Friday, November 16, 2012

၁၆-၁၁-၂၂ဝ၁၂ ဒေါ်အောင်ဆန်းစုကြည်၏ ဖြေကြားချက်များ

ဓါတ်ပုံ မချိုလွင်
၁၆-၁၁-၂၂ဝ၁၂ ဒေါ်အောင်ဆန်းစုကြည်အား အိန္ဒိယရောက် မြန်မာမိသားစုများမှ တင်ပြမေးမြန်းသည့် အကြံပြုချက်နှင့်မေးခွန်းများ

၁။ ယနေ့ မြန်မာ့နိုင်ငံရေးပြောင်းလဲဖြစ်ထွန်းမှုအဆင့်ဆင့်မှာ အခြေခံအကျဆုံးဖြစ်တဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ ပြည်သူ့အာဏာပြည်သူ့လက်ဝယ်ရောက်ရှိရေးဟာ အဓိကဖြစ်နေပါတယ်။ အဲဒီအတွက် လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ကြီးမားတဲ့အဟန့်အတားတခုဖြစ်နေပါတယ်။ ဒါတွေအားလုံးကို ကျော်လွှားနိုင်ရန်အတွက် တိုင်းရင်းသား အင်အားစုအားလုံး၊ ပြည်တွင်း ပြည်ပ ဒီမိုကရေစီအင်အားစုအားလုံး၊ လွှတ်တော်တွင်း-လွှတ်တော် ပြင်ပ နိုင်ငံရေးအင်းအားစုအားလုံး ပါဝင်နိုင်မယ့် ညီလာခံကြီးတခုကို ၂၀၁၅-ခုနှစ် ရွေးကောက်ပွဲမတိုင်ခင်မှာ ကျင်းပသွားနိုင်ရေးကို ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဦးဆောင်သွားစေလိုပါတယ်။
၂။ မတရားတဲ့အမိန့်အာဏာဟူသမျှ တာဝန်အရဖီဆန်ကြလို့ ထိပ်တိုက်မပြောလိုသေးရင်တောင်မှ၊ လုပ်သင့် လုပ်ထိုက်တာကို လုပ်ဖြစ်အောင်လုပ်ပါရန် အထူးတိုက်တွန်းလိုပါတယ်။
၃။ ၂ဝ၁၅ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တခဲနက်အနိုင်ရရှိအောင် ကွန်တော်တို့က ဘယ်လိုတာဝန်တွေ ယူပေးရပါမလဲခင်ဗျား။

ဒေါ်အောင်ဆန်းစုကြည်မှ ပြန်လည်ဖြေကြားခြင်း
မေးခွန်းတွေကောင်းတဲ့အတွက် ကျမအများကြီးဝမ်းသာတယ်။
ညီလာခံဆိုတာကိုတော့ ကျမကတိမပေးနိုင်ဘူး။ ဘာလို့လဲဆိုတာ့ တခြားသူတွေနဲ့ တိုင်ပင်ညှိနိုင်းရမှာဖြစ်လို့ပါ။
ဖွဲ့စည်းပုံပြင်ချင်တယ်ဆိုတာ ခက်တယ်။ ပြင်ရမယ်။ ဒါပေမဲ့ ဖွဲ့စည်းပုံကို ပြင်ချင်တယ်ဆိုတဲ့ဆန္ဒ ရှိသလား၊ မရှိဘူးလာကလဲ အရေကြီးတယ်။
တိုင်းပြည်ထဲကလူတွေရော နိုင်ငံတကာရောက်နေသူတွေပါ ဝိုင်းလုပ်ကြမယ်ဆိုတာ ကျမသဘောတူတယ်။

လက်ရှိဖွဲ့စည်းပုံအတိုင်းသာ ၂ဝ၁၅ ရွေးကောက်ပွဲလုပ်ရင် လွတ်လပ်ရင်တော့ လွတ်လပ်မယ်။ တရားမျှတမှာတော့ မဟုတ်ဘူး။