Tuesday, December 25, 2012

ပျက်ကျတဲ့ (အဲယား-ပုဂံ) နဲ့ (ဖေ့စ်-ဘွတ်) အသံတချို့

Phyu Habringer: ဘယ်သူပိုင်တယ်ပြောပြော ဘယ်လို ပိုင်ဆိုင်တယ်နောက်ထား ကိုယ့်နိုင်ငံမှာ လေကြောင်းလိုင်းတွေ ရှိနေတာ ဝမ်းသာရမှာဘဲ။ မဟုတ်ရင်လည်း နိုင်ငံရပ်ခြားက လာလည်ပတ်မဲ့လေကြောင်းလိုင်းတွေ ဖိတ်ခေါ်ရမှာဘဲလေ၊ ရှိစုမဲ့စု ပြင်သစ်လုပ် propeller machine လေးတွေနဲ့ ပြည်တွင်းလေကြောင်းလိုင်းလေးတွေ လက်တဖက်စာ လက်ငါးချောင်း မပြည့်တပြည့် ရှိရှာတာ အဲပုဂံမှာ A100 ဆိုတဲ့ Fokker Jet သုံးလေးစီး ရှိတာကို ဝမ်းသာလှဘီ

San San T: မှန်လိုက်တာ။

Min Thu Wai: ကျွန်တော်တို့ မသိတဲ့အရာတွေ အများကြီး လက်ကြီးအုပ်သွားပြီးပါပြီ။ သိပ်မကြောက်ပါနဲ့။ အပြင်လူ၊ အတွင်းလူ ဝိုင်းသမလို့ မြေပေါ်၊ မြေအောက် သယံဇာတ ကုန်သလောက်ရှိပါပြီ။ လဒတွေ မြို့ တက်လာတယ် ဆိုတာ မြန်မာပြည်မှာ သစ်တောတွေ ပြုန်းနေပြီလို့ ပြောနေတာပါ။

Tint Swe: ကျွန်တော့်အမြင်ကတော့ “အသက်နဲ့နီးတာတွေမှာ ကိုယ်မစွမ်းသေးရင် သူများဆီကရယူဘို့လိုတယ်” လို့ ယူဆတယ်။ (မဆလ) ခေတ်မှာ ထုတ်တဲ့ဆေးတွေက အရည်အသွေးမီတဲ့ (ဘီပီအိုင်) ရှိတာ ကောင်းတယ်လို့ဆိုပေမဲ့ လုံလောက်အောင် မထုတ်နိုင်၊ စနစ်ကလဲ တံခါးပိတ်ဝါဒဖြစ်လို့ ထိုင်းနယ်စပ်။ တရုတ်နယ်စပ် မှောင်ခိုလမ်းကနေ ဆေးအတုတွေ၊ အရည်အသွေး မမီတဲ့ဆေးတွေကို အားကိုးခဲ့ရတယ်။
အခုတံခါးဖွင့်နေပြီဆို။ ပြည်ပကနေ အရည်အသွေး ကောင်းတာတွေကို စနစ်တကျလာစေတာမျိုးကို ကျေကျေနပ်နပ် လက်ခံရမှာဘဲ။ ကိုယ်တိုင်လုပ်နိုင်တော့ လုပ်ပေါ့။ ဒါပေမဲ့ ဘယ်နိုင်ငံမှ ချမ်းသာတိုးတက်နေပါစေ အရာရာကို ကိုယ်ပိုင်မလုပ်ကြပါ။ တခြားကနေ အရည်အသွေးနဲ့ ဈေးသင့်တာပါ ရွေးခေါ်ယူရတယ်။
ကိုယ်တိုင်လုပ်နိုင်ပေမဲ့လဲ ဈေးပြိုင်စနစ်နဲ့ အပြိုင်လုပ်စေတယ်။ အမေရိကားမှာ (ဖို့ဒ်)၊ (ဂျီအင်မ်) စတာတွေရှိပေမဲ့ ဂျပန်က (တိုယိုတာ)၊ (နီဆန်) စတာတွေလာတယ်။ အဲယားလိုင်းတွေဆို (ထိုင်း-အဲယားဝေး) ဟာ ဂျပန်၊ အမေရိကန်၊ အင်္ဂလန် သာမကာ နိုင်ငံတကာမှာ နာမည်အရဆုံးဘဲ။
မြန်မာနိုင်ငံအခြေကနေက အရည်အသွေး စိစစ်တာ၊ ပွင့်လင်းမြင်သာမှု မရှိတာ၊ လက်သင့်ရာ စားတော်ခေါ်တဲ့ (ခရိုနီ) ခေတ်မှာသာရှိသေးတယ်။ ဒါကြောင့် “အသက်နဲ့ကစားတဲ့ တိုင်းရင်းသားစီးပွါးရေး ရှိနေတာ ဝမ်းမသာနိုင်ပါ။”

Min Thu Wai: ဦးတင့်ဆွေပြောတာ မှန်ပါတယ်။ တိုင်းရင်းသားပိုင်၊ နိုင်ငံခြားသားပိုင်ဆိုတာ အရေးမကြီးပါဘူး။ အမှန်တကယ် SOP နဲ့ Operate လုပ်တဲ့ ဘယ်ကုမ္ပဏီကိုမဆို ထောက်ခံပါတယ်။

ခင်ခင် - လေယာဉ်မှူးကို ချီးကျူးပါတယ်ရှင်။ တကယ်တော့ ဒီနေ့ အဲယားပုဂံရဲ့ ဖြစ်စဉ်လေးဟာ အတော့်ကို အံ့သြစရာပါ။ မြန်မာပြည်မှာ ပျက်ကျတဲ့လေယာဉ်တိုင်း လူရှင်တယ်ဆိုတာ မရှိပါဘူး၊ ကားတောင် တိုက်မိရင်ဘယ်လိုနေမလဲ၊ ခုတော့ လေယာဉ်ပြေးနှုန်းနဲ့ တိုင်းတာကြည့်ရင် ဒီနေ့ဖြစ်စဉ်ဟာ အင်မတန်မှ ကံကောင်းလွန်းတယ် လို့ထင်ပါတယ်။

Than Oo: လေယာဉ်ချွတ်ယွင်းတာမဟုတ် လေယာဉ်မှူး၏မှားယွင်းမှုဖြစ်သည်။ Air-Bagan မှ တာဝန်ရှိသူ၏ ထုတ်ပြန်ကြေညာချက်တွင် ပျက်စီးသွားသော လေယာဉ်၏ Black-Box အား ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း၊ စင်္ကာပူနိုင်ငံသို့ ပေးပို့ကာ လေယာဉ်ပျက်ကျရသည့် အကြောင်းရင်းကို ရှာဖွေ စစ်ဆေးနေပြီဖြစ်ကြောင်း ပြောကြားသွားပါသည်။ ဖြစ်စဉ်တွင် လူ၏မှားယွင်းမှုဖြစ်သည့်အတွက် Black-Box မှ ထွက်ပေါ်လာမည့် Data သည် အဓိကအချက် မဟုတ်ပါ။

RFA 26-12-2012 Morning: သက်တမ်းအိုလှပြီဖြစ်ပြီး၊ အသစ်လဲ မထုတ်တော့တဲ့ ဖေါ်ကာလေယာဉ်တွေ ဖြစ်ပါတယ်။

Tint Swe: Fokker လေယာဉ်ကို (ဒတ်ခ်ျ) ကစထုတ်တယ်။ F-27 နဲ့ F-28 တွေကို မြန်မာပြည်မှာ ကျွန်တော်လို့ အသက်ကြီးနေသူတွေ ငယ်တည်းက လေတပ်နဲ့ အရပ်ဖက်ပါ သုံးနေခဲ့တာဖြစ်တယ်။ အခုပျက်ကျတာက F-28 ကနေ F-100 jet ဖြစ်လာမျိုးဖြစ်ပါတယ်။ ပဌမ ကမ္ဘာစစ်ကတည်းက ဂျာမန်စစ်တပ်က Fokker Spin (Spider) ဆိုပြီးသုံးခဲ့တာပါ။

Phyu Habringer ဆရာ Tint Swe & Min Thu Wai ကျနော်လဲ ထောက်ခံပါတယ်။ ကိုယ်မစွမ်းရင် သူများနိုင်ငံက စနစ်ကျတဲ့ ရင်နှီးမြုပ်နှံမှုတွေကို ဖိတ်ခေါ်ရမှာဘဲ၊ လာစေချင်တယ်။ ဒါပေမဲ့ မျှော်လင့်သလောက် ခုထိရောက်မလာသေးတော့ ရှိနှင့်နေတာလေးတွေ လည်ပတ်နေနိုင်တာ ဝမ်းသာရမှာလေ။ ရာစုနှစ်တဝက်မက စနစ်မကျတဲ့ စီမံခန့်ခွဲမှုတွေကြောင့် ချက်ချင်းကြီး ပြောင်းလဲမှုကိုလိုချင်တိုင်းမရနိုင်ဘူး။ အုပ်ချုပ်သူရောလူတွေရော သင်ယူရအုံးမှာ။ ဒါပေမဲ့ လေယာဉ်ပျက်ကျတာကတော့ နိုင်ငံကြီးတွေ ဖြစ်တဲ့ ပြင်သစ်လေကြောင်းလိုင်း Concord နဲ့ သြစတေလျပိုင် Qantas လေကြောင်းတွေလဲ ခနခန ပျက်ကျနေတာဘဲလေ။

Tint Swe ခပ်ညံ့ညံ့တိုင်းပြည်တွေမှာ ခပ်ပေါပေါအရာတွေသာ များတယ်။ တခြားဟာတွေတော့ ကြိုက်ချင်ကြိုက်ကြပေါ့။ မကြိုက်လဲ သုံးနေကြရတာအတွက် အပြစ်မဆိုချင်ပါ။ ဒါပေမဲ့ ဆေးဝါးတွေ၊ လေယာဉ်တွေတော့ မဖြစ်သင့်ဘူးလို့ အခိုင်အမာ ယူဆပါတယ်။ အိန္ဒိယ-မြန်မာ ကုန်သွယ်-စီးပွါး ဆက်ဆံရေး သင်ခန်းစာအရ ပိုကောင်းတာတွေ ဝင်မလာနိုင်တာဟာ အရင်ဦးသူတွေကနေ လက်ဝါးကြီးအုပ်ထားလို့ဆိုတာ တွေ့နေရတယ်။ ဥပမာ ဒေလီကနေ ရန်ကုန် လေကြောင်းလိုင်း မရှိသေးတာဟာ ဒါမျိုးကြောင့်ဖြစ်ပါတယ်။

Phyu Habringer ဒီအရပ်နဲ့ ဒီဇာတ်က ဝမ်းဆက်ဖြစ်နေဘီလေ ဆရာ။ ကျနော်တို့လဲ ဖြစ်စေချင်တယ် အဆက်ဆက် သမိုင်းကြောင်းမကောင်းခဲ့တာပါ။ နောက် ၂၀၁၅ ကစ မျှော်လင့်သလို ဖြစ်လာပါစေလို့ ဆုတောင်းနေတာဘဲဆရာရယ်။

Tint Swe မြန်မာနိုင်ငံသားတွေ ဆုတောင်းပြည့်ပါစေဗျာ။