Sunday, November 11, 2012

ဒေါ်အောင်ဆန်းစုကြည်၏ အိန္ဒိယနိုင်ငံခရီးစဉ် ထုတ်ပြန်ချက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် နိုဝင်ဘာ ၁၂ ရက်မှ ၁၈ ရက်အထိ အိန္ဒိယနိုင်ငံသို့ တရားဝင်အလည်အပတ် သွားရောက်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ထုတ်ပြန်ကြေညာသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာ ၁၂ ရက်ညတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့ ထိုင်းနိုင်ငံ ဘန်ကောက်မြိ့မှတစ်ဆင့် လေကြောင်း ခရီးဖြင့် သွားရောက်မည်ဖြစ်သည်။

နိုဝင်ဘာ ၁၄ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယဝန်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆင်းနှင့် တွေ့ဆုံမည်ဖြစ်ပြီး၊ ထိုနေ့တွင်ပင် ဒေလီရှိ (ရစ်ဂျန်ဘာဘန်း) တွင် နေရူးအောက်မေ့ဘွယ် ဟောပြောပို့ချမှု ဆောင်ရွက်မည် ဖြစ်သည်။

နိုဝင်ဘာ ၁၅ရက်တွင် ဒုတိယသမ္မတနှင့်တွေ့ဆုံပြီးနောက် အိန္ဒိယပါလီမန်သို့ သွားရောက်လေ့လာမည် ဖြစ်သည်။

နိုဝင်ဘာ ၁၆ ရက်တွင် သူမသည် လေဒီရှရှိရမ်ကောလိပ်သို့ သွားရောက်မည်ဖြစ်ပြီး၊ ထို့နောက်တွင် အိန္ဒိယရှိ မြန်မာအသိုင်းအဝန်းနှင့် တွေ့ဆုံမည်ဖြစ်သည်။ ထိုနေ့ညနေပိုင်းတွင် အိုင်တီမြို့တော် ဘန်ဂလိုသို့ ဆက်လက် ခရီးထွက်ခွာမည် ဖြစ်သည်။

နိုဝင်ဘာ ၁၇ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယကျေးလက်ဖွံ့ဖြိုးရေးစီမံကိန်းများကိုလေ့လာပြီး အိန္ဒိယသိပ္ပံတက္ကသိုလ်သို့ သွားရောက်မည်။

နိုဝင်ဘာ ၁၈ ရက်မနက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိမည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည် နှင့်အတူ (၁) ကိုယ်ရေးအတွင်းရေးမှူး ဒေါက်တာတင်မာအောင်၊ (၂) လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်၊ (၃) အဖွဲ့ချုပ်လူငယ် ကိုဇော်မင်းဦးတို့ လိုက်ပါလာကြမည်ဖြစ်သည်။ Daw Aung San Suu Kyi's India Visit Plan
12, Nov, 2012 - Depart from Rangoon to Thai - (7:40Pm)
13, Nov, 2012 - Depart from Thai to Delhi
14, Nov, 2012 - Meeting with Prime Minister
14, Nov, 2012 - Deliver Nehru Memorial Lecture
15, Nov, 2012 - Meeting with Vice President
15, Nov, 2012 - Visit to Parliament, Meeting with Speaker
16, Nov, 2012 - Visit to Lady Shri Ram College
16, Nov, 2012 - Meeting with Burmese Community
16, Nov, 2012 - Going to Bengalore
17, Nov, 2012 - Visit Rural Development Projects
17, Nov, 2012 - Visit Indian Institute of Science
17, Nov, 2012 - Depart to Thai
18, Nov, 2012 - Depart from Thai to Rangoon
18, Nov, 2012 - Arrived Rangoon International Airport - (8:50Am)