Tuesday, January 8, 2013

မြန်မာပြည်မှာ သတင်းစာ ကိုယ့်ဖါသာထုတ်နိုင်တော့မယ်တဲ့

• ဒီနှစ် ဧပြီလ ၁ ရက်တဲ့။ “ဧပရယ်-ဖူးလ်” မဟုတ်ဘဲ “ဧပရယ်-ထူး” တွေ တိုးတာတယ်။ ကြားဖြတ်ရွေးကောက်ပွဲလဲ ဒီရက်ဘဲ။
• ပုဂ္ဂလိကသတင်းစာရှိလာမှာ ပိုတော့ကောင်းတာ မှန်ပါတယ်။ သတိကြီးစရာတွေ အများကြီးရှိတယ်။
(ပုံ ၂၈-၈-၈၈ နေ့ ဗိုလ်တထောင် သတင်းစာမှ ဒေါ်အောင်ဆန်းစုကြည်၏ သတင်းတစ်ပုဒ်)
• ဒီမိုကရေစီအခွင့်အရေးရှိရင် ပုဂ္ဂလိကသတင်းစာရှိတယ်။ နိုင်ငံတခုနဲ့တခု၊ အချိန်ကာလတခုနဲ့တခု မတူကြဘူး။
• အိန္ဒိယမှာလဲ ဒီမိုကရေစီဆိုပေမဲ့ တိုင်းတပါးအရေးကိစ္စဆိုရင် မှန်ချင်မှန်၊ မှားချင်မှား အစိုးရဘက်ကနေ လိုက်ကြတာ များတယ်။ ဥပမာ ပါကစ္စတန်၊ တရုတ်၊ မြန်မာ့အရေး။
• နိုင်ငံရေးပါတီတွေက ရွေးကောက်ပွဲတွေမှာ အမတ်နေရရဘို့ ဦးစားပေးပြီး၊ သတင်းစာတွေက သတင်းစာရောင်းရဘို့ ဦးစားပေးတယ်။ အတတ်နိုင်ဆုံး ဆန့်ကျင်တာ၊ ဆန်းပြားတာ ရှာရေးတာဘဲ။ အညီအဟောက်လဲ ပါတာဘဲ။ ရုပ်ရှင်မင်းသမီးတဦး ဘာဖြစ်တယ်-ညာဖြစ်တယ်ဆိုတာက မျက်နှာဖုံးမှာ။ လူ့စိတ်သဘောက အဲလိုမှ စိတ်ဝင်တားကြတာက များတတ်လို့။
• မြန်မာပြည်မှာ (ဖဆပလ) ခေတ်တုံးက သတင်းစာတွေဟာ အရောင်တွေနဲ့ကများတယ်။ သတင်းစာတချို့ကို နိုင်ငံရေးပါတီတွေက လွှမ်းမိုးထားတယ်။ အနီ (တည်မြဲ ဖဆပလ)၊ အဝါ (သန့်ရှင်း ဖဆပလ)၊ အပြာ (ပမညတ) နောက်ခံသတင်းစာတွေက အတိုက်အခံကို ရေရေလည်လည် ရေးကြတယ်။ ကွန်မြူနစ်ဆိုရင်တော့ ပြောမနေနဲ့ ပယ်ပယ်နယ်နယ် တွယ်ကြတယ်။
• အခုလည်း NLD ကရောUSDP ကပါ သတင်းစာထုတ်ပါလိမ့်မယ်။ ဘယ်ပါတီကထုတ်ထုတ် ကြိုဆိုရမှာပါ။ ဘယ်လိုအဖွဲ့အစည်းကနေ ထုတ်သလဲဆိုတဲ့ ပွင့်လင်းမှုရှိပါတယ်။
• အရင်ကာလတုံးက စစ်အေးခေတ်မှာမို့ (စီအိုင်အေ)၊ (ကေဂျီဘီ) က ပေးကြွေးထားတာတွေလဲ ရှိခဲ့ဘူးတယ်။ အခုက စစ်အေးလို့ မခေါ်ပေမဲ့ နိုင်ငံကြီးတိုင်းက သူတို့အတွက်အကျိုးရှိအောင် သတင်းစာလောကထဲကို သေချာပေါက် ရောက်လိမ့်မယ်။ နာမည်ရပြီးသား သတင်းစာသမားတွေကို ဝယ်ထားမယ်။ လူသစ်တန်းကို မွေးယူမယ်။ အခုလောက်ဆို မဏာမစာရင်းတောင် တို့ထားလောက်ပြီ။ ဈေးကောင်းရတာ ရှာကြပေါ့။
• ဘာသာရေးအစွန်းရောက်ဆိုသူတွေက ပိုက်ဆံသိပ်ပေါတော့ သတင်းစာ တစောင်လုံးတောင် ဝယ်နိုင်ကြတယ်။ တစောင်တည်းတောင် ကပါ့မလား မပြောတတ်ဘူး။
• လူထုက နောက်ကျနေလို့မရဘူး။ ပညာပေးတာကို ခုကတည်းက လုပ်ကြရမယ်။

ဒေါက်တာတင့်ဆွေ
၉-၁-၂ဝ၁၃