Friday, November 30, 2012

၁-၁၂-၂ဝ၁၂ နယူးဒေလီဆန္ဒပြပွဲ ဖိတ်ကြားစာ

မုံရွာ လက်ပန်တောင်းတောင်၌ ဘိုးဘွားပိုင်လယ်ယာမြေများ ပြန်လည်ရရှိရေးအတွက် ငြိမ်းချမ်းစွာ တိုက်ပွဲဝင်နေကြသည့် တောင်သူလယ်သမားများ၊ သံဃာတော်များနှင့် လူမှုအဖွဲ့အစည်းအသီးသီးတို့ ပါဝင်သည့် သပိတ်စခန်းများအား စစ်အာဏာရှင်များက ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သည့် တန်ဆောင်တိုင် လပြည့်ညတွင် မီးလောင်ဗုံးများ သုံး၍ရက်စက်ယုတ်မာစွာ တိုက်ခိုက်ဖြိုခွဲခဲ့သည်။

စစ်အာဏာရှင်များ၏ ရက်စက်ယုတ်မာမှုကြောင့် သံဃာတော်များအပါအဝင် လူအများ မီးလောင်ဒဏ်ရာများဖြင့် ဆေးကုသမှု ခံနေကြရသည်။ မီးလောင်ဒဏ်ရာများသည် သာမာန်ဒဏ်ရာများနှင့်မတူပဲ ညိုမဲလျက် ဓာတုဗေဒအဆိပ်သင့်သည့် လက္ခဏာဖြစ်သည်။

စစ်တပ်ဦးပိုင်ကုမ္ပဏီနှင့် တရုတ်ဝမ်ပေါင်ကုမ္ပဏီအတွက် ကိုယ့်ပြည်သူများနှင့် သံဃာတော်များ အပေါ် ရက်စက်ယုတ်မာခဲ့သည့် စစ်အာဏာရှင်များ၏ အမျိုးသားသစ္စာဖောက်လုပ်ရပ်အား ကန့်ကွက်ရှုတ်ချသည့် ဆန္ဒပြပွဲကို အောက်ပါအစီအစဉ် အတိုင်း ပြုလုပ်မည်ဖြစ်၍ ပူးပေါင်းပါဝင်ကြရန် ဖိတ်ကြားအပ်ပါသည်။

အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများ
ဆက်သွယ်ရန်-
Ko Kim (8800414483) Ashin Pinya Zawta 8130811264