Monday, December 17, 2012

သယံဇာတတူးဖော်မှု ပွင့်လင်းမြင်သာရေးကော်မတီ အမှန်တကယ် ပွင့်လင်းရန်လိုအပ်

■ သိင်္ဂီထွန်း
အတွဲ (၁) အမှတ် (၁၃)၊ အင်္ဂါနေ့၊ ဒီဇင်္ဘာ (၁၈) ရက်၊ ၂ဝ၁၂။

ဒေါတ်တာတင့်ဆွေ၊ အဝေးရောက်ညွန့်ပေါင်းအစိုးရအဖွဲ့၏ ပြန်ြကားရေးဝန်ကြီးဟောင်း
ဒီလိုကော်မတီဖွဲ့တာကို ကြိုဆိုရမှာပဲ။ ခက်တာက ဒေါ်စု ဒေလီကိုလာတုန်းက ပြောခဲ့ဖူးသလိုပဲ ပြုပြင်ပြောင်းမှုတွေဟာ ကြုံသလိုသာ လုပ်နေတာဖြစ်တယ်။ အခြေခံကျကျ၊ စနစ်တကျ အစီအစဉ်ရှိရှိ လုပ်နေတာတွေ မဟုတ်ဘူး။ ခုထိ အကောင်းဘက်ကို ပြောင်းလာတာတွေဟာ လမ်းပေါ်မှာ လူထုကထုတ်ဖော်တောင်းဆိုတာတွေ၊ လွှတ်တော်ထဲ ဆွေးနွေးတာတွေ၊ နိုင်ငံတကာက ထောက်ပြတာတွေ။ တနည်းပြောရရင် ဖိအားကြောင့် ဖြစ်လာတာတွေသာ ဖြစ်နေသေးတယ်။ ဒါတွေအတွက် အရင်းအနှီးလည်းကြီးလွန်းတယ်။

နောက်ထပ်လဲ ပြောင်းစရာ၊ ပြင်စရာတွေ တလှေကြီးရှိတယ်။ ဒါကြောင့် လူထု၊ လွှတ်တော်၊ လွှတ်တော်ပြင်ပ၊ နိုင်ငံတကာက ဆက်လုပ်ကြရအုံးမှာပဲ။ ပေးဆပ်တာတွေလဲရှိအုံးမှာပဲ။ ကော်မတီကနေ လုပ်စရာတွေကများမယ်။ ထောင့်အစုံကကြည့်ရမယ်။ ရေတိုချက်ချင်းနဲ့ ရေရှည်အတွက်ပါ ကြည့်ကြရမယ်။ ပညာပိုင်း၊ နိုင်ငံရေးပိုင်း၊ စီးပွားရေးပိုင်း၊ အချုပ်အခြာ အာဏာပိုင်းတွေ စုံအောင် ကြည့်ဖို့လိုမှာအမှန်ပဲ။ ဒီအတွက် စိတ်ရှည်ဖို့လည်းလိုမယ်။

နိုင်ငံရေးအဆောက်အအုံကို တကယ်ပြောင်းနိုင်မှသာ မြန်တာ၊ မှန်တာ၊ ပေးဆပ်ရမှုနည်းတာ ဖြစ်နိုင်တယ်။ ဒါကြောင့် ဖွဲ့စည်းပုံဥပဒေသာမက လူတွေပါ ပြောင်းရမယ်။ ပေးဆပ်မှုဆိုတာ တသက်လုံး ခံနေကြရသူတွေ တင်မကဘူး၊ စံနေခဲ့တဲ့သူတွေကလဲ မလွဲမသွေ ပေးဆပ်ရမယ်။ တစ်ယောက်စ၊ နှစ်ယောက်စသာ ချကျွေးတာမျိုးနဲ့တော့ မဖြစ်နိုင်ဘူး။ ဒီအတွက် မြန်မာလူမျိုးတွေက လက်စားချေလိုစိတ် တကယ်တမ်းမရှိကြတာမို့ သွားသင့်သူတွေ စိတ်ဒုံးဒုံးချပြီး၊ အပြီးအပိုင်သာ သွားကြပါတော့လို့ လေးလေးနက်နက်ပြောချင်ပါတယ်။