Sunday, November 11, 2012

Facebook Comment on Daw Aung San Suu Kyi's India visit

ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယနိုင်ငံသို့ လာရောက်မည့်ခရီးစဉ်အပေါ် ဖေ့စ်ဘွတ်ခ်မှာ စကားပြောခြင်း
အန်တီ မြတ်။ ဆရာ အိန္ဒိယက လုံခြုံရေးစိတ်မချရလို့ အန်တီစု အိန္ဒိယသွားမှာကို စိတ်ပူနေကြတယ်။ ဆရာဘယ်လိုသဘောရလဲ။ စိတ်ပူရမယ်ဆို ကျွန်တော်ကတော့ မသွားစေချင်ဘူး။

ညနေက ကြိုဆိုရေးကော်မတီအစည်းအဝေးလုပ်ကြတယ်။ အစည်းအဝေမပြီးခင် လုံခြုံရေးတွေလာပြီး၊ ဒေါ်စုလာမဲ့နေရာ ၂ ခုအတွက် မေးတာ၊ ကြည်တာတွေလုပ်တယ်။ အခုဘဲပြန်ရောက်ပါတယ်။ Prospect Burma School ဆိုတာက သေးသေးကျဉ်းကျဉ်းလေး။ ဒီနေရာကို VVIP လာမယ်ဆိုတော့ အရာရှိတွေကရော အနီးအနားကလူတွေကရော အံ့သြနေကြတယ်။ Oxford School ကတော့ ကောင်းပါတယ်။ ပြန်ကာနီး လုံခြုံရေးစိတ်ချပါလို့ ဆရာ့ကို အရာရှိကပြောသွားပါတယ်။ ဆရာတို့ကော်မတီထဲက လုံခြုံရေး ဆပ်ကော်မတီမှာလဲ လူ ၅ဝ ကျော်ပါပြီးဖွဲ့ထားပါတယ်။ အိမ်ရှင်အစိုးရလိုဘဲ ဆရာတို့ဘက်ကလဲ လုံခြုံရေးအတွက် ဦးစားပေးထားကြလို့ စိတ်မပူပါနဲ့။

Kyaw Moe Hlaing: Mizoram ကို ဖြစ်နိုင်မယ်ဆိုရင် ရောက်အောင်ပို့ပေးစေချင်ပါသည်။
ဆောရီး ကျွန်တော့် ဖေ့စ်ဘွတ်က ပြန်ရေးလို့မရဘူး။ မြန်မာပြည်ထဲမှာလဲ အခမဲ့စောင့်ရှောက်မှုတွေ လိုတယ်ဆိုတာ သိရတယ်။ ကျွန်တော်လဲ အခုနေတော့ မတတ်နိုင်သေးဘူးဗျာ။ လုပ်တဲ့သူတွေကလုပ်နေကြလို့ သူတို့ကို ကျေးဇူးတင်တယ်။

May Kyaw Thu: Dear Dr, How glad you are to meet Daw Suu! I can see your soul.
DTS: Can you? Before that a Big task is on the shoulders!
May Kyaw Thu: I'm glad beyond my words on behalf of you!

Sat Suu Lay မင်္ဂလာပါ ဆရာတင့်။ မနက်က RFA သတင်း ဆရာ့အသံနဲ့ကြားရမှ အစ်မအတွက် စိတ်ချသွားတယ်။ ကျွန်တော်တို့ ဒီမှာ စိုးရိမ်မှုတွေ ရှိတယ်။ ဆရာထိန်းနိုင်မယ်ဆိုတာ ယုံကြည်ပါတယ်။