Saturday, December 22, 2012

၂၁-၁၂-၂ဝ၁၂ နေ့မှာ ကမ္ဘာကြီးတော့ မပျက်ခဲ့ပါ။ ဒါပေမဲ့

မတိုင်ခင်ရက်တွေအတွင်းမှာ အံ့သြတုန်လှုပ် အော့နှလုံးနာစရာတွေ ကမ္ဘာ့လေးနေရာနဲ့ ဘာသာတရားကြီး လေးခုလုံးမှာ ဖြစ်သွားခဲ့ပါတယ်။

(၁) ၂၉-၁၁-၂ဝ၁၂ မနက်မလင်းခင် မြန်မာနိုင်ငံ၊ လက်ပန်းတောင်းဒေသမှာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်နေကြတဲ့ ရဟန်း သံဃာတော်တွေကို တခါမှမကြုံဘူးတဲ့ မီးလောင်စေတဲ့ လက်နက်ဆန်းသုံးပြီး ဖြိုခွင်းနှိမ်နင်းခဲ့တယ်။ ဗုဒ္ဓဘာသာဝင်တွေမှာ ဖြစ်သွားတာပါ။

(၂) ၁၅-၁၂-၂ဝ၁၂ နေ့က အမေရိကား၊ ကွန်နက်တီးကပ်စ်မှာ သေနတ်သမားတဦးက မူလတန်းကျောင်းသားလေးတွေ အပါအဝင် ၂၆ ယောက်ကို ရက်ရက်စက်စက် ပြစ်သတ်ခဲ့တယ်။ ခရစ်ယမ်ဘာသာဝင်တွေမှာ ဖြစ်သွားတာပါ။

(၃) ၁၅-၁၂-၂ဝ၁၂ နေ့က အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တော်မှာ ဆေးပညာကျောင်းသူတယောက်ကို လူ ၆ ယောက်က အုပ်စုလိုက် အဓမ္မကျင့်ပြီး ဘတ်စ်ကားပေါ်ကနေ မသေမရှင်ပြစ်ချခဲ့တယ်။ ဟိန္ဒူဘာသာဝင်တွေမှာ ဖြစ်သွားတာပါ။

(၄) ၁၈-၁၂-၂ဝ၁၂ နေ့က ပါကစ္စတန်မှာ တာလီဘန်တွေက ပိုလီယိုကာကွယ်ဆေး နယ်လှည့်တိုက်ကြွေးနေသူ အမျိုးသမီး ၅ ယောက်ကို ပြစ်သတ်ခဲ့တယ်။ အစ္စလမ်ဘာသာဝင်တွေမှာ ဖြစ်သွားတာပါ။

ပြစ်မှုကျူးလွန်ကြသူတွေဟာ လူမဆန်အောင် ရက်စက်သူတွေအဖြစ် လူ့သမိုင်းမှာ မှတ်တမ်းဝင်သွားခဲ့ပါပြီ။

ဒေါက်တာတင့်ဆွေ
(၂၂-၁၂-၂ဝ၁၂)

Cho Cherry, Thin Gyan, Nan Aye and 64 others like this.
Phyu Habringer Like မလုပ်ချင်အောင်ပါဘဲ စိတ်ဆင်းရဲမိတယ်
Shwe Yatanar အဲဒီလို အကျည်းတန် အရုပ်ဆိုးစေတဲ့ သမိုင်းဆိုးတွေ ရေးတဲ့သူတွေဟာ မိယုတ်ဖယုတ်တွေက မွေးပြီး ဆရာယုတ်တွေရဲ့  တပည့် ဖြစ်ခဲ့တဲ့သူတွေပါ။ တစ်နေ့ တော့ဝဋ်ပြန်လည်မှာပါ။
Aung Tun Black Mile Stones of Tragic Humanity!
Aung Tin ၁၄ ရက်နေ့က လည်း တရုတ်မူလတန်း ကျောင်းကို ဓားရှည်ကိုင် အမျိုးသားတစ်ယောက်က ကလေးများကို ဝင်ရောက် ခုတ်ထစ်တာ ကလေးငယ် အယောက် ၃၀ ကျော်ရဲ့ ချေလက်တွေ ဒါဏ်ရာပြင်းထန်စွာရရှိခဲ့တာ ဖတ်ရပါသေးတယ်ဆရာ။ နောက်တော့ အဲဒီ လူကိုဖမ်းမိတော့ စိတ်မမှန်တဲ့ အရူးဆိုတယ်။ အားလုံအဖြစ်အပျက်တွေ ခြုံငုံ လိုက်တော့ စိတ်ဖေါက်ပြန်နေတဲ့လူတွေဟာ အမှားအမှန်ဆိုတာမသိ မခွဲခြားကြတော့ဘဲ ကျူးလွန်ကြတော့ အပြစ်မဲ့သူတွေ ဒုက္ခတွေ့ကြရတာဘဲ။
Maung Luu Nge ဘာသာတိုင်းမှာ လူဆိုးတွေလည်း ရှိတယ်ဆိုတာ အသိတရားရစေတယ်။
Kyaw Ngwe they have no human mind,or loving kindness.
Char Chatty ကမ္ဘာပျက်တယ်ဆိုတာ ကမ္ဘာကြီးတစ်ခုလုံးပျက်မှ ပျက်တာမဟုတ်ပါ၊ ဒါလဲ သူတို့နဲ့ သက်ဆိုင်တဲ့ ကမ္ဘာငယ်လေးတွေ ပျက်သွားတာပါဘဲ၊ စိတ်မကောင်းစရာအဖြစ်အပျက်တွေပါ၊
Phyo Wai ဆရာရေ ကောင်းလို့ ရှဲသွားပါတယ်နော်
DTS: • Doomsday Scenario did not actually happen on 21-12-2012. But there have been unforgettable and unforgivable incidence occurred in four places in the world and pertaining to four major religions.
• On 28-11-2012, at Letpadaung in Burma the authorities used the first time even burning weapon to disperse peaceful protesting Buddhist monks. It is where Buddhism flourishes.
• On 15-12-2012 in Connecticut, the USA 26 people including 20 elementary schoolchildren were shot dead. It was in Christian dominant world.
• On 15-12-2012, in New Delhi, India a 23-year old medical student was gang rapped by 6 people in a moving bus. It was Hindu dominant world.
• On 18-12-2012, in Pakistan, Taliban gunmen killed five women working on polio vaccination efforts. It was in purely Muslim world.
• The inhuman crimes of those culprits in other three countries and the heartless government in Burma are recorded in the human history which will be remembered till world actually ends.

Hnin Pan Eain ဆရာရှင့် ကျမပုလဲကနေအမြဲဖြတ်ပြီးထောင်ဝင်စာတွေ့ရတိုင်းဆရာ့မြို့လေးကို ကားပေါ်ကနေ တွေးရပါတယ်။ ဆရာဇာတိမြေကို လွမ်းနေမှာပဲလို့လေ။ ဒေါက်တာသိန်းဝင်းနဲ့ပြောဖြစ်ပါသေးတယ်ရှင်။
Tint Swe ဟုတ်ကဲ့ဗျာ။ ပုလဲ၊ မုံရွာ သတိရတာတော့ အိပ်ပျော်နေလဲ ရနေတယ်ပြောရမှာဘဲ။ ဆရာမအသံလွှင့်တာတွေ နားထောင်ရင်း မုံရွာထောင်ထဲ နေခဲ့ရတာတွေကို အန်တီက ပြန်အမှတ်ရသတဲ့။ နီးနေခဲ့တဲ့ အမျိုးတွေ၊ မိတ်ဆွေတွေထဲက တချို့ဟာ ရှဲသွားကြပေမဲ့ အရင်က လှမ်းနေတဲ့ အမျိုးတွေ၊ မိတ်ဆွေတွေက...See More
May Kyaw Thu Of all them, the Burmese Government is the most inhuman. Those they tried to burn were not just lay persons, but the sons of the Lord Buddha who had to be paid as much respect as Him.
Tint Swe One man in the US, 6 men in India, one organization in Pakistan and one government in Burma – who is the worst. One man is already dead, 6 men could be hanged, but one organization and one government are still lingering. The USDA is Burmese way to Talibanism.