Wednesday, December 5, 2012

စစ်အစိုးရနဲ့ အခုအစိုးရ တူတာတွေ

“သတင်းထုတ်ပြန်ရေးအဖွဲ့” နဲ့ “သတင်းစာရှင်းလင်းပွဲ” ဆိုတာတွေကို (နဝတ) လက်ထက်ကနေ စခဲ့တယ်။
မမှန်တာတွေနဲ့ နိုင်ငံရေးဆန့်ကျင်သူများအပေါ် မတရားစွပ်စွဲတာတွေကို လူပြိန်းမြင်ရင် မှန်တယ်ထင်အောင် ကားချပ်တွေ၊ ဇယားတွေ၊ ဓါတ်ပုံတွေ ခင်းကျင်းပြသတယ်။ လူဓါတ်ပုံဆိုလဲ ရုပ်မဆိုးဆိုးအောင် (ဖိုတိုရှော့) လုပ်ထားတာကိုသာ ပြတယ်။
- အဲဒီလက်ထက်ကတည်းက နိုင်ငံခြားရေးဝန်ကြီးဆိုသူတိုင်းဟာ နိုင်ငံတကာလှည့်ပြီး စစ်အစိုးရလုပ်သမျှ "ဖါထေးလိမ်ညာ မုသားတွေသာ" လည်ပြောနေရတဲ့ အလုပ်ကိုသာ တာဝန်ယူရသူတွေ ဖြစ်ကြတယ်။
- သတင်းတောက်တွေ (မြန်မာပြည်က အထူးဖိတ်ကြားခြင်းခံရတဲ့ သတင်းထောက်မျိုး မဟုတ်သူတွေ) ကနေ မေးလို့ အိုးနင်းခွက်နင်း ဖြေမိရင် ရန်ကုန်မြေမနင်းခင် အရှင်းခံကြရတယ်။
- အခုအစိုးရခေတ်မှာတော့ သိပ်စကားပြောတတ်တဲ့၊ စကားလဲပြောချင်တဲ့ လူစွမ်းကောင်းတွေရွေးပြီး သူတို့ကကို လိုက်ပြောနေတယ်။ တနေ့က အဲဒီပုဂ္ဂိုလ်တယောက် တိုင်းတပါးနေသူတွေပြန်လာဘို့ကိစ္စ ပြန်ဖြေတာမှာ သူ့စကားအပြီး သူ့ဖါသာ ရယ်သွမ်းသွေးလိုက်တော့ (မက်ဆေ့ခ်ျ) ရော (ဘောဒီလင်းဂွေ့ခ်ျ) ကိုပါ ဖတ်လိုက်ရင် "ဖါထေးလိမ်ညာ မုသားတွေသာ" ဖြစ်နေပါတယ်။
- စစ်အစိုးရနဲ့ အခုအစိုးရ တူတာတွေအများကြီးထဲက တခုပါ။

Tint Swe စစ်အစိုးရနဲ့ မတူတာလဲရှိပါတယ်။ အဓိကရုဏ်းကို မီးလောင်ဗုံးသုံးတာ အရင်အစိုးရတွေ မလုပ်ဘူးခဲ့ပါ။

Win Thein Sayar, how about other countries?

Tint Swe I know something about India. The protesters can overpower the police. If the protest site is under 144, they will be detained. Maybe released on the same night. If not they will be brought before a judge. They will be fined. Police personals hold bation (bamboo stick) and shield made of cane. Tibetans and Burmese are used to it. Once my wife and son were among those who protested against the visit of SLORC health minister Ket Sein. They had to appear before court for months. Majority of them fled India and we hade to make substitutions. Finally they just have to sign on paper and the case was clear. But this in India!