လုပ်နေသည့်ကိစ္စဖြစ်ပါသည်။ ထိုလုပ်ငန်းသည် ကျေးရွာလူထုအတွက် အားထားရာ အသက်မွေးဝမ်းကျောင်းဖြစ်သော်လည်း ကျေးရွာလူထု၏ ကျန်းမာရေးကို ထိခိုက်စေနိုင်ခြင်း၊ မြေသားများ ညစ်နွမ်းပြီး ရေများကိုလည်း ညစ်ညမ်းစေသဖြင့် ထိုလုပ်ငန်းအစား အခြားအန္တရာယ်ကင်းစွာ လုပ်ကိုင်နိုင်မည့် စီးပွားရေးလုပ်ငန်းများကို စီစဉ်ဆောင်ရွက်ပေးသင့်ပါသည်။
(၄)
မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် ဝမ်ပေါင်ကုမ္မဏီတို့ ချုပ်ဆိုသည့် စာချုပ်ကို နိုင်ငံတော်အတွက်အကျိုး၊ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်အကျိုးပြည့်ဝစွာ ရရှိစေရန်ညှိနှိုင်းပြီး ပြန်လည်ပြင်ဆင်ရန် လိုအပ်ပါသည်။ ကော်မရှင်က ခန့်ထားသော ဘာသာရပ်နှင့် ဥပဒေကျွမ်းကျင်သူတို့၏ သုံးသပ်ချက်တွင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် ဝမ်ပေါင်ကုမ္မဏီတို့ ချုပ်ဆိုသည့်စာချုပ်သည် သတ္တုတွင်းဝန်ကြီးဌာနက ထုတ်လုပ်မှုခွဲဝေသည့်စာချုပ် (Product Sharing Contract) ပုံစံဖြင့် ချုပ်ဆိုထားသည်ကို တွေ့ရှိရရာ နိုင်ငံခြားကုမ္မဏီဖြင့် ကြေးနီစီမံကိန်းကို ချုပ်ဆိုရာတွင် သာမန်ပုံစံမျိုးမဟုတ်ဘဲ အသေးစိတ်အချက်အလက်များ ပါဝင်ကာ ပတ်ဝန်းကျင် ထိခိုက်မှုသုံးသပ်ချက်၊ လူမှုရေးသုံးသပ်မှု အချက်အလက် စသည်တို့ကိုပါ ထည့်သွင်းချုပ်ဆိုသင့်ပါသည်။ စာချုပ်တွင်လည်း ထိုသို့ ပြင်ဆင်ချုပ်ဆိုနိုင်ကြောင်း ဖော်ပြထားပါသည်။ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်သည် ကော်မရှင်နှင့် ဆွေးနွေးချက်များအပေါ်မူတည်ပြီး စာချုပ်ကို ပြင်ဆင်ရန်အတွက် လုပ်ဆောင်နေသည်ကို တွေ့ရှိရပါသည်။
( ဂ )
သာသနိကအဆောက်အအုံကိစ္စ၊
လက်ပံတောင်းတောင် ဒေသခံအများက ကြေးနီစီမံကိန်းပြုလုပ်သည့်နယ်မြေသည် ပထမလယ်တီ ဆရာတော် ဘုရားကြီး သီတင်းသုံးခဲ့သည့်နယ်မြေဖြစ်ပြီး လက်ရှိတောင်ကုန်း ကလပ်ပေါ်တွင် ကျန်ရှိနေသောစေတီနှင့် သိမ်တို့သည် ဆရာတော်ဘုရားကြီးတည်ထားသည့် အဆောက်အအုံများဖြစ်သဖြင့် နေရာမပျက်ထားရှိသင့်သည်ဟု ယူဆကြပါသည်။ ကော်မရှင်၏ လေ့လာတွေ့ရှိချက်များ အရလည်းကောင်း၊ ကော်မရှင်မှ တာဝန်ပေးသည့် မြန်မာ့ပတ်ဝန်းကျင်သိပ္ပံမှ ယဉ်ကျေးမှုရေးရာကျွမ်းကျင်သူ၏ တင်ပြချက်အရ လည်းကောင်း ဆရာတော်ကြီး သီတင်းသုံးခဲ့သည့် စင်္ကြန်ကျောင်း နေရာနှင့် ပတ်သက်၍ ကွဲပြားခြားနားချက်ရှိနေသည်ကို တွေ့ရှိရပါသည်။ မှတ်တမ်းများအရ လက်ပံတောင်းတောင်ကြား တောရစင်္ကြန်ကျောင်းဟုသာ ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။ ဆရာတော်ဘုရားကြီးအနေနှင့် တစ်မိုးတစ်ဝါခံ (ဝါး) ကျောင်းမျိုးသာလက်ခံခဲ့ကြောင်းလည်း သိရှိခဲ့ရပါသည်။ အဆိုပါစေတီနှင့် သိမ်တို့သည် ပထမလယ်တီ ဆရာတော် ဘုရားကြီး တည်ထားသည့် သာသနိက အဆောက်အအုံများဖြစ်ကြောင်း အထောက်အထား မတွေ့ရှိရပါ၊
(ဃ) မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်ပတ်သက်၍ ပြုပြင်သင့်သောကိစ္စရပ်များ
(၁)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ဒီမိုကရေစီစနစ်ကိုပျိုးထောင်လျက်ရှိရာ ပြုပြင်ပြောင်းလဲမှု ကိစ္စရပ်များကိုလည်း ပြုလုပ်လျက်ရှိပါသည်။ ထိုသို့ ပြုပြင်ပြောင်းလဲမှု ပြုလုပ်နေမှုအနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပတ်သက်၍ နိုင်ငံတကာစံနှုန်းများနှင့်အညီ ပြုပြင်ဆောင်ရွက်သင့်ပါသည်။ လက်ပံတောင်းတောင် စီမံကိန်းအား ဆန္ဒပြသူများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖြိုခွဲသည့်ဖြစ်စဉ်ကို ကြည့်ပါလျှင် ရဲတပ်ဖွဲ့ကို ပြုပြင်ပြောင်းလဲမှုများနှင့် လေ့ကျင့်သင်ကြားမှုများ ပြုလုပ်ပေးရန် လိုအပ်သည်ဟု ကော်မရှင်အနေဖြင့် ထင်မြင်ယူဆပါသည်။
(၂)
သပိတ်စခန်းကို ဖြိုခွဲရာ၌ နံနက် ၃ နာရီခန့်ကို ရွေးချယ်ပြီး ဆောင်ရွက်ခြင်းမှာ ထိခိုက်ဒဏ်ရာ အနည်းဆုံးဖြစ်စေရန် ဆုံးဖြတ်ဆောင်ရွက်ခဲ့သည်ဟု သိရှိရသော်လည်း ၄င်းဆုံးဖြတ်ချက်သည် ဖြစ်နိုင်ခြေရှိသောကိစ္စအရပ်ရပ်ကို ထည့်သွင်း စဉ်းစားခဲ့ခြင်းမရှိဟု ကော်မရှင်ကသုံးသပ်ပါသည်။ အလင်းရောင် မလုံလောက်သောအချိန်တွင် ဆောင်ရွက်ခြင်းဖြစ်သဖြင့် ဖြစ်စဉ်အတိအကျကို ထင်သာမြင်သာမရှိဘဲ မမျှော်မှန်းခဲ့သည့် ရဟန်းသံဃာအများအပြား မီးလောင် ဒဏ်ရာရခြင်းဖြစ်ပေါ်ခဲ့ပါသည်။ နောက်နောင်တွင် ဆန္ဒပြမှုများပေါ်ပေါက်သည့်အခါ လူစုခွဲရန် လိုအပ်သည့်အချိန်တွင် ထင်သာမြင်သာရှိသည့် အချိန်မျိုးတွင်သာ ဆောင်ရွက်သင့်ကြောင်း အကြံပြုပါသည်။
(၃)
ယခုအခါတွင် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့်ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေကို ချမှတ်ထားပြီးဖြစ်ရာ ပြည်သူလူထု၏ဆန္ဒပြမှုများ ပေါ်ပေါက်ရန်ရှိပါသည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် အဓိကရုဏ်း ဖြိုခွဲရမည့်ကိစ္စများလည်း ပေါ်ပေါက်လာနိုင်ပါသည်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား ဆန္ဒပြမှုကို ဖြိုခွင်းရာတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သည် ဖော့စဖောရပ်ဓာတ်ပါဝင်သည့် မီးခိုးဗုံးကို အသုံးပြုခဲ့ပါသည်။ ထိုမီးခိုးဗုံးကို မီးခိုးမှိုင်းကာ (Smoke Screen) အနေဖြင့် ယေဘုယျအားဖြင့် အသုံးပြုလေ့ရှိပါသည်၊ ထိုမီးခိုးဗုံးကို ကွင်းပြင်တွင် အသုံးပြုပါက မီးလောင်မှု မဖြစ်ပွားနိုင်သော်လည်း မီးခိုးဗုံးပေါက်ကွဲရာ ၈ မီတာအတွင်းတွင် လောင်ကျွမ်းလွယ်သည့် အရာများ ဥပမာ-ပိုလီယက်စတာအဝတ်စများ၊ တာပေါ်လင်ခေါ် (Polypropylene) ပလတ်စတစ်မိုးကာစများ၊ မြွေရေခွံအိတ်များရှိပါက ရေစိုသည်ဖြစ်စေ၊ ရေမစိုသည်ဖြစ်စေ ပေါက်ကွဲသည့်အရှိန်ကြောင့် မီးစုန်းစများထိမှန်ပါက မီးလောင်နိုင်ကြောင်း စုံစမ်းစစ်ဆေးရေး ကော်မရှင်က စမ်းသပ်လေ့လာမှုများအရ တွေ့ရှိရပါသည်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့်လည်း ယခုမီးခိုးဗုံးမျိုးကို ယာယီအဆောက်အအုံရှိသည့်နေရာမျိုးတွင် စမ်းသပ်ခဲ့ခြင်းမရှိခဲ့သဖြင့် မီးခိုးဗုံး၏အာနိသင်ကို သိရှိခြင်း မရှိကြောင်း၊ ထိုသို့ သိရှိခြင်းမရှိဘဲ သုံးစွဲမှုကြောင့် မမျှော်မှန်း၊ မလိုလားအပ်သော မီးလောင်ဒဏ်ရာများ ရဟန်းသံဃာနှင့်လူပုဂ္ဂိုလ်အချို့တွင် ရရှိခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။ ၄င်းအကြောင်းအချက်တို့ကို ထောက်ရ၍၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့အား အဓိကရုဏ်းဖြိုခွဲမှုအပါအဝင် လိုအပ်သည့် လေ့ကျင့်မှုများကို ပြုလုပ်ပေးသင့်ကြောင်း အကြံပြုအပ်ပါသည်၊ ထိုသို့လေ့ကျင့်ပေးရာတွင်လည်း မိမိအစီအစဉ်ဖြင့် ဆောင်ရွက်သည့်အပြင် သင့်တင့်သည့် နိုင်ငံတကာအကူအညီကိုလည်း ရယူသင့်ကြောင်း တင်ပြအပ်ပါသည်။
( င )
ဥပဒေစိုးမိုးရေးပျိုးထောင်ရန်ကိစ္စ၊ နိုင်ငံတော် တည်ငြိမ်မှုရှိစေရန်အတွက် ဥပဒေစိုးမိုးရေးမှာ များစွာအရေးပါပါသည်။ ဥပဒေစိုးမိုးရေးကို ဆောင်ရွက်ရာတွင် ပြည်သူလူထုက ဥပဒေကိုလေးစားလိုက်နာရန် လိုအပ်သကဲ့သို့ ဥပဒေကို ထိန်းကျောင်းရသော နိုင်ငံတော် အဖွဲ့အစည်းများကလည်း ဥပဒေကိုလေးစားလိုက်နာရန် လိုအပ်ပါသည်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကိစ္စတွင် အချို့သောဒေသခံပြည်သူများက ဥပဒေကို ချိုးဖောက်မှုများ ရှိခဲ့ပါသည်။ ဒီမိုကရေစီစနစ်ကို တည်ဆောက်ရာတွင် ပြည်သူလူထုအနေနှင့်ဥပဒေကို လေးစားလိုက်နာရန်လိုအပ်ကြောင်း ပညာပေးခြင်း၊ လေ့ကျင့်ပြုစုပျိုးထောင်ပေးခြင်းတို့ လိုအပ်သည်ဟု ကော်မရှင်က သုံးသပ်ပါသည်။ တစ်ဖက်တွင်လည်း ချမှတ်ထားသော ဥပဒေသည် ခေတ်ကာလနှင့် ညီညွတ်ရန် လိုအပ်သည်ဖြစ်ရာ ပြင်ဆင်သင့်သောဥပဒေတို့ကိုလည်း ပြင်ဆင်ရန် လိုအပ်ပါသည်။ ဥပဒေကို ထိန်းသိမ်းတည်ဆောက်ပေးရသည့် နိုင်ငံတော်အဖ္ကွဲအစည်းများသည်လည်း ဥပဒေနှင့်အညီဆောင်ရွက်ရာတွင် အုပ်ချုပ်ရေးနည်းလမ်းကိုသာမက စည်းရုံးရေးနည်းလမ်းကိုပါကျင့်သုံးရန်အတွက် သက်ဆိုင်သည့် နိုင်ငံ့ဝန်ထမ်းများကိုလည်း လေ့ကျင့်ပညာပေးမှုများ ပြုလုပ်သင့်ပါသည်။

နိဂုံး
၉၅၊
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့်ပတ်သက်၍ ယခုဖြစ်ရပ်များ ဖြစ်ပေါ်ခဲ့ခြင်း၏အကြောင်းရင်းမှာ ပွင့်လင်းမြင်သာမှု (Transparency) အားနည်း ခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ ထို့အပြင် ကြေးနီစီမံကိန်း လုပ်ကိုင်ဆောင်ရွက်သူများ၊ ဒေသခံရွာသူရွာသားများ အနီးဝန်းကျင်ဒေသရှိ ပြည်သူများနှင့် ဒေသန္တရဆိုင်ရာ အုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့အစည်းအဆင့်ဆင့်မှ တာဝန်ရှိပုဂ္ဂိုလ်များအကြား အသိပေးသင့်သည့် အချက်အလက် အပြန်အလှန်ဖလှယ်မှု လွန်စွာအားနည်းခြင်းကြောင့်လည်းကောင်း၊ ဒေသခံလူထုသည် မြေယာသိမ်းဆည်းမှုနှင့်ပတ်သက်၍ ထိုက်သင့်သည့် လျော်ကြေးငွေမရရှိသဖြင့်လည်းကောင်း၊ ထိုက်သင့်သော အလုပ်အကိုင် အခွင့်အလမ်းများမရရှိခြင်းကြောင့်လည်းကောင်း မကျေမနပ်ဖြစ်ကာ ဆန္ဒပြမှုများ စတင်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပါသည်။ မြေယာသိမ်းဆည်းရာတွင် သက်ဆိုင်ရာဝန်ထမ်းများက ပွင့်လင်းမြင်သာစွာ ရှင်းပြခဲ့ခြင်း မရှိခဲ့ပါ၊ ထို့ကြောင့် ဒေသခံများက သီးနှံအတွက် လျော်ကြေးသာပေးသည်ဟု ထင်မြင်ယူဆခဲ့ပါသည်။ ထိုသို့ လျော်ကြေးပေးရာတွင်လည်း ဝန်ထမ်းအချို့က ပြေပြေလည်လည် ပြောဆိုဆက်ဆံမှုမရှိခြင်းကြောင့် ပြဿနာမှာ ပိုမိုကြီးထွားလာပါသည်။ ထိုအခြေအနေတွင် ဒေသပြင်ပ အဖွဲ့အစည်းများကလည်း ရောက်ရှိလာကာ ဆန္ဒပြမှုများမှာ အရှိန်မြင့်ခဲ့ပါသည်။ ယခု စုံစမ်းစစ်ဆေးရေးကော်မရှင်၏ စုံစမ်းစစ်ဆေးချက်များအရ ကြေးနီစီမံကိန်းတွင် အားနည်းချက်များရှိသော်လည်း ထိုအားနည်းချက်တို့သည် ပြင်ဆင်ဆောင်ရွက်နိုင်သည့် ကိစ္စရပ်များ ဖြစ်ပါသည်။ ထို့ကြောင့် စီးပွားရေး၊ လူမှုရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ နိုင်ငံတကာ ဆက်ဆံရေး ရှုထောင့်မျိုးစုံကို ခြုံငုံစဉ်းစားပြီး ပြုပြင်ရန်အကြံပြုချက်များကို အကောင်အထည်ဖော် ဆောင်ရွက်စေလျက် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို ဆက်လက် ဆောင်ရွက်စေသင့်ပါကြောင်း စုံစမ်းစစ်ဆေးရေးကော်မရှင်က အကြံပြုတင်ပြအပ်ပါသည်။
၉၆၊
ကော်မရှင်သည် ပေးအပ်သောတာဝန်များကို ဆောင်ရွက်ရာတွင် နိုင်ငံတော် သမ္မတရုံး၊ သမ္မတရုံးဝန်ကြီးဌာန(၆)၏ ပံ့ပိုးကူညီမှုကို အပြည့်အဝ ရရှိခဲ့ပါသည်။ ကော်မရှင်လုပ်ငန်းနှင့်စပ်လျဉ်းသည့် ပြည်ထောင်စုဝန်ကြီးဌာနများ၊ စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ကလည်း လိုအပ်သည်များကို ပံ့ပိုးကူညီခဲ့ပါကြောင်း ကော်မရှင်အနေဖြင့် မှတ်တမ်းတင်အပ်ပါသည်။ အထူးသဖြင့် ကော်မရှင်အဖွဲ့ဝင်များ ကွင်းဆင်းလေ့လာခဲ့စဉ် ဒေသခံပြည်သူများက နွေးထွေးစွာ ပါဝင်ဆောင်ရွက်ပေးသည်ကိုလည်း တန်ဖိုးထား ကျေးဇူးတင်ရှိကြောင်း ကော်မရှင်အနေဖြင့် မှတ်တမ်းတင်အပ်ပါသည်။

စာအမှတ်၊ ဝ၁-ကြေးနီ(ကော်မရှင်)-၂ဝ၁၃-၅၉
ရက်စွဲ၊ ၂ဝ၁၃ခုနှစ်၊ မတ်လ ၁၁ ရက်