Wednesday, December 5, 2012

ဒေလီမှာကျင်းပတဲ့ ဝေးနေတဲ့မြန်မာ ဆီမီနာ

ဆီမီနာအမည် = International Conference on ‘Myanmar: Distant Neighbour’ ဝေးနေတဲ့အိမ်နီးချင်း မြန်မာ
နေ့စွဲ 5 December 2012
နေရာ Rabindranath Tagore Hall, Jamia Millia Islamia, New Delhi
ကမကထပြုသည့် အဖွဲ့စည်းများ Co-organised by
- Centre for North East Studies and Policy Research, Jamia Millia Islamia, New Delhi
- Centre for Policy Research, New Delhi
- Academy of International Studies, Jamia Millia Islamia, New Delhi
- ANFREL Foundation, Bangkok

မြန်မာနိုင်ငံမှ ဆွေးနွေးသူများ
၁။ Dr Thaung Htun, Executive Director, Institute for Peace and Social Justice, Burma
၂။ Mr Sai Win Myint, Shan Nationalities Democratic Party (SNDP)
၃။ Mr Kyaw Win, Writer
၎။ Mr Victor Biak Lian, Operations Director, Euro-Burma Office
၅။ Mr Kyaw Lin Oo, Myanmar People Forum Working Group
၆။ Shing Htun, Chin Progressive Party

ဒေါက်တာတင့်ဆွေ၏ သုံးသပ်ချက်။
ဒေလီမြို့က ဒီတက္ကသိုလ်မှာ မြန်မာ့အရေး ဆွေးနွေးပွဲတွေ လုပ်လေ့ရှိပါတယ်။ လုပ်ပြီးသမျှ ခြုံကြည့်ရင် (မြန်မာ့နိုင်ငံရေး အနုတ် NLD) ဆွေးနွေးပွဲတွေသာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲတိုင်းမှာ ပြည်တွင်းက နိုင်ငံရေးနဲ့ လူမှုရေးနယ်ပယ်က လူပုဂ္ဂိုလ်တွေ ဒါဇင်နဲ့ချီပြီး ဖိတ်ကြားပေမဲ့ ဘယ်တော့မှ NLD ကကိုယ်စားလှယ် မပါဝင်ပါ။ ယုတ်စွအဆုံး အိန္ဒိယမှာ အခြေပြုဆောင်ရွက်နေတဲ့ NLD က လူကိုတောင်မှ အသိပေးတာ မရှိပါ။ အခုအခေါက်မှာတော့ နားထောင်ဘို့ ဖိတ်ပါတယ်။ ဒါ့ထက်ပိုသေးတာက အိန္ဒိယမှာအခြေစိုက်တဲ့ ဒီမိုကရေစီ အင်အားစုထဲက တခြားခေါင်းဆောင်တွေကိုလဲ မဖိတ်ပါ။ တိုင်းရင်းသားတွေထဲကတော့ ခွဲခြားဖိတ်လေ့ရှိပါတယ်။

ဆွေးနွေးချက်တွေကို ကောက်ချက်ဆွဲရရင် “မြန်မာပြည်မှာ ဒေါ်အောင်ဆန်းစုကြည်ကိုဘဲ မဏ္ဍိုင်ပြုပြီး လူတွေကလိုက်နေတာ မမှန်ဘူး။ မီဒီယာကလဲ ဒေါ်စုကိုသာ အာရုံစိုက်နေတာဟာ မှားတယ်”လို့ ခပ်ယဉ်ယည်လေး ပြောချင်တာတွေ ဖြစ်ပါတယ်။ ဝေဖန်ချက်တွေကလဲ “စစ်တပ်နဲ့ ကြံ့ခိုင်ရေးထက် NLD ကိုသာ ပိုဝေဖန်တာတွေ” ဖြစ်တာသတိထားမိပါတယ်။

ရခိုင်ဒေသကအရေးအခင်းမှာ ဘက်တခုကိုလိုက်ပြီး လက်ပန်းတောင်း အသံတော့ အဝေးကမို့ မကြားမိပါ။ ဒီမိုကရေစီသဘောအရ ကိုယ့်အမြင် ကိုယ့်သဘော ပြောခွင့်ရှိကြပါတယ်။

http://www.mizzimaburmese.com/news/regional/10535-2012-12-05-15-01-02.html