Monday, March 11, 2013

12-3-2013 Facebook

12-3-2013 Facebook:
ညီလာခံပြီးသွားပြီ ဒေါ်အောင်ဆန်းစုကြည်၏ သမ္မတ ရာထူးမျှော်လင့်မှုများသာ ညီလာခံတွင် စိုးမိုးခဲ့ပြီး ညီလာခံ တက်လာသူများအား ကျူရှင်ဆရာမတယောက်ပြောနေသကဲ့သို့ သင်ရိုးကို ရွတ်ပြနေသည့်သဘောဖြင့် ညီလာခံ ပြီးဆုံးသွားလေသည်။

DTS:
“ဘုရားအလောင်းတော်ကို ရေဖြင့် ဖုံးလွှမ်းနှစ်သတ်မည်ဟု ကြံစည်၍ မိုးကြီး သည်းစွာရွာ သွန်းစေပြန်သည်။ မိုးရေလှိုင်းကြီးသည် အလွန်ကြီးမား ပြင်းထန်သော်လည်း ဘုရားအလောင်းတော်၏ သင်္ကန်းစွန်းကို သော်မျှမစိုစွတ်စေနိုင်။ ထို့ပြင် ကျောက်တုံးမိုး၊ ဓားလက်နက်မိုး၊ မီးကျီးမိုး၊ ပြာပူမိုး၊ သဲမိုး ရွှံ့ညွန်မိုးကြီးတို့ကို တစ်ခုပြီးတစ်ခု ဆက်တိုက်ရွာချ၏။ သို့သော်လည်း မာရ်နတ်သည် ဘုရားလောင်းတော်အား ထိခိုက်ကြောက်ရွံအောင် မစွမ်းဆောင်နိုင်ချေ။” (အပြင် အောင်ခြင်းရှစ်ပါး ဘုရားဇာတ်ကို ကိုးကားရတာအတွက် ကန်တော့ပါ။)

• Criticism, like rain, should be gentle enough to nourish a man's growth without destroying his roots. ဝေဖန်ရေးဆိုတာ မိုးရွာချသလို ညင်သာမှုအပြည့်ရှိအပ်တယ်။ ဒါမှ လူတွေကို ဖျက်ဆီးရာမရောက်ပဲ အားဖြစ်စေမယ်။
• To avoid criticism, do nothing, say nothing, and be nothing. ဝေဖန်တာမခံရအောင် ဘာမှမလုပ်ပဲနေ၊ ဘာမှမပြောပဲနေ၊ ဘာမှမဟုတ်ပဲနေ။
• Criticism is a misconception: we must read not to understand others but to understand ourselves. ဝေဖန်ရေးကို နားလည်မှုလွဲနေကြတယ်။ သူများကိုသိအောင်လုပ်တာ မဟုတ်ပါ။ ကိုယ့်ကိုယ်ကိုသိအောင်သာ လုပ်ရတာ ဖြစ်ပါတယ်။

12-3-2013 Facebook:
ဒေါက်တာဆိတ်ဖွား ရှာပုံတော်မင်းသားကြီး ပြည်သူ့လွတ်တော် စုံစမ်းရေးကော်မရှင် အမတ်မင်း အကြံအိုက်၊ စုံစမ်းစစ်ဆေးခံရတဲ့ လူတွေလည်းမနည်း၊ ရေဒီယိုသတင်းဌာနနဲ့ မဂ္ဂဇင်းတိုက်တွေလည်း ကုန်သလောက်ဖြစ်၊ မသင်္ကာတဲ့လူတွေ မေးမြန်တာလည်းကုန်နေပြီ။

DTS:
“ကျွန်တော့်ကို Declaration of Independence ကို လက်မှတ်ထိုးတာ ဘယ်သူလဲလို့မေးတာ မဖြေနိုင်လို့ ဆရာမက ဒဏ်ပေးတယ်ဗျ။” “ငါ့သား မင်းထိုးလဲ ထိုးတယ်လို့ ပြောလိုက်ပေါ့ကွာ။”

လူထု မောင်ကာဠု http://mgkarlu-mymanar.blogspot.in/2013/03/blog-post_6289.html