Wednesday, February 20, 2013

“မြန်မာပြည်ကို တရုပ်က အပိုင်သိမ်းတော့မယ်” ဆိုတဲ့ အယူအဆကနေ ၂ဝဝ၄ ကစပြီး မြန်မာပြည်မှာ ထင်မထားတာတွေ ဆက်တိုက်ဖြစ်လာခဲ့

၁၉-၂-၂ဝ၁၃ နယူးဒေလီမှာ Observer Research Foundation (ORF) ကနေ စီစဉ်တဲ့ “Recent changes in Myanmar and New Geopolitical Trends in the Asia-Pacific Region'' by Bertil Lintner ကိုတက်ခဲ့ပါတယ်။ အလွန် စိတ်ဝင်စားစရာ ကောင်းတယ်။

ကိုးကားချက်တခုကနေ စပါတယ်။ “နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်။ သင်တန်းအမှတ် (၆)၊ မဟာဝိဇ္ဇာ (ကာကွယ်ရေးပညာ) ဘွဲ့၊ ဘွဲ့ယူစာတမ်း၊ မြန်မာ-အမေရိကန် ဆက်ဆံရေး လေ့လာခြင်း၊ ကြည်း (၆၅၂၄) ဒု-ဗိုလ်မှူးကြီး အောင်ကျော်လှ (ဗမက ၆၄)၊ အမှတ် ၁၂ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်၊ ၂ဝဝ၄ အောက်တိုဘာ ၂၂ ရက်။” ဆိုပြီး ရေးထားတဲ့ စာမျက်နှာပေါင်း ၃၅ဝ ကျော်ပါတယ်။

သူ့အဆိုအရ အောင်ကျော်လှ ဆိုတာ တကယ်မရှိပဲ စစ်အရာရှိတွေ ပေါင်းရေးထားတယ် ဖြစ်တယ်။ ဗခမက သန်းရွှေ အတည်ပြုထားပြီးဖြစ်တယ်။ ကနေ့ဖြစ်နေတာတွေဟာ ဘာလို့ ဖြစ်လာတာလဲ၊ ဘယ်လိုဆက်ဖြစ်မလဲဆိုတာအတွက် သက်သေခံချက်လို့ ဆိုပါတယ်။

အထဲမှာပါတဲ့ နအဖ ဗိုလ်ချုပ်ကြီးတွေရဲ့ ၂ဝဝ၄ ခုနှစ်က သုံးသပ်ချက်များ
• ယူအက်စ် = China is about to take over Burma တရုပ်က မြန်မာပြည်ကို အပိုင်သိမ်းတော့မယ်၊ ဒေါ်အောင်ဆန်းစုကြည်စာ ကမ္ဘာ့ စိတ်ဝင်စားမှုကို အမြဲဆွဲဆောင်နေတယ်။ လူ့အခွင့်အရေးဆိုတာ လျှော့မယ်၊ ဒါပေမဲ့ မများစေနဲ့။
• ထိုင်း = အမေရိကန်ရဲ့ မဟာမိတ်၊ (တပ်ဆင်လက်ထက်)
• အိန္ဒိယ = တရုပ်နဲ့ ချိန်ခွန်လျှာညှိဘို့ ဆက်ဆံရမယ်။ မိတ်ဆွေ အိန္ဒိယသံတမန်တွေကတဆင့် ယူအက်စ်ကို ဝင်နိုင်တယ်။

တရုပ် ရဲ့ စဉ်းစားမှုများ
၁၉၈၅ ပြန်လည်သုံးသပ်မှုလုပ်လာ။ အနောက်တောင်ဘက်ကို လမ်းဖွင့်ရန်ဆုံးဖြတ်။ Opening of Southwest: An Expert Opinion စာတမ်းထွက်။ အထဲက မြေပုံဟာ ကနေ့ ဓါတ်ငွေ့ပိုက်လမ်းအတိုင်းပဲ။ တရုပ်-မြန်မာ နယ်စပ် ကုန်သွယ်ရေးဟာ ရေရှည်အတွက်ဖြစ်တယ်။ စစ်လက်နက်တွေပေးတယ်။ မြန်မာကွန်မြူနစ်ပါတီကို ကူနေတာတွေ ရပ်တယ်။ မြန်မာပြည်မှာ လွှမ်းမိုးမှုတွေ တနေ့တခြားတိုးတိုးလာတယ်။ ၂ဝဝ၈ နိုဝင်္ဘာမှာ ဗေခရွှမန်း တရုပ်သွားတယ်။ ဓါတ်ပုံတွေမှာ ယူနီဖေါင်းဝတ်ထားသူတွေသာဖြစ်တယ်။ ကူမင်း စစ်တက္ကသိုလ်သွားတယ်။ မြန်မာအရာရှိတွေ တက်နေကြတယ်။

မြောက်ကိုရီးယား
တရုပ်ကနေ မြောက်ကိုရီးယားသွားတယ်။ ဗခ ရွှေမန်းက အရပ်ဝတ်နဲ့သာ ဓါတ်ပုံမှာတွေ့ရတယ်။ ဘာရခဲ့လဲ။ Radar factory, Air defense, underground tunnels, and nuclear technology ရေဒါစက်ရုံ၊ လေကြောင်းရန်ကာကွယ်ရေး၊ မြေအောက်ဥမင်လှိုင်ခေါင်းတည်ဆောက်ရေး နဲ့ နူကလီယာနည်းပညာတွေရခဲ့တယ်။ အစီအမံတွေကို ဦးသောင်းနဲ့ စတယ်။ အမှန်က နူကလီယားအတွက် အိန္ဒိယကို အရင်လာပြီး နူကလီယားတောင်းတယ်။ IAEA ကနေကသာ ကူမယ်ဆိုလို့ မြောက်ကိုရီးယားဆီ လှည့်တာဖြစ်တယ်။ ရုရှားကို ပညာသင်တွေ လွှတ်တယ်။ သွားတဲ့လူတိုင်း အခက်အခဲတွေ တွေ့တယ်။ ဒါဟာ နူကလီးယားမှာ ရုရှားကို ရုပ်ပြထားတာသာဖြစ်တယ်။

၂-၄-၂ဝဝ၅ အောင်ပန်းမှာရိုက်ထားတဲ့ ဓါတ်ပုံ၊ ၂၆-၁၁-၂ဝဝ၃ မြောက်ကိုရီးယားပညာရှင် (ကင်မ်) နဲ့ မြန်မာပညာရှင် ဓါတ်ပုံ၊ မင်းလှ၊ စေတုတ္ကရာမှာ လှို့ဝှက်ကာကွယ်ရေးအစီအမံတွေလုပ်ထားတဲ့ ဓါတ်ပုံပြ။ မြေအောက်လှိုင်ခေါင်းတွေထဲမှာ လူ ၁ဝဝဝ ကို ၂ လ နေနိုင်အောင်လုပ်ထားတယ်။ မြောက်ကိုရီးယားသင်္ဘောတွေ ဆိပ်ကမ်းမှာ ၂၄ နာရီ အစစ်အဆေးမရှိ ကပ်ဘို့ ထုတ်တဲ့စာကော်ပီတွေပြ။ အပြန်မှာဆန်သယ်။ ဒါကြောင့် မြန်မာ-မြောက်ကိုရီးယား အရောင်းအဝယ်မှန်သမျှ ကမ္ဘာမှာ ဘယ်ဘဏ်ကိုစစ်စစ် စာရင်းမရှိ။ ယူအက်စ်က မြောက်ကိုရီးယားကို အရှေ့တောင်အာရှကို မလာစေချင်။

မြန်မာ-အမေရိကန်ဆက်ဆံရေး
၁၉၈၈ အရေးအခင်း၊ စတီဖင်ဆိုးလပ်စ် မြန်မာပြည်လာ။ အမေရိကန် လေယာဉ်တင်စစ်သင်္ဘော ဘင်္ဂလား ပင်လယ်ထဲ ရောက်နေခဲ့။ မြန်မာ-အမေရိကန် ဆက်ဆံရေး တိုတက်လာ (၁) မူးယစ်ဆေး၊ (၂) MIA ရှာဖွေရေး၊ (၃) စစ်တပ်+စစ်တပ်ဆက်ဆံရေး။

နောက်ပိုင်း မြန်မာ-အမေရိကန်ဆက်ဆံရေး
ဒိနောက် ၁၉၈၈ စစ်အာဏာသိမ်းကတည်းက အမေရိကန်-မြန်မာဆက်ဆံရေး အဆိုးဆုံးရောက်သွား။ ဒဏ်ခတ် အရေးယူမှုတွေ တိုးတိုးလာ။ တရုပ်ကို အားကိုးမှုယူလာ။ ဗမခက သန်းရွှေက သူ့အာဏာခိုင်မာလာချိန်မှာ စစ်တပ် အင်အားချဲ့ရေး အကြီးအကျယ်လုပ်။ မြောက်ကိုရီးယားအကူအညီယူ။ အမေရိကန်နဲ့ ပိုအဆင်မပြေဖြစ်။

၂ဝဝ၄ မှာ စာတမ်းပါအတိုင်းသုံးသပ်ရာကနေ ပြောင်းပြန်လိုဆက်ဖြစ်လာ။ နအဖ က ခြေလှမ်း ၃ ခုလှမ်းလိုက်တယ်။ ၁။ ယူအက်စ်၊ ၂။ အာစီယန်၊ ၃။ အိန္ဒိယ။ တရုပ်ဆီကနေခွါဘို့ရာ အမေရိကန်ကို ဆက်ဆံလာ။ ၂ဝဝ၄ စာတမ်းအပြီးမှာ တရုပ်နဲ့မဏာစားတဲ့ ဗခ ခင်ညွန့်ကို ၂ဝဝ၄ မှာပဲ ရာထူးကချလိုက်တယ်။ Sanctions ဆန့်ကျင်အုပ်စုတွေက အင်ဂေ့ခ်ျ လုပ်ရေး လော်ဘီလုပ်နေ။

ဆက်လက်ဖြစ်ပေါ်လာတာတွေ -
• ဗမခက သန်းရွှေ ရာထူးကနေ ဖယ်ပေး။ သမတအဖြစ် ဦးသိန်းစိန်တက်လာစေ။ ၂ဝဝ၈ ဖွဲ့စည်းပုံကို အတည်ပြု။ ဒေါ်စုကို လွှတ်ပေး၊ စကားပြော။ ၂ဝ၁၂ ကြားဖြတ်မှာ ဒေါ်စုကိုနေရာပေး။
• အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်လာတယ်။ သမတ ဦးသိန်းစိန်ကိုပြောတာက လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး မဟုတ်ပါ။ တရုပ် နဲ့ မြောက်ကိုရီးယားအရေးသာ ဖြစ်တယ်။
• မြစ်ဆုံရောကာတာ ဆန့်ကျင်ပွဲ အမေရိကန်သံရုံးက ငွေပေး။
• လက်ပတောင်းမှာ ဝန်ကြီးဦးအောင်မင်းက တရုပ်ကိုကြောက်ရတယ်လို့ လူသိရှင်ကြားပြောတယ်။

တရုပ်က Carrot and stick policy ဆုပေး-ဒဏ်ပေး လုပ်လာတယ်။
• တရုပ်က KIA ကိုလက်နက်မပေး။ စစ်တပ်ကိုဖြတ်ခွင့်ပေး။ တရုပ်မှာနေတဲ့ ကချင်တွေ ၅ဝဝဝ လောက်က နယ်စပ်လာ ဆန္ဒပြတယ်။ တရုပ်က သူ့လူနည်းစုအရေးမှာ မငြိမ်တာ လုံးဝမလိုလား။ ဒါကြောင့် ကချင်နဲ့ မြန်မာစစ်တပ် အပစ်ရပ်အောင်တွန်း၊ လိုက်လုပ်ပေး။ ကချင်နယ်ထဲမှာ သူ့စီးပွါးရေးတွေအများကြီးရှိ။
• UWSA ၁၉၈၉ ခွဲထွက်ထူထောင် တရုပ်ခြေလက်အဓိကပါ။ လေယာဉ်ပြစ်လက်နက်တွေပေးတား။ မြန်မာစစ်တပ်က လေကြောင်းစစ်ဆင်တဲ့အခါ ကချင်က လာဝယ်တော့ တရုပ်က အရောင်းမခိုင်းလို့မရ။
• ဝမှာ တင့်ကားတွေလည်းရှိ။ ဝအဖွှဲအကိုပြပြီး မြန်မာစစ်တပ် နဲ့ အမေရိကန်ကို အားသုံးပြနေ။

ဘာတွေဆက်ဖြစ်နိုင်လဲ
• ဒေါ်စု သမတ ဖြစ်မရ။ ဖွဲ့စည်းပုံပြင်လို့ မရအောင်လုပ်ထားပြီးဖြစ်။
• အိုဘားမား ရန်ကုန်တရက်လာချိန် တရုပ်က နယ်စပ်မှာ တပ်တွေချပြတာဟာ စောင့်ကြည့်နေတယ်လို့ပြောတဲ့သဘောဖြစ်။
• အရေးရှိရင် တရုပ်ပိုက်လိုင်းအဝကို အမေရိကန်က လာပိတ်နိုင်။ ဒါပေမဲ့ စစ်အထိဖြစ်မှာ မဟုတ်။
• အခုအပြောင်းအလဲတွေဟာ အမြင်လှယုံသာဖြစ်ချင်ဖြစ်မယ်။ မထင်တာတွေဆက်ဖြစ်နေ။
• မြန်မာပြည်မှာ ထင်မထားတာတွေဖြစ်လာတော့ ချက်ချင်းဘာလုပ်ရမှန်း တရုပ်မသိ။
• မြန်မာပြည်တွင်းမှာ တရုပ်ဆန့်ကျင်ရေးစိတ်ဓါတ်တွေ သိသာနေ။
• အခု တရုပ်ဟာ ဘာများမှားနေသလဲလို့ သုံးသပ်နေရ။
• ရုရှားမှာ ဂိုဘာချော့ ပြောင်းတာတွေလုပ်တော့ မထင်မှတ်တာတွေလည်းဖြစ်လာခဲ့။
• မြန်မာပြည်မှာလဲ အတူတူဖြစ်နေ။
• မြန်မာ တရုပ် အမေရိကန် ပညာစွမ်းပြကြပြိုင်ကြမည်။ ပြောမရ။

ဒေါက်တာတင့်ဆွေ
၂ဝ-၂-၂ဝ၁၃