Thursday, November 29, 2012

Facebook မှာစကားပြောခြင်း (၁ဝ)

Aye Lwin: ဆရာ Facebook မှာ အတော်သတင်းစုံနေပါပြီ
DTS: ဆရာ တောက်လျှောက် ကြည့်နေ၊ သိနေပါတယ်။ "မိုးမီးရှို့တဲ့သတင်း" ကြည့်ချင်၊ ဖတ်ချင်တဲအထဲမှာ အရေမရ၊ အဖတ်မပါတာတွေကလဲ လာသေးတယ်။ အထဲကနေလဲ လှမ်းဖုန်းဆက်ပြောတာလဲရတယ်။

Zaw Win Burns: Severity and proper care
DTS: မီးလောင်ဒဏ်ရာကို ဆေးကုတဲ့အခါ ဘယ်လောက်အထိကျယ်သလဲဆိုတာကို ခွဲစိတ်ပညာမှာ Rule of Nines ကို သုံးရတယ်။ မိုးမီးရှို့တဲ့ ရာဇဝတ်မှုကို ကျူးလွန်သူတွေကလဲ ကိုးဂဏန်းကြိုက်ကြတယ် မဟုတ်လား။
The rule of nines မီးလောင်ဒဏ်ရာ “ကိုး” ဥပဒေသ
ဦးခေါင်း ရှေ့ + နောက် = ၉%၊ ရင်ခေါင်း ရှေ့ = ၉%၊ ရင်ခေါင်း နောက် = ၉%၊ ဝမ်းဗိုက် ရှေ့ = ၉%၊ ဝမ်းဗိုက် နောက် = ၉%၊ ဘယ်ပေါင် ရှေ့ + နောက် = ၉%၊ ညာပေါင် ရှေ့ + နောက် = ၉%၊ ဘယ်လက် = ၉%၊ ညာလက် = ၉%၊ ဘယ်ခြေ = ၉%၊ ညာခြေ = ၉%၊ လိင်အင်္ဂါ = ၁%၊ စုစုပေါင်း = ၁ဝဝ%။

DTS: လက်ပန်းတောင်းစခန်းကနေ ဒဏ်ရာရလို့ မန္တလေးကိုပိြု့ပီး ဆေးကုသရတဲ့ ဦးတိက္ခညာဏ ဆိုတာ ကျွန်တော့်ညီတဝမ်းကွဲ ဖြစ်ပါတယ်။ လူအမည်က ဦးနေသန်းထွန်း (ခ) ဦးချိုချိုဖြစ်တယ်။ မုံရွာကဖြစ်ပါတယ်။ ရဟန်းဝတ်နေခဲ့တာ အတော်ကိုကြာလှပါပြီး။ ခွဲစိတ်မှုလုပ်ပြီးပြီတဲ့။ အခြေအနေကောင်းပါတယ်တဲ့။

Daw Htay Htay: စိတ်မကောင်းပါ။ သက်သာတယ်ဆိုလို့ဝမ်းသာတယ်။

Zay Mg Mg Oo: ဆရာညီ အပါအ၀င် ဆရာတော် သံဃာတော် အပေါင်း အမြန်ဆုံးကျန်းမာတော်မူကြပါစေဘုရား

DTS: သမ္မတရုံး သတင်းထုတ်ပြန်ရေးအဖွဲ့ သတင်းထုတ်ပြန်ချက် (၁၁/၂ဝ၁၂) -
“လူအုပ်စုခွဲခြင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို ပြည်သူ့ဆေးရုံများတွင် ဒေသဆိုင်ရာတာဝန်ရှိသူများ၏ ကြီးကြပ်မှုဖြင့် ဆေးဝါးကုသပေးလျက်ရှိကြောင်း သိရှိရသည်။”

လက်ပန်းတောင်းစခန်းကနေ ဒဏ်ရာရလို့ မန္တလေးကိုပိြု့ပီး ဆေးကုသရတဲ့ ဦးတိက္ခညာ၏သား ဒေါက်တာနေသူရိန် RFA 19:00 နာရီထုတ်လွှင့်ချက် အင်တာဗျူး -
“မန္တလေးဆေးရုံကြီးမှာ ဘုန်းဘုန်းကြီးကို အမျိုးသမီးဆောင်မှာ ထားပါတယ်ခင်ဗျ။ မနက် ၇ နာရီမခွဲခင်ရောက်တယ်။ ၁၁ နာရီကျော်မှ ခွဲစိတ်ခန်းကို စဝင်ရတယ်။ စိတ်တိုင်း မကျဘူးခင်ဗျ။ လိုတဲ့ပစ္စည်းအားလုံး ဝယ်ပေးပါမယ် ပြောထားတယ်ခင်ဗျ။ ခွဲစိတ်ခန်းကနေ အခုပစ္စည်းတခုဝယ်ခိုင်းလိုက်၊ နောက်တခါပြန်ထွက်လာပြီးတော့ အဲဒီပစ္စည်း ရောက်ပြီလား မေးလိုက်၊ ရောက်ပြီပါပြီခင်ဗျ။ နောက်ခါပြန်ထွက်လာပြီး နောက်ပစ္စည်းတခုဝယ်ခိုင်းလိုက်၊ ပစ္စည်းရောက်ပြီလား မေးလိုက်၊ လေးကြိမ်မြောက်ဆိုတော့ဗျာ အဆင်မပြေဘူခင်ဗျ အဲဒါလေ့။ လိုတဲ့ပစ္စည်းအာလုံး ဝယ်ပေးမယ်ပြောထားတာ တခုချင်း ထွက်အဝယ်ခိုင်းတယ်။" "ဒဏ်ရာတွေမြင်ရတဲ့အချိန်မှာပေါ့နော် စိတ်မကောင်းဘူး။ ကျွန်တော့်အဖေ ဘုန်းဘုန်းကြီးမို့ ပြောတာ မဟုတ်ပါဘူး။ မီးလောင်ဗုံးတွေ သုံးတာကတော့ ဘယ်လိုမှကို ခံစားလို့မရဘူး။ ကျွန်တော့်အနေနဲ့ ပြင်းပြင်းထံထံကို ကန့်ကွက်ပါတယ်ဗျာ။"

Thein Than Oo: အခြေအနေကို သုံးသပ်ပေးပါအုံး။
• အခြေအနေမကောင်းပါ။ သပိတ်မှောက်သူ၊ ဆန္ဒပြသူ၊ ထောက်ခံအားပေးသူတွေအတွက်ဘဲ မကောင်းတာ မဟုတ်ပါ။ အစိုးရလုပ်သူတွေရော မကောင်း၊ တိုင်းပြည်တခုလုံး မကောင်းပါ။
• အရင်စစ်အစိုးရနဲ့ မတူတော့တာထဲမှာ မီးလောင်ဗုံးနဲ့ အဓိရုဏ်ဖြိုခွင်းနည်းကို သုံးလိုက်တာလဲ အချက်တခု ဖြစ်လာတယ်။
• တံခါးပွင့်းလာကတည်းက လူထုထဲမှာ တချို့ဟာ သိပ်ပြီး စိတ်လှုတ်ရှားမှု ကဲလွန်းနေကြတယ်။ ရခိုင်အရေးတုံးက သမတကို အရမ်းကာရော ပြစ်ထောက်ခံလိုက်တာ ရှိထားတာမို့ အခုလိုဖြစ်လာတော့ မေတ္တာဝိုင်းပို့ကြတာ မဆန်းဘူးပြောရမှာ အားတော့နာပါတယ်။
• ကျွန်တော်တို့နိုင်ငံမှာ ဘာဖြစ်ဖြစ် ထိပ်ဆုံးကလူကို ဦးတည်ပြောတဲ့အကျင့်က ခုထိ။ မှန်တော့မှန်တယ်။ ဦးနေဝင်း၊ ဗခမ စောမောင်၊ ဗခမ သန်းရွှေတို့ နမူနာတွေရှိထားတာကိုး။ အခု ဦးသိန်းစိန်ကို အဲလိုဘဲမြင်ပြီး ကြိုက်ကြပြန်ရင်လဲ ဦးသိန်းစိန်၊ ဆဲကြပြန်ရင်လဲ ဦးသိန်းစိန်။ ဒါဟာ တဝက်တပျက်သာ မှန်သေးတယ်။ ကြံ့ခိုင်ရေးလို့ ထပ်သိကြရမယ်။
• အရင်က ရန်ကုန်၊ နောက်တော့ နေပြည်တော်ကနေ တချက်လွှတ် ဆိုပြီးတယ်။ အခု ပြည်နယ်၊ တိုင်းဒေသကြီး ဆိုတာတွေ ရှိလာတော့ ဒီအရေးမှာ တာဝန်ရှိတာဟာ နေပြည်တော်ရော စစ်ကိုင်းရောဖြစ်တာကို သိကြရမယ်။
• မုံရွာခရိုင်က လူတွေကဘဲ တင်ပေးလိုက်တဲ့ စစ်ကိုင်းအစိုးရဆိုတာကို မေ့လို့မရဘူး။ မဲပေးပြီး ရွေးပေးလိုက်ကြသူတွေမှာ တာဝန်မကင်းတာကို သဘောပေါက်သင့်တယ်။ အဲဒီအစိုးရဟာ ကြံ့ခိုင်ရေးလို့ ထပ်သိကြရမယ်။ အဆိုးထဲကအကောင်းယူပါ။ ၂ဝ၁၅ အတွက် အံကြိတ်ထားသင့်ကြပါ။
• ကံဆိုးနိုင်တာက လွှတ်တော်နိုင်ငံရေးထဲကလူတွေ (ပါတီတွေ) ဖြစ်နေတယ်။ သူတို့လဲ အဝင်မတတ်ရင်၊ မဝင်ဘဲနေရင် လူထုရဲ့အမုန်းဒဏ်ကို ခံကြရလိမ့်မယ်။ သူတို့လဲ ၂ဝ၁၅ အတွက် ခက်ခက်ခဲခဲလုပ်ကြရဘို့ရှိတယ်။
• လက်ပန်းတောင်း ရောင်းစားတဲ့ လူတွေကဘဲ လက်ဝယ်ပိုင်နေကြတယ်။ တရုတ်လဲပါလာတော့ အင်မတန် ကြီးတဲ့အမှုကြီး ဖြစ်တယ်။ ပြီးမှာမဟုတ်သေးဘူး။ ရှုတ်သထက်တောင် ရှုတ်လာနိုင်တယ်။
• တိုင်းပြည်တခုလုံးနဲ့ဆိုင်တဲ့ စိုးရိမ်စရာကောင်းတဲ့အချက်က စစ်အစိုးရ ရောင်းစားထားခဲ့တာတွေထဲက သစ်တောတွေနဲ့ ပင်လယ်စာတွေကတော့ အပြတ်ဆုံးသွားတာတွေမို့ ပြန်ဖေါ်လို့ မရတော့ဘူး။ အခုလိုမြေကြီးကို ရောင်းစားတာကတော့ ကမ္ဘာတည်သ၍ ရှိနေမယ်။

DTS: PRESS RELEASE
Embassy of the Peoples’ Republic of China
FOR IMMEDIATE RELEASE
Remarks on the Monywa Copper Mine Project
Monywa Cooper Mine Project is a joint venture between business communities of China and Myanmar that will bring benefits to both sides.
Issues such as relocation, compensation, environmental protection and profit sharing regarding this project were jointly settled through negotiations by the two sides and meet Myanmar's laws and regulations. We hope all levels of Myanmar society can create a favorable environment for the project's smooth operation based on respect for laws and regulations of Myanmar.
For further information, please contact Mr. Gao Mingbo, spokesperson of the Embassy at 0943209652 or gaomingbo@gmail.com

မြန်မာလို “မုံရွာ” အစား “မုံရွ” နဲ့ “သတင်း” အစား “အသင်းရချင်ရင်” ဆိုပြီးရေးထားပါတယ်။ စာရိုက်မှားတာက သိပ်တော့ အရေးမကြီးလှပါ။ “တရားဥပဒေနဲ့အညီ” ဆိုတာ မြန်မာအစိုးရကရော တရုတ်ဘက်ကပါ ထောက်ပြတဲ့အချက် ဖြစ်ပါတယ်။ မြန်မာပြည်မှာ ပြင်စရာတွေထဲမှာ ဖွဲ့စည်းပုံက ထိပ်ဆုံးကနဲ့ မတရားတဲ့ တခြားဥပဒေတွေ အများကြီးရှိပါတယ်။

Myint Thein: မှန်တယ်ဆရာတင့်ရေ ပုဒ်မ (၄၄၅) ပြဌာန်းပြီး ဖွဲ့စည်းပုံအရ အတိတ်ကလုပ်ရပ်တွေကို အရေးမယူနိုင်အောင်အခိုင်အမာ ကာကွယ်ထားပြီးတာတောင် - နောက်ကြောင်း - ပြန်မလှည့်ပေမဲ့ နောက်ပြန်သွားလို့ရနေသေးတယ်ဆိုတဲ့ အချက်ပြမှုတခုကို ရှင်းရှင်းလင်းလင်းပြသလိုက်တာဘဲ။ ၂ဝ၁၅ မျှော်လင့်ချက်ဟာ သံသယပေါင်းများစွာအောက်မှာ မှေးမှိန်နေဆဲပါဘဲဗျာ -

Aung Tin မှန်ပါတယ်ဆရာ။ အရင်မောင်သန်းရွှေလက်ထက်က ရောင်းစားခဲ့တာလို့ဘဲ သိထားကြတာပါ။ ကျနောသိသလောက်တော့ ကြေးနီစီမံကိန်းဆိုတာ ဦးနေဝင်းလက်ထက်ကတည်းက ရှိနေတာမဟုတ်လားဆရာ။ နောက်မှကုမ္ပဏီတွေ အဆင့်ဆင့်ပြောင်းပြီး ခုနောက်ဆုံး ဝမ်ပေါင်လက်ထဲရောက်သွားတာလား။ အစက ကြေးစင်တောင်၊ စပါယ်တောင်၊ လက်ပတောင်းတောင်ဆိုပြီး တောင်သုံးလုံးက အခုလက်ပတောင်းတောင်က နောက်ဆုံးကျန်တော့တာ မဟုတ်လား။ ကျနောသိတာမတိကျရင် ခွင့်လွှင့်ပါဆရာ။ ဘယ်လိုပဲဖြစ်စေ အခုကိစ္စမှာ လက်ရှိနှိမ်းနင်တဲ့လုပ်ရပ်ဟာ အစိုးရရဲ့ မလိုအပ်ပဲမိုက်မဲတဲ့လုပ်ရပ်လို့ပဲ မြင်မိပါတယ်။ ၁။ ဒီစီမံကိန်းကို အမြင်မကြည်ဘူးလို့သိတာနဲ့ အများပြည်သူတွေနားလည်သိရှိအောင် ဂဃနဏရှင်းပြတဲ့အလုပ်ကို မလုပ်ခဲ့ဘူး။ ၂။ ဆန္ဒပြတာကိုဖြိုခွင်းတာက နိုင်ငံတကာစံနဲအညီလုပ်တာလို့ အော်နေပေမယ့် ဒီလိုရက်နေ့မျိုးမှာ (တန်ဆောင်တိုင်ည) မလုပ်သင့်ဘူး။ ၃။ ပြုလုပ်သည့်တိုင်အောင် သံဃာတော်များပါဝင်နေသည့်အတွက် အသက်ညှာဆုံးနည်းကိုသာ သုံးစွဲသင့်တယ်။ ၄။ နောက်တစ်ခုက ဒါဟာနောက်ထပ် တစ်တိုင်းပြည်လုံး ဆူပူမှုပြန့်နှံ့သွားခဲ့ရင် စစ်တပ်ကပြန်လာမယ့်ရည်ရွယ်ချက်လား။ ဒါ့ကြောင့် ကျနော်တို့တတွေ ဒေါသကိုမျိုထားပြီး ၂ဝ၁၅ ကျမှစြုံပုံအန်ချကြပါစို့လို့။ ဒို့ရဲ့မဲကို ဒင်းတို့တွေ တစ်ပြားတောင်မရစေရဘူးလို့ ကြုံးဝါးလိုက်တာပဲကောင်းပါတယ် ဆရာခင်များ။

DTS: ကြေးစင်တောင်သမိုင်း ထောက်ပြတာ မှန်ပါတယ်။ သန္နိဋ္ဌာန်ကိုလဲ သဘောတူပါတယ်။

Wai Phyoe မုံရွာခရိုင်က တင်မပေးခဲ့ပါဘူး ဆရာ...။ တပြည်လုံးမှာ မဲခိုးပြီး တက်လာခဲ့တာပါ။
DTS: မှန်ပါတယ်။ မဲခိုးနည်းစုံသုံးပြီး တက်လာတာလဲပါသလို နားမလည်သူတွေ၊ အကြောက်ကြီးသူတွေ၊ ဝေစားမျှစားတွေကလဲ တကယ်မဲပေးခဲ့ကြပါသေးတယ်။ ဘယ်လိုနဲ့တက်လာလာ အခု စစ်ကိုင်းအစိုးရထဲမှာ တိုင်းဒေသကြီးကမွေးပေးထားသူတွေ ပါနေတာ အမှန်ဘဲ။ ဥပမာ ကျွန်တော့ ပုလဲကလူတွေပါတယ်ဗျာ။ မဲမခိုးအောင်၊ အကြောက်ကြီးတာ နည်းအောင်၊ ဝေစား-မျှစားတွေလဲ နည်းအောင်လုပ်ဘို့ တိုင်းဒေသကြီးကလူတွေမှာလဲ တာဝန်ရှိတာကို ပြောချင်တာပါ။ လူလည်ကြီးများဟာ အဲလိုနည်းအမျိုးမျိုးသုံးတာ နေရာတိုင်းမှာပါ။ သုံးတဲ့သူတွေကိုသာမက အသုံးချခံသူတွေမှာလဲ တာဝန်မကင်းတာကို ပြောချင်တာဖြစ်ပါတယ်။ ယေဘုယျချပြောရတာ အစွန်းမလွတ်တတ်လို့ နားလည်ပေးစေချင်ပါတယ်ခင်ဗျား။

Ko Gyi မှန်တယ်ဆရာတင့်ရေ ပြသနာကို ဘယ်လိုရလာဒ်ရအောင် ဖြေရှင်းမလဲဆိုတာ အရေးကြီးလာတယ်။ အမေစုကတော့ လူထုရဲ့ ထောက်ခံမှုကို တောင်းသွားပြီ။ အမြတ်ထုတ်တဲ့သူက ထုတ်၊ ခံရတဲ့သူက ခံရ။ ဖွတဲ့ သူက ဖွ။ ဖြေရှင်းဖို ကြိုးစားသူက ကြိုးစား။ ထိန်းတဲ့သူကထိန်း။ အထိမခံတဲ့သူကလည်း အထိမခံ။ ကိုယ့်အကျိုးအတွက် ကြည့်သူကကြည့်။ ကြမ်းတဲ့သူက ကြမ်းနဲ့ ဇာတ်လမ်းကတော့ ဇတ်လမ်းကတော့

Aye Lwin ဦးသိန်းစိန် ပြည်ထဲရေးဝန်ကြီး နဲ့ ဦးသာအေး ကတော့ တာဝန် အရှိဆုံးပေါ့။ ဆရာပြောသလို့ပဲ ဘယ်ပါတီလဲ။ ကိုယ် မတင်ခဲ့တဲ့ပါတီ အနိုင်ရခဲ့တာကိုတော့ အံ့သြစရာလို့ မထင်လောက်ပါဘူး။ မဲ ဗြောင်လိမ်ခဲ့တာလေ။ ကြိုတင် ဗြောင်မဲတဲ့က့

Tin Lay သမ္မတရုံး သတင်းထုတ်ပြန်ရေးအဖွဲ့ သတင်းထုတ်ပြန်ချက်ကို နာရီပိုင်းအတွင်း ပယ်ဖျက်လိုက်သတဲ့။ လူကြီးစကား ပြီးပြီးပျောက်ပျောက်ပေါ့။ ကျွန်တော်တို့က လက်ဖျားနဲ့တောင် မတို့ပါဘူးလို့ ပြင်ဆင်ထုတ်ပြန်မလို့နေမှာပါ။

Aye Lwin ကုရုံပဲ ကုပေးနေတာလို့ သတင်းမှာ ပါပြီးထင်ပါတယ်။ ကျန်တာတော့ ပါစရာမလိုဘူးလေ။ ထုံးစံမှမရှိတာ။ ဆေးဝါးတွေလိုတာတွေ လူနာကရှာဝယ်။ အစိုးရက ခံစရာမလို၊ မြန်မာပြည်မှာ ထုံးစံမရှိလို့ပါ။ "ဒီမိုနိုင်ငံတွေမှာ ပြည်သူက ဥပဒေဆိုပြီး အော်တယ်။ ကျုပ်တို့ နိုင်ငံမှာတော့ အစိုးရနဲ့ ကုမ္မဏီတွေကပဲ လှိမ့်အော်နေကြတာ ဥပဒေက သူတို့ဟာကိုး။ ပြည်သူအတွက်မှမဟုတ်ပဲ။"

Bala Ji Moe: စစ်အစိုးရ သူခိုးတွေက တိုင်းပြည် သံယံဇာတကို ခိုးရောင်းထားတာ ခုတော့ ခိုးရာပါပစ္စည်း ပေါချောင်ကောင်း ဝယ်ချင်တဲ့ တရုပ် ခိုးရာပါပစ္စည်းနဲ့ လက်ပူးလက်ကြပ်မိနေပြီ။ ကဲ ဟိုတခေတ်က ငဆောင်ချမ်း၊ ခုတော့ လက်ပတောင်းပေါ့။ တပွဲလောက်စမ်းကြဦးစို့။ ခေါင်းဆောင်တွေ သွေးမကြောင်ရင် ကိုယ်ပြည်သူတွေညီရင် နိုင်မှာပါ။ လက်ပတောင်းတောင်ကို ချီတက်ကြ။ ဂန္ဒီကြီးက ဆားတိုက်ပွဲမှာ တပြည်လုံး ပင်လယ်ကမ်းကို ချီတက်တာ အားကျလို့ အော်ကြည့်လိုက်တာ ဟဲဟဲ။

DTS: အဒီတုံးက ကိုလိုနီဗြိတိသျှက မီးလောင်ဗုံး မသုံးနိုင်သေးဘူးနော်

Bala Ji Moe: ဟုတ်ကဲ့ လက်ပံတောင်းတောင်အရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန် ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့မှ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့ အပါအဝင် အဖွဲ့ဝင် ၂ဝ မှာ ယနေ့ညနေတွင် ရန်ကုန်မြို့မှ မုံရွာမြို့သို့ ထွက်ခွာမည်ဖြစ်ကြောင်း

DTS: ဒေါ်စုရောက်ပြီ။ သီတဂူဆရာတော်လဲ လာတယ်။ ကိုကျော်သူလဲရောက်တယ်။ ၈၈ လာမယ်။ ဒါဘဲလား။ မလာသူ-မပါသူတွေက မဲလိုချင်တော့ လာကြပါလိမ့်မယ်။