Saturday, November 17, 2012

၁၇-၁၁-၂ဝ၁၂ “အောင်ဆန်းစုကြည် ကိုလိုနီ”

၁၇-၁၁-၂ဝ ၁၂ နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ (ဘန်ဂလို) မှာ နည်းပညာနေရာတွေကို လေ့လာပြီးနောက် ဟယ်လီကော့ပတာနဲ့ (အန်ဒရာပရာဒက်ရှ်) ပြည်နယ်၊ (ပါပါဆန်နီပလိုင်) ကျေးရွာကိုလည်ပါတယ်။
ရွာရှိလူ ၄ဝဝ လုံးဟာလဲ (တိုရန်နာလူ-ရန်ဂိုလီ) ရိုးရာဝတ်စုံတွေ ဝတ်ဆင် ကြိုဆိုပါတယ်။ ရွာလမ်းတွေကိုလဲ ရိုးရာထုံးစံအတိုင်း မွမ်းမံပြင်ဆင်ထားပါတယ်။ ဒီကျေးရွာဟာ သဘာဝ ခေါင်းပါးမှုဒဏ် အလွန်ခံထားရလို့ အမျိုးသမီးအဖွဲ့ ၁၆ ဖွဲ့ကနေ အောင်အောင်မြင်မြင် ကူညီဆောင်ရွက်ထားခဲ့တာ ဖြစ်ပါတယ်။ (အော်ဂဲနစ်) စိုက်ပျိုးရေး၊ နို့ထွက်လုပ်ငန်းတွေ လုပ်ပေးကြတယ်။

ဒေသထွက်ဖြစ်တဲ့ Rayala menu (ရာယာလာဆီးမား) အချိုအစားအစာ နဲ့တည်ခင်း ဧည့်ခံပါတယ်။ (ကက်ဂျီကာယာလူ)၊ (ရာဘာ လဒူး)၊ (အက်တီရာဆလူး)၊ စတာတွေ ပါပါတယ်။ အပြန်မှာ (ဒါမာဗာရမ်) ပိုးထည်ကိုလဲ လက်ဆောင်ပေးပါတယ်။

(ပါပါဆန်နီပလိုင်) ဇာတ်နိမ့်ကျေးရွာထဲက ရပ်ကွက်တခုကိုလဲ “အောင်ဆန်းစုကြည်ကိုလိုနီ” လို့ နာမည်ပေးလိုက်ပါတယ်။ ကျမနာမည်ပေးလိုက်တော့ ကျမနဲ့ ဒီရွာအကြား အထူးဆက်ဆံရေး ဖြစ်သွားပါတယ်။ “ကျမနာမည်ရဲ့အဓိပ္ပါယ်ဟာ ဆန်းပြားတဲ့အောင်မြင်မှု ဖြစ်တာမို့ ဒီရွာမှာလဲ မထင်မှတ်တဲ့အောင်ပန်းတွေ ဝေပါလိမ့်မယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ပေးလိုက်ပါတယ်။ “အောင်မြင်မှုဆိုတာ အလိုလိုရတာ မဟုတ်ပါ။ ပြင်းထံတဲ့ ကြိုးစားမှုကနေသာ ရပါတယ်။”